Unicode

အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ က မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေ မပြသနိုင်ခဲ့တဲ့ နီကိုလပ်စ် ပီပီ ဟာ နောက်ပွဲတွေမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်လိမ့်မယ်လို့ ပြောကြား သွားခဲ့ပြီး စံချိန်တင် ပြောင်းရွှေ့ကြေးကြောင့် ဖိအားပေးတာမျိုး မရှိကြောင်း ဆိုပါတယ်။

pe pe

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက လိုင်လီ အသင်း ကနေ အာဆင်နယ် အသင်းကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်း နဲ့ ရောက်ရှိ လာတဲ့ နီကိုလပ်စ် ပေပေ ဟာ ပရိသတ်တွေ စိတ်ကြိုက် ခြေစွမ်းပြ ကစားနိုင်ခြင်း မရှိသေးဘဲ တစ်ဂိုးသာ သွင်းယူ နိုင်ပါသေးတယ် ။

အိုင်ဗရီကိုစ့် လက်ရွေးစင် တိုက်စစ်မှူး နီကိုလပ်စ် ပေပေ ဟာ မန်ယူနိုက်တက် နဲ့ ပွဲမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးနေ ခဲ့ပြီး ဘောလုံး ဆုံးရှုံးမှု အကြိမ်ရေ ဟာလည်း ၁၇ ကြိမ် အထိ ရှိခဲ့ပါတယ်။ဒါ့အပြင် နီကိုလပ်စ် ပေပေ ရဲ့ အဆုံးသတ် စွမ်းရည်ဟာလည်း အတော်လေး ဆိုးရွား ခဲ့ပြီး ဒုတိယပိုင်းမှာ နယ်လ်ဆင် နဲ့ လူစားလဲ ခံခဲ့ရပါတယ် ။

နီကိုလပ်စ် ပေပေ ဟာ ဒီရာသီမှာ အာဆင်နယ် အသင်း အတွက် ရှစ်ပွဲ ပါဝင် ကစား ပေးထားပြီး တစ်ဂိုးသာ သွင်းယူ ထားနိုင်ပါသေးတယ် ။ အဆိုပါ တစ်ဂိုးကလည်း အက်စတွန်ဗီလာ အသင်း နဲ့ ပွဲမှာ ပင်နယ်တီ ကနေ တစ်ဆင့် သွင်းယူ ခဲ့တာပါ ။

pepe

အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ က ” အာဆင်နယ် အသင်းမှာ အလုပ်လုပ်ပြီ ၊ လာကစားပြီ ဆိုတာနဲ့ ငွေရေးကြေးရေး အကြောင်း ပြောတာက မသင့်တော်ပါဘူး။ သူ(ပေပေ)မဟုတ်ပါဘူး၊လူငယ် ကစားသမားလေးတွေကော၊အတွေ့အကြုံရင့် ကစားသမားတွေလည်း ဒီလိုပါပဲ။သူတို့က ကစားသမားလည်း ဖြစ်သလို လူသားတွေလည်း ဖြစ်ပါတယ်။ကစားရဖို့ပဲ အဓိက ထားကြပြီး ပိုက်ဆံ အကြောင်း ထည့်မစဉ်းစားကြပါဘူး။”

” ကျနော် ဒီအသင်းရဲ့ နည်းပြ ဖြစ်လာတဲ့ အချိန်ကတည်းက ငွေရေးကြေးရေး အကြောင်း လုံးဝ မစဉ်းစားပါဘူး၊ကျနော်တို့ တစ်တွေ အားလုံးက ဖိအားတွေအောက်မှာ အလုပ်လုပ် ၊ ကစားနေရသူတွေပါ၊ဖိအားတွေအောက်မှာ ကစားရတာကလည်း ကောင်းပါတယ်၊ကျနော်တို့ အသင်းက ရည်မှန်းချက် ကြီးမားတဲ့ ထိပ်တန်း အသင်းကြီး တစ်သင်းပါ။”

” အသင်း လူစာရင်းမှာ ပါဝင်ခွင့် ရတာကိုက အထူး အခွင့်အရေး တစ်ရပ်ပါ။အဲ့ဒီ အခွင့်အရေး နဲ့ အတူ ဖိအားကလည်း ရှိစမြဲပါ၊ဒါပေမယ့် အဲ့လို ဖိအား ရှိတာကလည်း အပြု သဘောဆောင်ပါတယ် ၊ လစာတွေ၊ပြောင်းရွှေ့ကြေးတွေက အရေးမကြီးပါဘူး။ အသင်းလိုက်ကော၊တစ်ဦးချင်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့ကသာ အဓိကပါ။”

ဆက်လက်ပြီး အမ်မရီ ပေပေ ခြေစွမ်းမပြနိုင် ဖြစ်နေတဲ့ အပေါ် ” သူ့အနေနဲ့ ယုံကြည်မှု ပိုမို ရရှိလာဖို့ ပွဲများများ ကစားဖို့ လိုအပ်ပါတယ်။ဒီမှာ အသားကျဖို့ ကစားသမား အားလုံးက အချိန်ယူရတာပါပဲ၊ကျနော် သူနဲ့ကော စီဘယ်လောစ့် နဲ့ကော စကားပြောဖြစ်ပါတယ်။”

” ပရီးမီးယားလိဂ်လို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လိဂ်တစ်ခုမှာ အလျင်အမြန် အသားကျဖို့ ဆိုရင် အရည်အသွေးကောင်းတွေ ရှိဖို့ လိုအပ်ပါတယ်၊ဘောလုံးကို ကိုင်ထားမလား ၊ ဆွဲပြေးမလားဆိုတာ လျင်လျင်မြန်မြန် ဆုံးဖြတ်ရမှာပါ။ပေပေ ကိုယ်တိုင်လည်း အထိုင်ကျအောင် ကြိုးစားနေပါတယ်။”

emery

 

” ဒီကို စရောက်ရောက်ချင်း ပထမတစ်လ၊တစ်နှစ်ကတော့ ကစားသမား တော်တော်များများအတွက်မလွယ်ကူလှပါဘူး။ ပေပေ က ထိပ်တန်း ကစားသမား တစ်ဦးပါ ၊ သူ့အနေနဲ့ ကစားသမား ဘ​ဝ အောင်မြင်မှု ကြီးကြီးမားမား ရယူနိုင်လိမ့်မယ်လို့ ကျနော် သေချာပေါက် ပြောရဲပါတယ်။” လို့ ပြောကြား သွားခဲ့ပါတယ်။

SPORTS MYANMAR

Zawgyi

စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးေၾကာင့္ နီကိုလပ္စ္  ပီပီ ဖိအားမ်ားေနသလား ဆိုတာ ေျပာျပလိုက္တဲ့ အမ္မရီ
==================================

အာဆင္နယ္ နည္းၿပ အူနိုင္း အမ္မရီ က မန္ခ်က္စတာ ယူနိုက္တက္ အသင္းနဲ႔ ပြဲမွာ စြမ္းေဆာင္ရည္ေကာင္းေတြ မျပသနိုင္ခဲ့တဲ့ နီကိုလပ္စ္ ပီပီ ဟာ ေနာက္ပြဲေတြမွာ ေျခစြမ္းေကာင္းေတြ ျပသနိုင္လိမ့္မယ္လို႔ ေျပာၾကား သြားခဲ့ၿပီး စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးေၾကာင့္ ဖိအားေပးတာမ်ိဳး မရွိေၾကာင္း ဆိုပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရႊ႕တုန္းက လိုင္လီ အသင္း ကေန အာဆင္နယ္ အသင္းကို ကလပ္ စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၅ သန္း နဲ႔ ေရာက္ရွိ လာတဲ့ နီကိုလပ္စ္ ေပေပ ဟာ ပရိသတ္ေတြ စိတ္ႀကိဳက္ ေျခစြမ္းၿပ ကစားနိုင္ျခင္း မရွိေသးဘဲ တစ္ဂိုးသာ သြင္းယူ နိုင္ပါေသးတယ္ ။

အိုင္ဗရီကိုစ့္ လက္ေရြးစင္ တိုက္စစ္မွူး နီကိုလပ္စ္ ေပေပ ဟာ မန္ယူနိုက္တက္ နဲ႔ ပြဲမွာ ကိုယ့္ကိုယ္ကို ယုံၾကည္မွု ေပ်ာက္ဆုံးေန ခဲ့ၿပီး ေဘာလုံး ဆုံးရွုံးမွု အႀကိမ္ေရ ဟာလည္း ၁၇ ႀကိမ္ အထိ ရွိခဲ့ပါတယ္။ဒါ့အျပင္ နီကိုလပ္စ္ ေပေပ ရဲ့ အဆုံးသတ္ စြမ္းရည္ဟာလည္း အေတာ္ေလး ဆိုးရြား ခဲ့ၿပီး ဒုတိယပိုင္းမွာ နယ္လ္ဆင္ နဲ႔ လူစားလဲ ခံခဲ့ရပါတယ္ ။

နီကိုလပ္စ္ ေပေပ ဟာ ဒီရာသီမွာ အာဆင္နယ္ အသင္း အတြက္ ရွစ္ပြဲ ပါဝင္ ကစား ေပးထားၿပီး တစ္ဂိုးသာ သြင္းယူ ထားနိုင္ပါေသးတယ္ ။ အဆိုပါ တစ္ဂိုးကလည္း အက္စတြန္ဗီလာ အသင္း နဲ႔ ပြဲမွာ ပင္နယ္တီ ကေန တစ္ဆင့္ သြင္းယူ ခဲ့တာပါ ။

အာဆင္နယ္ နည္းၿပ အူနိုင္း အမ္မရီ က ” အာဆင္နယ္ အသင္းမွာ အလုပ္လုပ္ၿပီ ၊ လာကစားၿပီ ဆိုတာနဲ႔ ေငြေရးေၾကးေရး အေၾကာင္း ေျပာတာက မသင့္ေတာ္ပါဘူး။ သူ(ေပေပ)မဟုတ္ပါဘူး၊လူငယ္ ကစားသမားေလးေတြေကာ၊အေတြ႕အၾကဳံရင့္ ကစားသမားေတြလည္း ဒီလိုပါပဲ။သူတို႔က ကစားသမားလည္း ျဖစ္သလို လူသားေတြလည္း ျဖစ္ပါတယ္။ကစားရဖို႔ပဲ အဓိက ထားၾကၿပီး ပိုက္ဆံ အေၾကာင္း ထည့္မစဥ္းစားၾကပါဘူး။”

” က်ေနာ္ ဒီအသင္းရဲ့ နည္းၿပ ျဖစ္လာတဲ့ အခ်ိန္ကတည္းက ေငြေရးေၾကးေရး အေၾကာင္း လုံးဝ မစဥ္းစားပါဘူး၊က်ေနာ္တို႔ တစ္ေတြ အားလုံးက ဖိအားေတြေအာက္မွာ အလုပ္လုပ္ ၊ ကစားေနရသူေတြပါ၊ဖိအားေတြေအာက္မွာ ကစားရတာကလည္း ေကာင္းပါတယ္၊က်ေနာ္တို႔ အသင္းက ရည္မွန္းခ်က္ ႀကီးမားတဲ့ ထိပ္တန္း အသင္းႀကီး တစ္သင္းပါ။”

” အသင္း လူစာရင္းမွာ ပါဝင္ခြင့္ ရတာကိုက အထူး အခြင့္အေရး တစ္ရပ္ပါ။အဲ့ဒီ အခြင့္အေရး နဲ႔ အတူ ဖိအားကလည္း ရွိစျမဲပါ၊ဒါေပမယ့္ အဲ့လို ဖိအား ရွိတာကလည္း အျပဳ သေဘာေဆာင္ပါတယ္ ၊ လစာေတြ၊ေျပာင္းေရႊ႕ေၾကးေတြက အေရးမႀကီးပါဘူး။ အသင္းလိုက္ေကာ၊တစ္ဦးခ်င္း စြမ္းေဆာင္ရည္ေကာင္းေတြ ျပသနိုင္ဖို႔ကသာ အဓိကပါ။”

ဆက္လက္ၿပီး အမ္မရီ ေပေပ ေျခစြမ္းမျပနိုင္ ျဖစ္ေနတဲ့ အေပၚ ” သူ႔အေနနဲ႔ ယုံၾကည္မွု ပိုမို ရရွိလာဖို႔ ပြဲမ်ားမ်ား ကစားဖို႔ လိုအပ္ပါတယ္။ဒီမွာ အသားက်ဖို႔ ကစားသမား အားလုံးက အခ်ိန္ယူရတာပါပဲ၊က်ေနာ္ သူနဲ႔ေကာ စီဘယ္ေလာစ့္ နဲ႔ေကာ စကားေျပာျဖစ္ပါတယ္။”

” ပရီးမီးယားလိဂ္လို ၿပိဳင္ဆိုင္မွု ျပင္းထန္တဲ့ လိဂ္တစ္ခုမွာ အလ်င္အျမန္ အသားက်ဖို႔ ဆိုရင္ အရည္အေသြးေကာင္းေတြ ရွိဖို႔ လိုအပ္ပါတယ္၊ေဘာလုံးကို ကိုင္ထားမလား ၊ ဆြဲေျပးမလားဆိုတာ လ်င္လ်င္ျမန္ျမန္ ဆုံးျဖတ္ရမွာပါ။ေပေပ ကိုယ္တိုင္လည္း အထိုင္က်ေအာင္ ႀကိဳးစားေနပါတယ္။”

” ဒီကို စေရာက္ေရာက္ခ်င္း ပထမတစ္လ၊တစ္ႏွစ္ကေတာ့ ကစားသမား ေတာ္ေတာ္မ်ားမ်ားအတြက္မလြယ္ကူလွပါဘူး။ ေပေပ က ထိပ္တန္း ကစားသမား တစ္ဦးပါ ၊ သူ႔အေနနဲ႔ ကစားသမား ဘ​ဝ ေအာင္ျမင္မွု ႀကီးႀကီးမားမား ရယူနိုင္လိမ့္မယ္လို႔ က်ေနာ္ ေသခ်ာေပါက္ ေျပာရဲပါတယ္။” လို႔ ေျပာၾကား သြားခဲ့ပါတယ္။

SPORTS MYANMAR