ရြိဳင္းကိန္း က မန္ခ်က္စတာ ယူႏုိက္တက္ အသင္း အေနနဲ႕ ဖလားေတြ ျပန္လည္ စိန္ေခၚ ႏုိင္ဖို႕ အတြက္ ဆုိရင္ လာမည့္ ေႏြရာသီ မွာ အသင္းရဲ႕ ခံစစ္ကို အလံုးစံု ျပဳျပင္ ေျပာင္းလဲပစ္ဖို႕ အတြက္ လိုအပ္ ေနတယ္လို႕ ဆုိလိုက္ ပါတယ္။ မန္ယူႏုိက္တက္ အသင္းဟာ ျပီးခဲ့တဲ့ တနဂၤေႏြေန႕က အဲဗာတန္ ကို အေ၀းကြင္းမွာ ၄ – ၀ နဲ႕ ရံွဳးနိမ့္ ခဲ့တဲ့ အျပင္ မေန႕ညကလည္း ျမိဳ႕ခံျပိဳင္ဘက္ မန္ခ်က္စတာစီးတီး အသင္းကို အိုးထရပ္ဖို႕ဒ္ မွာ ၂ – ၀ နဲ႕ ထပ္ျပီး ရွံဳးနိမ့္ ခဲ့ျပန္တာေၾကာင့္ လာမည့္ ရာသီ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ ကစားခြင့္ရဖို႕ အတြက္ ေမွ်ာ္လင့္ခ်က္ ပိုမို ေ၀း၀ါး သြားခဲ့ပါတယ္။

အဆုိပါ ပြဲျပီးေနာက္ ယူႏုိက္တက္ အသင္းေခါင္းေဆာင္ေဟာင္း ကိန္း က ယူႏုိက္တက္ ရဲ႕ ကစားပံုကို ေ၀ဖန္ လိုက္ျပီး ၎ရဲ႕ အသင္းေဟာင္း အေနနဲ႕ ေႏြရာသီမွာ ကစားသမား ၄ ဦး ေခၚယူဖို႕ လိုအပ္ ေနကာ အားလံုးဟာ ခံစစ္ပိုင္း အတြက္ပဲ ျဖစ္သင့္တယ္လို႕ မွတ္ခ်က္ ေပးလိုက္ ပါတယ္။

ကိန္း က “ကၽြန္ေတာ့္ကုိ စိတ္ပူ ေစတာ ကေတာ့ သူတုိ႕ အေနနဲ႕ ေသခ်ာေပါက္ ဗဟို ေနာက္ခံလူ တစ္စံု နဲ႕ ခံစစ္ အစြန္ ကစားသမား ၂ ဦး လိုအပ္ပါတယ္။ ဒါဟာ ပြဲထြက္ ကစားသမား ၄ ဦး ျဖစ္ရမွာပါ။ ကၽြန္ေတာ္ ကေတာ့ ခံစစ္ပိုင္း စြမ္းေဆာင္ရည္ အရ လူ့႕ေရွာဟာ လံုေလာက္တဲ့ စြမ္းေဆာင္ရည္ မရွိဘူးလို႕ ထင္ပါတယ္။ အက္ရွ္ေလယန္း ကလည္း ေနာက္တန္း အစြန္လူ စစ္စစ္ မဟုတ္ပါဘူး။ သူဟာ ျပီးခဲ့တဲ့ ႏွစ္အနည္းငယ္ေလာက္ ဒီအလုပ္ကို လုပ္ခဲ့တယ္ ဆုိတာ ကၽြန္ေတာ္ သိပါတယ္။ အဲဒီေနာက္ ဗဟုိ ေနာက္ခံလူ ႏွစ္ဦးကို ေခၚယူကာ အဲဒီ ကေန အသင္းကို ျပန္လည္ စတင္ သြားရပါမယ္။” လို႕ ဆုိသြား ပါတယ္။

ယူႏုိက္တက္ ရဲ႕ ကြင္းလယ္ နဲ႕ တုိက္စစ္ အေၾကာင္း ေမးျမန္း ခဲ့ရာမွာ ကိန္း က “အသင္း တစ္သင္းမွာ ေကာင္းမြန္တဲ့ ဂိုးသမား နဲ႕ ေကာင္းမြန္တဲ့ ခံစစ္ ေလးဦး မရွိဘူး ဆုိရင္ ေရွ႕ဆက္ဖို႕ အတြက္ ခက္ခဲပါတယ္။ အမွန္ပါပဲ။ ကုိယ့္အေနနဲ႕ လိုခ်င္တဲ့ ကြင္းလယ္ ရႏုိင္ပါတယ္။ ဒါေပမယ့္ အေျခခံ အရ ဆုဖလား ေတြ ရရွိ ခ်င္တယ္။ ဆုဖလား ေတြ အတြက္ ျပန္လည္ ယွဥ္ျပိဳင္ ခ်င္တယ္ဆိုရင္ ေတာင့္တင္းတဲ့ ခံစစ္ကို လုိအပ္ပါတယ္။

ကၽြန္ေတာ္ ျပီးခဲ့တဲ့ ႏွစ္အနည္းငယ္ ကတည္းက ဒါကို ေျပာခဲ့ ပါတယ္။ အားလံုးဟာ ကြင္းလယ္လူ နဲ႕ တုိက္စစ္ ကစားသမားေတြ အေၾကာင္းကိုသာ ေျပာေန ၾကပါတယ္။ ဒါေပမယ့္ ပထမဦးဆံုး ကိုယ့္ရဲ႕ အသင္းဟာ back four ဒါမွမဟုတ္ ဂုိးသမား အပါအ၀င္ back five နဲ႕ စတင္ ရမွာပါ။” လို႕ ဆုိသြားပါတယ္။

အဆိုပါ ပြဲမတုိင္မီ တုန္းကလည္း အုိင္ယာလန္ ကြင္းလယ္လူေဟာင္း က “ဆုိးရွား အေနနဲ႕ ကစားသမား အခ်ိဳ႕ ၊ ေကာင္းမြန္တဲ့ ေနာက္ခံလူ အခ်ိဳ႕ လိုအပ္ ပါတယ္။ ယူႏုိက္တက္ဟာ ျပီးခဲ့တဲ့ ႏွစ္ေတြ အတြင္း ဒီအပိုင္းမွာ လုိအပ္ ေနခဲ့ပါတယ္။ မန္စီးတီးကို ၾကည့္လုိက္ပါ။ ကၽြန္ေတာ္တုိ႕ဟာ ပက္ကုိ အၾကီးၾကယ္ဆံုး နည္းျပေတြ ထဲက တစ္ဦး ၊ ပါရမီရွင္ ၊ ေဘာလံုး အေၾကာင္း ေနာေက်ာေနသူ ဆိုျပီး ခ်ီးက်ဴး ေနၾကပါတယ္။

ဒါေပမယ့္ သူ႕ရဲ႕ ပထမဦးဆံုး ႏွစ္မွာ မန္စီးတီးဟာ ဘာဆုဖလား မွ မရခဲ့ပါဘူး။ ဘုတ္အဖြဲ႕ကို ပထမဦးဆံုး သူေျပာတာ ကေတာ့ ဂိုးသမား နဲ႕ ေနာက္ခံလူ အခ်ိဳ႕ ေခၚယူေပးဖို႕ လိုအပ္တယ္ ဆုိတာပါပဲ။ ယာဂန္ကေလာ့ဟာ လီဗာပူး မွာ ပထမ ၁ ႏွစ္ ၂ ႏွစ္ေလာက္ အေကာင္းဆံုး လုပ္ခဲ့ပါတယ္။ ဒါေပမယ့္ သူတုိ႕မွာ လိုအပ္ခ်က္ ရွိေနခဲ့တဲ့ အတြက္ ကေလာ့ဟာ ဂိုးသမား နဲ႕ ဗဟုိေနာက္ခံလူ ၀ယ္ယူ ခဲ့ပါတယ္။ ဆုိးရွား အေနနဲ႕ ဒီလို လုပ္သြားဖို႕ လိုအပ္ပါတယ္။” လုိ႕ ဆုိသြား ပါတယ္။

ရြိဳင္ကိန္းက မန္ခ်က္စတာယူႏုိက္တက္ အသင္း အတြက္ ေပါလ္ေပါ့ဘာ ရဲ႕ ျပီးခဲ့တဲ့ စြမ္းေဆာင္ရည္ေတြ အေပၚ ေ၀ဖန္လိုက္ျပီး ျပင္သစ္စတား ရဲ႕ စိတ္ဓာတ္ နဲ႕ ခံယူခ်က္ဟာ အုိလီဂန္နာ ဆုိးရွား အတြက္ ျပသနာ ျဖစ္ေနတယ္လို႕ ဆုိသြား ပါေသးတယ္။

SM

Unicode

စီးတီးကို မှီဖို့ အတွက် ယူနိုက်တက်တို့ ကစားသမား ၄ ဦး ခေါ်ယူဖို့ လိုအပ်တယ်လို့ ဆိုလို်က်တဲ့ ရွိုင်းကိန်း

ရွိုင်းကိန်း က မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ဖလားတွေ ပြန်လည် စိန်ခေါ် နိုင်ဖို့ အတွက် ဆိုရင် လာမည့် နွေရာသီ မှာ အသင်းရဲ့ ခံစစ်ကို အလုံးစုံ ပြုပြင် ပြောင်းလဲပစ်ဖို့ အတွက် လိုအပ် နေတယ်လို့ ဆိုလိုက် ပါတယ်။ မန်ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အဲဗာတန် ကို အဝေးကွင်းမှာ ၄ – ၀ နဲ့ ရှုံးနိမ့် ခဲ့တဲ့ အပြင် မနေ့ညကလည်း မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီး အသင်းကို အိုးထရပ်ဖို့ဒ် မှာ ၂ – ၀ နဲ့ ထပ်ပြီး ရှုံးနိမ့် ခဲ့ပြန်တာကြောင့် လာမည့် ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားခွင့်ရဖို့ အတွက် မျှော်လင့်ချက် ပိုမို ဝေးဝါး သွားခဲ့ပါတယ်။

အဆိုပါ ပွဲပြီးနောက် ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ကိန်း က ယူနိုက်တက် ရဲ့ ကစားပုံကို ဝေဖန် လိုက်ပြီး ၎င်းရဲ့ အသင်းဟောင်း အနေနဲ့ နွေရာသီမှာ ကစားသမား ၄ ဦး ခေါ်ယူဖို့ လိုအပ် နေကာ အားလုံးဟာ ခံစစ်ပိုင်း အတွက်ပဲ ဖြစ်သင့်တယ်လို့ မှတ်ချက် ပေးလိုက် ပါတယ်။

ကိန်း က “ကျွန်တော့်ကို စိတ်ပူ စေတာ ကတော့ သူတို့ အနေနဲ့ သေချာပေါက် ဗဟို နောက်ခံလူ တစ်စုံ နဲ့ ခံစစ် အစွန် ကစားသမား ၂ ဦး လိုအပ်ပါတယ်။ ဒါဟာ ပွဲထွက် ကစားသမား ၄ ဦး ဖြစ်ရမှာပါ။ ကျွန်တော် ကတော့ ခံစစ်ပိုင်း စွမ်းဆောင်ရည် အရ လူ့့ရှောဟာ လုံလောက်တဲ့ စွမ်းဆောင်ရည် မရှိဘူးလို့ ထင်ပါတယ်။ အက်ရှ်လေယန်း ကလည်း နောက်တန်း အစွန်လူ စစ်စစ် မဟုတ်ပါဘူး။ သူဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက် ဒီအလုပ်ကို လုပ်ခဲ့တယ် ဆိုတာ ကျွန်တော် သိပါတယ်။ အဲဒီနောက် ဗဟို နောက်ခံလူ နှစ်ဦးကို ခေါ်ယူကာ အဲဒီ ကနေ အသင်းကို ပြန်လည် စတင် သွားရပါမယ်။” လို့ ဆိုသွား ပါတယ်။

ယူနိုက်တက် ရဲ့ ကွင်းလယ် နဲ့ တိုက်စစ် အကြောင်း မေးမြန်း ခဲ့ရာမှာ ကိန်း က “အသင်း တစ်သင်းမှာ ကောင်းမွန်တဲ့ ဂိုးသမား နဲ့ ကောင်းမွန်တဲ့ ခံစစ် လေးဦး မရှိဘူး ဆိုရင် ရှေ့ဆက်ဖို့ အတွက် ခက်ခဲပါတယ်။ အမှန်ပါပဲ။ ကိုယ့်အနေနဲ့ လိုချင်တဲ့ ကွင်းလယ် ရနိုင်ပါတယ်။ ဒါပေမယ့် အခြေခံ အရ ဆုဖလား တွေ ရရှိ ချင်တယ်။ ဆုဖလား တွေ အတွက် ပြန်လည် ယှဉ်ပြိုင် ချင်တယ်ဆိုရင် တောင့်တင်းတဲ့ ခံစစ်ကို လိုအပ်ပါတယ်။

ကျွန်တော် ပြီးခဲ့တဲ့ နှစ်အနည်းငယ် ကတည်းက ဒါကို ပြောခဲ့ ပါတယ်။ အားလုံးဟာ ကွင်းလယ်လူ နဲ့ တိုက်စစ် ကစားသမားတွေ အကြောင်းကိုသာ ပြောနေ ကြပါတယ်။ ဒါပေမယ့် ပထမဦးဆုံး ကိုယ့်ရဲ့ အသင်းဟာ back four ဒါမှမဟုတ် ဂိုးသမား အပါအဝင် back five နဲ့ စတင် ရမှာပါ။” လို့ ဆိုသွားပါတယ်။

အဆိုပါ ပွဲမတိုင်မီ တုန်းကလည်း အိုင်ယာလန် ကွင်းလယ်လူဟောင်း က “ဆိုးရှား အနေနဲ့ ကစားသမား အချို့ ၊ ကောင်းမွန်တဲ့ နောက်ခံလူ အချို့ လိုအပ် ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း ဒီအပိုင်းမှာ လိုအပ် နေခဲ့ပါတယ်။ မန်စီးတီးကို ကြည့်လိုက်ပါ။ ကျွန်တော်တို့ဟာ ပက်ကို အကြီးကြယ်ဆုံး နည်းပြတွေ ထဲက တစ်ဦး ၊ ပါရမီရှင် ၊ ဘောလုံး အကြောင်း နောကျောနေသူ ဆိုပြီး ချီးကျူး နေကြပါတယ်။

ဒါပေမယ့် သူ့ရဲ့ ပထမဦးဆုံး နှစ်မှာ မန်စီးတီးဟာ ဘာဆုဖလား မှ မရခဲ့ပါဘူး။ ဘုတ်အဖွဲ့ကို ပထမဦးဆုံး သူပြောတာ ကတော့ ဂိုးသမား နဲ့ နောက်ခံလူ အချို့ ခေါ်ယူပေးဖို့ လိုအပ်တယ် ဆိုတာပါပဲ။ ယာဂန်ကလော့ဟာ လီဗာပူး မှာ ပထမ ၁ နှစ် ၂ နှစ်လောက် အကောင်းဆုံး လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့မှာ လိုအပ်ချက် ရှိနေခဲ့တဲ့ အတွက် ကလော့ဟာ ဂိုးသမား နဲ့ ဗဟိုနောက်ခံလူ ၀ယ်ယူ ခဲ့ပါတယ်။ ဆိုးရှား အနေနဲ့ ဒီလို လုပ်သွားဖို့ လိုအပ်ပါတယ်။” လို့ ဆိုသွား ပါတယ်။

ရွိုင်ကိန်းက မန်ချက်စတာယူနိုက်တက် အသင်း အတွက် ပေါလ်ပေါ့ဘာ ရဲ့ ပြီးခဲ့တဲ့ စွမ်းဆောင်ရည်တွေ အပေါ် ဝေဖန်လိုက်ပြီး ပြင်သစ်စတား ရဲ့ စိတ်ဓာတ် နဲ့ ခံယူချက်ဟာ အိုလီဂန်နာ ဆိုးရှား အတွက် ပြသနာ ဖြစ်နေတယ်လို့ ဆိုသွား ပါသေးတယ်။

SM