မန်ချက် စတာ စီးတီး အသင်း ဟာ ဒိုင် နမို ဇာဂရက် အသင်း နဲ့ ယှဉ်ပြိုင် ကစား ခဲ့တဲ့ ချန်ပီယံ လိဂ် ပွဲစဉ် အတွင်း ပရိသတ်တွေ ရဲ့ လုပ်ရပ် အတွက် ( ကွင်း အတွင်း ပစ္စည်းများ ပစ်ပေါက် ခြင်း ) UEFA ရဲ့ စွဲချက် တင် ခြင်း ခံထား ရတယ် လို့ သိရ ပါတယ် ။ အဆိုပါ ပွဲ မှာ ဒိုင်နမို ဇာဂရက် ပရိသတ်တွေ ဟာ ထိုင်ခုံ ၁၅၀ ခန့်ကို ဖျက်ဆီး ခဲ့ကြပြီး အဆိုပါ ကိစ္စ အတွက် လည်း ဒိုင်နမို အသင်း ဟာ ပြစ်ဒဏ် ကျခံ ရမယ်လို့ သိရ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် အသင်း ရဲ့ စက်တင်ဘာ လ အတွက် အကောင်းဆုံး ကစား သမား ဆု ကို ကွင်းလယ်လူ မက် တော်မီနေး က ရရှိ သွားခဲ့ တယ် လို့ သိရ ပါတယ် ။

tominay

စပါး အသင်းရဲ့ အကြီး အကဲတွေ ဟာ လက်ရှိ အသင်းရဲ့ အခြေ အနေ တွေ ကြောင့် တိုက်စစ်မှုး ဟယ်ရီ ကိန်း အသင်း ကနေ ထွက်ခွာ သွားမှာ ကို စိုးရိမ် နေကြတယ် လို့ သိရ ပါတယ် ။ ရီးရဲ မက်ဒရစ် ကတော့ စပါး ကွင်းလယ်လူ အဲရစ်ဆင် ကို ဇန်နဝါရီ မှာ ကမ်းလှမ်း ဖို့ ပြင်ဆင် လိမ့်မယ် လို့ သိရ ပါတယ် ။

အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဟာ လာမယ့် နိုင်ငံ တကာ ပွဲစဉ် တွေ ကို ယှဉ်ပြိုင် ကစားဖို့ အတွက် အင်္ဂလန် လူစာရင်း ကို ထုတ်ပြန် ကြေငြာ ခဲ့ပြီး ချဲလ်ဆီး လူငယ် တိုမိုရီ နဲ့ အေဘရာဟမ် တို့ ပါ၀င် လာခဲ့ ကြကာ ဂျက်ဆီ လင်ဂတ် နဲ့ ဒယ်လီ အလီ တို့ ကျန်ရစ် ခဲ့ကြ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ ဘုန်းမောက် တိုက်စစ်မှုး ကလမ် ၀ီလ်ဆင် ကို လည်း ဇန်နဝါရီ အပြောင်း အရွှေ့ အတွင်း ခေါ်ယူမယ့် တိုက်စစ်မှုး ပစ်မှတ် စာရင်းထဲ ထည့်သွင်း ထားတယ် လို့ သိရ ပါတယ် ။

ချဲလ်ဆီး အသင်း နည်းပြ လမ်းပတ် ဟာ ခံစစ် ကို နွေရာသီ မှာ အားဖြည့်ဖို့ စိတ်ကူး နေပြီး မိုနာကို ကစား သမား ဘာဒီယာရှီး ကို စောင့်ကြည့် နေတယ် လို့ သိရ ပါတယ် ။

နယူးကာဆယ် အသင်း ကစား သမား တွေ ဟာ လက်စတာ စီးတီး ကို ၅ ဂိုးပြတ် အရေးနိမ့် ခဲ့တဲ့ ပွဲ က နည်းပြ စတိ ဘရုစ် ရဲ့ နည်းဗျုဟာ တွေ အပေါ် မကျေမနပ် ဖြစ်ခဲ့ ကြတယ်လို့ ကြားသိရ ပါတယ် ။

ဘန်လေ အသင်း နည်းပြ ရှီယန် ဒွိုက်ချ် က အသင်းရဲ့ တိုက်စစ် သမား ဂျေး ရိုဒရီဂွက် ရဲ့ အင်တာမီလန် အသင်း ကို ပြောင်းရွှေ့ နိုင်တယ် ဆိုတဲ့ သတင်းတွေ ကို ဘယ်ကနေ ရောက်လာမှန်း မသိပါဘူး လို့ ပြောဆို သွားခဲ့ ပါတယ် ။

အာဂျင်တီးနား ဘောလုံး အဖွဲ့ချုပ် ဟာ လက်ရွေးစင် အသင်း ခေါင်းဆောင် လီယွန်နယ် မက်ဆီ ရဲ့ နိုင်ငံ တကာ ပွဲ ၄ ပွဲ ပယ် အပြစ်ဒဏ် အတွက် အယူခံ ၀င်ခဲ့ ပေမယ့် ပယ်ချ ခံခဲ့ရ တယ်လို့ ကြားသိရ ပါတယ် ။

ရီးရဲ ဆိုဆီဒက် ကို အငှား ထွက် ကစားပြီး ခြေစွမ်းပြ နေတဲ့ မာတင် အိုဒီဂတ် ကတော့ သူ ဟာ ဆိုဆီဒက် မှာ ၂ နှစ် လောက် ဆက် ကစားပြီး မှ ရီးရဲ ကို ပြန်ဖို့ အစီအစဉ် ရှိ ပါတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

၀က်စ်ဟမ်း နည်းပြ ပယ်လီဂရီနီ ကတော့ ဂိုး သမား ဖေဘီယံ စကီး ရဲ့ ဒဏ်ရာ အနေ အထား အတွက် ကလပ် အသင်းရဲ့ ဆရာဝန် တွေ ဆီက ဆုံးဖြတ်ချက် ကို စောင့်ဆိုင်း နေပြီး ခွဲစိတ်မှု မပြုလုပ် ရဖို့ မျှော်လင့် ထားတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

အင်တာ ရဲ့ ချန်ပီယံ လိဂ် အုပ်စု ပွဲ မှာ မပါ၀င် နိုင်ခဲ့တဲ့ တိုက်စစ်မှုး လူကာကူ ဟာ ယူဗင်တပ် နဲ့ ကစား ရမယ့် အရေးပါ တဲ့ စီးရီးအေ ပွဲစဉ် မှာ တော့ ပြန်လည် ပါ၀င် လာဖို့ ရှိတယ် လို့ ကြားသိရ ပါတယ် ။

SPORTS MYANMAR

Zawgyi

ယနေ့ အတွက် နောက်ဆုံးရ အားကစား သတင်းများ

============================================








ဘန်လေ အသင်း နည်းပြ ရှီယန် ဒွိုက်ခ်ျ က အသင်းရဲ့ တိုက်စစ် သမား ဂျေး ရိုဒရီဂွက် ရဲ့ အင်တာမီလန် အသင်း ကို ပြောင်းရွှေ့ နိုင်တယ် ဆိုတဲ့ သတင်းတွေ ကို ဘယ်ကနေ ရောက်လာမှန်း မသိပါဘူး လို့ ပြောဆို သွားခဲ့ ပါတယ် ။





SPORTS MYANMAR