carragher

Unicode

လီဗာပူး အသင်းရဲ့ ဂန္တဝင် တဦးဖြစ်တဲ့ ခံစစ်ကစားသမားဟောင်း ကာရေဂါက လက်ရှိအသင်းရဲ့ ကြယ်ပွင့် ခံစစ် ကစားသမားလေး အာနိုးဟာ ဒီဘရိုင်း လက်သစ် ကစားသမားမျိုးဖြစ်လာနိုင်တယ်လို့ ဆိုလိုက်ပါတယ်။မန်စီးတီး အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် တဦးဖြစ်တဲ့ဒီဘရိုင်းဟာ ဒီရာသီမှာ အံ့မခန်းခြေစွမ်းမျိုးပြသနေပြီး အိုဇေးလ်ရဲ့ Assist King ဘွဲ့ကိုမကြာသေးမီကမှ လွှဲပြောင်းရယူထားသူလည်းဖြစ်ပါတယ်။

 Alexander-Arnold

အာနိုး ကတော့ ခံစစ် အစွန်ကစားသမား တဦးဖြစ်ပေမယ့် တိုက်စစ်လိုက်ပါပြီး ဂိုးဖန်တီးမှုတွေကို မကြာခဏဆိုသလို ပြုလုပ်ပေးတတ်တဲ့ ကစားသမားမျိုးဖြစ်လို့ ကာရေဂါက အခုလိုခိုင်းနှိုင်းညွှန်းဆိုလိုက်တာဖြစ်ပါတယ်။သူဟာ အသက် ၂၀ အရွယ်သာရှိနေပေမယ့် နည်းကြကြီး ကလော့ပ်ရဲ့ ပွဲထွက်စာရင်းမှာ တနေရာ အပိုင်စားရရှိနေခဲ့တာကြာပြီလည်းဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ အန်ဖီးလ်မှာကစား ခဲ့တဲ့ ချန်ပီယံ လိဂ်အုပ်စု ပွဲစဉ်မှာ သြစတြီးယား ကလပ် ဆဲလ်ဘာ့ချ် အသင်းကို၄-၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။အာနိုးကလည်း ဒီပွဲမှာပါဝင်ကစားသွားခဲ့ပြီး ရောဘတ်ဆန် ရဲ့ ဂိုးကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။

 

သူဟာ လီဗာပူး အသင်းအတွက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ပွဲစဉ် အားလုံးကို ပါဝင်ခွင့်ရထားသူဖြစ်ပြီး သွင်းဂိုးတဂိုး နဲ့ ဖန်တီးမှု ၂ကြိမ် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ကာရေဂါကတော့ အာနိုး ဟာ နောက်ပိုင်းမှာ ပိုပြီးအရေးပါတဲ့ အခန်းကဏ္ဍမျိုးမှာ ပါဝင်လာခွင့်ရမယ်လို့ ယုံကြည်နေပြီး ဒီဘရိုင်းလို ဘောလုံးပေးပို့ မှု တွေ ဖြတ်တင်ဘောတွေကို လုပ်ဆောင်သွားနိုင်မယ်လို့ ဆိုပါတယ်။

Viasport နဲ့ အင်တာဗျူးမှာ ကာရေဂါက – ” ကျွန်တော့်သားဟာ သူ( အာနိုး ) ထက် အသက် ၄၊ ၅ နှစ်လောက် ငယ်ရွယ်တာဖြစ်ပြီး လီဗာပူး အကယ်ဒမီကို သွားပို့တုန်းက သူ့ကို ကျွန်တော်စပြီးမြင်ဖူးခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ အရမ်းကောင်းတဲ့ကစားသမားမျိုးရှိနေတယ်ဆိုတာ လီဗာပူးအသင်းသိနားလည်သွားခဲ့ကြပါတယ်။

lverpool

 

 

ဒါပေမယ့် အဲ့ဒီအသင်းမှာ စူပါစတား ကစားသမား အနည်းအကျဉ်းလောက်ပဲ ရှိနေတယ်လို့ ခင်ဗျားတို့က ထင်မြင်နေကြဆဲဖြစ်ပါတယ်။ဒါပေမယ့် ငယ်ငယ်ရွယ်ရွယ်မှာ သူရရှိထားတဲ့ အောင်မြင်မှုတွေ အကြောင်းကို စဉ်းစားကြည့်လိုက်စမ်းပါဗျာ။

ချန်ပီယံလိဂ်ဖိုင်နယ် ၂ကြိမ်ကစားထားခဲ့ပြီးပြီ ဖြစ်ပြီး ဆုဖလားကို လည်းကိုင်မြောက်ခွင့်ရထားခဲ့ပြီးပါပြီ။ သူလုပ်ဆောင်ထားခဲ့ပြီးတဲ့ အရာတွေကိုသာ ခင်ဗျားတို့ စဉ်းစားလိုင်မယ်ဆိုရင် သူဟာ ကမ္ဘာပေါ်က အကောင်းဆုံး လူငယ်တွေထဲက တဦးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ခင်ဗျားတို့က အမ်ဘာပေ ကမ္ဘာ့ဖလားရယူထားခဲ့ဖူးတာကိုပြောမယ်ဆိုရင် အာနိုးကလည်း ခံစစ်ကစားသမားတဦးဖြစ်ပေမယ့် ဒီအရွယ်မှာအသင်းအတွက်ဘယ်လောက်အထိအရေးပါတယ်ဆိုတာမြင်ရမှာဖြစ်ပါတယ်။သူဟာညာတောင်ပံကနေ ဖန်တီးမှုအကောင်းဆုံး ကစားသမားတဦးတောင်ဖြစ်နိုင်ပါတယ်။

သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိသူဖြစ်ပြီး သူဟာ စူပါစတားဖြစ်လာမယ့်သူမဟုတ်ပဲ အခုကတည်းက စူပါစတားဖြစ်နေပါပြီ။သူ့ရဲ့ အားကောင်းတဲ့ အချက်တွေကတော့ ဘောလုံးကိုကောင်းကောင်းထိန်းနိုင်ပြီး ဖန်တီးမှုတွေကို လုပ်ဆောင်ပေးနိုင်တာဖြစ်ပါတယ်။

သူဟာဒီဘရိုင်းပုံစံကစားသမားမျိုးဖြစ်လာနိုင်ပါတယ်။ဒီဘရိုင်းကလည်း ကွင်းလယ်ညာဘက်အခြမ်းကနေ ဘောလုံးပေးပို့မှုတွေနဲ့ ဖန်တီးမှုတွေလုပ်ဆောင်ပေးတာဖြစ်ပါတယ်။အဲ့ဒီနေရာမှာ အာနိုး လည်း ကစားကောင်းကစားနိုင်ပါတယ်။

ဒါပေမယ့် သူ ဟာလက်ရှိနေရာမှာအကောင်းဆုံး ကစားနေတာဖြစ်လို့ နေရာပြောင်းကစားမယ့်အကြောင်းကို တွေးလို့ မဖြစ်ပါဘူး။ဒါပေမယ့်သူ့ရဲ့ အလွန်အကျွံတိုက်စစ်လိုက်ပါမှုကြောင့် ပြိုင်ဘက်တွေက လီဗာပူးရဲ့အားနည်းချက်အဖြစ်သူ့ကို ရှုမြင်နိုင်ပါတယ်။

carragher

သူ့အနေနဲ့ ကိုယ့်ရဲ့ ကစားတဲ့ နေရာနဲ့ အာရုံစိုက်မှုကို ရာနှုန်းပြည့်ဂရုစိုက်ဖို့လိုပါတယ်။ဒါပေမယ့်လည်းသူကတော့ ‘ ငါ့အနောက်မှာ ဗန်ဒိုက်လို ကစားသမား မျိုးရှိနေတာပဲ ‘ လို့တွေးကောင်းတွေးနေပါလိမ့်မယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

SPORTS MYANMAR

Zawgyi

ဒီဘရိုင္း လက္သစ္ျဖစ္လာႏိုင္မယ့္ လီဗာပူး အသင္းသားတဦးရဲ႕အမည္ကိုေျပာျပလိုက္တဲ႕ #ကာေရဂါ
==================================

လီဗာပူး အသင္းရဲ႕ ဂႏၲဝင္ တဦးျဖစ္တဲ့ ခံစစ္ကစားသမားေဟာင္း ကာေရဂါက လက္ရွိအသင္းရဲ႔ ျကယ္ပြင့္ ခံစစ္ ကစားသမားေလး အာႏိုးဟာ ဒီဘရိုင္း လက္သစ္ ကစားသမားမ်ိဳးျဖစ္လာႏိုင္တယ္လို႕ ဆိုလုိက္ပါတယ္။မန္စီးတီး အသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ တဦးျဖစ္တဲ႔ဒီဘရိုင္းဟာ ဒီရာသီမွာ အံ့မခန္းေျခစြမ္းမ်ိဳးျပသေနျပီး အိုေဇးလ္ရဲ႕ Assist King ဘြဲ႔ကိုမျကာေသးမီကမွ လႊဲေျပာင္းရယူထားသူလည္းျဖစ္ပါတယ္။

အာႏိုး ကေတာ့ ခံစစ္ အစြန္ကစားသမား တဦးျဖစ္ေပမယ့္ တိုက္စစ္လိုက္ပါျပီး ဂိုးဖန္တီးမွဳေတြကို မျကာခဏဆိုသလို ျပဳလုပ္ေပးတတ္တဲ႔ ကစားသမားမ်ိဳးျဖစ္လို႔ ကာေရဂါက အခုလိုခိုင္းႏွိဳင္းညႊန္းဆိုလိုက္တာျဖစ္ပါတယ္။သူဟာ အသက္ ၂၀ အရြယ္သာရွိေနေပမယ့္ နည္းျကျကီး ကေလာ့ပ္ရဲ႕ ပြဲထြက္စာရင္းမွာ တေနရာ အပိုင္စားရရွိေနခဲ႔တာျကာျပီလည္းျဖစ္ပါတယ္။

လီဗာပူး အသင္းဟာ အန္ဖီးလ္မွာကစား ခဲ႔တဲ႔ ခ်န္ပီယံ လိဂ္အုပ္စု ပြဲစဥ္မွာ ျသစျတီးယား ကလပ္ ဆဲလ္ဘာ့ခ်္ အသင္းကို၄-၃ ဂိုးနဲ႕ အႏိုင္ရခဲ႔ပါတယ္။အာႏိုးကလည္း ဒီပဲြမွာပါဝင္ကစားသြားခဲ႔ျပီး ေရာဘတ္ဆန္ ရဲ႕ ဂိုးကိုဖန္တီးေပးႏိုင္ခဲ႔ပါတယ္။

သူဟာ လီဗာပူး အသင္းအတြက္ ဒီရာသီ ပရီးမီးယားလိဂ္မွာ ပြဲစဥ္ အားလံုးကို ပါဝင္ခြင့္ရထားသူျဖစ္ျပီး သြင္းဂိုးတဂိုး နဲ႔ ဖန္တီးမွဳ ၂ျကိမ္ စြမ္းေဆာင္ေပးထားႏိုင္ခဲ႔ပါတယ္။ကာေရဂါကေတာ့ အာႏိုး ဟာ ေနာက္ပိုင္းမွာ ပိုျပီးအေရးပါတဲ႔ အခန္းက႑မ်ိဳးမွာ ပါဝင္လာခြင့္ရမယ္လို႔ ယံုျကည္ေနျပီး ဒီဘရိုင္းလို ေဘာလံုးေပးပို႔ မွဳ ေတြ ျဖတ္တင္ေဘာေတြကို လုပ္ေဆာင္သြားႏိုင္မယ္လို႕ ဆိုပါတယ္။

Viasport န႔ဲ အင္တာဗ်ဴးမွာ ကာေရဂါက – ” က်ြန္ေတာ့္သားဟာ သူ( အာႏိုး ) ထက္ အသက္ ၄၊ ၅ ႏွစ္ေလာက္ ငယ္ရြယ္တာျဖစ္ျပီး လီဗာပူး အကယ္ဒမီကုိ သြားပို႔တုန္းက သူ႔ကို က်ြန္ေတာ္စျပီးျမင္ဖူးခဲ႕တာျဖစ္ပါတယ္။အဲ႔ဒီေနာက္မွာေတာ့ အရမ္းေကာင္းတဲ႔ကစားသမားမ်ိဳးရွိေနတယ္ဆိုတာ လီဗာပူးအသင္းသိနားလည္သြားခဲ႔ျကပါတယ္။

ဒါေပမယ့္ အဲ႕ဒီအသင္းမွာ စူပါစတား ကစားသမား အနည္းအက်ဥ္းေလာက္ပဲ ရွိေနတယ္လို႕ ခင္ဗ်ားတို႔က ထင္ျမင္ေနျကဆဲျဖစ္ပါတယ္။ဒါေပမယ့္ ငယ္ငယ္ရြယ္ရြယ္မွာ သူရရွိထားတဲ႔ ေအာင္ျမင္မွဳေတြ အေျကာင္းကို စဥ္းစားျကည့္လိုက္စမ္းပါဗ်ာ။

ခ်န္ပီယံလိဂ္ဖိုင္နယ္ ၂ျကိမ္ကစားထားခဲ႔ျပီးျပီ ျဖစ္ျပီး ဆုဖလားကို လည္းကိုင္ေျမာက္ခြင့္ရထားခဲ႔ျပီးပါျပီ။ သူလုပ္ေဆာင္ထားခဲ႔ျပီးတဲ႕ အရာေတြကိုသာ ခင္ဗ်ားတို႔ စဥ္းစားလိုင္မယ္ဆိုရင္ သူဟာ ကမၻာေပၚက အေကာင္းဆံုး လူငယ္ေတြထဲက တဦးျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

ခင္ဗ်ားတို႕က အမ္ဘာေပ ကမၻာ့ဖလားရယူထားခ႔ဲဖူးတာကိုေျပာမယ္ဆိုရင္ အာႏိုးကလည္း ခံစစ္ကစားသမားတဦးျဖစ္ေပမယ့္ ဒီအရြယ္မွာအသင္းအတြက္ဘယ္ေလာက္အထိအေရးပါတယ္ဆိုတာျမင္ရမွာျဖစ္ပါတယ္။သူဟာညာေတာင္ပံကေန ဖန္တီးမွဳအေကာင္းဆံုး ကစားသမားတဦးေတာင္ျဖစ္ႏိုင္ပါတယ္။

သူဟာ ငယ္ငယ္ရြယ္ရြယ္နဲ႔ တာဝန္ယူမွဳ တာဝန္ခံမွဳရွိသူျဖစ္ျပီး သူဟာ စူပါစတားျဖစ္လာမယ့္သူမဟုတ္ပဲ အခုကတည္းက စူပါစတားျဖစ္ေနပါျပီ။သူ႔ရဲ႕ အားေကာင္းတဲ႔ အခ်က္ေတြကေတာ့ ေဘာလံုးကိုေကာင္းေကာင္းထိန္းႏိုင္ျပီး ဖန္တီးမွဳေတြကို လုပ္ေဆာင္ေပးႏိုင္တာျဖစ္ပါတယ္။

သူဟာဒီဘရိုင္းပံုစံကစားသမားမ်ိဳးျဖစ္လာႏိုင္ပါတယ္။ဒီဘရိုင္းကလည္း ကြင္းလယ္ညာဘက္အျခမ္းကေန ေဘာလံုးေပးပို႕မွဳေတြနဲ႔ ဖန္တီးမွဳေတြလုပ္ေဆာင္ေပးတာျဖစ္ပါတယ္။အဲ႔ဒီေနရာမွာ အာႏိုး လည္း ကစားေကာင္းကစားႏိုင္ပါတယ္။

ဒါေပမယ့္ သူ ဟာလက္ရွိေနရာမွာအေကာင္းဆံုး ကစားေနတာျဖစ္လို႔ ေနရာေျပာင္းကစားမယ့္အေျကာင္းကို ေတြးလို႔ မျဖစ္ပါဘူး။ဒါေပမယ့္သူ႔ရဲ႕ အလြန္အက်ြံတိုက္စစ္လိုက္ပါမွဳေျကာင့္ ျပိဳင္ဘက္ေတြက လီဗာပူးရဲ႕အားနည္းခ်က္အျဖစ္သူ႔ကို ရွဳျမင္ႏိုင္ပါတယ္။

သူ႔အေနနဲ႕ ကုိယ္႔ရဲ႕ ကစားတဲ႔ ေနရာနဲ႔ အာရံုစုိက္မွဳကို ရာႏွဳန္းျပည့္ဂရုစိုက္ဖို႔လိုပါတယ္။ဒါေပမယ့္လည္းသူကေတာ့ ‘ ငါ့အေနာက္မွာ ဗန္ဒိုက္လို ကစားသမား မ်ိဳးရွိေနတာပဲ ‘ လို႔ေတြးေကာင္းေတြးေနပါလိမ့္မယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

SPORTS MYANMAR