berbatov
Unicode
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူး ဟောင်း ဖြစ်သူ ဒီမစ်တာ ဘာဘာတော့ဗ် က လက်ရှိ အသင်းဟောင်း ယူနိုက်တက် တို့ ရလဒ် ဆက်တိုက် ဆိုးရွား နေတဲ့ အနေအထား တွေက ခါးသီး ပြိုင်ဖက် လီဗာပူး အသင်း ဆိုးရွား ခဲ့ သလို အဓွန့် ရှည်သွား မှာကို ကြောက်ရွ့ံ မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
solskjaer
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဂန္ဓဝင် နည်းပြ ဖြစ်သူ ဆာ အဲလက်စ် ဖာဂူဆန် ကို ဆုံးရှုံး လိုက်ရ ကတည်းက အမှတ်ပေး ဖလား ပြိုင်ပွဲ မှာ အောင်မြင်မှု တွေကို ရယူ နိုင်ဖို့ ရုန်းကန် ခဲ့ရ သလို လက်ရှိ အချိန် မှာတော့ ချန်ပီယံ လိဂ် ဝင်ခွင့် ရရှိ နိုင်ဖို့ အတွက် ပါ ရုန်းကန် နေခဲ့ ရ ပါတယ် ။
ဒါ့ကြောင့် ယူနိုက်တက် တိုက်စစ် မှူးဟောင်း က လက်ရှိ အချိန် အသင်း ဟောင်းဟာ ပြိုင်ဖက် အသင်း တွေ ဖြစ်ကြ တဲ့ မန်စီးတီး နဲ့ လီဗာပူး အသင်း တို့နောက် အရမ်း ကို အလှမ်း ကွာတဲ့ နေရာ တစ်ခု ဆီ ရောက်ရှိ နေခြင်း က စိတ်ပျက် စရာ ဖြစ်ကြောင်း ၊ ဒါကို လက်ခံ ဖို့ ခက်ခဲ လှကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” လက်ရှိ အချိန် မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြိုင်ဖက် မန်စီးတီး ၊ လီဗာပူး အသင်း တွေနဲ့ အလှမ်း ကွာတဲ့ နေရာ တစ်ခု ဆီကို ရောက်ရှိ နေတယ် ဆိုတာ စိတ်ပျက် စရာ ကောင်းလှ သလို လက်ခံ ရ ခက်ခဲ လှတဲ့ အရာ တစ်ခု ပါပဲ ”
” ပွဲစဉ် ကစား ရတဲ့ အချိန် ရောက်ရှိ တဲ့ အခါ တွေမှာ သူတို့ နှစ်သင်း ဟာ ဘောလုံး ကိုင်တာ တည်ငြိမ် ပြီး ဘယ်လောက်ထိ ယုံကြည် မှုတွေ ရှိနေ ကြသလဲ ဆိုတာ ကို မြင်တွေ့ နိုိင် ပါတယ် ။ ဘောလုံး ကို ဘယ်လို ကစား ကြရ မလဲ ဆိုတာ သူတို့ တွေ ကောင်းကောင်း သိရှိ ထားကြ ပါတယ် ”
” ယူနိုက်တက် အသင်း ဖက် မှာတော့ အဲ့တာ တွေကို မမြင်တွေ့ ရတာကြောင့် နာကျင် ခံစား နေခဲ့ ရ ပါတယ် ။ ကျွန်တော် ကတော့ ယူနိုက်တက် တို့ အမှတ်ပေး ဖလား ဆုကို ရယူ ဆွတ်ခူး နိုင်ဖို့ အတွက် လီဗာပူး လို 29 နှစ် အကြာ အထိ စောင့်ဆိုင်း ရတာ မျိုး ဖြစ်သွား ဖို့ လုံးဝ မမျှော်လင့် နိုင် ပါဘူး ”
kloop
” မန်ချက်စတာ ယူနိုက်တက် လို အသင်း အတွက် တော့ အမှတ်ပေး ဖလား ဆုနဲ့ 6 နှစ်လောက် ဝေးကွာ ခဲ့ တာတောင် အတော်လေး ကြာမြင့် နေပြီ လို့ ပြောလို့ ရပါတယ် ။ ကျွန်တော် တို့ ဟာ အချိန် ကြာလေ ၊ အသင်း ရဲ့ DNA ပျောက်ဆုံး လေလေ လို ဖြစ်နေ ကြ ပါပြီ ”
” ဒီ ကြားထဲ မှာ လီဗာပူး တို့ ဆက်တိုက် တိုးတက် လာခဲ့တာ ကို ကြည့်ပြီး ခင်ဗျား ဟာ ယူနိုက်တက် အတွက် အခုလို နှစ်တွေ မြင်တွေ့ လိုမှာ မဟုတ် ပါဘူး ။ သေချာ ပါတယ် ၊ လီဗာပူး အသင်း ဟာ လက်ရှိ အခိုက် အတန့် တွေမှာ ပိုပြီး ကောင်းမွန် အောင် ကစား ပြနေ ပါတယ် ”
” ဒါပေမယ့် သူတို့ အနေ နဲ့ အခုလို နေရာ တစ်ခု ဆီကို ပြန်လည် ရောက်ရှိ နိုင်ဖို့ အတွက် နှစ်တွေ အကြာကြီး စောင့်ဆိုင်း ခဲ့ကြ ရ ပါတယ် ။ ယူနိုက်တက် အတွက် တော့ အနိုင် ပြန်လည် ရယူ နိုင်ရေး ဖော်မြူလာ ကို တက်စွမ်း နိုင် သမျှ အမြန်ဆုံး ရှာဖွေ နိုင်ဖို့ လိုအပ် နေ ပါတယ် ” လို့ ဘာဘာတော့ဗ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar
Zawgyi
ယူနိုက်တက်တို့ လီဗာပူးလို အဆုံးမသတ်လိုက်ဖို့ မျှော်လင့်နေကြောင်း ပြောကြားလိုက်တဲ့ #ဘာဘာတော့ဗ်
=================
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူး ဟောင်း ဖြစ်သူ ဒီမစ်တာ ဘာဘာတော့ဗ် က လက်ရှိ အသင်းဟောင်း ယူနိုက်တက် တို့ ရလဒ် ဆက်တိုက် ဆိုးရွား နေတဲ့ အနေအထား တွေက ခါးသီး ပြိုင်ဖက် လီဗာပူး အသင်း ဆိုးရွား ခဲ့ သလို အဓွန့် ရှည်သွား မှာကို ကြောက်ရွံ့ မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar