Unicode

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက ယူရို ပါလိဂ် အဝေး ကွင်း ပွဲစဉ် အဖြစ် အေဇက် အယ်လ်ခမာ အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့ ရပြီး ဂိုး မရှိ ၊ သရေ ရလဒ် ဆိုတဲ့ စိတ်ပျက်ဖွယ် ပွဲစဉ် တစ်ပွဲ ကိုသာ ပိုင်ဆိုင် ထားခဲ့ ရ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ ဆိုးလ်ရှား ဟာ တိုက်စစ် ပိုင်း အတွက် မာဆွန် ဂရင်းဝုဒ် နဲ့ အိန်ဂျယ် ဂိုးမက်စ် ၊ ဘယ် ခံစစ် နေရာ အတွက် မျက်နှာသစ် ကစားသမား လေး ဘရန်ဒန် ဝီလီယံ တို့ကို ထည့်သွင်း ကစား စေခဲ့ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် အသင်း ကတော့ ပြိုင်ဖက် ဂိုး သမား ကို ရင်ခုန်မှု အနည်းငယ် တောင် မပေး နိုင်ခဲ့ ကြ ပါဘူး ။ တစ်ဖက် မှာတော့ ပြိုင်ဖက် အယ်လ်ခမာ အသင်း ဖက်က တောင် ဒီဂီယာ ကို စိတ်လှုပ်ရှား မုှတွေ ပေးခဲ့ ပါ သေးတယ် ။

အဆိုပါ ပွဲစဉ် မှာ ယူနိုက်တက် ကစားသမား သုံးဦး အထိ စွမ်းဆောင်ရည် ဆိုးရွား ခဲ့ကြ ပါတယ် ။ ဒီ ပွဲစဉ် မှ ယူနိုက်တက် ကစားသမား တွေရဲ့ စွမ်းဆောင်ရည် ကို ဖော်ပြ ပေးလိုက် ပါတယ် ။

ဒီဂီယာ ( 7 )

ကောင်းမွန် တဲ့ ဂိုးပေါက် ကာကွယ်မှု တွေကို ပြုလုပ် သွားနိုင် ခဲ့ပြီး ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ ပါတယ် ။

ဒီယိုဂို ဒါးလော့ ( 4 )

ပြိုင်ဖက် အသင်း မှ သူ့ဖက် က ထိုးဖောက် မှုတွေ ပြုလုပ် ခဲ့ကြတာ ကို မကာကွယ် နိုင်ခဲ့တဲ့ အပြင် တိုက်စစ်ပိုင်း ကစား ရာမှာ လည်း ဘောလုံး ပေးပို့ မှုတွေ ညံ့ဖျင်း ခဲ့ ပါတယ် ။

ဗစ်တာ လင်ဒီလော့ဖ် ( 6 )

ပွဲစဉ် အတွင်း အန္တာရာယ် ဖြစ်စေ နိုင်မယ့် ဘောလုံး တွေကို ရှင်းထုတ် နိုင်ခဲ့ ပြီး ပွဲစဉ် ကို အကောင်းဆုံး ဖတ်ရှု သွားနိုင် ခဲ့ ပါတယ် ။

မာကို့စ် ရိုဟို ( 5 )

ဒီနေ့ ပွဲစဉ် မှာ ဗဟို ခံစစ် ကစားသမား အဖြစ် ပြန်လည် ပါဝင် ခွင့် ရရှိ ထား ခဲ့တဲ့ ရိုဟို ဟာ အရေး ပါတဲ့ ဘောလုံး ပိတ်ဆို့မှု တွေနဲ့ ဘောလုံး ရှင်းထုတ်မှု အချို့ ပြုလုပ် နိုင်ခဲ့ ပေမယ့် ကစားပုံ အနည်းငယ် လျော့တိလျော့ရဲ ဖြစ်နေ ခဲ့ ပါတယ် ။

ဘရန်ဒန် ဝီလီယံ ( 6 )

အသင်း အတွက် ပထမဆုံး အကြိမ် ပွဲထွက် ကစားသမား အဖြစ် ပါဝင် ခဲ့ရ ပေမယ့် ခံစစ် ကစားပုံ ကောင်းမွန် သလို တိုက်စစ် ကိုလည်း ပံ့ပိုး ပေးနိုင် ခဲ့ ပါတယ် ။ အတွေ့အကြုံ ၊ စီနီယာ အသင်း နဲ့ အံဝင် လာတဲ့ အခါ မှာ ပိုကောင်းလာ နိုင်မယ့် အလား အလာ တွေကို ပြသ ခဲ့ ပါတယ် ။

နီမန်ဂျာ မာတစ် ( 3 )

ဘောလုံး တလွဲ ပေးတာ တွေ များပြား ခဲ့ပြီး လေးလံ နေခဲ့ သလို ကွင်းလယ် ကို လွှမ်းမိုး နိုင်မှု လည်း မရှိ ခဲ့ ပါဘူး ။

ဖရက်ဒ် ( 3 )

ကွင်းထဲ ပြေးလွှား ကစား နေခဲ့ ပေမယ့် ဘောလုံး ပေးပို့ မှု အလွဲတွေ များပြား ခဲ့ သလို တိုက်စစ် ဆင်နိုင် ခြင်းလည်း မရှိခဲ့ ပါဘူး ။

ဟွမ် မာတာ ( 3 )

သူ အသင်း အတွက် ဘာတွေ လုပ်ပေး နိုင်ခဲ့ သလဲ ဆိုတာ တောင် ထူးထူးခြားခြား ပြောစရာ မရှိ ခဲ့ ပါဘူး ။ ဘောလုံး ကိုင် ကစား တာ ကောင်းမွန် ခဲ့ ပေမယ့် သူ လုပ်ပြ နိုင်တာ အဲ့တာ ပဲ ရှိခဲ့ ပါတယ် ။

အိန်ဂျယ် ဂိုးမက်စ် ( 4 )

အခွင့် အရေး ကောင်း အချို့ ရရှိ ခဲ့ ပေမယ့် အလွဲလွဲ အချော်ချော် ဖြစ်ခဲ့ ရ ပါတယ် ။ ကောင်းမွန် တဲ့ ကစား အား ပြသ ခဲ့ ပေမယ့် တိုက်စစ် ပိုင်းမှာ သိပ်ပြီး အကျိုး မပြု နိုင်ခဲ့ ပါဘူး ။

ဒန်နီယယ် ဂျိမ်းစ် ( 5 )

ဂရင်းဝုဒ် အတွက် ကောင်းမွန် တဲ့ ဘောလုံး ပေးပို့ မှု ပြုလုပ် နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ပံ့ပိုး နိုင်မှု နည်းပါး ခဲ့ သလို တိုက်စစ် အတွက် ထူးခြား မှု မပြုလုပ် နိုင်တာ ကြောင့် ရပ်ရှ်ဖို့ နဲ့ လူစား လဲခံ ခဲ့ရ ပါတယ် ။

မာဆွန် ဂရင်းဝုဒ် ( 4 )

ပရိသတ် တွေရဲ့ မျှော်လင့်ချက်ထား စောင့်ကြည့်ခြင်း ခံခဲ့ ရပေမယ့် ဒီ တစ်ကြိမ် မှာ ဂိုးကံ ခေခဲ့ ပါတယ် ။ အဖိုးတန် တဲ့ အခွင့် အရေး တစ်ကြိမ် ကိုလည်း ပထမပိုင်း မှာ အသုံး မချ နိုင်ခဲ့ ပါဘူး ။

လူစားဝင် ကစားသမား များ …

ရပ်ရှ်ဖို့ ( 5 )
လင်ဂတ် ( 5 )
တော်မီနေး ( ပွဲ ကစား ချိန် မလုံလောက် ခဲ့ )

#Sports_Myanmar

Zawgyi

ဆိုးဆိုးရြားရြား Rating ပိုင္ဆုိင္သူ သံုးဦး အထိ ပါဝင္ခဲ့ ၾကတဲ့ အယ္လ္ခမာ 0 – 0 ယူနုိက္တက္ ပြဲစဥ္ မွ ယူနုိက္တက္ ကစား သမား ေတြရဲ့ စြမ္းေဆာင္ရည္မ်ား

===================

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ မေန့ ညက ယူရို ပါလိဂ္ အေဝး ကြင္း ပြဲစဥ္ အျဖစ္ ေအဇက္ အယ္လ္ခမာ အသင္း နဲ့ ရင္ဆုိင္ ကစား ခဲ့ ရျပီး ဂိုး မရွိ ၊ သေရ ရလဒ္ ဆုိတဲ့ စိတ္ပ်က္ဖြယ္ ပြဲစဥ္ တစ္ပြဲ ကိုသာ ပိုင္ဆုိင္ ထားခဲ့ ရ ပါတယ္ ။

အဆုိပါ ပြဲစဥ္ မွာ ဆုိးလ္ရွား ဟာ တုိက္စစ္ ပိုင္း အတြက္ မာဆြန္ ဂရင္းဝုဒ္ နဲ့ အိန္ဂ်ယ္ ဂိုးမက္စ္ ၊ ဘယ္ ခံစစ္ ေနရာ အတြက္ မ်က္နွာသစ္ ကစားသမား ေလး ဘရန္ဒန္ ဝီလီယံ တုိ့ကို ထည့္သြင္း ကစား ေစခဲ့ ပါတယ္ ။

ဒါေပမယ့္ ယူနုိက္တက္ အသင္း ကေတာ့ ျပိဳင္ဖက္ ဂိုး သမား ကို ရင္ခုန္မွဳ အနည္းငယ္ ေတာင္ မေပး နုိင္ခဲ့ ၾက ပါဘူး ။ တစ္ဖက္ မွာေတာ့ ျပိဳင္ဖက္ အယ္လ္ခမာ အသင္း ဖက္က ေတာင္ ဒီဂီယာ ကို စိတ္လွဳပ္ရွား မဳွေတြ ေပးခဲ့ ပါ ေသးတယ္ ။

အဆုိပါ ပြဲစဥ္ မွာ ယူနုိက္တက္ ကစားသမား သံုးဦး အထိ စြမ္းေဆာင္ရည္ ဆုိးရြား ခဲ့ၾက ပါတယ္ ။ ဒီ ပဲြစဥ္ မွ ယူနုိက္တက္ ကစားသမား ေတြရဲ့ စြမ္းေဆာင္ရည္ ကို ေဖာ္ျပ ေပးလိုက္ ပါတယ္ ။

ဒီဂီယာ ( 7 )

ေကာင္းမြန္ တဲ့ ဂိုးေပါက္ ကာကြယ္မွဳ ေတြကို ျပဳလုပ္ သြားနုိင္ ခဲ့ျပီး ပြဲစဥ္ ရဲ့ အေကာင္းဆံုး ကစားသမား ျဖစ္ခဲ့ ပါတယ္ ။

ဒီယုိဂို ဒါးေလာ့ ( 4 )

ျပိဳင္ဖက္ အသင္း မွ သူ့ဖက္ က ထုိးေဖာက္ မွဳေတြ ျပဳလုပ္ ခဲ့ၾကတာ ကို မကာကြယ္ နုိင္ခဲ့တဲ့ အျပင္ တုိက္စစ္ပိုင္း ကစား ရာမွာ လည္း ေဘာလံုး ေပးပို့ မွဳေတြ ညံ့ဖ်င္း ခဲ့ ပါတယ္ ။

ဗစ္တာ လင္ဒီေလာ့ဖ္ ( 6 )

ပြဲစဥ္ အတြင္း အႏၲာရာယ္ ျဖစ္ေစ နိုင္မယ့္ ေဘာလံုး ေတြကို ရွင္းထုတ္ နုိင္ခဲ့ ျပီး ပြဲစဥ္ ကို အေကာင္းဆံုး ဖတ္ရွဳ သြားနုိင္ ခဲ့ ပါတယ္ ။

မာကို့စ္ ရိုဟို ( 5 )

ဒီေန့ ပြဲစဥ္ မွာ ဗဟို ခံစစ္ ကစားသမား အျဖစ္ ျပန္လည္ ပါဝင္ ခြင့္ ရရွိ ထား ခဲ့တဲ့ ရိုဟို ဟာ အေရး ပါတဲ့ ေဘာလံုး ပိတ္ဆို႔မွဳ ေတြနဲ့ ေဘာလံုး ရွင္းထုတ္မွဳ အခ်ိဳ့ ျပဳလုပ္ နုိင္ခဲ့ ေပမယ့္ ကစားပံု အနည္းငယ္ ေလ်ာ့တိေလ်ာ့ရဲ ျဖစ္ေန ခဲ့ ပါတယ္ ။

ဘရန္ဒန္ ဝီလီယံ ( 6 )

အသင္း အတြက္ ပထမဆံုး အၾကိမ္ ပြဲထြက္ ကစားသမား အျဖစ္ ပါဝင္ ခဲ့ရ ေပမယ့္ ခံစစ္ ကစားပံု ေကာင္းမြန္ သလို တုိက္စစ္ ကိုလည္း ပံ့ပိုး ေပးနုိင္ ခဲ့ ပါတယ္ ။ အေတြ့အၿကံဳ ၊ စီနီယာ အသင္း နဲ့ အံဝင္ လာတဲ့ အခါ မွာ ပိုေကာင္းလာ နုိင္မယ့္ အလား အလာ ေတြကို ျပသ ခဲ့ ပါတယ္ ။

နီမန္ဂ်ာ မာတစ္ ( 3 )

ေဘာလံုး တလြဲ ေပးတာ ေတြ မ်ားျပား ခဲ့ျပီး ေလးလံ ေနခ့ဲ သလို ကြင္းလယ္ ကို လႊမ္းမိုး နုိင္မွဳ လည္း မရွိ ခဲ့ ပါဘူး ။

ဖရက္ဒ္ ( 3 )

ကြင္းထဲ ေျပးလႊား ကစား ေနခဲ့ ေပမယ့္ ေဘာလံုး ေပးပို့ မွဳ အလြဲေတြ မ်ားျပား ခဲ့ သလို တုိက္စစ္ ဆင္နုိင္ ျခင္းလည္း မရွိခဲ့ ပါဘူး ။

ဟြမ္ မာတာ ( 3 )

သူ အသင္း အတြက္ ဘာေတြ လုပ္ေပး နုိင္ခဲ့ သလဲ ဆုိတာ ေတာင္ ထူးထူးျခားျခား ေျပာစရာ မရွိ ခဲ့ ပါဘူး ။ ေဘာလံုး ကိုင္ ကစား တာ ေကာင္းမြန္ ခဲ့ ေပမယ့္ သူ လုပ္ျပ နုိင္တာ အဲ့တာ ပဲ ရွိခဲ့ ပါတယ္ ။

အိန္ဂ်ယ္ ဂိုးမက္စ္ ( 4 )

အခြင့္ အေရး ေကာင္း အခ်ိဳ့ ရရွိ ခဲ့ ေပမယ့္ အလြဲလြဲ အေခ်ာ္ေခ်ာ္ ျဖစ္ခဲ့ ရ ပါတယ္ ။ ေကာင္းမြန္ တဲ့ ကစား အား ျပသ ခဲ့ ေပမယ့္ တုိက္စစ္ ပိုင္းမွာ သိပ္ျပီး အက်ိဳး မျပဳ နုိင္ခဲ့ ပါဘူး ။

ဒန္နီယယ္ ဂ်ိမ္းစ္ ( 5 )

ဂရင္းဝုဒ္ အတြက္ ေကာင္းမြန္ တဲ့ ေဘာလံုး ေပးပို့ မွဳ ျပဳလုပ္ နုိင္ခဲ့ ပါတယ္ ။ ဒါေပမယ့္ ပံ့ပိုး နုိင္မွဳ နည္းပါး ခဲ့ သလို တုိက္စစ္ အတြက္ ထူးျခား မွဳ မျပဳလုပ္ နုိင္တာ ေၾကာင့္ ရပ္ရွ္ဖုိ့ နဲ့ လူစား လဲခံ ခဲ့ရ ပါတယ္ ။

မာဆြန္ ဂရင္းဝုဒ္ ( 4 )

ပရိသတ္ ေတြရဲ့ ေမ်ွာ္လင့္ခ်က္ထား ေစာင့္ၾကည့္ျခင္း ခံခဲ့ ရေပမယ့္ ဒီ တစ္ၾကိမ္ မွာ ဂိုးကံ ေခခဲ့ ပါတယ္ ။ အဖုိးတန္ တဲ့ အခြင့္ အေရး တစ္ၾကိမ္ ကိုလည္း ပထမပိုင္း မွာ အသံုး မခ် နုိင္ခဲ့ ပါဘူး ။

လူစားဝင္ ကစားသမား မ်ား …

ရပ္ရွ္ဖုိ့ ( 5 )
လင္ဂတ္ ( 5 )
ေတာ္မီေနး ( ပြဲ ကစား ခ်ိန္ မလံုေလာက္ ခဲ့ )

#Sports_Myanmar