james
Unicode
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား သစ် ဖြစ်သူ ဒန်နီယယ် ဂျိမ်းစ် ဟာ ကစားသမားဘ ဝရဲ့ ပထမဆုံး ဥရောပ လိဂ်ပွဲ တစ်ပွဲ ကို ကစား ရဖို့ ရှိနေ ပြီး အဆိုပါ ပွဲစဉ် မှာ မဖြစ် မနေ အနိုင် ရလဒ် ရယူ နိုင်ဖို့ အတွက် မျှော်လင့်ချက် ထားရှိ နေ ပါတယ် ။
james
ဒါ့အပြင် အေဇက် အယ်လ်ခရာ အသင်း နဲ့ ရင်ဆိုင် ကစား ရမယ့် အဆိုပါ ပွဲစဉ် မှာ သူဟာ အနိုင် ရလဒ် ကို ရှာဖွေ သွားရင်း နည်းပြ ဖြစ်သူ ဆိုးလ်ရှား နဲ့ အသင်း အပေါ် မှာ ကျရောက် နေတဲ့ ဖိအား တွေကို လျော့ချ သွားနိုင် ဖို့ အတွက် အဓိက ပစ်မှတ် ထားနေ ခဲ့ ပါတယ် ။
” ကျွန်တော် ဟာ ပရီးမီးယား လိဂ် ပြိုင်ပွဲ ရဲ့ အရသာ ကို ခံစား ခဲ့ပြီး ပါပြီ ။ အခုတော့ ကျွန်တော် ဟာ ဥရောပ ပြိုင်ပွဲ ကို ဆက်လက် ကစား သွားရ ပါ တော့မယ် ။ ဒါဟာ ခြားနား လှတဲ့ ပြိုင်ပွဲ တစ်ခု ပါပဲ ။ အက်စတာနာ ကျွန်တော် တို့ဆီ ရောက်ရှိ လာခဲ့ တုန်းက လူတွေ က ဒါဟာ လွယ်ကူ တယ်လို့ ထင်ခဲ့ ကြ ပါတယ် ။ ဒါပေမယ့် သူတို့ တွေက ကျွန်တော် တို့ကို ပွဲကောင်း တစ်ပွဲ ယှဉ်ပြိုင် စေခဲ့ ကြ ပါတယ် ”
” ခင်ဗျား အနေ နဲ့ ဒီ ပြိုင်ပွဲ မှာ ပါဝင် ယှဉ်ပြိုင် နေတဲ့ အသင်း တွေကို လွယ်ကူတယ် လို့ ဘယ်လို မှ ပြောလို့ မရဘူး လို့ ထင် ပါတယ် ။ သူတို့ တွေသာ အသင်း ကောင်း တစ်သင်း မဟုတ်ဘူး ဆိုရင် ဒီလို ပြိုင်ပွဲ မှာ ပါဝင် ခွင့် ရရှိ မှာတောင် မဟုတ် ပါဘူး ။ ကျွန်တော် တို့ တွေဟာ ဥရောပ မှာ ကစား ကြမယ့် ပွဲစဉ် တိုင်း အတွက် အဆင်သင့် ဖြစ်နေ ကြဖို့ လိုအပ် သလို ကြိုတင် ပြင်ဆင် ထားဖို့ လည်း လိုအပ် ပါတယ် ”
james
” ပထမဆုံး ကစား ခဲ့တဲ့ ပွဲစဉ် မှာ အစ ကောင်းပြီး အနိုင် ရယူ နိုင်ဖို့ အတွက် အရေး ကြီးလှ ပါတယ် ။ အခု ပွဲစဉ် ကတော့ ကျွန်တော် တို့တွေ နောက်ထပ် နိုင်ပွဲ တစ်ပွဲ ကို ရယူ ပြီး ဖိအား တွေကို လျော့ချ သွားကြ ရမယ့် ပွဲစဉ် ပဲ ဖြစ်ပါတယ် ။ လူတွေ က ကျွန်တော် တို့ အပေါ် မျှော်လင့် ထားတာ တွေ များလှ ပါတယ် ။ အဲ့ဒီ အတွက် နိုင်ပွဲ နှစ်ပွဲ စောစောစီးစီး ရယူ နိုင်ခြင်း က ပိုကောင်း ပါ လိမ့်မယ် ”
” ကျွန်တော် တို့ ဂိုး သွင်းယူ တဲ့ အခါ မှာ ကျွန်တော် တိုု့ အားလုံး အတူတကွ ရှိနေ တက်ကြ သလို ဂိုး ပေးလိုက် ရတဲ့ အခါ မှာလည်း အတူတကွ ရှိနေ တက်ကြ ပါတယ် ။ ကျွန်တော် တို့ အားလုံး ဟာ စည်းလုံး နေကြ ပါတယ် ။ ဒါဟာ အရေးကြီး တဲ့ အရာ တစ်ခု ပါ ။ ကျွန်တော် တို့ဟာ ခမ်းနား တဲ့ အစု အဖွဲ့ တစ်ခု ကို ပိုင်ဆိုင် ထားကြ ပြီး အားလုံး စိတ်တူ ကိုယ်တူ ရှိကြ ပါတယ် ”
” အသင်း မှာ ရှိတဲ့ သူ တိုင်းက တိုးတက် ကောင်းမွန် ဖို့ အတွက် ကြိုးပမ်း နေကြ ပါတယ် ။ ဒီ ပွဲစဉ် ကတော့ မတူညီ တဲ့ စမ်းသက်မှု တစ်ခု ကို ဖြစ်ပေါ် စေပါ လိမ့်မယ် ။ နိုင်ငံ ရပ်ခြား မှာ ကစား ရခြင်း က အမြဲလို ခက်ခဲ တဲ့ အရာ တစ်ခု ပါပဲ ။ ဒါဟာ ပရီးမီးယား လိဂ် နဲ့ ခြားနား တဲ့ ပြိုင်ပွဲ တစ်ခု ပါ ။ ဒီလို ပွဲကို ကျွန်တော် တို့တွေ စောင့်မျှော် နေကြ ပြီး အဆင်သင့် ဖြစ်နိုင်ဖို့ ကြိုးပမ်း နေကြ ပါတယ် ”
james
” ကျွန်တော် ကတော့ ကွင်း မျက်နှာပြင် အနေ အထား တွေ တူညီ စေဖို့ မျှော်လင့် ပါတယ် ။ များသော အားဖြင့် အခြား နိုင်ငံ မှာ ကစား ရတဲ့ အခါ မတူညီ တဲ့ ကွင်း အနေအထား ကို ကြုံတွေ့ ရ တက်တယ် လေ ။ ဒီက မြက်ခင်း ပြင်တွေ က အခြား ကွင်းတွေ ထက် ခြားနား လေ့ ရှိတက် ပါတယ် ။ ဒါပေမယ့် ဘောလုံး ကိုတော့ ကျွန်တော် တို့ စိတ်ကြိုက် ရွေ့လျား အောင် ကစား လို့ ရနိုင် ပါတယ် ”
” ဒါကို ကျွန်တော် တို့ အသင်း က ကစားသမား အတော် များများ သိရှိ ထား ကြတဲ့ အရာ တစ်ခု ပါပဲ ။ ကျွန်တော် တို့ လိုချင်တာ တိုင်းကို စိတ်ကြိုက် လုပ်ဆောင် လို့ မရနိုင် ပါဘူး ။ ဒါဟာ ပုံမှန် ကစား နေကြ ပွဲစဉ် တွေထက် ခြားနား တဲ့ ပွဲမျိုး ဖြစ်တယ် ဆိုတာ ကျွန်တော် တို့ ခေါင်းထဲ ထည့်ထား ကြရ ပါ့မယ် ” လို့ ဂျိမ်းစ် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar
zawgyi
ဖိအားတွေအောက်မှ လွတ်မြောက်ဖို့အတွက် ဘာလုပ်လိုသလဲ ဆိုတာ ဖွင့်ဟလိုက်တဲ့ #ဒန်နီယယ်ဂျိမ်းစ်
=================
#Sports_Myanmar