Unicode
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် ကစားသမား ဟောင်း ဖြစ်သူ ဒီမစ်တာ ဘာဘာတော့ဗ် က နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှား အနေ နဲ့ အသင်း ရဲ့ စီနီယာ ကစားသမား တွေကို နောက် တစ်ဆင့် တက်ရောက် စေဖို့ ညွှန်ကြားရင်း အရည်အသွေး မြင့် လူငယ် ကစားသမား လေးတွေကို အကူအညီပေး မြှင်တင် သွားဖို့ လိုအပ် ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။
solskjaer
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ ရာသီ နည်းပြ ဆိုးလ်ရှား လက်အောက် မှာ ရလဒ် ကောင်းတွေ ပိုင်ဆိုင် နိုင်ဖို့ ဆက်တိုက် ဆိုသလို ရုန်းကန် နေခဲ့ ရပြီး နိုင်ငံတကာ ပွဲစဉ် တွေကို ကစား ပြီးတဲ့ နောက် ခြေစွမ်း အသာစီး နဲ့ နိုင်ပွဲ ရယူ နိုင်ဖို့ တောင် ရုန်းကန် နေခဲ့ ရ ပါတယ် ။
ဘာဘာတော့ဗ် ကတော့ အာဆင်နယ် အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် အတွင်း မှ ဦးဆောင် ဂိုး သွင်းယူ ပေးသွား ခဲ့တဲ့ ကွင်းလယ် ကစားသမားလေး မက် တော်မီနေး ရဲ့ ခြေစွမ်း ကို နှစ်သက် တယ်လို့ ပြောကြား သွားခဲ့ ပေမယ့် လူငယ် ကစားသမား လေးတွေ အတွက် စီနီယာ ကစားသမား တွေ ဆီမှ အကူအညီ တွေကို လိုအပ် နေကြောင်း သုံးသပ် သွားခဲ့ ပါတယ် ။
” ယူနိုက်တက် အသင်း ဟာ လူငယ် ကစားသမား လေးတွေ ကို အခွင့် အရေး တွေ ပေးနေ ခြင်းက တစ်ကယ် ပဲ ကောင်းမွန် လှ ပါတယ် ။ မက် တော်မီနေး ဟာ အာဆင်နယ် အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့တဲ့ ပွဲစဉ် အတွင်း တစ်ကယ် ပဲ ကောင်းမွန် ခဲ့ ပါတယ် ”
” သူ ( တော်မီနေး ) ဟာ ကွင်းလယ် ကနေ အသင်း ဖော် တွေကို ညွှန်ကြား မှုတွေ စတင် ပြုလုပ် နေခဲ့ တာကို ကျွန်တော် တို့ မြင်တွေ့ ခဲ့ကြ ရ ပါတယ် ။ ပြီးတော့ သူ့ရဲ့ သွင်းဂိုး ဟာလည်း တစ်ကယ် ပဲ လှပ ကောင်းမွန် ခဲ့ ပါတယ် ။ ကျွန်တော် ကိုယ်တိုင် အဲ့ဒီလို ဂိုးမျိုး မသွင်းယူ ခဲ့ဖူး ပါဘူး ။ ဒါဟာ မယုံကြည် နိုင်ဖွယ် ပါပဲ ”
” တူညီ တဲ့ အချိန် တစ်ခု မှာပဲ အသင်း ရဲ့ ကစားသမား အချို့ ဟာ ငယ်ရွယ် နေသေး တာကို ကျွန်တော် တို့ မြင်တွေ့ ခဲ့ရ ပါတယ် ။ သူတို့ တွေဟာ အတွေ့အကြုံ နုနယ် ကြပါ သေးတယ် ။ ဒီလို အချိန် မှာ အတွေ့ အကြံု ရင့်ကျက် တဲ့ ကစားသမား တွေကို သူတို့ တွေနဲ့ အတူ ရှိနေ စေရ ပါ့မယ် ”
” အသင်း ရဲ့ အရံခုံ ပေါ်က ပဲ ဖြစ်စေ ၊ အသင်း ရဲ့ လေ့ကျင့်ရေး ကွင်းထဲ မှာပဲ ဖြစ်စေ ၊ သူတို့ တွေက အဖိုးတန် လှတဲ့ သင်ခန်းစာ တွေကို သင်ပေး နိုင်ကြ ပါတယ် ။ အထူးသဖြင့် မတူညီ တဲ့ ပွဲစဉ် တွေ ၊ ပြိုင်ပွဲ တွေကို ဘယ်လို ရင်ဆိုင် ဖြေရှင်း ရ သလဲ ဆိုတာ တွေကို သင်ကြား ပေးလို့ ရ ပါတယ် ”
solskjaer
” အသင်း ရဲ့ လူငယ် ကစားသမား တိုင်းကို တူညီ တဲ့ အချိန် တစ်ခု ထဲမှာ ပဲ ကြီးမား တဲ့ ဖိအား တွေကို ပေးလိုက် ခြင်းက ကောင်းမွန် တဲ့ အရာ တော့ မဟုတ် ပါဘူး ။ ဒါ့ကြောင့် လဲ အသင်း ရဲ့ စီနီယာ ကစားသမား တွေက လူငယ် တွေကို ကူညီ ပေးရင်း လက်တွဲ ခေါ်ဖို့ ဆိုတာ အရေး ပါလှ ပါတယ် ”
” သူတို့ အားလုံး စုစည်း ပြီး ၊ စုပေါင်း ပြီး တစ်ဦး ကို တစ်ဦး ကူညီ ရင်း ကြိုးစား ကြမယ် ဆိုရင် နိုင်ပွဲ တွေဆီ ကို ပြန်လည် ရောက်ရှိ နိုင်ပါ လိမ့်မယ် ” လို့ ဘာဘာတော့ဗ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar
Zawgyi
နိုင်ပွဲတွေဆီ ပြန်လည် ပိုင်ဆိုင်နိုင်ဖို့ ယူနိုက်တက်ရံ့ စီနီယာ နဲ့ လူငယ် ကစားသမားတွေ ဘယ်လို လုပ်ဆောင် ရမလဲ ဆိုတာ ပြောကြား သွားတဲ့ #ဘာဘာတော့ဗ်
=============
#Sports_Myanmar