ဝုလ္ဗာဟမ္တန္ အသင္း နည္းျပ ႏူနုိ ဆန္တုိ ကေတာ့ ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲမွာ အာဆင္နယ္ အသင္း နဲ႔ ပြဲမွာ အစြမ္းကုန္ အားထုတ္ ကစားဖုိ႔ ကစားသမားေတြကုိ တုိက္ တြန္း သြား ခဲ့ ပါ တယ္ ။

ဝုလ္ဗာဟန္တန္ အသင္းဟာ ယခုႏွစ္ ရာသီ အမွတ္ေပး ဇယား ထိပ္ဆုံး ေျခာက္သင္း နဲ႔ ေတြ႕ ဆုံ ရာမွာ တစ္ပြဲ ပ်ွမ္းမ်ွ ၁.၃ မွတ္ အထိ ရယူထား နုိင္ျပီး ေအာက္ဆုံး ေျခာက္သင္း နဲ႔ ေတြ႕ ဆုံ ရာမွာေတာ့ တစ္ပြဲ ပ်ွမ္းမ်ွ ၁.၁ မွတ္သာ ရရွိ ထားပါတယ္ ။

ေနာက္ဆုံး ကစားခဲ့တဲ့ ပြဲမွာေတာ့ အာဆင္နယ္ အသင္းဟာ အိမ္ကြင္းမွာ ခရစၥတယ္ ပဲေလစ့္ အသင္းကုိ ရႈံး နိမ့္ ခဲ့ ကာ ဝုလ္ဗ္ အသင္းကေတာ့ အိမ္ကြင္းမွာ ဘရုိက္တန္ အသင္း နဲ႔ ဂုိး မ ရွိ သ ေရ က် ထား ပါ တယ္ ။ ပထမအေက်ာ့တုန္းကေတာ့ အမ္းမရိတ္မွာ တစ္ဖက္တစ္ဂုိးစီ သေရက် ထားပါတယ္ ။

ဝုလ္ဗာဟမ္တန္ အသင္းဟာ ယခုႏွစ္ ရာသီ ျပိဳင္ပြဲစုံ အိ္မ္ကြင္း ပြဲေတြမွာ လီဗာပူး ၊ ခ်ဲလ္ဆီး ၊ မန္ယူနုိက္တက္ တုိ႔ကုိ အနုိင္ ကစားနုိင္ျပီး မန္စီးတီး ၊ အဲဗာတန္ အသင္း တုိ႔ုကုိ သေရ ကစားထား နုိင္ပါတယ္ ။

ဆန္တုိ က အာဆင္နယ္ အသင္း နဲ႔ ပြဲမတုိင္မွီ ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ မွာ ” ပြဲတုိင္းကေတာ့ က်ေနာ္တုိ႔ အတြက္ စိန္ေခၚမႈ အသစ္ေတြ ပါပဲ ။ အသင္း အတြက္ေကာ ကစားသမားေတြ အတြက္ပါ အခုထက္ ပုိမုိ တုိးတက္ ေကာင္းမြန္ လာဖုိ႔ အခြင့္ အလမ္းေကာင္း တစ္ရပ္လို႔ ေျပာလုိ႔ ရပါတယ္ ။ ”

” ဒါေၾကာင့္လည္း ကစားသမားေတြကုိ မင္းတုိ႔ ဆီမွာ ရွိတဲ့ စြမ္းရည္ေတြ အကုန္ထုတ္သုံးျပီး ကစားဖုိ႔ မွာၾကားေလ့ ရွိပါတယ္ ။ မနက္ျဖန္ အေၾကာင္းကုိ မနက္ျဖန္မွပဲ စဥ္းစား မွာပါ ။ မနက္ျဖန္ ပြဲကစားရမယ့္ ေန႔မွာေတာ့ ပြဲအေၾကာင္းကလြဲျပီး တျခား ဘာကုိမွ ေတြးေနမွာ မဟုတ္ေတာ့ပါဘူး ။ ”

ဆက္လက္ျပီး ဆန္တုိက ယူရုိပါလိဂ္ ဝင္ခြင့္ နဲ႔ ပတ္သက္ျပီး ” ဒါက ေနာက္မွ ကစားရမယ့္ ပြဲပါ ။ ဘယ္သူမွလည္း ၾကိဳေတြးေနမွာ မဟုတ္ပါဘူး ။ ေရွ႕ ေလ်ွာက္ ဘာေတြ ျဖစ္လာမလဲ ဆုိတာ က်ေနာ္တုိ႔ မသိ နုိင္ပါဘူး ။ အခု လက္ရွိ ပစၥဳပန္ အေျခအေန ကုိပဲ အာရုံ စုိက္ထားပါတယ္ ။ မနက္ျဖန္ ကစားရမယ့္ ပြဲအတြက္ပဲ အခု ျပင္ဆင္ ေနပါတယ္ ။”

ဝုလ္ဗာဟမ္တန္ အသင္းမွာ ဒဏ္ရာရ ကစားသမား မရွိသေလာက္ ျဖစ္ေနတဲ့ အေပၚ နည္းျပ ဆန္တုိက ကစားသမားေတြရဲ႕ ေလ့က်င့္မႈ ၊ ၾကိဳးစား အားထုတ္မႈ ၊ ေကာင္းေကာင္း အနားယူမႈ ၊ နလန္ထူနုိင္စြမ္း ေတြကုိ ခ်ီးက်ဴး ရမွာ ျဖစ္ေၾကာင္း ဆုိပါတယ္ ။

မနက္ျဖန္ နံနက္ ျမန္မာ စံေတာ္ခ်ိန္ ၁ : ၁၅ မုိလီေနာစ့္ ကြင္းမွာ ကစားမယ့္ ပြဲဟာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရရွိဖုိ႔ ရည္မွန္းေနတဲ့ အာဆင္နယ္ အသင္းအတြက္ အေရးၾကီးသလုိ ယူရုိပါလိဂ္ ဝင္ခြင့္ ရဖုိ႔ ေမ်ွာ္မွန္းခ်က္ ရွိေနေသးတဲ့ ဝုလ္ဗ္ အသင္း အတြက္လည္း အေရးပါတဲ့ ပြဲတစ္ပြဲ ျဖစ္တာေၾကာင့္ စိတ္ဝင္စားဖြယ္ ေစာင့္ၾကည့္ ရမွာလည္း ျဖစ္ပါတယ္ ။

SPORTS MYANMAR

Unicode

အာဆင်နယ် အသင်းနဲ့ ပွဲမှာ ရှိသမျှ စွမ်းရည်အကုန် ထုတ်ကစားဖို့ ကစားသမားတွေကို တိုက်တွန်းလိုက်တဲ့ ဝုလ်ဗ် နည်းပြ ဆန်တို
=============================

ဝုလ်ဗာဟမ်တန် အသင်း နည်းပြ နူနို ဆန်တို ကတော့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အာဆင်နယ် အသင်း နဲ့ ပွဲမှာ အစွမ်းကုန် အားထုတ် ကစားဖို့ ကစားသမားတွေကို တိုက် တွန်း သွား ခဲ့ ပါ တယ် ။

ဝုလ်ဗာဟန်တန် အသင်းဟာ ယခုနှစ် ရာသီ အမှတ်ပေး ဇယား ထိပ်ဆုံး ခြောက်သင်း နဲ့ တွေ့ ဆုံ ရာမှာ တစ်ပွဲ ပျှမ်းမျှ ၁.၃ မှတ် အထိ ရယူထား နိုင်ပြီး အောက်ဆုံး ခြောက်သင်း နဲ့ တွေ့ ဆုံ ရာမှာတော့ တစ်ပွဲ ပျှမ်းမျှ ၁.၁ မှတ်သာ ရရှိ ထားပါတယ် ။

နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာတော့ အာဆင်နယ် အသင်းဟာ အိမ်ကွင်းမှာ ခရစ္စတယ် ပဲလေစ့် အသင်းကို ရှုံး နိမ့် ခဲ့ ကာ ဝုလ်ဗ် အသင်းကတော့ အိမ်ကွင်းမှာ ဘရိုက်တန် အသင်း နဲ့ ဂိုး မ ရှိ သ ရေ ကျ ထား ပါ တယ် ။ ပထမအကျော့တုန်းကတော့ အမ်းမရိတ်မှာ တစ်ဖက်တစ်ဂိုးစီ သရေကျ ထားပါတယ် ။

ဝုလ်ဗာဟမ်တန် အသင်းဟာ ယခုနှစ် ရာသီ ပြိုင်ပွဲစုံ အိ်မ်ကွင်း ပွဲတွေမှာ လီဗာပူး ၊ ချဲလ်ဆီး ၊ မန်ယူနိုက်တက် တို့ကို အနိုင် ကစားနိုင်ပြီး မန်စီးတီး ၊ အဲဗာတန် အသင်း တို့ုကို သရေ ကစားထား နိုင်ပါတယ် ။

ဆန်တို က အာဆင်နယ် အသင်း နဲ့ ပွဲမတိုင်မှီ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာ ” ပွဲတိုင်းကတော့ ကျနော်တို့ အတွက် စိန်ခေါ်မှု အသစ်တွေ ပါပဲ ။ အသင်း အတွက်ကော ကစားသမားတွေ အတွက်ပါ အခုထက် ပိုမို တိုးတက် ကောင်းမွန် လာဖို့ အခွင့် အလမ်းကောင်း တစ်ရပ်လို့ ပြောလို့ ရပါတယ် ။ ”

” ဒါကြောင့်လည်း ကစားသမားတွေကို မင်းတို့ ဆီမှာ ရှိတဲ့ စွမ်းရည်တွေ အကုန်ထုတ်သုံးပြီး ကစားဖို့ မှာကြားလေ့ ရှိပါတယ် ။ မနက်ဖြန် အကြောင်းကို မနက်ဖြန်မှပဲ စဉ်းစား မှာပါ ။ မနက်ဖြန် ပွဲကစားရမယ့် နေ့မှာတော့ ပွဲအကြောင်းကလွဲပြီး တခြား ဘာကိုမှ တွေးနေမှာ မဟုတ်တော့ပါဘူး ။ ”

ဆက်လက်ပြီး ဆန်တိုက ယူရိုပါလိဂ် ဝင်ခွင့် နဲ့ ပတ်သက်ပြီး ” ဒါက နောက်မှ ကစားရမယ့် ပွဲပါ ။ ဘယ်သူမှလည်း ကြိုတွေးနေမှာ မဟုတ်ပါဘူး ။ ရှေ့ လျှောက် ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကျနော်တို့ မသိ နိုင်ပါဘူး ။ အခု လက်ရှိ ပစ္စုပန် အခြေအနေ ကိုပဲ အာရုံ စိုက်ထားပါတယ် ။ မနက်ဖြန် ကစားရမယ့် ပွဲအတွက်ပဲ အခု ပြင်ဆင် နေပါတယ် ။”

ဝုလ်ဗာဟမ်တန် အသင်းမှာ ဒဏ်ရာရ ကစားသမား မရှိသလောက် ဖြစ်နေတဲ့ အပေါ် နည်းပြ ဆန်တိုက ကစားသမားတွေရဲ့ လေ့ကျင့်မှု ၊ ကြိုးစား အားထုတ်မှု ၊ ကောင်းကောင်း အနားယူမှု ၊ နလန်ထူနိုင်စွမ်း တွေကို ချီးကျူး ရမှာ ဖြစ်ကြောင်း ဆိုပါတယ် ။

မနက်ဖြန် နံနက် မြန်မာ စံတော်ချိန် ၁ : ၁၅ မိုလီနောစ့် ကွင်းမှာ ကစားမယ့် ပွဲဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ ရည်မှန်းနေတဲ့ အာဆင်နယ် အသင်းအတွက် အရေးကြီးသလို ယူရိုပါလိဂ် ဝင်ခွင့် ရဖို့ မျှော်မှန်းချက် ရှိနေသေးတဲ့ ဝုလ်ဗ် အသင်း အတွက်လည်း အရေးပါတဲ့ ပွဲတစ်ပွဲ ဖြစ်တာကြောင့် စိတ်ဝင်စားဖွယ် စောင့်ကြည့် ရမှာလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR