solsjaker

Unicode

မန်ချက်စတာ ယူနိုက်တက် တို့ အေဇက် အယ်လ်ခမာ အသင်း နဲ့ ရင်ဆိုင် ကစား ရမယ့် ယူရို ပါလိဂ် အုပ်စု ဒုတိယ ပွဲစဉ် မတိုင်မီ ကွင်းလယ် ကစားသမား ဖြစ်သူ ဟွမ် မာတာ က အသင်း ဟာ ဆု ဖလား မိုးခေါင်မှု ဒဏ်ကို အကြာကြီး ခံစား ရမှာ မဟုတ်ကြောင်း ၊ ဒါကို မကြာမီ အဆုံးသတ် နိုင်မှာ ဖြစ်တဲ့ အကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

mata

” အခြား သူတွေ က ကျွန်တော် တို့ အသင်း နဲ့ မန်နေဂျာ ဟာ အောင်မြင် မှုတွေ ရယူ နိုင်ဖို့ အတွက် အချိန် တွေ အနည်းငယ် ယူရ လိမ့်မယ် လို့ ပြောဆို ကြတဲ့ အခါ တွေမှာ အဲ့တာ က အချိန် အရမ်း ကြာမြင့် လိမ့်မယ် လို့ ကျွန်တော် တို့က မယုံကြည် တက်ကြ ပါဘူး ”

” ဒီ ကလပ် အကြောင်းကို ပြောကြား ရမယ် ဆိုရင် ကျွန်တော် စမွေး ကတည်းက အမြဲတမ်း လို အောင်မြင် နေခဲ့ တာပါ ။ အိုလီ ဟာလည်း ကစားသမား တစ်ဦး အနေ နဲ့ ဒီမှာ အောင်မြင် မှုတွေ များစွာ ရယူ ထားနိုင် ခဲ့ဖူး ပါတယ် ”

” ကျွန်တော့် အကြောင်း ပြောကြား ရမယ် ဆိုရင် တော့ ဒီမှာ ရှိနေ ခဲ့တဲ့ နှစ် အနည်းငယ် အတွင်း လောက်မှာ ဆု ဖလား အချို့ ကို ရယူ ဆွတ်ခူး ထားနိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော့် စိတ်ထဲ အမြဲ ရှိနေ ခဲ့တဲ့ ရည်မှန်းချက် ကတော့ ယူနိုက်တက် နဲ့ အတူ အဓိက ဖလား တွေကုုိ ဆွတ်ခူး သွားနိုင် ဖို့ ပါပဲ ”

” ကျွန်တော် ကစားသမား တစ်ဦး အဖြစ် ဒီမှာ ရှိနေ မယ့် အချိန် ကာလ အတွင်း ကျွန်တော် တို့ဟာ အဲ့တာ ကို လုပ်ဆောင် နိုင်ကြ လိမ့်မယ် လို့ ကျွန်တော် ယုံကြည် နေပါတယ် ။ အခြား အသင်း တွေဟာ ဘောလုံး ကောင်းမွန်စွာ ကစား ပြရင်း အနေအထား ကောင်းတွေ ပိုင်ဆိုင် ထားကြ တယ် ဆိုတာ ကျွန်တော် သိရှိ ပါတယ် ”

” ဒါပေမယ့် ယူနိုက်တက် အသင်း နဲ့ အတူ ဆု ဖလား ရယူ နိုင်ဖို့ ဆိုတာ ဖြစ်နိုင်ခြေ ရှိတဲ့ အရာ တစ်ခု လို့ ကျွန်တော် တွေးနေ ပါတယ် ။ အထူး သဖြင့် ကစားသမား ဘဝ ရဲ့ နောက်ဆုံး အချိန် ကာလ တစ်ခု ကို ရောက်ရှိ တော့မယ့် ကျွန်တော့် အတွက် အသင်း နဲ့ အတူ ဆု ဖလား တွေ ရယူ နိုင်ရေး ဆိုတာ ကြီးမား တဲ့ အခွင့် အလမ်း တစ်ခု ပါပဲ ” လို့ မာတာ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ 2017 ခုနှစ် တုန်းက အသင်း ကို ဟိုဆေး မော်ရင်ဟို ကိုင်တွယ် နည်းပြ ခဲ့စဉ် တုန်းက ယူရို ပါလိဂ် ဖလား ကို နောက်ဆုံး အကြိမ် အဖြစ် ရယူ ဆွတ်ခူး နိုင်ခဲ့ ပါတယ် ။ အခုလည်း ယူနိုက်တက် ဟာ ယူရို ပါလိဂ် ပြိုင်ပွဲ မှာ ကစား နေရ ပြီး ဆု ဖလား ကို နောက် တစ်ကြိမ် ကိုင်မြှောက် နိုင်ဖို့ မျှော်လင့် နေ ပါတယ် ။

လက်ရှိ အနေအထား တွေ အရ တော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပရီးမီးယား လိဂ် အမှတ်ပေး ဖလား ဆွတ်ခူး နိုင်ရေး ရဲ့ အဝေး ကို ရောက်ရှိ နေပြီ ချန်ပီယံ လိဂ် ဝင်ခွင့် ရရှိ နိုင်ဖို့ တောင် ရုန်းကန် နေရ တဲ့ အနေအထား မှာ ရှိနေ ခဲ့ ပါတယ် ။ ဒီ ရာသီ မှာတော့ အမှတ်ပေး ဖလား ဆု အတွက် မန်စီးတီး နဲ့ လီဗာပူး အသင်း တွေက ဆက်လက် ရေပန်းစား နေဆဲ ပါပဲ ။

ပြီးခဲ့တဲ့ ဇွန်လ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ 2 နှစ် စာချုပ် သက်တမ်း တိုးမြှင့် နိုင် ခဲ့တဲ့ အသက် 31 နှစ် အရွယ် ဟွမ် မာတာ က အမှတ်ပေး ဖလား ပြိုင်ပွဲ မှ မဟာ ပြိုင်ဖက် နှစ်ဦး နဲ့ ခြားနားချက် ဘယ်လောက် အထိ ရှိနေ ပြီလဲ ဆိုတာ နဲ့ ပတ်သက် လို့ …

” လက်ရှိ အနေအထား ကတော့ ဒီ အတိုင်း ပါပဲ ။ ပြိုင်ဖက် အသင်း တွေက ကောင်းမွန်စွာ ကစား ပြ နေကြ ပါတယ် ။ သူတို့ တွေဟာ ဆု ဖလား တွေကို လည်း ရယူ ဆွတ်ခူး ပြနိုင် ခဲ့ကြ ပါတယ် ”

” ဒါပေမယ့် ကျွန်တော် စာချုပ် သက်တမ်း တိုးခဲ့ တုန်းက ပြောခဲ့ သလို ပါပဲ ၊ မန်ချက်စတာ ယူနိုက်တက် လို အသင်းရဲ့ ကစား သမား တစ်ဦး ဖြစ်ရ ခြင်းက တစ်ကယ့် စပါယ်ရှယ် ပါပဲ ။ အကယ်လို့ ကျွန်တော် ဟာ အသင်း နဲ့ အတူ ဆု ဖလား တစ်ကြိမ် ဆွတ်ခူး နိုင်ခဲ့ ရင်ပဲ စောင့်ဆိုင်း ခဲ့ရတာ တွေဟာ ထိုက်တန် သွားပါ လိမ့်မယ် ။ ဒါဟာ သေချာ ပါတယ် ” လို့ မာတာ က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar

Zawgyi

ဆုိးလ္ရွား လက္ေအာက္မွာ ယူနုိက္တက္ရဲ့ ဖလား မိုးေခါင္မွဳက အခ်ိန္ ဘယ္ေလာက္ ၾကာျမင့္နုိင္မလဲ ဆုိတာ ေျပာၾကား သြားတဲ့ #မာတာ

=================

မန္ခ်က္စတာ ယူနုိက္တက္ တုိ႔ ေအဇက္ အယ္လ္ခမာ အသင္း နဲ့ ရင္ဆုိင္ ကစား ရမယ့္ ယူရို ပါလိဂ္ အုပ္စု ဒုတိယ ပြဲစဥ္ မတုိင္မီ ကြင္းလယ္ ကစားသမား ျဖစ္သူ ဟြမ္ မာတာ က အသင္း ဟာ ဆု ဖလား မိုးေခါင္မွဳ ဒဏ္ကို အၾကာၾကီး ခံစား ရမွာ မဟုတ္ေၾကာင္း ၊ ဒါကို မၾကာမီ အဆံုးသတ္ နုိင္မွာ ျဖစ္တဲ့ အေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” အျခား သူေတြ က က်ြန္ေတာ္ တုိ့ အသင္း နဲ့ မန္ေနဂ်ာ ဟာ ေအာင္ျမင္ မွဳေတြ ရယူ နုိင္ဖုိ႔ အတြက္ အခ်ိန္ ေတြ အနည္းငယ္ ယူရ လိမ့္မယ္ လို႔ ေျပာဆို ၾကတဲ့ အခါ ေတြမွာ အဲ့တာ က အခ်ိန္ အရမ္း ၾကာျမင့္ လိမ့္မယ္ လို့ က်ြန္ေတာ္ တုိ့က မယံုၾကည္ တက္ၾက ပါဘူး ”

” ဒီ ကလပ္ အေၾကာင္းကို ေျပာၾကား ရမယ္ ဆုိရင္ က်ြန္ေတာ္ စေမြး ကတည္းက အျမဲတမ္း လို ေအာင္ျမင္ ေနခဲ့ တာပါ ။ အိုလီ ဟာလည္း ကစားသမား တစ္ဦး အေန နဲ့ ဒီမွာ ေအာင္ျမင္ မွဳေတြ မ်ားစြာ ရယူ ထားနုိင္ ခဲ့ဖူး ပါတယ္ ”

” က်ြန္ေတာ့္ အေၾကာင္း ေျပာၾကား ရမယ္ ဆုိရင္ ေတာ့ ဒီမွာ ရွိေန ခ့ဲတဲ့ ႏွစ္ အနည္းငယ္ အတြင္း ေလာက္မွာ ဆု ဖလား အခ်ိဳ့ ကို ရယူ ဆြတ္ခူး ထားနုိင္ ခဲ့ ပါတယ္ ။ ဒါေပမယ့္ က်ြန္ေတာ့္ စိတ္ထဲ အျမဲ ရွိေန ခဲ့တဲ့ ရည္မွန္းခ်က္ ကေတာ့ ယူနုိက္တက္ နဲ့ အတူ အဓိက ဖလား ေတြကုုိ ဆြတ္ခူး သြားနုိင္ ဖုိ႔ ပါပဲ ”

” က်ြန္ေတာ္ ကစားသမား တစ္ဦး အျဖစ္ ဒီမွာ ရွိေန မယ့္ အခ်ိန္ ကာလ အတြင္း က်ြန္ေတာ္ တုိ႔ဟာ အဲ့တာ ကို လုပ္ေဆာင္ နိုင္ၾက လိမ့္မယ္ လို့ က်ြန္ေတာ္ ယံုၾကည္ ေနပါတယ္ ။ အျခား အသင္း ေတြဟာ ေဘာလံုး ေကာင္းမြန္စြာ ကစား ျပရင္း အေနအထား ေကာင္းေတြ ပိုင္ဆုိင္ ထားၾက တယ္ ဆုိတာ က်ြန္ေတာ္ သိရွိ ပါတယ္ ”

” ဒါေပမယ့္ ယူနုိက္တက္ အသင္း နဲ့ အတူ ဆု ဖလား ရယူ နုိင္ဖုိ႔ ဆုိတာ ျဖစ္နုိင္ေျခ ရွိတဲ့ အရာ တစ္ခု လို႔ က်ြန္ေတာ္ ေတြးေန ပါတယ္ ။ အထူး သျဖင့္ ကစားသမား ဘဝ ရဲ့ ေနာက္ဆံုး အခ်ိန္ ကာလ တစ္ခု ကို ေရာက္ရွိ ေတာ့မယ့္ က်ြန္ေတာ့္ အတြက္ အသင္း နဲ့ အတူ ဆု ဖလား ေတြ ရယူ နုိင္ေရး ဆုိတာ ၾကီးမား တဲ့ အခြင့္ အလမ္း တစ္ခု ပါပဲ ” လို့ မာတာ က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

မန္ခ်က္စတာ ယူနုိက္တက္ ဟာ 2017 ခုႏွစ္ တုန္းက အသင္း ကို ဟိုေဆး ေမာ္ရင္ဟို ကိုင္တြယ္ နည္းျပ ခဲ့စဥ္ တုန္းက ယူရုိ ပါလိဂ္ ဖလား ကို ေနာက္ဆံုး အၾကိမ္ အျဖစ္ ရယူ ဆြတ္ခူး နုိင္ခဲ့ ပါတယ္ ။ အခုလည္း ယူနုိက္တက္ ဟာ ယူရို ပါလိဂ္ ျပိဳင္ပြဲ မွာ ကစား ေနရ ျပီး ဆု ဖလား ကို ေနာက္ တစ္ၾကိမ္ ကိုင္ေျမွာက္ နိုင္ဖုိ႔ ေမွ်ာ္လင့္ ေန ပါတယ္ ။

 

လက္ရွိ အေနအထား ေတြ အရ ေတာ့ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ ပရီးမီးယား လိဂ္ အမွတ္ေပး ဖလား ဆြတ္ခူး နုိင္ေရး ရဲ့ အေဝး ကို ေရာက္ရွိ ေနျပီ ခ်န္ပီယံ လိဂ္ ဝင္ခြင့္ ရရွိ နုိင္ဖုိ႔ ေတာင္ ရုန္းကန္ ေနရ တဲ့ အေနအထား မွာ ရွိေန ခဲ့ ပါတယ္ ။ ဒီ ရာသီ မွာေတာ့ အမွတ္ေပး ဖလား ဆု အတြက္ မန္စီးတီး နဲ့ လီဗာပူး အသင္း ေတြက ဆက္လက္ ေရပန္းစား ေနဆဲ ပါပဲ ။

ျပီးခဲ့တဲ့ ဇြန္လ တုန္းက မန္ခ်က္စတာ ယူနုိက္တက္ အသင္း နဲ့ 2 နွစ္ စာခ်ဳပ္ သက္တမ္း တုိးျမွင့္ နုိင္ ခဲ့တဲ့ အသက္ 31 နွစ္ အရြယ္ ဟြမ္ မာတာ က အမွတ္ေပး ဖလား ျပိဳင္ပြဲ မွ မဟာ ျပိဳင္ဖက္ ႏွစ္ဦး နဲ့ ျခားနားခ်က္ ဘယ္ေလာက္ အထိ ရွိေန ျပီလဲ ဆုိတာ နဲ့ ပတ္သက္ လို႔ …

” လက္ရွိ အေနအထား ကေတာ့ ဒီ အတုိင္း ပါပဲ ။ ျပိဳင္ဖက္ အသင္း ေတြက ေကာင္းမြန္စြာ ကစား ျပ ေနၾက ပါတယ္ ။ သူတုိ့ ေတြဟာ ဆု ဖလား ေတြကို လည္း ရယူ ဆြတ္ခူး ျပနုိင္ ခဲ့ၾက ပါတယ္ ”

 

” ဒါေပမယ့္ က်ြန္ေတာ္ စာခ်ဳပ္ သက္တမ္း တုိးခဲ့ တုန္းက ေျပာခဲ့ သလုိ ပါပဲ ၊ မန္ခ်က္စတာ ယူနုိက္တက္ လို အသင္းရဲ့ ကစား သမား တစ္ဦး ျဖစ္ရ ျခင္းက တစ္ကယ့္ စပါယ္ရွယ္ ပါပဲ ။ အကယ္လို့ က်ြန္ေတာ္ ဟာ အသင္း နဲ့ အတူ ဆု ဖလား တစ္ၾကိမ္ ဆြတ္ခူး နုိင္ခဲ့ ရင္ပဲ ေစာင့္ဆုိင္း ခဲ့ရတာ ေတြဟာ ထုိက္တန္ သြားပါ လိမ့္မယ္ ။ ဒါဟာ ေသခ်ာ ပါတယ္ ” လို့ မာတာ က အဆံုးသတ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar