Messi

Unicode

ဘာစီလိုနာ အသင်း တိုက်စစ်မှုး လီယွန်နယ် မက်ဆီ ဟာ ယမန်နေ့ ညက ကစား ခဲ့တဲ့ ချန်ပီယံ လိဂ် ပွဲစဉ် မှာ ဘာစီလိုနာ အတွက် ပွဲထွက် ပါ၀င် လာခဲ့ ပြီး ခြေစွမ်းပြ ကစား သွားခဲ့ ပါတယ် ။ မက်ဆီ ဟာ အင်တာ မီလန် ကို ၂ – ၁ နဲ့ အနိုင် ရတဲ့ ပွဲမှာ ဘာကာ အတွက် ဟီးရိုး ဖြစ်ခဲ့တဲ့ တိုက်စစ်မှုး ဆွာရက် ရဲ့ သွင်းဂိုး ၁ ဂိုး ကို ဖန်တီး ပေးခဲ့ပြီး Man of the Match ရရှိ ခဲ့ ပါတယ် ။ ဒါဟာ မက်ဆီ အပေါ် စိုးရိမ် ပူပန် နေကြတဲ့ ပရိသတ် တွေကို ၀မ်းမြောက် စေခဲ့ ပါတယ် ။

မက်ဆီ က တော့ သူ ဟာ အရင် လို ၁၀၀% ပုံစံ ကို ပြန်လည် မရရှိ သေးဘဲ ယခု ပွဲ ဟာ သူ့ရဲ့ ကနဦး အစ သာဖြစ်သေး တယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။ ဒီပွဲ ဟာ မက်ဆီ အတွက် ဒီရာသီ ပထမ ဆုံး မိနစ် ၉၀ ပွဲ လည်း ဖြစ်ခဲ့ ပြီး လာမယ့် လာလီဂါ ပွဲစဉ် မှာ လည်း ပွဲချိန် ပြည့် ဖြစ်စေ ၊ အချိန်ပိုင်း ဖြစ်စေ ပါ၀င် လာဖို့ အလား အလာ ကောင်း နေခဲ့ ပါတယ် ။

“ကျွန်တော့ အတွက် တော့ ဒါ ဟာ အစ ပဲ ရှိ ပါသေးတယ် ။ အခု မှ မိနစ် ၉၀ ပြည့် ကို ပထမဆုံး ကစား ခဲ့ရ တာပါ” လို့ မက်ဆီ က သူ့ရဲ့ ကြံ့ခိုင်မှု နဲ့ ပတ်သက်ပြီး ပွဲ အပြီး မှာ ပြောဆို သွားခဲ့ ပါတယ် ။ ဒါ့ အပြင် အသင်း အတွက် စိတ် သဘောထား မတိုက်ဆိုင် မှု တွေ ရှိ နေတယ် ဆိုတဲ့ သတင်းတွေ ကို လည်း ငြင်းဆို သွားခဲ့ ပြီး အဝတ်လဲ ခန်းထဲ မှာ ရယ်မော ပျော်ရွှင်မှုတွေ အပြည့် ရှိ နေ ပါတယ်လို့ လည်း ဆိုသွား ခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ ယခု ရာသီ အစ မှာ ရလဒ် တွေ ယိမ်းယိုင် နေခဲ့ပြီး ပွဲစဉ် ရ အပြီး မှာ ရှုံးပွဲ ၂ ပွဲ ၊ သရေပွဲ ၁ ပွဲ ကြုံတွေ့ ထားခဲ့ရ ပါတယ် ။ အဆင့် ၁ နေရာက ရီးရဲ မက်ဒရစ် နဲ့ ၂ မှတ်သာ ကွာပေမယ့် ရလဒ် တွေ နဲ့ ခြေစွမ်း ပိုင်းတွေ ကတော့ အားရ စရာ မဖြစ် ခဲ့ ပါဘူး ။

မက်ဆီ ကတော့ ဒီလို ရလဒ် တွေ မတည်ငြိမ် ခဲ့တာ ဟာ လာလီဂါ နီးကပ် လာချိန် မှ အဝေး ကို ခရီးနှင် ပြီး ခြေစမ်းပွဲ တွေ ကစားခဲ့ မှု ကြောင့် ဖြစ်တယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။ ဘာစီလိုနာ ဟာ ရာသီကြို ခြေစမ်းပွဲ အဖြစ် အမေရိက ကို သွားရောက် ပြီး ခြေစမ်းပွဲ တွေ ကစားခဲ့ ပါတယ် ။

“ခရီးသွားပြီ ဆိုရင် လေ့ကျင့်တာ တွေ ပျက်ကုန် ပါတယ် ။ ကျွန်တော်တို့ စပိန် ကနေ အဝေးကို သွားတယ် ၊ ပြန်လာ တယ် ၊ ထပ် သွားပြန်တယ် ၊ အဲ့ဒီတော့ အလုပ် ကောင်းကောင်း မလုပ် ရတော့ ပါဘူး ။ အသင်းရဲ့ လေ့ကျင့်ရေး ကွင်းမှာ အချိန် ကြာကြာ မလေ့ကျင့် ခဲ့ရ ပါဘူး ။ တိုးတက်မှုတွေ ရှိ နေပေမယ့် ခဏခဏ ခရီးရှည် သွားရတာ ဟာ ကစား သမားတွေ ကို ပင်ပန်း စေခဲ့ ပါတယ်” လို့ ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်းရဲ့ ဂိုး သမား စတီဂျန် ကလည်း မက်ဆီ ပြန်လည် ပါ၀င် လာမှု ဟာ အခြား အသင်းတွေ နဲ့ ခြားနားမှု ကို ဖြစ်စေ ခဲ့တယ် လို့ ပြောဆို ခဲ့ပြီး အသင်းဖော် ပြန်လည် ကစားနိုင်မှု အပေါ် ၀မ်းမြောက် ၀မ်းသာ ကြိုဆို သွားခဲ့ ပါတယ် ။

“သူ မိနစ် ၉၀ ကစားနိုင် တဲ့ အပေါ် ကျွန်တော် ၀မ်းသာ မိပါတယ် ။ ဒဏ်ရာ ကြောင့် သူ မကစား နိုင်ခဲ့တာ ကြာပါပြီ ။ နောက်ထပ် ထပ် မဖြစ်ဖို့ ( ဒဏ်ရာ မရဖို့ ) ကျွန်တော် မျှော်လင့် ထား ပါတယ် ။ သူ ပါလာ ရင် ကစား ရတာ ပိုပြီး အဆင်ပြေ ပါတယ်” လို့ ဆိုသွား ခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ လာမယ့် တနင်္ဂနွေနေ့ မှာတော့ လာလီဂါ ပွဲစဉ် ၈ အဖြစ် ဆီဗီးလား အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား သွားရ မှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR

Zawgyi

သူ႔ရဲ႕ ႀကံ႕ခုိင္မႈ အေျခအေနနဲ႔ ဘာစီလုိနာ တို႔ဘာေၾကာင့္ အခုလို ရလဒ္ေတြ ယိမ္းယုိင္ေနသလဲ ဆုိတာ ေျပာျပသြားတဲ့ မက္ဆီ

============================================

ဘာစီလုိနာ အသင္း တုိက္စစ္မႈး လီယြန္နယ္ မက္ဆီ ဟာ ယမန္ေန႔ ညက ကစား ခဲ့တဲ့ ခ်န္ပီယံ လိဂ္ ပြဲစဥ္ မွာ ဘာစီလုိနာ အတြက္ ပြဲထြက္ ပါ၀င္ လာခဲ့ ၿပီး ေျခစြမ္းျပ ကစား သြားခဲ့ ပါတယ္ ။ မက္ဆီ ဟာ အင္တာ မီလန္ ကို ၂ – ၁ နဲ႔ အႏုိင္ ရတဲ့ ပြဲမွာ ဘာကာ အတြက္ ဟီးရိုး ျဖစ္ခဲ့တဲ့ တုိက္စစ္မႈး ဆြာရက္ ရဲ႕ သြင္းဂုိး ၁ ဂုိး ကို ဖန္တီး ေပးခဲ့ၿပီး Man of the Match ရရွိ ခဲ့ ပါတယ္ ။ ဒါဟာ မက္ဆီ အေပၚ စိုးရိမ္ ပူပန္ ေနၾကတဲ့ ပရိသတ္ ေတြကို ၀မ္းေျမာက္ ေစခဲ့ ပါတယ္ ။

မက္ဆီ က ေတာ့ သူ ဟာ အရင္ လို ၁၀၀% ပံုစံ ကို ျပန္လည္ မရရွိ ေသးဘဲ ယခု ပြဲ ဟာ သူ႔ရဲ႕ ကနဦး အစ သာျဖစ္ေသး တယ္ လို႔ ေျပာဆို သြားခဲ့ ပါတယ္ ။ ဒီပြဲ ဟာ မက္ဆီ အတြက္ ဒီရာသီ ပထမ ဆံုး မိနစ္ ၉၀ ပြဲ လည္း ျဖစ္ခဲ့ ၿပီး လာမယ့္ လာလီဂါ ပြဲစဥ္ မွာ လည္း ပြဲခ်ိန္ ျပည့္ ျဖစ္ေစ ၊ အခ်ိန္ပုိင္း ျဖစ္ေစ ပါ၀င္ လာဖို႔ အလား အလာ ေကာင္း ေနခဲ့ ပါတယ္ ။

“ကြ်န္ေတာ့ အတြက္ ေတာ့ ဒါ ဟာ အစ ပဲ ရွိ ပါေသးတယ္ ။ အခု မွ မိနစ္ ၉၀ ျပည့္ ကို ပထမဆံုး ကစား ခဲ့ရ တာပါ” လို႔ မက္ဆီ က သူ႔ရဲ႕ ႀကံ႕ခိုင္မႈ နဲ႔ ပတ္သက္ၿပီး ပြဲ အၿပီး မွာ ေျပာဆို သြားခဲ့ ပါတယ္ ။ ဒါ့ အျပင္ အသင္း အတြက္ စိတ္ သေဘာထား မတိုက္ဆိုင္ မႈ ေတြ ရွိ ေနတယ္ ဆိုတဲ့ သတင္းေတြ ကို လည္း ျငင္းဆို သြားခဲ့ ၿပီး အ၀တ္လဲ ခန္းထဲ မွာ ရယ္ေမာ ေပ်ာ္ရႊင္မႈေတြ အျပည့္ ရွိ ေန ပါတယ္လို႔ လည္း ဆိုသြား ခဲ့ ပါတယ္ ။

ဘာစီလုိနာ ဟာ ယခု ရာသီ အစ မွာ ရလဒ္ ေတြ ယိမ္းယိုင္ ေနခဲ့ၿပီး ပြဲစဥ္ ၇ အၿပီး မွာ ရွဳံးပြဲ ၂ ပြဲ ၊ သေရပြဲ ၁ ပြဲ ႀကဳံေတြ႕ ထားခဲ့ရ ပါတယ္ ။ အဆင့္ ၁ ေနရာက ရီးရဲ မက္ဒရစ္ နဲ႔ ၂ မွတ္သာ ကြာေပမယ့္ ရလဒ္ ေတြ နဲ႔ ေျခစြမ္း ပုိင္းေတြ ကေတာ့ အားရ စရာ မျဖစ္ ခဲ့ ပါဘူး ။

မက္ဆီ ကေတာ့ ဒီလို ရလဒ္ ေတြ မတည္ၿငိမ္ ခဲ့တာ ဟာ လာလီဂါ နီးကပ္ လာခ်ိန္ မွ အေ၀း ကို ခရီးႏွင္ ၿပီး ေျခစမ္းပြဲ ေတြ ကစားခဲ့ မႈ ေၾကာင့္ ျဖစ္တယ္ လို႔ ေျပာဆို သြားခဲ့ ပါတယ္ ။ ဘာစီလုိနာ ဟာ ရာသီႀကဳိ ေျခစမ္းပြဲ အျဖစ္ အေမရိက ကို သြားေရာက္ ၿပီး ေျခစမ္းပြဲ ေတြ ကစားခဲ့ ပါတယ္ ။

“ခရီးသြားၿပီ ဆိုရင္ ေလ့က်င့္တာ ေတြ ပ်က္ကုန္ ပါတယ္ ။ ကြ်န္ေတာ္တို႔ စပိန္ ကေန အေ၀းကို သြားတယ္ ၊ ျပန္လာ တယ္ ၊ ထပ္ သြားျပန္တယ္ ၊ အဲ့ဒီေတာ့ အလုပ္ ေကာင္းေကာင္း မလုပ္ ရေတာ့ ပါဘူး ။ အသင္းရဲ႕ ေလ့က်င့္ေရး ကြင္းမွာ အခ်ိန္ ၾကာၾကာ မေလ့က်င့္ ခဲ့ရ ပါဘူး ။ တုိးတက္မႈေတြ ရွိ ေနေပမယ့္ ခဏခဏ ခရီးရွည္ သြားရတာ ဟာ ကစား သမားေတြ ကို ပင္ပန္း ေစခဲ့ ပါတယ္” လို႔ ေျပာဆို သြားခဲ့ ပါတယ္ ။

ဘာစီလုိနာ အသင္းရဲ႕ ဂုိး သမား စတီဂ်န္ ကလည္း မက္ဆီ ျပန္လည္ ပါ၀င္ လာမႈ ဟာ အျခား အသင္းေတြ နဲ႔ ျခားနားမႈ ကို ျဖစ္ေစ ခဲ့တယ္ လို႔ ေျပာဆို ခဲ့ၿပီး အသင္းေဖာ္ ျပန္လည္ ကစားႏုိင္မႈ အေပၚ ၀မ္းေျမာက္ ၀မ္းသာ ႀကဳိဆုိ သြားခဲ့ ပါတယ္ ။

“သူ မိနစ္ ၉၀ ကစားႏုိင္ တဲ့ အေပၚ ကြ်န္ေတာ္ ၀မ္းသာ မိပါတယ္ ။ ဒဏ္ရာ ေၾကာင့္ သူ မကစား ႏုိင္ခဲ့တာ ၾကာပါၿပီ ။ ေနာက္ထပ္ ထပ္ မျဖစ္ဖို႔ ( ဒဏ္ရာ မရဖို႔ ) ကြ်န္ေတာ္ ေမွ်ာ္လင့္ ထား ပါတယ္ ။ သူ ပါလာ ရင္ ကစား ရတာ ပိုၿပီး အဆင္ေျပ ပါတယ္” လို႔ ဆုိသြား ခဲ့ ပါတယ္ ။

ဘာစီလုိနာ ဟာ လာမယ့္ တနဂၤေႏြေန႔ မွာေတာ့ လာလီဂါ ပြဲစဥ္ ၈ အျဖစ္ ဆီဗီးလား အသင္း ကို အိမ္ကြင္း မွာ လက္ခံ ကစား သြားရ မွာပဲ ျဖစ္ ပါတယ္ ။

SPORTS MYANMAR