ဂါရက်ဆောက်ဂိတ်ဟာ အဲလက်စ် အောက်စလိိတ်ချိန်ဘာလိန် ၊ ဂျယ်စီလင်ဂတ် နဲ့ ဒယ်လီအလီ တို့ကို သူနောက်ဆုံး ရွေးချယ် ခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် အသင်း ရဲ့ လူစာရင်း ကနေ ချန်လှပ်ထားခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကာကွယ် ပြောဆိုလိုက်ပြီး အဆိုပါ ကစားသမား ၃ ဦးစလုံးဟာ သူ့ရဲ့ အကြောင်းပြချက်ကို နားလည် လိမ့်မယ််လို့ ယုံကြည် နေပါတယ်။

ဖီကာယို တိုမိုရီဟာ လာမည့်လ ချက် ၊ ဘူဂေးရီးယား တို့နဲ့ ကစားရမယ့် အင်္ဂလန်ရဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲတွေ အတွက် ပထမဆုံး ရွေးချယ်ခံခဲ့ ရပြီး ၎င်းရဲ့ ချဲလ်ဆီး အသင်းဖော် တမ်မီ အေဗရာဟမ်ကလည်း ဂါရက်ဆောက်ဂိတ်ရဲ့ ၂၃ ဦး လူစာရင်းမှာ ပါ၀င်လာခဲ့ ပါတယ်။ အခြား တစ်ဖက်မှာ ဆို၇င်လည်း အဲဗာတန် အတွက် ပုံစံကောင်း ပြသနေတဲ့ ကွင်းလယ်လူ ဖေဘီယန်ဒဲဖ် ပါ၀င်လာခဲ့ပေမယ့် မန်ချက်စတာစီးတီး နဲ့ မန်ချက်စတာယူနိုက်တက် ညာနောက်ခံလူတွေ ဖြစ်တဲ့ ကိုင်းဝေါ်ကာ နဲ့ အာရွမ်ဝမ်ဘစ်ဆာကာ တို့ကတော့ ပါ၀င် လာခဲ့ခြင်း မရှိခဲ့ပါဘူး။

ပရိတ်သတ်တွေကို အံ့အားသင့်စေ ခဲ့တာကတော့ ကြံ့ခိုင်မှု ပြည့်ဝ နေတဲ့ အခါ အင်္ဂလန် ရဲ့ လူစာရင်းမှာ အမြဲလိုလို ပါ၀င်လေ့ ရှိတဲ့ အောက်စလိိတ်ချိန်ဘာလိန် ၊ ဂျယ်စီလင်ဂတ် နဲ့ ဒယ်လီအလီ တို့ မပါလာခဲ့တာပဲ ဖြစ်ပါတယ်။ အောက်စလိိတ်ချိန်ဘာလိန်ဟာ ဒဏ်ရာ ကနေ ပြန်လာ နိုင်ခဲ့ပြီးနောက် ဒီရာသီ လီဗာပူးမှာ ပွဲကစားခွင့် ရဖို့ အတွက် ရုန်းကန် နေခဲ့ရပြီး ၊ ဂျယ်စီလင်ဂတ် ကလည်း သွင်းဂိုးကော ဂိုးဖန်တီးမှုပါ မလုပ်နိုင်တာ အတော်ကြာနေပြီ ဖြစ်သလို ဒယ်လီအလီ ကလည်း ဒဏ်ရာတွေနဲ့ ရုန်းကန် နေခဲ့ ရပါတယ်။

ဆောက်ဂိတ်က “အဲလက်စ်ဟာ ဒီရာသီ ပွဲအချို့သာ ကစားခွင့် ရထား ခဲ့ပါတယ်။ ဒါဟာ ဒယ်လီ လို ပုံစံမျိုးပါ။ သူတို့ဟာ ဒီရာသီမှာ တောက်လျှောက် ကစား နေရခြင်း မရှိခဲ့ပါဘူး။ ဂျယ်စီ ကတော့ အနည်းငယ် ခက်ခဲတဲ့ အချိန်တွေ ကြုံနေရတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦး အနေနဲ့ ကျွန်တော်တို့ဟာ သွင်းဂိုးတွေ ဂိုးဖန်တီးမှု တွေနဲ့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။

နေရာတစ်နေရာ အတွက် ပြိုင်ဆိုင်မှုဟာ လွန်ခဲ့တဲ့ ၁၈ လကထက် အများကြီး ပိုမို မြင့်မား နေပါပြီ။ ဂျယ်စီဟာ အင်္ဂလန်ရဲ့ လူစာရင်းမှာ ပြန်လည် ပါ၀င် လာနိုင်တဲ့ နောက်ထပ် ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဒီကစားသမား အားလုံးဟာ ကျွန်တော် ဘာကြောင့် ဒီလို ဆုံးဖြတ်ချက်တွေ ချမှတ် ခဲ့သလဲ ဆိုတာကို နားလည် ပါလိမ့်မယ်။” လို့ ဆိုသွား ပါတယ်။

ဆောက်ဂိတ်ဟာ ရဲ့ ကစားသမား ရွေးချယ်မှု ပေါ်လစီဟာ ဂုဏ်ထက် စာရင် ပုံစံကောင်း ပြသမှုကို ဦးစားပေးကာ ရွေးချယ်လေ့ ရှိပြီး ဒါကို ၎င်းရဲ့ အသင်းမှာ လူငယ်ကြယ်ပွင့် တွေနဲ့ အတွေ့အကြံုရင့် ကစားသမားတွေ ပေါင်းစပ် ထားတာကို ကြည့်ရင် သိနိုင်ပါတယ်။

ဆောက်ဂိတ်က “ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ် ခဲ့ရပါတယ်။ ဒါဟာ ပုံစံကောင်း ပြသနေတဲ့ ကစားသမားတွေ အများကြီး ပါ၀င်တဲ့ စိတ်လှုပ်ရှား စရာ အသင်းပါ။ လူငယ်ကစားသမားတွေရဲ့ တိုးတက်မှုပိုင်းကို အာရုံစိုက် ထားသလို အတွေ့အကြံုရှိ ကစားသမားတွေနဲ့လည်း ပေါင်းစပ် ထားပါတယ်။” လို့ ပြောခဲ့ပါတယ်။

ဝေါ်ကာကို ဆက်လက် မရွေးချယ်ခဲ့တာနဲ့ ပက်သက်ပြီး ဆောက်ဂိတ်က “ကျွန်တော် ပြီးခဲ့တဲ့ လကတည်းက ပြောထားခဲ့ ပြီးသားပါ။ ကျွန်တော်တို့ အခြား နောက်တန်း အစွန်လူတွေကို ကြည့်ချင်လို့ ဒီလို လုပ်ခဲ့တယ် ဆိုတာကိုပါ။ ကိုင်းဟာ အခြားသူတွေထက် အနည်းငယ် ပိုမို ခံစစ် ကစားပါတယ်။ ဒါပေမယ့် အခြား ကောင်လေးတွေဟာ အရမ်းကောင်းအောင် ကစား နေကြပါတယ်။

ကိုင်းရဲ့ ကစားပုံ ညံ့နေလို့ မဟုတ်ပါဘူး။ ဒီနေရာမှာ ပြိုင်ဆိုင်မှုတွေ အတော် များပါတယ်။ ကျွန်တော်တို့ အပြောင်းအလဲ မလုပ်ဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်း အတွက် ကျွန်တော်တို့ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ် ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒ့ါကြောင့် ကျွန်တော်တို့ သူတို့နဲ့ ဆက်သွားဖို့ လိုပါတယ်။’ လို့ ဆိုလိုက်ပါတယ်။

အင်္ဂလန်ရဲ့ လူစာရင်း

England Squad Goalkeepers: Tom Heaton (Aston Villa), Jordan Pickford (Everton), Nick Pope (Burnley) Defenders: Trent Alexander-Arnold (Liverpool), Ben Chilwell (Leicester), Joe Gomez (Liverpool), Michael Keane (Everton), Harry Maguire (Manchester United), Tyrone Mings (Aston Villa), Danny Rose (Tottenham), Fikayo Tomori (Chelsea), Kieran Trippier (Atletico Madrid) Midfielders: Ross Barkley (Chelsea), Fabian Delph (Everton), Jordan Henderson (Liverpool), James Maddison (Leicester), Mason Mount (Chelsea), Declan Rice (West Ham), Harry Winks (Tottenham) Forwards: Tammy Abraham (Chelsea), Harry Kane (Tottenham), Marcus Rashford (Manchester United), Jadon Sancho (Borussia Dortmund), Raheem Sterling (Manchester City), Callum Wilson (Bournemouth)

SM

Unicode

လင္ဂတ္ ၊ ေအာက္စလိတ္ခ်ိန္ဘာလိန္ နဲ႕ ဒယ္လီအလီ တုိ႕ကို အဂၤလန္ လက္ေရြးစင္ အသင္းမွာ ဘာေၾကာင့္ မေရြးခ်ယ္ ခဲ့သလဲဆုိတာ ရွင္းျပလိုက္တဲ့ ဂါရက္ေဆာက္ဂိတ္

ဂါရက္ေဆာက္ဂိတ္ဟာ အဲလက္စ္ ေအာက္စလိိတ္ခ်ိန္ဘာလိန္ ၊ ဂ်ယ္စီလင္ဂတ္ နဲ႕ ဒယ္လီအလီ တုိ႕ကို သူေနာက္ဆံုး ေရြးခ်ယ္ ခဲ့တဲ့ အဂၤလန္ လက္ေရြးစင္ အသင္း ရဲ႕ လူစာရင္း ကေန ခ်န္လွပ္ထားခဲ့တဲ့ ဆံုးျဖတ္ခ်က္ကို ကာကြယ္ ေျပာဆုိလိုက္ျပီး အဆိုပါ ကစားသမား ၃ ဦးစလံုးဟာ သူ႕ရဲ႕ အေၾကာင္းျပခ်က္ကို နားလည္ လိမ့္မယ္္လို႕ ယံုၾကည္ ေနပါတယ္။

ဖီကာယို တုိမိုရီဟာ လာမည့္လ ခ်က္ ၊ ဘူေဂးရီးယား တုိ႕နဲ႕ ကစားရမယ့္ အဂၤလန္ရဲ႕ ယူရို ၂၀၂၀ ေျခစစ္ပြဲေတြ အတြက္ ပထမဆံုး ေရြးခ်ယ္ခံခဲ့ ရျပီး ၎ရဲ႕ ခ်ဲလ္ဆီး အသင္းေဖာ္ တမ္မီ ေအဗရာဟမ္ကလည္း ဂါရက္ေဆာက္ဂိတ္ရဲ႕ ၂၃ ဦး လူစာရင္းမွာ ပါ၀င္လာခဲ့ ပါတယ္။ အျခား တစ္ဖက္မွာ ဆုိ၇င္လည္း အဲဗာတန္ အတြက္ ပံုစံေကာင္း ျပသေနတဲ့ ကြင္းလယ္လူ ေဖဘီယန္ဒဲဖ္ ပါ၀င္လာခဲ့ေပမယ့္ မန္ခ်က္စတာစီးတီး နဲ႕ မန္ခ်က္စတာယူနုိက္တက္ ညာေနာက္ခံလူေတြ ျဖစ္တဲ့ ကုိင္းေ၀ၚကာ နဲ႕ အာရြမ္၀မ္ဘစ္ဆာကာ တုိ႕ကေတာ့ ပါ၀င္ လာခဲ့ျခင္း မရွိခဲ့ပါဘူး။

ပရိတ္သတ္ေတြကို အံ့အားသင့္ေစ ခဲ့တာကေတာ့ ၾကံ့ခုိင္မွဳ ျပည့္၀ ေနတဲ့ အခါ အဂၤလန္ ရဲ႕ လူစာရင္းမွာ အျမဲလိုလို ပါ၀င္ေလ့ ရွိတဲ့ ေအာက္စလိိတ္ခ်ိန္ဘာလိန္ ၊ ဂ်ယ္စီလင္ဂတ္ နဲ႕ ဒယ္လီအလီ တုိ႕ မပါလာခဲ့တာပဲ ျဖစ္ပါတယ္။ ေအာက္စလိိတ္ခ်ိန္ဘာလိန္ဟာ ဒဏ္ရာ ကေန ျပန္လာ ႏိုင္ခဲ့ျပီးေနာက္ ဒီရာသီ လီဗာပူးမွာ ပြဲကစားခြင့္ ရဖုိ႕ အတြက္ ရုန္းကန္ ေနခဲ့ရျပီး ၊ ဂ်ယ္စီလင္ဂတ္ ကလည္း သြင္းဂိုးေကာ ဂိုးဖန္တီးမွဳပါ မလုပ္ႏုိင္တာ အေတာ္ၾကာေနျပီ ျဖစ္သလို ဒယ္လီအလီ ကလည္း ဒဏ္ရာေတြနဲ႕ ရုန္းကန္ ေနခဲ့ ရပါတယ္။

ေဆာက္ဂိတ္က “အဲလက္စ္ဟာ ဒီရာသီ ပြဲအခ်ိဳ႕သာ ကစားခြင့္ ရထား ခဲ့ပါတယ္။ ဒါဟာ ဒယ္လီ လို ပံုစံမ်ိဳးပါ။ သူတုိ႕ဟာ ဒီရာသီမွာ ေတာက္ေလွ်ာက္ ကစား ေနရျခင္း မရွိခဲ့ပါဘူး။ ဂ်ယ္စီ ကေတာ့ အနည္းငယ္ ခက္ခဲတဲ့ အခ်ိန္ေတြ ၾကံဳေနရတယ္လို႕ ကၽြန္ေတာ္ ထင္ပါတယ္။ ကြင္းလယ္ တုိက္စစ္ ကစားသမား တစ္ဦး အေနနဲ႕ ကၽြန္ေတာ္တုိ႕ဟာ သြင္းဂိုးေတြ ဂိုးဖန္တီးမွဳ ေတြနဲ႕ ဆံုးျဖတ္တာ ျဖစ္ပါတယ္။

ေနရာတစ္ေနရာ အတြက္ ျပိဳင္ဆုိင္မွဳဟာ လြန္ခဲ့တဲ့ ၁၈ လကထက္ အမ်ားၾကီး ပိုမို ျမင့္မား ေနပါျပီ။ ဂ်ယ္စီဟာ အဂၤလန္ရဲ႕ လူစာရင္းမွာ ျပန္လည္ ပါ၀င္ လာႏိုင္တဲ့ ေနာက္ထပ္ ကစားသမား တစ္ဦး ျဖစ္ပါတယ္။ ဒီကစားသမား အားလံုးဟာ ကၽြန္ေတာ္ ဘာေၾကာင့္ ဒီလို ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ ခဲ့သလဲ ဆုိတာကို နားလည္ ပါလိမ့္မယ္။” လို႕ ဆုိသြား ပါတယ္။

ေဆာက္ဂိတ္ဟာ ရဲ႕ ကစားသမား ေရြးခ်ယ္မွု ေပၚလစီဟာ ဂုဏ္ထက္ စာရင္ ပံုစံေကာင္း ျပသမွဳကို ဦးစားေပးကာ ေရြးခ်ယ္ေလ့ ရွိျပီး ဒါကို ၎ရဲ႕ အသင္းမွာ လူငယ္ၾကယ္ပြင့္ ေတြနဲ႕ အေတြ႕အၾကံဳရင့္ ကစားသမားေတြ ေပါင္းစပ္ ထားတာကို ၾကည့္ရင္ သိႏိုင္ပါတယ္။

ေဆာက္ဂိတ္က “ခက္ခဲတဲ့ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ ခဲ့ရပါတယ္။ ဒါဟာ ပံုစံေကာင္း ျပသေနတဲ့ ကစားသမားေတြ အမ်ားၾကီး ပါ၀င္တဲ့ စိတ္လွဳပ္ရွား စရာ အသင္းပါ။ လူငယ္ကစားသမားေတြရဲ႕ တုိးတက္မွဳပိုင္းကို အာရံုစုိက္ ထားသလို အေတြ႕အၾကံဳရွိ ကစားသမားေတြနဲ႕လည္း ေပါင္းစပ္ ထားပါတယ္။” လို႕ ေျပာခဲ့ပါတယ္။

ေ၀ၚကာကုိ ဆက္လက္ မေရြးခ်ယ္ခဲ့တာနဲ႕ ပက္သက္ျပီး ေဆာက္ဂိတ္က “ကၽြန္ေတာ္ ျပီးခဲ့တဲ့ လကတည္းက ေျပာထားခဲ့ ျပီးသားပါ။ ကၽြန္ေတာ္တုိ႕ အျခား ေနာက္တန္း အစြန္လူေတြကို ၾကည့္ခ်င္လို႕ ဒီလို လုပ္ခဲ့တယ္ ဆုိတာကိုပါ။ ကိုင္းဟာ အျခားသူေတြထက္ အနည္းငယ္ ပိုမို ခံစစ္ ကစားပါတယ္။ ဒါေပမယ့္ အျခား ေကာင္ေလးေတြဟာ အ၇မ္းေကာင္းေအာင္ ကစား ေနၾကပါတယ္။

ကိုင္းရဲ႕ ကစားပံု ညံ့ေနလို႕ မဟုတ္ပါဘူး။ ဒီေနရာမွာ ျပိဳင္ဆုိင္မွဳေတြ အေတာ္ မ်ားပါတယ္။ ကၽြန္ေတာ္တုိ႕ အေျပာင္းအလဲ မလုပ္ဖို႕ ဆံုးျဖတ္ခ်က္ ခ်ခဲ့ပါတယ္။ ျပီးခဲ့တဲ့ ႏွစ္ပိုင္း အတြက္ ကၽြန္ေတာ္တုိ႕ ေကာင္းမြန္တဲ့ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ ခဲ့တယ္လို႕ ကၽြန္ေတာ္ ထင္ပါတယ္။ ဒ့ါေၾကာင့္ ကၽြန္ေတာ္တုိ႕ သူတုိ႕နဲ႕ ဆက္သြားဖို႕ လိုပါတယ္။’ လို႕ ဆုိလိုက္ပါတယ္။

အဂၤလန္ရဲ႕ လူစာရင္း

England Squad Goalkeepers: Tom Heaton (Aston Villa), Jordan Pickford (Everton), Nick Pope (Burnley) Defenders: Trent Alexander-Arnold (Liverpool), Ben Chilwell (Leicester), Joe Gomez (Liverpool), Michael Keane (Everton), Harry Maguire (Manchester United), Tyrone Mings (Aston Villa), Danny Rose (Tottenham), Fikayo Tomori (Chelsea), Kieran Trippier (Atletico Madrid) Midfielders: Ross Barkley (Chelsea), Fabian Delph (Everton), Jordan Henderson (Liverpool), James Maddison (Leicester), Mason Mount (Chelsea), Declan Rice (West Ham), Harry Winks (Tottenham) Forwards: Tammy Abraham (Chelsea), Harry Kane (Tottenham), Marcus Rashford (Manchester United), Jadon Sancho (Borussia Dortmund), Raheem Sterling (Manchester City), Callum Wilson (Bournemouth)

SM