haaland
Unicode
ဗာဂျယ်ဗန်ဒိုက်က လီဗာပူး အသင်း အနေနဲ့ မနေ့ညက ဆဲဇ်ဘတ် နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဦးဆောင်ဂိုး ၃ ဂိုး ရခဲ့ပေမယ့် ၃ ဂိုး စလုံး ပြန်လည်ချေပခံ ခဲ့ရမှု ကနေ သင်ခန်းစာ ယူရသွားဖို့ လိုအပ်တယ်လို့ ၀န်ခံ သွားခဲ့ပေမယ့့် ပွဲအပြီးှမှာ ၄-၃ နဲ့ အနိုင်ရအောင် အသင်းရဲ့ ပြန်လည် တုန့်ပြန် ခဲ့ပုံကိုတော့ ကျေနပ် နေပါတယ်။
van dijk
လီဗာပူးဟာ ပထမပိုင်း ၃၆ မိနစ် မှာတင် ဆဲဇ်ဘတ် ကို ၃ ဂိုးပြတ်နဲဲ့ ဦးဆောင် ထားနိုင်ခဲ့ပေမယ့်လည်း ပွဲချိန် မိနစ် ၆၀ မတိုင်မီမှာ ချေပဂိုး ၃ ဂိုး စလုံးကို ပြန်လည် ခွင့်ပြု ခဲ့ရပါတယ်။ အဲဒီနောက် မိုဟာမက်ဆာလားဟာ ၆၉ မိနစ်မှာ လီဗာပူး အတွက် အနိုင်ရစေမယ့် သွင်းဂိုးကို ထပ်မံ သွင်းယူ ပေးခဲ့လို့သာ ဥရောပ ချန်ပီယံတို့ အုပ်စု E မှာ အနိုင် ၃ မှတ် စတင် ရရှိခဲ့တာ ဖြစ်ပါတယ်။
ယာဂန်ကလော့ရဲ့ အသင်းဟာ ချန်ပီယံလိဂ် ရဲ့ လက်ရှိ ချန်ပီယံ အသင်း ဖြစ်နေပေမယ့် ဗန်ဒိုက် ကတော့ သူတို့ အသင်း တိုးတက်အောင် လုပ်နိုင်သေးတယ်လို့ ဆိုသွား ပါတယ်။
ဗန်ဒိုက်က “ကျွန်တော်တို့ရဲ့ စိတ်ဓာတ် ကတော့ ဘာတွေပဲ ဖြစ်နေဖြစ်နေ ဆက်လက် ကြိုးစား သွားမယ် ဆိုတဲ့ ပုံစံ ပါပဲ။ အကယ်၍ ဂိုးထပ်ပေးရသည် ဖြစ်စေ နောက်ထပ် သွင်းဂိုး ထပ်ရခဲ့သည် ဖြစ်စေ ကျွန်တော်တို့ လုပ်သွားရမယ့် အရာတွေကို ဆက်လုပ် သွားမှာပါ။ ကျွန်တော်တို့ ဆက်လက် အားထုတ် သွားမှာပါ။
ကျွန်တော်တို့ အိမ်ကွင်းမှာ ၃ ဂိုး ပေးခဲ့ ရပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာ မဟုတ်ဘူး ဆိုတာတော့ သေချာပါတယ်။ ဒါပေမယ့် ဒါဟာ ကောင်းမွန်တဲ့ အရာ တစ်ခုလည်း ဖြစ်နိုု်င်ပြိး ကျွန်တော်တို့ ဆက်လက် တိုးတက်ဖို့ လိုသေးတယ် ဆိုတာ သိသွားလို့ပါ။ ကျွန်တော်တို့ ဒီလို ဖြစ်အောင် လုပ်သွား ရမှာပါ။ ကျွန်တော့် အမြင် ကတော့ တုန်လှုပ် ခြောက်ခြား နေစရာ အကြောင်းတော့ မရှိဘူးလို့ ထင်ပါတယ်။
lverpool
ကျွန်တော်တို့ ပထမပိုင်းမှာ ပထမဂိုး ခွင့်ပြု လိုက်ရချိန်မှာ သူတို့ဟာ ယုံကြည်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ သူတို့ဟာ ၄-၀ နဲ့ ရှုံးနိမ့် နေခဲ့မယ် ဆို၇င်တောင် ဘယ်တော့မှ အရှံုးပေး သွားမယ့်ပုံ မရှိပါဘူး။ ကျွန်တော်တို့ ဒါကို သိပါတယ်။ ဒါပေမယ့် ပထမပိုင်းမှာ ကျွန်တော်တို့ ခွင့်ပြု လိုက်ရတဲ့ ဂိုးဟာ သူတို့ကို ဒုတိယပိုင်း အတွက် မျှော်လင့်ချက် အနည်းငယ် တိုးသွား စေပါတယ်။ ပြီးတော့ ဒုတိယပိုင်း မိနစ် ၂၀ လောက်မှာ သူတို့ ကောင်းကောင်း လုပ်နိုင် ခဲ့ပြီး ကျွန်တော်တို့ ကတော့ မလုပ် နိုင်ခဲ့ပါဘူး။ သူတို့ဟာ ရတဲ့ အခွင့်အရေး တွေကို အပိုင် အသုံးချ သွားခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် လုပ်နိုင် ခဲ့သင့်တာတော့ အမှန်ပါပဲ။ ကျွန်တော်တို့ တိုးတက်ဖို့ အများကြီး လိုနေသေးတယ် ဆိုတာ သိသွားခဲ့လို့ ဒါဟာ ကောင်းတဲ့ အရာ ဖြစ်နိုင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။
ဗန်ဒိုက်က လီဗာပူး အနေနဲ့ ဆဲဇ်ဘတ် နဲ့ ပွဲမှာ ပြုလုပ် ခဲ့တဲ့ အမှားတွေကို သင်ခန်းစာ ယူကာ လာမည့် စနေနေ့ လက်စတာ စီးတီး နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်မီ အသေအချာ ပြင်ဆင်မှုတွေ လုပ်သွား ရမယ်လို့ ဆိုသွားပါတယ်။
ဗန်ဒိုက်က “ဆဲဇ်ဘတ် ဟာ အရမ်းကို ကောင်းတဲ့ အသင်းတစ်သင်း ဆိုတာကို ခင်ဗျားတို့ တွေ့ရမှာပါ။ သူတို့ဟာ မြင့်မားတဲ့ စွမ်းရည်တွေ ၊ pressing တွေ အများကြီး လုပ်သွားခဲ့ပြီး ကျွန်တော်တို့နဲ့တောင် ကစားပုံ အနည်းငယ် ဆင်တူ နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတိုကဟာ ပြိုင်ဘက် အသင်းတွေ ဖြတ်ကျော် သွားတာကို အလို မရှိပါဘူး။ ပြီးတော့ သူတို့မှာ ကစားသမားကောင်းတွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့ ဒါကို လေးစားပါတယ်။
liverpool
ကျွန်တော်တို့ အနေနဲ့ အရေးပါတဲ့ အခိုက်အတန့်တွေမှာ ဒီထက် ပိုကောင်းအောင် လုပ်နိုင် ခဲ့သင့်ပါတယ်။ ကျွန်တော်တို့ ဒါကို ပြန်လည် လေ့လာသုံးသပ်ပြီး လက်စတာ နဲ့ ပွဲမှာ ဒီထက် ပိုကောင်းအောင် လုပ်နိုင်မယ်လို့ မျှော်လင့် ထားပါတယ်။” လို့ ဆိုသွားပါတယ်။
SPORTS MYANMAR
Zawgyi
ဆဲဇ်ဘတ် ကို ချေပဂိုး ၃ ဂိုးထိ ပြန်ပေးလိုက်ရတာကြောင့် လီဗာပူးရဲ့ ခံစစ်ကစားပုံ အပေါ် ဝေဖန်နေတာတွေကို ပြန်လည် တုန့်ပြန်ခဲ့တဲ့ ဗန်ဒိုက်
ဗာဂျယ်ဗန်ဒိုက်က လီဗာပူး အသင်း အနေနဲ့ မနေ့ညက ဆဲဇ်ဘတ် နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဦးဆောင်ဂိုး ၃ ဂိုး ရခဲ့ပေမယ့် ၃ ဂိုး စလုံး ပြန်လည်ချေပခံ ခဲ့ရမှု ကနေ သင်ခန်းစာ ယူရသွားဖို့ လိုအပ်တယ်လို့ ၀န်ခံ သွားခဲ့ပေမယ့် ပွဲအပြီှးမှာ ၄-၃ နဲ့ အနိုင်ရအောင် အသင်းရဲ့ ပြန်လည် တုန့်ပြန် ခဲ့ပုံကိုတော့ ကျေနပ် နေပါတယ်။
SPORTS MYANMAR