lampard

Unicode

ချယ်လ်ဆီး အသင်း ဟာ ယနေ့ မနက် က ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် မှာ လိုင်လီ အသင်း ကို အဝေးကွင်း မှာ ၁ – ၂ နဲ့ အနိုင် ရခဲ့ပေမယ့် ကစားပုံ နဲ့ စွမ်းဆောင်ရည် အပိုင်း ကတော့ အားရစရာ သိပ်မရှိခဲ့တာ ကို တွေ့ခဲ့ရပါတယ် ။ အထူးသဖြင့် ခံစစ်ပိုင်း က set-piece ဘော တွေကနေ ပေးဂိုး တွေ ဆက်လက် ခွင့်ပြု နေရတာ ကို တွေ့ခဲ့ ရပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ဒီ ရာသီ မှာ မြန်နှုန်းမြင့် တိုက်စစ် ဆန်ဆန် ကစားဟန် ကို အသုံးပြု နေတာကြောင့် တိုက်စစ် အတွက် မကြာခဏ ဆိုသလို အခွင့်အရေးကောင်း တွေ များစွာ ရရှိ နေပြီး တဖက် မှာ တိုက်စစ် အရမ်း ဖွင့်ကစားတဲ့ ဆိုးကျိုး တခု ဖြစ်တဲ့ တန်ပြန် တိုက်စစ် ကိုလည်း မကြာခဏ ဆိုသလို ခွင့်ပြု နေရပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ကစားပုံ နဲ့ ရလဒ်ပိုင်း ကို ကျေနပ်မှု ရှိနေပေမယ့် ၊ တည်ကန်ဘော တွေကနေ ပေးဂိုး တွေ ခွင့်ပြု နေရတာနဲ့ ပတ်သက်ပြီး သူ့ အနေနဲ့ ဆက်လက် ပြုပြင် သွားချင်သေးကြောင်း ၊ ဒီ အနိုင်ရလဒ် က ၄င်းတို့နဲ့ ထိုက်တန်မှု ရှိကြောင်း ၊ အကယ်ဒမီ ကစားသမား ၆ ယောက် အထိ ပါဝင် ကစားနိုင် ခဲ့တာကလည်း စပါယ်ရှယ် အခိုက်အတန့် ဖြစ်ခဲ့ကြောင်း ဆိုခဲ့ပါတယ် ။

လမ်းပတ် က ” ကြီးမား တဲ့ ရလဒ် ? ဟုတ်ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ဟာ ဒီ အုပ်စု အဆင့် ကို ကျော်ဖြတ်ပြီး ခရီး အရှည်ကြီး ကျန်ပါသေးတယ် ။ ဗလင်စီယာ ကို အဖွင့်ပွဲ မှာ အရေးနိမ့် ခဲ့တာကြောင့် ဒီနေ့ ပွဲဟာ ကျွန်တော် တို့ အတွက် ပိုပြီး အရေးကြီး နေခဲ့ပါတယ် ။ လိုင်လီ အသင်း ဟာ ကစားရ ခက်ခဲမှန်း ကျွန်တော် တို့ သိထားပါတယ် ။ သူတို့ရဲ့ အမြန်နှုန်း ၊ တန်ပြန် တိုက်စစ် က အတော်လေး အထင်ကြီးစရာ ကောင်းပါတယ် ။ ”

” ကျွန်တော် တို့ရဲ့ ဒီနေ့ စွမ်းဆောင်ရည် က ကောင်းခဲ့ပါတယ် ။ ကျွန်တော် တို့ဟာ အစောပိုင်း ပွဲချိိန် တွေမှာ ပွဲကို ထိန်းချုပ် ကစား နိုင်ခဲ့ပြီး လိုအပ်တဲ့ အဖွင့်ဂိုး ကိုလည်း ရယူ နိုင်ခဲ့ပါတယ် ။ တည်ကန်ဘော တွေကတော့ အခု ထိ ကျွန်တော် တို့ အသင်း ရဲ့ အားနည်းချက် တခု အဖြစ် ဆက်ရှိ နေဆဲ ဖြစ်ပါတယ် ။ အဲ့ဒီ အတွက် ကျွန်တော် တို့ ဆက်လက် ကြိုးစား ရမှာပါ ။ ဒါပေမယ့် ဒီနေ့ ပွဲလို အဝေးကွင်း မှာ လာရောက် ကစားပြီး ဒီလောက် စွမ်းဆောင်ရည် နဲ့ ကစားပုံ အတွက် ကျွန်တော် တို့ ကျေနပ် သင့်ပါတယ် ။ ”

” ဒီနေ့ နိုင်ပွဲ ဟာ ကျွန်တော် တို့နဲ့ ထိုက်တန်မှု ရှိခဲပါတယ် ။ ဟုတ်ပါတယ် ။ ဒီနေ့ ပွဲမှာ အကယ်ဒမီ က လူငယ် ၆ ယောက် အထိ ကစားခွင့် ရတာက တကယ့် စပါယ်ရှယ် အခိုက်အတန့် ပါပဲ ။ ကျွန်တော် တို့ဟာ ကလပ် တသင်း အနေနဲ့ ဒီလို အကယ်ဒမီ က လူငယ် တွေ စီနီယာ အသင်း မှာ အားဖြည့် ကစား ပေးနိုင်တာ ကို ကျေနပ် ဝမ်းသာ ရမှာပါ ။ ပရိသတ် တွေကလည်း ဒါကို သဘောကျ နှစ်သက် ကြသလို ၊ ကလပ် ဖက်က ဒီ အနေအထား အတွက် ပျော်ရွှင် နေပါတယ် ။ ”

abraham

” လူငယ် ကစားသမား တွေ ဖက်ကလည်း ပရိသတ် တွေရဲ့ အားပေးမှု ကို သူတို့ရဲ့ လုပ်အား ၊ အသင်း အပေါ် ပေးဆပ်မှု တွေနဲ့ အကောင်းဆုံး တုန့်ပြန် နေကြပါတယ် ။ ဒီနေ့ ပွဲဟာ ကျွန်တော် တို့ အတွက် ကစားပုံ ကောင်းရုံတင် မဟုတ်ပါဘူး ။ ဒီနေ့လို နိုင်ပွဲမျိုး ရှေ့လျှောက် ရယူ ပြနိုင်ဖို့ လိုပါတယ် ။ ကျွန်တော် တို့ဟာ အချိန်တိုင်း မှာ အဖက်ဖက် က ခြေစွမ်း တွေ တိုးတက်လာဖို့ ကြိုးစား နေပါတယ် ။ ”

” ဒီနေ့ ပွဲမှာ တဦးချင်း စွမ်းဆောင်ရည် အပိုင်း နဲ့ ပတ်သက်ပြီး အားရစရာ တချို့ လည်း ရှိပါတယ် ။ ဥပမာ – ရိစ်ဂျိမ်းစ် လိုပေါ့ ။ သူဟာ ကစားသမား ဘဝ ပထမဆုံး ချန်ပီယံလိဂ် ပွဲထွက်ခွင့် ကို စရခဲ့ပေမယ့် သူ့ရဲ့ ကစားပုံ က အရမ်း တည်ငြိမ်မှု ရှိပါတယ် ။ ဒီနေ့ပွဲ မှာ ကျွန်တော် ကစားကွက် အပြောင်းအလဲ တခု လုပ်ခဲ့ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် တို့ဟာ ပွဲ အများကြီး ကစားရမှာ ဖြစ်လို့ပါ ။ ”

chelsea

” လူငယ် ခြေတက် တွေဟာ ဒီနေ့ ညပွဲမှာ သူတို့ ဘာတွေ လုပ်ပြနိုင်လဲ ဆိုတာ အကောင်းဆုံး ပြသ နိုင်ခဲ့ပါတယ် ။ ဒါမျိုး ရှေ့ဆက် ထိန်းသိမ်း သွားနိုင်ဖို့ လိုပါတယ် ။ ချန်ပီယံလိဂ် အဆင့်အတန်း ဖြစ်တာကြောင့် ကျွန်တော် တို့ အတွက် ဒီနေ့ ညပွဲဟာ အရမ်း ခက်ခဲ ခဲ့ပါတယ် ။ ဒီလို အနေအထား မှာ ဒီ လူငယ် အစုအဖွဲ့ ဟာ ပုံစံကောင်း တွေ ပြသ နိုင်ခဲ့ပါတယ် ။ ဒီထက် ပိုကောင်းတဲ့ ပုံစံ တွေကိုလည်း သူတို့ ထပ်ပြ နိုင်ပါသေးတယ် ။ ” လို့ ဆိုခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

လိုင္လီ ကို ခက္ခက္ခဲခဲ အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ ပြဲစဥ္ မွ ခ်ယ္လ္ဆီး အသင္း ရဲ႕ ေကာင္းကြက္ ၊ အားနည္းခ်က္ တခ်ိဳ႕ ကုိ သံုးသပ္ ေျပာဆိုလိုက္တဲ့ #လမ္းပတ္

ခ်ယ္လ္ဆီး အသင္း ဟာ ယေန႕ မနက္ က ခ်န္ပီယံလိဂ္ အုပ္စု ပြဲစဥ္ မွာ လိုင္လီ အသင္း ကို အေဝးကြင္း မွာ ၁ – ၂ နဲ႕ အႏိုင္ ရခဲ့ေပမယ့္ ကစားပံု နဲ႕ စြမ္းေဆာင္ရည္ အပိုင္း ကေတာ့ အားရစရာ သိပ္မရွိခဲ့တာ ကို ေတြ႕ခ့ဲရပါတယ္ ။ အထူးသျဖင့္ ခံစစ္ပိုင္း က set-piece ေဘာ ေတြကေန ေပးဂိုး ေတြ ဆက္လက္ ခြင့္ျပဳ ေနရတာ ကို ေတြ႕ခဲ့ ရပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ဟာ ဒီ ရာသီ မွာ ျမန္ႏႈန္းျမင့္ တိုက္စစ္ ဆန္ဆန္ ကစားဟန္ ကို အသံုးျပဳ ေနတာေၾကာင့္ တိုက္စစ္ အတြက္ မၾကာခဏ ဆိုသလို အခြင့္အေရးေကာင္း ေတြ မ်ားစြာ ရရွိ ေနျပီး တဖက္ မွာ တိုက္စစ္ အရမ္း ဖြင့္ကစားတဲ့ ဆိုးက်ိဳး တခု ျဖစ္တဲ့ တန္ျပန္ တိုက္စစ္ ကိုလည္း မၾကာခဏ ဆိုသလို ခြင့္ျပဳ ေနရပါတယ္ ။

ပြဲျပီး သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ ခ်ယ္လ္ဆီး နည္းျပ ဖရန္႕ လမ္းပတ္ က ကစားပံု နဲ႕ ရလဒ္ပိုင္း ကို ေက်နပ္မႈ ရွိေနေပမယ့္ ၊ တည္ကန္ေဘာ ေတြကေန ေပးဂိုး ေတြ ခြင့္ျပဳ ေနရတာနဲ႕ ပတ္သက္ျပီး သူ႕ အေနနဲ႕ ဆက္လက္ ျပဳျပင္ သြားခ်င္ေသးေၾကာင္း ၊ ဒီ အႏိုင္ရလဒ္ က ၄င္းတို႕နဲ႕ ထိုက္တန္မႈ ရွိေၾကာင္း ၊ အကယ္ဒမီ ကစားသမား ၆ ေယာက္ အထိ ပါဝင္ ကစားႏိုင္ ခဲ့တာကလည္း စပါယ္ရွယ္ အခိုက္အတန္႕ ျဖစ္ခဲ့ေၾကာင္း ဆိုခဲ့ပါတယ္ ။

လမ္းပတ္ က ” ၾကီးမား တဲ့ ရလဒ္ ? ဟုတ္ပါတယ္ ။ ဒါေပမယ့္ ကြ်န္ေတာ္ တို႕ဟာ ဒီ အုပ္စု အဆင့္ ကို ေက်ာ္ျဖတ္ျပီး ခရီး အရွည္ၾကီး က်န္ပါေသးတယ္ ။ ဗလင္စီယာ ကို အဖြင့္ပြဲ မွာ အေရးနိမ့္ ခဲ့တာေၾကာင့္ ဒီေန႕ ပြဲဟာ ကြ်န္ေတာ္ တို႕ အတြက္ ပိုျပီး အေရးၾကီး ေနခဲ့ပါတယ္ ။ လိုင္လီ အသင္း ဟာ ကစားရ ခက္ခဲမွန္း ကြ်န္ေတာ္ တို႕ သိထားပါတယ္ ။ သူတို႕ရဲ႕ အျမန္ႏႈန္း ၊ တန္ျပန္ တိုက္စစ္ က အေတာ္ေလး အထင္ၾကီးစရာ ေကာင္းပါတယ္ ။ ”

” ကြ်န္ေတာ္ တို႕ရဲ႕ ဒီေန႕ စြမ္းေဆာင္ရည္ က ေကာင္းခဲ့ပါတယ္ ။ ကြ်န္ေတာ္ တို႕ဟာ အေစာပိုင္း ပြဲခ်ိိန္ ေတြမွာ ပြဲကို ထိန္းခ်ဳပ္ ကစား ႏိုင္ခဲ့ျပီး လိုအပ္တဲ့ အဖြင့္ဂိုး ကုိလည္း ရယူ ႏိုင္ခဲ့ပါတယ္ ။ တည္ကန္ေဘာ ေတြကေတာ့ အခု ထိ ကြ်န္ေတာ္ တို႕ အသင္း ရဲ႕ အားနည္းခ်က္ တခု အျဖစ္ ဆက္ရွိ ေနဆဲ ျဖစ္ပါတယ္ ။ အဲ့ဒီ အတြက္ ကြ်န္ေတာ္ တို႕ ဆက္လက္ ၾကိဳးစား ရမွာပါ ။ ဒါေပမယ့္ ဒီေန႕ ပြဲလို အေဝးကြင္း မွာ လာေရာက္ ကစားျပီး ဒီေလာက္ စြမ္းေဆာင္ရည္ နဲ႕ ကစားပံု အတြက္ ကြ်န္ေတာ္ တို႕ ေက်နပ္ သင့္ပါတယ္ ။ ”

” ဒီေန႕ ႏိုင္ပြဲ ဟာ ကြ်န္ေတာ္ တို႕နဲ႕ ထိုက္တန္မႈ ရွိခဲပါတယ္ ။ ဟုတ္ပါတယ္ ။ ဒီေန႕ ပြဲမွာ အကယ္ဒမီ က လူငယ္ ၆ ေယာက္ အထိ ကစားခြင့္ ရတာက တကယ့္ စပါယ္ရွယ္ အခိုက္အတန္႕ ပါပဲ ။ ကြ်န္ေတာ္ တို႕ဟာ ကလပ္ တသင္း အေနနဲ႕ ဒီလို အကယ္ဒမီ က လူငယ္ ေတြ စီနီယာ အသင္း မွာ အားျဖည့္ ကစား ေပးႏိုင္တာ ကို ေက်နပ္ ဝမ္းသာ ရမွာပါ ။ ပရိသတ္ ေတြကလည္း ဒါကို သေဘာက် ႏွစ္သက္ ၾကသလို ၊ ကလပ္ ဖက္က ဒီ အေနအထား အတြက္ ေပ်ာ္ရႊင္ ေနပါတယ္ ။ ”

” လူငယ္ ကစားသမား ေတြ ဖက္ကလည္း ပရိသတ္ ေတြရဲ႕ အားေပးမႈ ကို သူတို႕ရဲ႕ လုပ္အား ၊ အသင္း အေပၚ ေပးဆပ္မႈ ေတြနဲ႕ အေကာင္းဆံုး တုန္႕ျပန္ ေနၾကပါတယ္ ။ ဒီေန႕ ပြဲဟာ ကြ်န္ေတာ္ တို႕ အတြက္ ကစားပံု ေကာင္းရုံတင္ မဟုတ္ပါဘူး ။ ဒီေန႕လို ႏိုင္ပြဲမ်ိဳး ေရွ႕ေလွ်ာက္ ရယူ ျပႏိုင္ဖို႕ လိုပါတယ္ ။ ကြ်န္ေတာ္ တို႕ဟာ အခ်ိန္တိုင္း မွာ အဖက္ဖက္ က ေျခစြမ္း ေတြ တိုးတက္လာဖို႕ ၾကိဳးစား ေနပါတယ္ ။ ”

” ဒီေန႕ ပြဲမွာ တဦးခ်င္း စြမ္းေဆာင္ရည္ အပိုင္း နဲ႕ ပတ္သက္ျပီး အားရစရာ တခ်ိဳ႕ လည္း ရွိပါတယ္ ။ ဥပမာ – ရိစ္ဂ်ိမ္းစ္ လိုေပါ့ ။ သူဟာ ကစားသမား ဘဝ ပထမဆံုး ခ်န္ပီယံလိဂ္ ပြဲထြက္ခြင့္ ကို စရခဲ့ေပမယ့္ သူ႕ရဲ႕ ကစားပံု က အရမ္း တည္ျငိမ္မႈ ရွိပါတယ္ ။ ဒီေန႕ပြဲ မွာ ကြ်န္ေတာ္ ကစားကြက္ အေျပာင္းအလဲ တခု လုပ္ခဲ့ပါတယ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ ကြ်န္ေတာ္ တို႕ဟာ ပြဲ အမ်ားၾကီး ကစားရမွာ ျဖစ္လို႕ပါ ။ ”

” လူငယ္ ေျခတက္ ေတြဟာ ဒီေန႕ ညပြဲမွာ သူတို႕ ဘာေတြ လုပ္ျပႏိုင္လဲ ဆိုတာ အေကာင္းဆံုး ျပသ ႏိုင္ခဲ့ပါတယ္ ။ ဒါမ်ိဳး ေရွ႕ဆက္ ထိန္းသိမ္း သြားႏိုင္ဖို႕ လိုပါတယ္ ။ ခ်န္ပီယံလိဂ္ အဆင့္အတန္း ျဖစ္တာေၾကာင့္ ကြ်န္ေတာ္ တို႕ အတြက္ ဒီေန႕ ညပြဲဟာ အရမ္း ခက္ခဲ ခဲ့ပါတယ္ ။ ဒီလို အေနအထား မွာ ဒီ လူငယ္ အစုအဖြဲ႕ ဟာ ပံုစံေကာင္း ေတြ ျပသ ႏုိင္ခဲ့ပါတယ္ ။ ဒီထက္ ပိုေကာင္းတဲ့ ပံုစံ ေတြကိုလည္း သူတို႕ ထပ္ျပ ႏိုင္ပါေသးတယ္ ။ ” လို႕ ဆိုခဲ့ပါတယ္ ။

SPORTS MYANMAR