frankfurt-arsenal
Unicode
* စတန်းဒက်လိဂ် အသင်းနဲ့ ပွဲမတိုင်မှီ အာဆင်နယ် အသင်း ဆေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဘယ်ဘက် ဒူးဒဏ်ရာ ရရှိနေတဲ့ လာကာဇက် ဟာ ကြံ့ခိုင်မှု တိုးတက်လာဖို့ လုပ်ဆောင်နေပြီး အောက်တိုဘာလ အတွင်းမှာ ပြန်ကစားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ် ။
Lacazette
* နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ ပွဲမှာ ဦးခေါင်း ထိခိုက် ဒဏ်ရာရခဲ့တဲ့ လူငယ် ကွင်းလယ်လူ စမစ်ရိုကတော့ လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနိုင်ဖို့ စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ရဦးမယ့် သိရပါတယ် ။
* အာဆင်နယ် အသင်းရဲ့ စက်တင်ဘာလ တစ်လတာ အကောင်းဆုံး သွင်းဂိုးဆု ဆန်ကာတင်စာရင်းမှာ ဖရန့်ဖတ် အသင်းနဲ့ ပွဲက ဆာကာရဲ့သွင်းဂိုး၊နော်တင်ဟမ်ဖောရက်စ် အသင်းနဲ့ ပွဲက မာတီနယ်လီ ရဲ့ ခေါင်းတိုက်ဂိုး၊အူဘာမီယန်း ရဲ့ ဝက်ဖိုဒ့် အသင်းနဲ့ ပွဲက သွင်းဂိုး နဲ့ အက်စတွန်ဗီလာ နဲ့ ပွဲက ဖရီးကစ်ဂိုး၊တော့တင်ဟမ် အသင်းနဲ့ ပွဲက လာကာဇက် ရဲ့ သွင်းဂိုး တို့ ပါဝင်လာခဲ့ပါတယ် ။
* ကာရာဘောင်း ဖလား စတုတ္တ အဆင့် ပွဲစဉ် အဖြစ် အန်ဖီးလ်မှာ ကစားမယ့် လီဗာပူး အသင်း နဲ့ အာဆင်နယ် အသင်းပွဲကို အောက်တိုဘာလ ၃၀ ရက် ၊ မြန်မာစံတော်ချိန် နံနက် ၂:၁၅ မှာ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။
* အာဆင်နယ် အမျိုးသမီး အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ ချက်ကလပ် ဆလားဗီးယား ပါရပ် အသင်းနဲ့ တွေ့ဆုံ ယှဉ်ပြိုင် ရမှာပါ ။ အာဆင်နယ် အမျိုးသမီး အသင်းဟာ ပထမအကျော့ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး ဒုတိယ အကျော့ကိုတော့ အိမ်ကွင်း မီဒေါင်းပါခ့်မှာ ကစားရမှာပါ ။
* အာဆင်နယ် အသင်း တိုက်စစ်မှူး အူဘာမီယန်း ဟာ Fifa 20 ရဲ့ အမြန်ဆုံး ကစားသမား ၁၀ ဦး စာရင်းမှာ Pace 94 နဲ့ ပါဝင် လာခဲ့ပါတယ် ။ အူဘာမီယန်း အပြင် နာမည်ကျော် ကစားသမားတွေ ဖြစ်တဲ့ မက်ဘာပေး နဲ့ ဆာနေး တို့ ပါဝင် လာခဲ့ပါတယ်။
* ဒီရာသီမှာ နှစ်ပွဲကစား၊နှစ်ပွဲစလုံး Clean-Sheet ရယူ ထားနိုင်တဲ့ မာတီနက်ဇ် က အာဆင်နယ် အသသင်း ရဲ့ ပထမ ဦးစားပေး ဂိုးသမား ဖြစ်ဖို့ကော နိုင်ငံလက်ရွေးစင် အသင်းဖြစ်တဲ့ အာဂျင်တီးနား အသင်းရဲ့ ပထမ ဦးစားပေး ဂိုးသမား ဖြစ်ဖို့ပါ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
* အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ က ယနေ့ညမှာ ကစားမယ့် စတန်းဒက်လိဂ် အသင်းနဲ့ ပွဲမှာ တီယာနေး ဟာ ပွဲထွက် ကစားဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း နဲ့ ဘယ်လာရင် ကိုတော့ ကစားဖို့ အဆင်ပြေရင် ပွဲထွက်ခွင့် ပေးသွားမယ်လို့ ဆိုပါတယ်။
* ဘယ်လာရင် နဲ့ တီယာနေး တို့ကတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကွင်းလယ်လူ ရှာကာ ဟာ အသင်း ခေါင်းဆောင် လက်ပတ် နဲ့ ထိုက်တန်သူ ဖြစ်ကြောင်း ထောက်ခံ ပြောကြား လိုက်ပြီး အသင်းကို ဦးဆောင် နိုင်စွမ်း ရှိတဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ် ။
arsenal
* အာဆင်နယ် အသင်းဟာ ဥရောပ ပြိုင်ပွဲတွေမှာ စတန်းဒက်လိဂ် နဲ့ အသင်း နဲ့ လေးကြိမ် ယှဉ်ပြိုင် ကစားထားဖူးပြီး လေးကြိမ် စလုံး အနိုင်ရထားကာ ၁၅ ဂိုး အထိ သွင်းယူ ထားနိုင်ပါတယ်။ အာဆင်နယ် အသင်းဟာ ဒီနေ့ပွဲမှာသာ အနိုင်ရပါက အိမ်ကွင်း ၆ ပွဲဆက်တိုက် အနိုင်ရတဲ့ ( ခြေစစ်ပွဲမပါ) စံချိန်မှတ်တမ်းကောင်းကို ပိုင်ဆိုင်မှာပါ။
* နည်းပြ အူနိုင်း အမ်မရီ ဟာ သူ့ရဲ့ နောက်ဆုံး ယူရိုပါလိဂ် အိမ်ကွင်း ပွဲ ၂၀ မှာ ၁၈ ပွဲ အထိ အနိုင် ရထားပြီး ၁ ပွဲသရေ ၊ ၁ ပွဲသာ ရှုံး နိမ့် ထားပါတယ်။ ( ဆီဗီလာ အသင်းကို ကိုင်တွယ်စဉ်က မှတ်တမ်းကိုပါ ထည့်သွင်း တွက်ချက် ထားတာပါ ။ )
* ဒေါ့မွန် အသင်းရဲ့ စီအီးအို ဟန်ဂျိုအာချင်ဝက်ဇ် က အူဘာမီယန်း ဟာ ငွေမက်လို့ အာဆင်နယ် အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ​ဖြစ်ကြောင်း ပြောကြားလိုက်ပြီး ဗုဒ္ဓဟူးနေ့တွေမှာ အူဘာမီယန်း ဟာ ချန်ပီယံလိဂ် ကစားခွင့် မရလို့ ဝမ်းနည်းနေလိမ့်မယ်လို့ စနောက် သွားခဲ့ပါတယ်။
* စတန်းဒက်လိဂ် အသင်း နဲ့ ပွဲအတွက် အာဆင်နယ် အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်း
——————————————
ဂိုး – မာတီနက်ဇ် ။
နောက်တန်း – ဘယ်လာရင် ၊ ဟိုးလ်ဒင်း ၊ မူစတာဖီ ၊ တီယာနေး ။
အလယ်တန်း – အိုဇေးလ် ၊ ဝီးလော့ ၊ တော်ရီးယား ။
ရှေ့တန်း – မာတီနယ်လီ ၊ နီကိုလပ်စ် ပေပေ၊ဆာကာ။
SPORTS MYANMAR
Zawgyi
စတန်းဒက်လိဂ် အသင်းနဲ့ ပွဲမတိုင်မှီ အာဆင်နယ် သတင်းတိုများ နှင့် ထူးခြားမှတ်တမ်းများ
==================================
——————————————
ဂိုး – မာတီနက်ဇ် ။
SPORTS MYANMAR