william

Uncode

ချယ်လ်ဆီး အသင်း ဟာ ယနေ့ မနက် က ကစား သွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် ဒုတိယမြောက် ပွဲစဉ် မှာ ပြင်သစ် ကလပ် လိုင်လီ အသင်း ကို အဝေးကွင်း မှာ ၁ – ၂ နဲ့ အနိုင်ယူ ပြီး ချန်ပီယံလိဂ် အနိုင် ၃မှတ် ကို စတင် ရှာဖွေ နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ထို ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ဟာ ခါတိုင်း ပွဲစဉ် တွေလောက် အပိုင် အခွင့်အရေး များများ မရခဲ့ပေမယ့် အေဘရာဟမ် ၊ ဝီလီယံ တို့ရဲ့ သွင်းဂိုး တွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ် ။

abraham

သွင်းဂိုး ၂ဂိုးလုံး က ပညာသား ပါပေမယ့် ဝီလီယံ ရဲ့ မြေထောက် ကန်ချက် ကိုတော့ လိုင်လီ ဂိုးသမား မိုက်ဂနန် ဘယ်လိုမှ တားဆီး မရနိုင်ခဲ့ပါဘူး ။ ဒီဂိုး ဟာ ချယ်လ်ဆီး အသင်း အတွက် အရမ်း အရေးပါ ခဲ့သလို ဝီလီယံ အတွက်လည်း ချယ်လ်ဆီး အသင်း နဲ့ အတူ ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀၀ ပြည့်မြောက် တဲ့ ပွဲစဉ် မှာ အခုလို လှပတဲ့ သွင်းဂိုး ကိုပါ ရရှိ ခဲ့တာကြောင့် အမှတ်တရ အဖြစ် ထင်ကျန်ရစ် နေမှာ ဖြစ်ပါတယ် ။

ဝီလီယံ ဟာ ကိုပါ အမေရိက က ဒဏ်ရာ ကြောင့် ရာသီ အစောပိုင်း ပွဲစဉ် တွေမှာ ချယ်လ်ဆီး အသင်း အတွက် ကစားခွင့် ရဖို့ ရုန်းကန် နေရပေမယ့် ဖရန့် လမ်းပတ် ရဲ့ ပြောကြားချက် အရ လုပ်အားနှုန်း နဲ့ ကြိုးစားမှု ပိုကောင်း လာလို့ ပွဲထွက်ခွင့် တွေ ပြန်ပြီး ရရှိနေပြီ ဖြစ်ပါတယ် ။ လိုင်လီ နဲ့ ပွဲမတိုင်ခင် ကလည်း ဝီလီယံ ဟာ ဘရိုက်တန် နဲ့ ပွဲကို အနိုင် သေချာ စေမယ့် ဒုတိယမြောက် ဦးဆောင်ဂိုး ကို သွင်းယူ ပေးနိုင် ခဲ့ပါတယ် ။

ပွဲအပြီး BT Sport နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ ဝီလီယံ နည်းတူ ချယ်လ်ဆီး အတွက် သွင်းဂိုး တဂိုး ရယူ ပေးခဲ့တဲ့ လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် က ဝီလီယံ ဟာ ဒီလို လှပ ပြောင်မြောက်တဲ့ သွင်းဂိုး တွေ အမြဲ သွင်းပေးနေကြ ဖြစ်တာကြောင့် သူ့အနေနဲ့ လိုင်လီ နဲ့ ပွဲက မြေထောက် ကန်ချက် ကို ဘယ်လိုမှ မအံ့သြ ခဲ့ကြောင်း ဆိုခဲ့ပါတယ် ။

abarham

အေဘရာဟမ် က ” ဒီနေ့ ပွဲမှာ ကျွန်တော် တို့ မဖြစ်မနေ အနိုင် ရလဒ် ရဖို့ ဆိုတာ သိထားပါတယ် ။ နောက်ပြီး ကိုယ်တိုင် သွင်းဂိုး ရရှိဖို့ အခွင့်အရေး တချို့ လည်း ရလာမယ် ဆိုတာ ကြိုတင် မျှော်လင့် ခဲ့ပါတယ် ။ ထင်ထားတဲ့ အတိုင်းပဲ ရလာတဲ့ အခွင့်အရေး တကြိမ် ကနေ ကျွန်တော် အပိုင် အဆုံးသတ် နိုင်ခဲ့ပါတယ် ။ ”

” လိုင်လီ အသင်း ရဲ့ အိမ်ကွင်း ဟာ ဘယ်တော့မှ ကစား ရ လွယ်ကူတဲ့ ကွင်း မဟုတ်ပါဘူး ။ နောက်ပြီး ဝီလီယံ ကလည်း အလွန် ပဲ ပြောင်မြောက်တဲ့ ကန်ချက် နဲ့ ကျွန်တော် တို့ အသင်း အတွက် အဖိုးတန် သွင်းဂိုး ကို ရယူ ပေးခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော် ဒီ သွင်းဂိုး အတွက် ဘယ်လိုမှ မအံ့သြမိပါဘူး ။ မန်နေဂျာ ဟာ ကျွန်တော် တို့ အားလုံး ကို အတူ ရောနှောပြီး အချိတ်အဆက် မိတဲ့ အသင်း တသင်း ကို တည်ဆောက် ချင်နေတာပါ ။ ”

william

” ကျွန်တော် တို့ဟာ မတူညီတဲ့ နည်းစနစ် နဲ့ ကစားကွက် တွေမှာ အံ့ဝင်အောင် ကြိုးစား ရပါတယ် ။ ဒီနေ့ အနိုင် ၃မှတ် ကတော့ ကျွန်တော် တို့ အတွက် ကြီးမားတဲ့ ရလဒ် တခု ဖြစ်ခဲ့ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဝီလီယံ ကလည်း အခုလို ချန်ပီယံလိဂ် နိုင်ပွဲ ရရှိ ခဲ့လို့ ပျော်ရွှင် ရတဲ့ အကြောင်း အခုလို ပြောခဲ့ပါတယ် ။

ဝီလီယံ က ” အခုဆို ကျွန်တော် တို့ လိုချင်တဲ့ အနိုင် ရလဒ် ကို ဖော်ဆောင် နိုင်ခဲ့ပါပြီ ။ အသင်းဖော် တွေ အားလုံး အတူတကွ ကြိုးကြိုးစားစား စည်းစည်းလုံးလုံး နဲ့ ကစား ခဲ့တာကြောင့် ဒီ အနိုင် ရလဒ် ကို ရခဲ့တာပါ ။ ဆက်လက်ပြီး ကျွန်တော် တို့ နောက်ပွဲစဉ် တွေမှာ ရလဒ်ကောင်း တွေ ဆက်လက် ဖန်တီး နိုင်ဖို့ ကြိုးစား ရဦးမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

ဝီလီယံ ရဲ႕ လွပတဲ့ ေျမေထာက္ကန္ခ်က္ အေပၚ မွက္ခ်က္ျပဳ ခ်ီးက်ဴး လုိက္တဲ့ #ေအဘရာဟမ္

ခ်ယ္လ္ဆီး အသင္း ဟာ ယေန႕ မနက္ က ကစား သြားခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စု အဆင့္ ဒုတိယေျမာက္ ပြဲစဥ္ မွာ ျပင္သစ္ ကလပ္ လိုင္လီ အသင္း ကို အေဝးကြင္း မွာ ၁ – ၂ နဲ႕ အႏိုင္ယူ ျပီး ခ်န္ပီယံလိဂ္ အႏိုင္ ၃မွတ္ ကို စတင္ ရွာေဖြ ႏိုင္ခဲ့ျပီ ျဖစ္ပါတယ္ ။ ထို ပြဲစဥ္ မွာ ခ်ယ္လ္ဆီး အသင္း ဟာ ခါတိုင္း ပြဲစဥ္ ေတြေလာက္ အပိုင္ အခြင့္အေရး မ်ားမ်ား မရခ့ဲေပမယ့္ ေအဘရာဟမ္ ၊ ဝီလီယံ တို႕ရဲ႕ သြင္းဂိုး ေတြနဲ႕ အႏိုင္ရခဲ့တာ ျဖစ္ပါတယ္ ။

သြင္းဂိုး ၂ဂိုးလံုး က ပညာသား ပါေပမယ့္ ဝီလီယံ ရဲ႕ ေျမေထာက္ ကန္ခ်က္ ကိုေတာ့ လိုင္လီ ဂိုးသမား မိုက္ဂနန္ ဘယ္လိုမွ တားဆီး မရႏိုင္ခဲ့ပါဘူး ။ ဒီဂိုး ဟာ ခ်ယ္လ္ဆီး အသင္း အတြက္ အရမ္း အေရးပါ ခဲ့သလို ဝီလီယံ အတြက္လည္း ခ်ယ္လ္ဆီး အသင္း နဲ႕ အတူ ျပိဳင္ပြဲစံု ပြဲေပါင္း ၃၀၀ ျပည့္ေျမာက္ တဲ့ ပြဲစဥ္ မွာ အခုလို လွပတဲ့ သြင္းဂိုး ကိုပါ ရရွိ ခဲ့တာေၾကာင့္ အမွတ္တရ အျဖစ္ ထင္က်န္ရစ္ ေနမွာ ျဖစ္ပါတယ္ ။

ဝီလီယံ ဟာ ကိုပါ အေမရိက က ဒဏ္ရာ ေၾကာင့္ ရာသီ အေစာပိုင္း ပြဲစဥ္ ေတြမွာ ခ်ယ္လ္ဆီး အသင္း အတြက္ ကစားခြင့္ ရဖို႕ ရုန္းကန္ ေနရေပမယ့္ ဖရန္႕ လမ္းပတ္ ရဲ႕ ေျပာၾကားခ်က္ အရ လုပ္အားႏႈန္း နဲ႕ ၾကိဳးစားမႈ ပိုေကာင္း လာလို႕ ပြဲထြက္ခြင့္ ေတြ ျပန္ျပီး ရရွိေနျပီ ျဖစ္ပါတယ္ ။ လိုင္လီ နဲ႕ ပြဲမတိုင္ခင္ ကလည္း ဝီလီယံ ဟာ ဘရိုက္တန္ နဲ႕ ပြဲကို အႏိုင္ ေသခ်ာ ေစမယ့္ ဒုတိယေျမာက္ ဦးေဆာင္ဂိုး ကို သြင္းယူ ေပးႏိုင္ ခဲ့ပါတယ္ ။

ပြဲအျပီး BT Sport နဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာေတာ့ ဝီလီယံ နည္းတူ ခ်ယ္လ္ဆီး အတြက္ သြင္းဂိုး တဂိုး ရယူ ေပးခဲ့တဲ့ လူငယ္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ က ဝီလီယံ ဟာ ဒီလို လွပ ေျပာင္ေျမာက္တဲ့ သြင္းဂိုး ေတြ အျမဲ သြင္းေပးေနၾက ျဖစ္တာေၾကာင့္ သူ႕အေနနဲ႕ လိုင္လီ နဲ႕ ပြဲက ေျမေထာက္ ကန္ခ်က္ ကို ဘယ္လိုမွ မအံ့ၾသ ခဲ့ေၾကာင္း ဆိုခဲ့ပါတယ္ ။

ေအဘရာဟမ္ က ” ဒီေန႕ ပြဲမွာ ကြ်န္ေတာ္ တို႕ မျဖစ္မေန အႏိုင္ ရလဒ္ ရဖို႕ ဆိုတာ သိထားပါတယ္ ။ ေနာက္ျပီး ကိုယ္တိုင္ သြင္းဂိုး ရရွိဖို႕ အခြင့္အေရး တခ်ိဳ႕ လည္း ရလာမယ္ ဆိုတာ ၾကိဳတင္ ေမွ်ာ္လင့္ ခဲ့ပါတယ္ ။ ထင္ထားတဲ့ အတိုင္းပဲ ရလာတဲ့ အခြင့္အေရး တၾကိမ္ ကေန ကြ်န္ေတာ္ အပိုင္ အဆံုးသတ္ ႏိုင္ခဲ့ပါတယ္ ။ ”

” လိုင္လီ အသင္း ရဲ႕ အိမ္ကြင္း ဟာ ဘယ္ေတာ့မွ ကစား ရ လြယ္ကူတဲ့ ကြင္း မဟုတ္ပါဘူး ။ ေနာက္ျပီး ဝီလီယံ ကလည္း အလြန္ ပဲ ေျပာင္ေျမာက္တဲ့ ကန္ခ်က္ နဲ႕ ကြ်န္ေတာ္ တို႕ အသင္း အတြက္ အဖိုးတန္ သြင္းဂိုး ကို ရယူ ေပးခဲ့ပါတယ္ ။ ဒါေပမယ့္ ကြ်န္ေတာ္ ဒီ သြင္းဂိုး အတြက္ ဘယ္လိုမွ မအံ့ၾသမိပါဘူး ။ မန္ေနဂ်ာ ဟာ ကြ်န္ေတာ္ တို႕ အားလံုး ကို အတူ ေရာေႏွာျပီး အခ်ိတ္အဆက္ မိတဲ့ အသင္း တသင္း ကို တည္ေဆာက္ ခ်င္ေနတာပါ ။ ”

” ကြ်န္ေတာ္ တို႕ဟာ မတူညီတဲ့ နည္းစနစ္ နဲ႕ ကစားကြက္ ေတြမွာ အံ့ဝင္ေအာင္ ၾကိဳးစား ရပါတယ္ ။ ဒီေန႕ အႏိုင္ ၃မွတ္ ကေတာ့ ကြ်န္ေတာ္ တို႕ အတြက္ ၾကီးမားတဲ့ ရလဒ္ တခု ျဖစ္ခဲ့ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ ဝီလီယံ ကလည္း အခုလို ခ်န္ပီယံလိဂ္ ႏိုင္ပြဲ ရရွိ ခဲ့လို႕ ေပ်ာ္ရႊင္ ရတဲ့ အေၾကာင္း အခုလို ေျပာခဲ့ပါတယ္ ။

ဝီလီယံ က ” အခုဆို ကြ်န္ေတာ္ တို႕ လိုခ်င္တဲ့ အႏိုင္ ရလဒ္ ကို ေဖာ္ေဆာင္ ႏိုင္ခဲ့ပါျပီ ။ အသင္းေဖာ္ ေတြ အားလုံး အတူတကြ ၾကိဳးၾကိဳးစားစား စည္းစည္းလံုးလံုး နဲ႕ ကစား ခဲ့တာေၾကာင့္ ဒီ အႏိုင္ ရလဒ္ ကို ရခဲ့တာပါ ။ ဆက္လက္ျပီး ကြ်န္ေတာ္ တို႕ ေနာက္ပြဲစဥ္ ေတြမွာ ရလဒ္ေကာင္း ေတြ ဆက္လက္ ဖန္တီး ႏိုင္ဖို႕ ၾကိဳးစား ရဦးမွာပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR