ဥေရာပရဲ႕ မက္ေမာစရာ အေကာင္းဆံုး ဆုဖလားျကီးျဖစ္တဲ႔ခ်န္ပီယံလိဂ္ ေအာင္ျမင္မွဳကို ၃ႏွစ္ရရွိထားခဲ႔တဲ႔ ရီးရဲလ္ အသင္းဟာ အခုႏွစ္မွာေတာ့ ဖလားလက္မဲ႔ရာသီတခုကို ျဖတ္သန္းရေတာ့ မွာျဖစ္ပါတယ္။ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ မွာ ေအဂ်က္ အသင္းကို ဘာေနဗ်ဴး မွာ ဂိုးျပတ္ အေရးနိမ့္ခဲ႔ရတဲ႔ ရီးရဲလ္အသင္းဟာ လာလီဂါ ျပိဳင္ပြဲမွာ လည္း ထိပ္ဆံုးက ဘာစီလိုနာ အသင္းနဲ႔ ၁၆ မွတ္အကြာအဆင့္ ၃ေနရာအထိ က်ေရာက္ေနတာျဖစ္ပါတယ္။

ဒီရာသီမွာ နည္းျပ အေျပာင္းအလဲ ၂ျကိမ္အထိ ျပဳလုပ္ထားခဲ႔ေပမယ့္ ထူးမလာ ခဲ႔တာေျကာင့္ လည္း ေနာက္ဆံုး မွာနည္းျပ ေဟာင္းျကီး ဇီဒန္း ကိုျပန္လည္ တာဝန္ေပးထားခဲ့ရပါတယ္။ဒီီရာသီမွာ ျပည္တြင္းေကာ ဥေရာပမွာပါ အေျခအေနဆိုးခဲ႔တဲ႔ ရီးရဲလ္ တို႔ဟာ ေႏြရာသီ ေစ်းကြက္ အတြင္း မွာ အသင္းကို အားျဖည့္မွဳေတြ အေျမာက္အမ်ားျပဳလုပ္သြားဖို႔ရွိေနတာလည္းျဖစ္ပါတယ္။

ခ်ဲဆီးလ္ အသင္းရဲ႕ အသက္ ၂၈ႏွစ္အရြယ္ ကြင္းလယ္လူ ဟာဇက္ ဟာရီးရဲလ္ အသင္းရဲ႕ ဦးစားေပး ပစ္မွတ္ေတြ ထဲက တဦးျဖစ္ျပီးတေက်ာ့ျပန္ နည္းျပျကီး ဇီဒန္း ရဲ႕ စိတ္ျကိုက္ ကစားသမား တဦးလည္းျဖစ္ပါတယ္။အခုခ်ိန္မွာေတာ့ ဒီဘယ္ဂ်ီယံသားကို ျမင့္မားတဲ႕ လစာေငြ တရပ္ နဲ႔ကမ္းလွမ္းသြားဖို႔ရွိေနတယ္ဆိုတဲ႔ သတင္းေတြထပ္မံထြက္ေပၚလာတာလည္းျဖစ္ပါတယ္။

ဟာဇက္ ဟာ ခ်ဲဆီးလ္ အသင္းနဲ႔ အနာဂတ္ကို အဆံုးသတ္ဖို႔ ဆႏၵရွိေနတာျဖစ္ျပီး လတ္တေလာ မွာေတာ့ သူ႔အသင္းဟာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ နဲ႔ ယူရိုပါလိဂ္ ျပိဳင္ပြဲေတြအတြက္ အေရးျကီးတဲ႔ အခိုက္အတန္႔ကို ေရာက္ရွိေနတာျဖစ္ပါတယ္။

The Sun သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ ခ်ဲဆီးလ္ အသင္းဟာ ဟာဇက္ကို ေပါင္သန္း ၁၀၀ ဝန္းက်င္နဲ႔ ကမ္းလွမ္း လာပါက လက္ခံစဥ္းစားဖြယ္ရွိေနျပီး အခုရာသီကုန္ မွာ ေရာင္းထုတ္ဖြယ္ရွိေနတယ္ လို႔သိရပါတယ္။

ဒါ့အျပင္ ရီးရဲလ္ အသင္း ဟာ ဒီဘယ္ဂ်ီယံသား ကို တပတ္လုပ္ခေပါင္ ၄သိန္း ( အခြန္ေဆာင္ျပီး ) အထိ ေပးေခ်ေခၚယူဖို႕ဆႏၵရွိေနျပီး ၊ တႏွစ္လ်င္ လစာေပါင္ သန္း ၂၀ ေက်ာ္သံုးစြဲဖို႕ရွိေနတာျဖစ္တယ္လို႔ လည္း အဆိုပါ သတင္းစာက အခိုင္အမာဆိုပါတယ္။

ဟာဇက္ ဟာဒီရာသီ ခ်ဲဆီးလ္ အသင္းရဲ႕ အဓိက ကစားသမား တဦး ျဖစ္ျပီး လိဂ္ပြဲ ၃၄ ပြဲကစားအျပီး မွာသြင္းဂိုး ၁၆ဂိုးနဲ႕ ဂိုးဖန္တီးမွဳ ၁၃ ျကိမ္ စြမ္းေဆာင္ေပးထားႏိုင္ခဲ႔ပါတယ္။သူဟာ ၂၀၁၂ ခုႏွစ္မွာ လိုင္လီ အသင္းကေန ေရာက္လာ ခဲ႔တာျဖစ္ျပီး ထိုအခ်ိန္ကစတင္ျပီး ပရီးမီးယားလိဂ္ ခ်န္ပီယံ ဆု ၂ျကိမ္၊FAဖလား ၊ လိဂ္ဖလား (EFL Cup ) နဲ႔ ယူရိုပါလိဂ္ဖလားတလံုးစီ ရယူထားႏိုင္ခဲ႕ပါတယ္။

ရီးရဲလ္ အသင္းကေတာ့ ျပီးခဲ႔တဲ႔ႏွစ္ခ်န္ပီယံလိဂ္ေအာင္ျမင္မွဳေျကာင့္ ဝင္ခြင့္ရခဲ႔တဲ႔ ကလပ္ကမၻာ့ဖလား တခုသာ ဒီရာသီရဲ႕ ေအာင္ျမင္မွဳ ဆုဖလားအျဖစ္ ရရွိထားခဲ႔တာျဖစ္ပါတယ္။

Unicode

ဟာဇက်ကို မြင့်မားတဲ့ လစာငွေတရပ်နဲ့ ရီးရဲလ် အသင်းက ထပ်မံကမ်းလှမ်းလိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်နေ
=================================

ဥရောပရဲ့ မက်မောစရာ အကောင်းဆုံး ဆုဖလားကြီးဖြစ်တဲ့ချန်ပီယံလိဂ် အောင်မြင်မှုကို ၃နှစ်ရရှိထားခဲ့တဲ့ ရီးရဲလ် အသင်းဟာ အခုနှစ်မှာတော့ ဖလားလက်မဲ့ရာသီတခုကို ဖြတ်သန်းရတော့ မှာဖြစ်ပါတယ်။ချန်ပီယံလိဂ် ပြိုင်ပွဲ မှာ အေဂျက် အသင်းကို ဘာနေဗျူး မှာ ဂိုးပြတ် အရေးနိမ့်ခဲ့ရတဲ့ ရီးရဲလ်အသင်းဟာ လာလီဂါ ပြိုင်ပွဲမှာ လည်း ထိပ်ဆုံးက ဘာစီလိုနာ အသင်းနဲ့ ၁၆ မှတ်အကွာအဆင့် ၃နေရာအထိ ကျရောက်နေတာဖြစ်ပါတယ်။

ဒီရာသီမှာ နည်းပြ အပြောင်းအလဲ ၂ကြိမ်အထိ ပြုလုပ်ထားခဲ့ပေမယ့် ထူးမလာ ခဲ့တာကြောင့် လည်း နောက်ဆုံး မှာနည်းပြ ဟောင်းကြီး ဇီဒန်း ကိုပြန်လည် တာဝန်ပေးထားခဲ့ရပါတယ်။ဒီီရာသီမှာ ပြည်တွင်းကော ဥရောပမှာပါ အခြေအနေဆိုးခဲ့တဲ့ ရီးရဲလ် တို့ဟာ နွေရာသီ စျေးကွက် အတွင်း မှာ အသင်းကို အားဖြည့်မှုတွေ အမြောက်အများပြုလုပ်သွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။

ချဲဆီးလ် အသင်းရဲ့ အသက် ၂၈နှစ်အရွယ် ကွင်းလယ်လူ ဟာဇက် ဟာရီးရဲလ် အသင်းရဲ့ ဦးစားပေး ပစ်မှတ်တွေ ထဲက တဦးဖြစ်ပြီးတကျော့ပြန် နည်းပြကြီး ဇီဒန်း ရဲ့ စိတ်ကြိုက် ကစားသမား တဦးလည်းဖြစ်ပါတယ်။အခုချိန်မှာတော့ ဒီဘယ်ဂျီယံသားကို မြင့်မားတဲ့ လစာငွေ တရပ် နဲ့ကမ်းလှမ်းသွားဖို့ရှိနေတယ်ဆိုတဲ့ သတင်းတွေထပ်မံထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

ဟာဇက် ဟာ ချဲဆီးလ် အသင်းနဲ့ အနာဂတ်ကို အဆုံးသတ်ဖို့ ဆန္ဒရှိနေတာဖြစ်ပြီး လတ်တလော မှာတော့ သူ့အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေအတွက် အရေးကြီးတဲ့ အခိုက်အတန့်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ချဲဆီးလ် အသင်းဟာ ဟာဇက်ကို ပေါင်သန်း ၁၀၀ ဝန်းကျင်နဲ့ ကမ်းလှမ်း လာပါက လက်ခံစဉ်းစားဖွယ်ရှိနေပြီး အခုရာသီကုန် မှာ ရောင်းထုတ်ဖွယ်ရှိနေတယ် လို့သိရပါတယ်။

ဒါ့အပြင် ရီးရဲလ် အသင်း ဟာ ဒီဘယ်ဂျီယံသား ကို တပတ်လုပ်ခပေါင် ၄သိန်း ( အခွန်ဆောင်ပြီး ) အထိ ပေးချေခေါ်ယူဖို့ဆန္ဒရှိနေပြီး ၊ တနှစ်လျင် လစာပေါင် သန်း ၂၀ ကျော်သုံးစွဲဖို့ရှိနေတာဖြစ်တယ်လို့ လည်း အဆိုပါ သတင်းစာက အခိုင်အမာဆိုပါတယ်။

ဟာဇက် ဟာဒီရာသီ ချဲဆီးလ် အသင်းရဲ့ အဓိက ကစားသမား တဦး ဖြစ်ပြီး လိဂ်ပွဲ ၃၄ ပွဲကစားအပြီး မှာသွင်းဂိုး ၁၆ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။သူဟာ ၂၀၁၂ ခုနှစ်မှာ လိုင်လီ အသင်းကနေ ရောက်လာ ခဲ့တာဖြစ်ပြီး ထိုအချိန်ကစတင်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဆု ၂ကြိမ်၊FAဖလား ၊ လိဂ်ဖလား (EFL Cup ) နဲ့ ယူရိုပါလိဂ်ဖလားတလုံးစီ ရယူထားနိုင်ခဲ့ပါတယ်။

ရီးရဲလ် အသင်းကတော့ ပြီးခဲ့တဲ့နှစ်ချန်ပီယံလိဂ်အောင်မြင်မှုကြောင့် ဝင်ခွင့်ရခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား တခုသာ ဒီရာသီရဲ့ အောင်မြင်မှု ဆုဖလားအဖြစ် ရရှိထားခဲ့တာဖြစ်ပါတယ်။