sterling

Unicode

ပြီးခဲ့တဲ့ အင်္ဂါနေ့ မှာ ကစားသွားခဲ့တဲ့ ချန်ပီယံ လိဂ် အုပ်စုအဆင့် ပွဲစဉ်မှာ မန်စီးတီး အသင်းက ဒိုင်နမို ဇာဂရတ်ဘ် အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒါကြောင့်လည်း ၂ပွဲကစား၆မှတ်နဲ့ နောက်တဆင့်အတွက် အခြေအနေကောင်းသွားခဲ့ပါတယ်။

မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် တခုအတွင်းမှာ ကစားသမား အင်အားဖြည့်တင်းမှုတွေအတွက် ငွေကြေး သန်းပေါင်းများစွာကို အကုန်ကျခံထားခဲ့တာဖြစ်ပါတယ်။နာမည်ကြီး တွေ ကို ခေါ်ယူထားခဲ့ပေမယ့်အင်္ဂလန် ပြည်တွင်းမှာသာ အုပ်စိုးထားနိုင်ခဲ့ပြီး ဥရောပမှာတော့ ချန်ပီယံ ဆီမီးဖိုင်နယ်အထိသာ အမြင့်ဆုံးအဖြစ်ရောက်ရှိထားခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ ၂၀၁၆ ခုနှစ်မှာ အဆိုပါ အကောင်းဆုံး မှတ်တမ်းကို ပိုင်ဆိုင်ထားခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာတော့ မိုနာကို အသင်းကို ပထမအကျော့မှာ ၅-၃ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့မှာ ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေ ထွက်ထားခဲ့ရတာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ လီဗာပူး အသင်းရဲ့ နှစ်ကျော့ပေါင်း ၅-၁ ဂိုုးနဲ့ နောက်ကောက်ချခြင်းကို ခံထားခဲ့ရပြီး ယမန်နှစ်တုန်းကလည်း စပါး အသင်းက အဝေးဂိုးနဲ့ ကျော်ဖြတ်ခြင်းကို ခံထားခဲ့ရတာဖြစ်ပါတယ်။ နည်းပြကြီး ဂွာဒီယိုလာကတော့ ချန်ပီယံလိဂ် မှာ ဗိုလ်မစွဲရင် လည်း ကိုယ့်ကိုယ်ကိုယ်တော့ သတ်သေမှာ မဟုတ်ဘူးလို့ မကြာသေးမီကထုတ်ပြောထားခဲ့ပါတယ်။

ဒါပေမယ့် လည်း ချန်ပီယံလိဂ်ဆုဖလားဟာ ဂွာဒီယိုလာ ကော မန်စီးတီး တာဝန်ရှိသူတွေပါ အတော်လေး လိုချင်နေကြတယ်ဆိုတာကတော့ အားလုံးအသိပဲဖြစ်ပါတယ်။ဒီပြိုင်ပွဲကြီးမှာ ဗိုလ်စွဲနိုင်ဖို့ အတွက် အုပ်စုအဆင့်ကနေ နှစ်တိုင်း ကျော်ဖြတ်နိုင်အောင်ကြိုးစားတာဟာ ပိုကောင်းတဲ့ အခွင့်အရေးမျိုး ရရှိအောင်လုပ်ဆောင်တာနဲ့တူတယ်လို့ စတာလင်က ဆိုလိုက်ပါတယ်။

အင်တာဗျူး တခုမှာ စတာလင်က – ”
ကျွန်တော်တို့ အသင်း ရှိနေတဲ့ ဥရောပ မှာ ဘယ်လို အသင်းတွေ ရှိနေတယ်ဆိုတာကို ကျွန်တော်တို့အားလုံးသိကြပါတယ်။အဲဒီ အသင်းတွေဟာ ထိပ်တန်း အဆင့် ပြိုင်ဘက်တွေ ဖြစ်ပါတယ်။ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ဆိုတာ ဘယ်တော့မှာ လွယ်ကူမှာ မဟုတ်ပါဘူး။ကျွန်တော်တို့ အနေနဲ့ ရှေ့ကိုဆက်သွားနေဖို့ လိုပါတယ်။အရေး အကြီးဆုံး ကတော့ ဒီအုပ်စု အဆင့်ကနေ ကျော်လွန်နိုင်ဖို့အတွက် ကြိုးစားသွားဖို့ပဲဖြစ်ပါတယ်။

နှစ်တိုင်းနှစ်တိုင်းမှာ ဒါမျိုးကို အမြဲလုပ်ဆောင် သွားနိုင်မယ်ဆိုရင်တော့ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အတွက် ပိုကောင်းတဲ့ အခွင့်အရေး တွေရရှိပါလိမ့်မယ်။ဒါကြောင့်လည်း အုပ်စုအဆင့်ကနေကျော်လွှားနိုင်ဖို့ လိုပြီး နောက်မှ အဲ့ဒီအကြောင်းကို စဉ်းစားရမှာဖြစ်ပါတယ်။ဆက်ပြီး အာရုံစိုက်နေဖို့ လိုပါတယ်။ ရှေ့ဆက် ကစားသွားရမယ့် ပွဲတွေအများကြီးရှိပြီး ခက်ခဲမယ်ဆိုတာကို လည်း အားလုံးက သိနားလည်ကြပါတယ်။ဒါကြောင့်လည်းဆက်သွားနေရမှာဖြစ်ပါတယ်။အခုတော့ ဒီအပတ်မှာကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုအာရုံစိုက်ရတော့မှာဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးတို့ ဟာ ဒိုင်နမိုဇာဂရတ်ဘ်နဲ့ ပွဲစဉ် မှာ အနိုင်ရဖို့ အနည်းငယ်ရုန်းကန်ခဲ့ရပြီး ပွဲချိန် ၆၆ မိနစ်ရောက်မှ အဖွင့်ဂိုး ရခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် လည်းသူတို့ အသင်းရဲ့ ခြေစွမ်းနဲ့ ကစားပုံကြောင့် အနိုင်ရလဒ်ဖြစ်လာမယ်ဆိုတာကို မြေကြီးလက်ခတ် မလွဲသိထားတယ်လို့ စတာလင်ကဆိုပါတယ်။

ဒီအကြောင်းကို စတာလင်က – ” ကျွန်တော်တို့ အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ဒီအတိုင်းဆက်ကစားနေရင် နောက်ထပ် အခွင့်အရေးတွေထပ်ရမယ်ဆိုတာလည်းသိခဲ့ကြပါတယ်။အသင်းအများစုမလုပ်နိုင်တဲ့ အာရုံစူးစိုက်မှု၊ တမ်ပိုနဲ့ အီတီဟတ်ကွင်းကြီးမှာကြိုုးစားနေခဲ့တာဖြစ်လို့ ဒီလိုလုံးဝအတိအကျဖြစ်ခဲ့တာပါ ” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR

Zawgyi

မန္စီးတီးအသင္း ခ်န္ပီယံလိဂ္မွာဗုိလ္စြဲဖို႔ ဘယ္အရာက ပိုေကာင္းတဲ႔ အခြင့္အေရးမ်ိဳးျဖစ္ေစမွာလဲဆိုတာေျပာျပလိုက္တဲ႔ #စတာလင္

=================================

ျပီးခဲ႔တဲ႔ အဂၤါေန႔ မွာ ကစားသြားခဲ႔တဲ႔ ခ်န္ပီယံ လိဂ္ အုပ္စုအဆင့္ ပြဲစဥ္မွာ မန္စီးတီး အသင္းက ဒိုင္နမို ဇာဂရတ္ဘ္ အသင္းကို ၂-၀ ဂိုးနဲ႔ အႏိုင္ရခဲ႕ပါတယ္။ဒါေျကာင့္လည္း ၂ပြဲကစား၆မွတ္နဲ႔ ေနာက္တဆင့္အတြက္ အေျခအေနေကာင္းသြားခဲ႔ပါတယ္။

မန္စီးတီး အသင္းဟာ ျပီးခဲ႔တဲ႔ ဆယ္စုႏွစ္ တခုအတြင္းမွာ ကစားသမား အင္အားျဖည့္တင္းမွဳေတြအတြက္ ေငြေျကး သန္းေပါင္းမ်ားစြာကို အကုန္က်ခံထားခဲ႔တာျဖစ္ပါတယ္။နာမည္ျကီး ေတြ ကို ေခၚယူထားခဲ႕ေပမယ့္အဂၤလန္ ျပည္တြင္းမွာသာ အုပ္စုိးထားႏိုင္ခဲ႔ျပီး ဥေရာပမွာေတာ့ ခ်န္ပီယံ ဆီမီးဖိုင္နယ္အထိသာ အျမင့္ဆံုးအျဖစ္ေရာက္ရွိထားခဲ႔တာ ျဖစ္ပါတယ္။

သူတို႔ဟာ ၂၀၁၆ ခုႏွစ္မွာ အဆိုပါ အေကာင္းဆံုး မွတ္တမ္းကို ပိုင္ဆိုင္ထားခဲ႔တာျဖစ္ျပီး ၂၀၁၇ ခုႏွစ္မွာေတာ့ မိုနာကို အသင္းကို ပထမအေက်ာ့မွာ ၅-၃ ဂိုးနဲ႕ အႏိုင္ရခဲ႔ေပမယ့္ ဒုတိယအေက်ာ့မွာ ၃-၁ ဂိုးနဲ႕ အေရးနိမ့္ခဲ႔လို႔ ျပိဳင္ပြဲကေန ထြက္ထားခဲ႕ရတာျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္မွာေတာ့ လီဗာပူး အသင္းရဲ႕ ႏွစ္ေက်ာ့ေပါင္း ၅-၁ ဂုိုးနဲ႔ ေနာက္ေကာက္ခ်ျခင္းကို ခံထားခဲ႕ရျပီး ယမန္ႏွစ္တုန္းကလည္း စပါး အသင္းက အေဝးဂိုးနဲ႔ ေက်ာ္ျဖတ္ျခင္းကို ခံထားခဲ႕ရတာျဖစ္ပါတယ္။ နည္းျပျကီး ဂြာဒီယိုလာကေတာ့ ခ်န္ပီယံလိဂ္ မွာ ဗိုလ္မစြဲရင္ လည္း ကုိယ့္ကုိယ္ကိုယ္ေတာ့ သတ္ေသမွာ မဟုတ္ဘူးလို႔ မျကာေသးမီကထုတ္ေျပာထားခဲ႔ပါတယ္။

ဒါေပမယ့္ လည္း ခ်န္ပီယံလိဂ္ဆုဖလားဟာ ဂြာဒီယိုလာ ေကာ မန္စီးတီး တာဝန္ရွိသူေတြပါ အေတာ္ေလး လိုခ်င္ေနျကတယ္ဆိုတာကေတာ့ အားလံုးအသိပဲျဖစ္ပါတယ္။ဒီျပိဳင္ပြဲျကီးမွာ ဗိုလ္စြဲႏိုင္ဖို႔ အတြက္ အုပ္စုအဆင့္ကေန ႏွစ္တိုင္း ေက်ာ္ျဖတ္ႏိုင္ေအာင္ျကိုးစားတာဟာ ပိုေကာင္းတဲ႕ အခြင့္အေရးမ်ိဳး ရရွိေအာင္လုပ္ေဆာင္တာနဲ႔တူတယ္လို႔ စတာလင္က ဆိုလိုက္ပါတယ္။

အင္တာဗ်ဴး တခုမွာ စတာလင္က – ”
က်ြန္ေတာ္တို႕ အသင္း ရွိေနတဲ႔ ဥေရာပ မွာ ဘယ္လုိ အသင္းေတြ ရွိေနတယ္ဆိုတာကို က်ြန္ေတာ္တို႔အားလံုးသိျကပါတယ္။အဲဒီ အသင္းေတြဟာ ထိပ္တန္း အဆင့္ ျပိဳင္ဘက္ေတြ ျဖစ္ပါတယ္။ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲဖို႕ဆိုတာ ဘယ္ေတာ့မွာ လြယ္ကူမွာ မဟုတ္ပါဘူး။က်ြန္ေတာ္တို႔ အေနနဲ႔ ေရွ႔ကိုဆက္သြားေနဖို႔ လိုပါတယ္။အေရး အျကီးဆံုး ကေတာ့ ဒီအုပ္စု အဆင့္ကေန ေက်ာ္လြန္ႏိုင္ဖို႔အတြက္ ျကိုးစားသြားဖို႕ပဲျဖစ္ပါတယ္။

ႏွစ္တိုင္းႏွစ္တိုင္းမွာ ဒါမ်ိဳးကို အျမဲလုပ္ေဆာင္ သြားႏိုင္မယ္ဆိုရင္ေတာ့ ဒီျပိဳင္ပြဲမွာ ဗိုလ္စဲြဖို႕အတြက္ ပိုေကာင္းတဲ႔ အခြင့္အေရး ေတြရရွိပါလိမ့္မယ္။ဒါေျကာင့္လည္း အုပ္စုအဆင့္ကေနေက်ာ္လႊားႏိုင္ဖို႕ လိုျပီး ေနာက္မွ အဲ႔ဒီအေျကာင္းကို စဥ္းစားရမွာျဖစ္ပါတယ္။ဆက္ျပီး အာရံုစုိက္ေနဖို႔ လိုပါတယ္။ ေရွ႔ဆက္ ကစားသြားရမယ့္ ပြဲေတြအမ်ားျကီးရွိျပီး ခက္ခဲမယ္ဆိုတာကို လည္း အားလံုးက သိနားလည္ျကပါတယ္။ဒါေျကာင့္လည္းဆက္သြားေနရမွာျဖစ္ပါတယ္။အခုေတာ့ ဒီအပတ္မွာကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ကိုအာရံုစုိက္ရေတာ့မွာျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

မန္စီးတီးတို႔ ဟာ ဒိုင္နမိုဇာဂရတ္ဘ္နဲ႔ ပြဲစဥ္ မွာ အႏိုင္ရဖို႔ အနည္းငယ္ရုန္းကန္ခဲ႔ရျပီး ပြဲခ်ိန္ ၆၆ မိနစ္ေရာက္မွ အဖြင့္ဂိုး ရခဲ႔တာျဖစ္ပါတယ္။ဒါေပမယ့္ လည္းသူတို႔ အသင္းရဲ႕ ေျခစြမ္းနဲ႔ ကစားပံုေျကာင့္ အႏိုင္ရလဒ္ျဖစ္လာမယ္ဆိုတာကို ေျမျကီးလက္ခတ္ မလြဲသိထားတယ္လို႔ စတာလင္ကဆိုပါတယ္။

ဒီအေျကာင္းကို စတာလင္က – ” က်ြန္ေတာ္တို႕ အခြင့္အေရးေတြအမ်ားျကီး ဖန္တီးႏိုင္ခဲ႕ပါတယ္။ဒီအတိုင္းဆက္ကစားေနရင္ ေနာက္ထပ္ အခြင့္အေရးေတြထပ္ရမယ္ဆိုတာလည္းသိခဲ႔ျကပါတယ္။အသင္းအမ်ားစုမလုပ္ႏိုင္တဲ႔ အာရံုစူးစုိက္မွု၊ တမ္ပိုနဲ႔ အီတီဟတ္ကြင္းျကီးမွာျကုိုးစားေနခဲ႔တာျဖစ္လို႔ ဒီလိုလံုးဝအတိအက်ျဖစ္ခဲ႔တာပါ ” လို႔ေျပာခဲ႔ပါတယ္။

SPORTS MYANMAR