ချယ်လ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် မရှိတာကြောင့် ရှိရင်းစွဲ စီနီယာ ကစားသမား တွေကို လူငယ် ခြေတက် ကစားသမား တွေနဲ့ ရောနှောကာ အသင်းသစ် တသင်း အသွင် နဲ့ ပြုပြင် ကြိုးစားလျက် ရှိပါတယ် ။ ထို့အပြင် ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ် ရဲ့ ဦးဆောင်မှု နဲ့ အတူ တိုက်စစ် အသားပေး ကစားဟန် ကို ဦးတည် လာပါတယ် ။
မနေ့ကပဲ ချန်ပီယံလိဂ် နိုင်ပွဲ စတင် ရရှိ ခဲ့တဲ့ လမ်းပတ် ရဲ့ ချယ်လ်ဆီး အသင်း ဟာ တဖြည်းဖြည်း နဲ့ လမ်းကြောင်းမှန် အပေါ် ရောက်ရှိလို့ လာပါတယ် ။ ပရီးမီးယားလိဂ် မှာလည်း အိမ်ကွင်း နိုင်ပွဲ ၊ Clean Sheet တွေနဲ့ စတင် ထားနိုင်ခဲ့ပါပြီ ။ ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိ ခြေစွမ်း နဲ့ ပုံစံ တွေ အရ ချယ်လ်ဆီး အသင်း ဟာ အနည်းဆုံး အဆင့် ၆ အတွင်းတော့ ဝင်ဖို့ အဆင့်အတန်း ကို ပိုင်ဆိုင် နေပြီ ဖြစ်ပါတယ် ။
ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ ဟောင်း ဂျိုကိုးလ် ကတော့ ၄င်းရဲ့ အသင်းဖော် ဟောင်း ဖရန့် လမ်းပတ် ဦးဆောင် နေတဲ့ ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ အဆင့် ၆ အတွင်း သာမက ၊ အဆင့် ၄ အတွင်း ဝင်ရောက်ဖို့ပါ မျှော်လင့် နိုင်ကြောင်း ၊ အဲ့ဒီ အပြင် ရာသီ အကုန် မှာ ဥရောပ ဝင်ခွင့် ပြိုင်ဖက် အာဆင်နယ် ၊ မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ အထက် မှာလည်း ရပ်တည် နိုင်မယ် လို့ ယုံကြည် နေကြောင်း ဆိုခဲ့ပါတယ် ။
BT Sport ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ် မှာ ဂျိုကိုးလ် က ” ချယ်လ်ဆီး အသင်း ဒီနှစ် ဘောလုံး ရာသီ ပြိုင်ပွဲစုံ ကစားလာတာ ၁၀ ပွဲ အထိ ရှိပါပြီ ။ အဲ့ဒီ မှာ အသင်း ရဲ့ အနေအထား ကို တချက် ကြည့်ကြည့်တော့ ကျွန်တော့ အမြင် အရ သူတို့ဟာ အဆင့် ၆ အတွင်း ဝင်ကို ဝင်နိုင်ပါလိမ့်မယ် ။ နောက်ပြီး လက်ရှိ အခြေအနေ အရ တော့တင်ဟမ် ရော ၊ အာဆင်နယ် ရော ချယ်လ်ဆီး အသင်း အထက် မှာ ရပ်တည် နိုင်မယ် လို့ ကျွန်တော် မထင်မိပါဘူး ။ ”
” ကျွန်တော် တဦးတည်းရဲ့ အမြင် အရ သူတို့ဟာ ဒီရာသီ အကုန် မှာ အဆင့် ၄ အတွင်းတောင် ဝင်ချင် ဝင်သွား နိုင်ပါတယ် ။ အခု ဖရန့် လုပ်ဆောင် နေတဲ့ အရာ တွေက ကစားသမားသစ် ခေါ်ယူခွင့် မရှိလို့ ဖြစ်ပေါ် လာတဲ့ အရာ မဟုတ်ပဲ ၊ ကြိုတင် စီစဉ်ထားတဲ့ အတိုင်း လူငယ် ကစားသမား တွေကို နေရာ ပေးနေတာ ဖြစ်ပါတယ် ။ ဖရန့် ဟာ ဒီ လူငယ် တွေမှာ ဘယ်လို အရည်အသွေးကောင်း တွေ ရှိနေတယ် ဆိုတာ ကောင်းကောင်း သိထားပါတယ် ။ ”
” နောက်ပြီး အပြောင်းအရွှေ့ အပိတ် ခံထားရတာ က သူ့ကို ဒီ လူငယ် ကစားသမား တွေကို လေ့ကျင့်ပေးဖို့ အချိန် ပိုရစေပါတယ် ။ အဲ့ဒီ မှာ ဖရန့် က သူ့ အနေနဲ့ ဒီ လူငယ် တွေဆီကနေ ဘယ်လို အကျိုးအမြတ် တွေ ရအောင် ၊ အသင်း ရဲ့ အဆင့်အတန်း ဘယ်လို တိုးတက်အောင် လုပ်ဆောင် ရမလဲ ဆိုတာ အမြဲ တွေးတော နေမိမှာပါ ။ ဒါတွေဟာ သဘာဝ ဆန်ဆန် ဖြစ်လာသလိုပါပဲ ။ ဖရန့် ဟာ ချယ်လ်ဆီး နည်းပြ ရာထူး ကို ကောင်းကောင်း ကိုင်တွယ် နေနိုင်ပြီ လို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။
ထို့အပြင် မန်ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် ကလည်း ဂျိုကိုးလ် ရဲ့ ပြောဆို သုံးသပ်ချက် ကို ထောက်ခံ ပြောဆို ခဲ့ပြီး ချယ်လ်ဆီး အသင်း ဟာ ဒီရာသီ မှာ အနည်းဆုံး အဆင့် ၆ အတွင်း ဝင်နိုင်မှာ ဖြစ်ကြောင်း ၊ လမ်းပတ် ရဲ့ အရည်အသွေး နဲ့ ရည်မှန်းချက် တွေကြောင့် ချယ်လ်ဆီး အသင်း ဟာ အဆင့် ၄ အတွင်း ဝင်နိုင်ဖို့ ကြိုးစား လာမှာ ဖြစ်ကြောင်း သုံးသပ် ခဲ့ပါတယ် ။
ဖာဒီနန် က ” အဆင့် ၆ အတွင်း ချယ်လ်ဆီး အသင်း ရနိုင်ပါတယ် ။ ဒါပေမယ့် ဖရန့် ကတော့ သူ့ရဲ့ နည်းလမ်း အတိုင်း အဆင့် ၄ အတွင်း ဝင်ဖို့ ကြိုးစားမှာပါ ။ သူဟာ လိုတာထက် ပိုကောင်းတဲ့ မှတ်တမ်း ၊ အောင်မြင်မှု တွေကို အမြဲ ဆာလောင် နေတတ်သူ တဦးပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။
SPORTS MYANMAR
Zawgyi
ဒီနှစ် ဘောလုံး ရာသီ အကုန် ပရီးမီးယားလိဂ် မှာ ချယ်လ်ဆီး အသင်း ဘယ် အဆင့် မှာ ရပ်တည် နေမလဲ ဆိုတာ ခန့်မှန်း ပြောဆိုလိုက်တဲ့ #ဂျိုကိုးလ်
SPORTS MYANMAR