စပါး အသင္းဟာ 1962 ခုႏွစ္ ေနာက္ပိုင္း ၊ သူတို႔ရဲ႕ သမုိင္းေၾကာင္း တစ္ေလွ်ာက္ ပထမဆံုး အၾကိမ္ ခ်န္ပီယံလိဂ္ ဆီးမီးဖိုင္နယ္ ပြဲစဥ္ကို ေရွ႕တစ္ပတ္ထဲမွာ စတင္ ယွဥ္ျပိဳင္ ကစားရေတာ့မွာ ျဖစ္ပါတယ္။

အားထားရတဲ့ တုိက္စစ္ ကစားသမား ဆြန္ေယာင္မင္ ကေတာ့ အဲဒီပြဲကို ပြဲပယ္ ျပစ္ဒဏ္ေၾကာင့္ လြဲေခ်ာ္ရမွာ ျဖစ္ျပီး ၊ အဲဒီ အေၾကာင္း ေတြးမိတိုင္း အရမ္း ၀မ္းနည္းေနမိတယ္လို႔ ၀န္ခံ သြားခဲ့ ပါတယ္။

စပါးဟာ ကြာတားဖိုင္နယ္ အဆင့္မွာ ဒီရာသီမွာ ဗိုလ္စြဲဖို႔ ေရပန္း အစားဆံုး အသင္း တစ္သင္း ျဖစ္တဲ့ မန္စီးတီး အသင္းနဲ႔ ထိပ္တိုက္ ေတြ႔ဆံုခဲ့တာ ျဖစ္ျပီး ၊ ႏွစ္ေက်ာ့ေပါင္း ရလာဒ္ 4-4 ထြက္ ေပၚခဲ့ကာ ၊ အေ၀းကြင္း ဂိုးစည္းမ်ဥ္းနဲ႔ ဒီအဆင့္ကို တက္ေရာက္ လာခဲ့တာ ျဖစ္ပါတယ္။ အဲဒီ သြင္းဂိုးေတြထဲက 3 ဂိုး ကိုေတာ့ ဆြန္ တစ္ဦးထဲက သြင္းယူခဲ့တာ ျဖစ္ျပီး ၊ အိမ္ကြင္းမွာ 1 ဂိုး နဲ႔ အေ၀းကြင္းမွာ 2 ဂိုး သြင္းယူ ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

သို႔ေသာ္ ဆြန္ဟာ ဒုတိယ အေက်ာ့ ကစားခဲ့တဲ့ ပြဲစဥ္မွာ ဒီဘရိုင္းဆီက ေဘာလံုးကို ဖ်က္ထုတ္ရင္း အ၀ါကဒ္ ျပသခံခဲ့ရပါတယ္။ အဲဒီ အ၀ါကဒ္ဟာ ဒီရာသီ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ အတြင္း ၊ သူ႔အတြက္ တတိယ ေျမာက္ အ၀ါကဒ္ ျပသခံခဲ့ရတာ ျဖစ္တာေၾကာင့္ ၊ 1 ပြဲ ပယ္ ျပစ္ဒဏ္ က်ခံရေတာ့မွာ ျဖစ္ပါတယ္။

သူဟာ အုပ္စုတြင္း ယွဥ္ျပိဳင္ ကစာခဲ့စဥ္က အိမ္ကြင္းပြဲစဥ္ေတြ ျဖစ္တဲ့ အင္တာမီလန္ ၊ ပီအက္စ္ဗြီ အသင္းတို႔ နဲ႔ ကစားခဲ့ ဒုတိယ ပိုင္းေတြမွာ အ၀ါကဒ္ ေတြ ျပသခံခဲ့ရပါတယ္။ဒီကေန႔မွာ ျပဳလုပ္ခဲ့တဲ့ လန္ဒန္က အင္တာဗ်ဴး တစ္ခုမွာေတာ့ ဆြန္က ” က်ေနာ္က အေကာင္းျမင္ သမားပါ ၊ အဆိုးေတြ ၾကံဳလာတိုင္းလဲ အေကာင္းဘက္ ကေန ျမင္ႏိုင္ေအာင္ အျမဲတမ္း ၾကိဳးစားေလ့ ရွိပါတယ္။

ဒါေပမယ့္ ခ်န္ပီယံလိဂ္ အၾကိဳဗိုလ္လုပြဲ ပထမ အေက်ာ့ လြဲေခ်ာ္ ရမယ့္ အေၾကာင္းေတြးမိတုိင္း အရမ္း ၀မ္းနည္းတယ္ဗ်ာ။ စိတ္လဲ စိတ္ပ်က္မိပါတယ္။ အဲဒီပြဲေရာက္ရင္ ၊ ပဲြဲၾကည့္စဥ္ေပၚကေန စိတ္လႈပ္ရွားဆံုး နဲ႔ ၾကည့္ျဖစ္ေနမယ့္ သူက က်ေနာ္ပဲ ျဖစ္မွာပါ။ ဒါေပမယ့္ က်ေနာ့္ ကစားေဖာ္ေတြ ကို ယံုၾကည္သလုိ ၊ ဒီကြင္းသစ္ ၾကီးနဲ႔ စပါး ပရိသတ္ေတြ အေပၚကို ယံုၾကည္မႈ အျပည့္ရွိျပီးသားပါ။

ေလာေလာဆယ္ က်ေနာ့္ အတြက္ အေရးအၾကီးဆံုးက ဒီတစ္ပတ္မွာ ကစားမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ အႏိုင္ 3 မွတ္ ရေအာင္ ယူေပးျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ ေသခ်ာေစဖို႔ပါပဲ ။ ျပီးမွ ခ်န္ပီယံလိဂ္ အေၾကာင္း ျပင္ဆင္ၾကမွာပါ။

က်ေနာ္ကေတာ့ ေဘာလံုးကို အရူးအမူး ျဖစ္တဲ့ သူမို႔ ၊ ပြဲတိုင္းကို ကစားခြင့္ရခ်င္တာပါ။ ခ်န္ပီယံလိဂ္ အၾကိဳဗိုလ္လုပြဲၾကီး ကိုလဲ ကစားခ်င္တာပဲေလ။ ဒီပြဲဟာ က်ေနာ့္ အတြက္ေရာ ၊ ကလပ္အတြက္ ပါ ပထမဆံုး ပြဲမို႔ ပိုျပီးေတာ့ စိတ္လႈပ္ရွားမိပါတယ္။ ဒါေပမယ့္ ရလာဒ္ေကာင္း တစ္ခုေတာ့ ေပၚထြက္လာမွာပါ” လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

စပါးဟာ သူတို႔ရဲ႕ သမိုင္းေၾကာင္း တစ္ေလွ်ာက္ ဆီမီးဖိုင္နယ္ အဆင့္ဟာ အျမင့္ဆံုး စြမ္းေဆာင္ရည္ ျဖစ္ျပီး ၊ ဗိုလ္လုပြဲၾကီးဆီကို တစ္ၾကိမ္ တစ္ခါမွ တက္ေရာက္ ႏိုင္ခဲ့ျခင္း မရွိခဲ့ဖူး ပါဘူး။

Unicode

ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ကို လွဲချော်ရမှာကြောင့် အရမ်းကို ၀မ်းနည်းနေမိတယ်လို့ ၀န်ခံသွားရှာတဲ့ #ဆွန်

*******************************************************************

စပါး အသင်းဟာ 1962 ခုနှစ် နောက်ပိုင်း ၊ သူတို့ရဲ့ သမိုင်းကြောင်း တစ်လျှောက် ပထမဆုံး အကြိမ် ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ပွဲစဉ်ကို ရှေ့တစ်ပတ်ထဲမှာ စတင် ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။

အားထားရတဲ့ တိုက်စစ် ကစားသမား ဆွန်ယောင်မင် ကတော့ အဲဒီပွဲကို ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်ရမှာ ဖြစ်ပြီး ၊ အဲဒီ အကြောင်း တွေးမိတိုင်း အရမ်း ၀မ်းနည်းနေမိတယ်လို့ ၀န်ခံ သွားခဲ့ ပါတယ်။

စပါးဟာ ကွာတားဖိုင်နယ် အဆင့်မှာ ဒီရာသီမှာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်း တစ်သင်း ဖြစ်တဲ့ မန်စီးတီး အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံခဲ့တာ ဖြစ်ပြီး ၊ နှစ်ကျော့ပေါင်း ရလာဒ် 4-4 ထွက် ပေါ်ခဲ့ကာ ၊ အဝေးကွင်း ဂိုးစည်းမျဉ်းနဲ့ ဒီအဆင့်ကို တက်ရောက် လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သွင်းဂိုးတွေထဲက 3 ဂိုး ကိုတော့ ဆွန် တစ်ဦးထဲက သွင်းယူခဲ့တာ ဖြစ်ပြီး ၊ အိမ်ကွင်းမှာ 1 ဂိုး နဲ့ အဝေးကွင်းမှာ 2 ဂိုး သွင်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။

သို့သော် ဆွန်ဟာ ဒုတိယ အကျော့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒီဘရိုင်းဆီက ဘောလုံးကို ဖျက်ထုတ်ရင်း အဝါကဒ် ပြသခံခဲ့ရပါတယ်။ အဲဒီ အဝါကဒ်ဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ အတွင်း ၊ သူ့အတွက် တတိယ မြောက် အဝါကဒ် ပြသခံခဲ့ရတာ ဖြစ်တာကြောင့် ၊ 1 ပွဲ ပယ် ပြစ်ဒဏ် ကျခံရတော့မှာ ဖြစ်ပါတယ်။

သူဟာ အုပ်စုတွင်း ယှဉ်ပြိုင် ကစာခဲ့စဉ်က အိမ်ကွင်းပွဲစဉ်တွေ ဖြစ်တဲ့ အင်တာမီလန် ၊ ပီအက်စ်ဗွီ အသင်းတို့ နဲ့ ကစားခဲ့ ဒုတိယ ပိုင်းတွေမှာ အဝါကဒ် တွေ ပြသခံခဲ့ရပါတယ်။ဒီကနေ့မှာ ပြုလုပ်ခဲ့တဲ့ လန်ဒန်က အင်တာဗျူး တစ်ခုမှာတော့ ဆွန်က ” ကျနော်က အကောင်းမြင် သမားပါ ၊ အဆိုးတွေ ကြုံလာတိုင်းလဲ အကောင်းဘက် ကနေ မြင်နိုင်အောင် အမြဲတမ်း ကြိုးစားလေ့ ရှိပါတယ်။

ဒါပေမယ့် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ပထမ အကျော့ လွဲချော် ရမယ့် အကြောင်းတွေးမိတိုင်း အရမ်း ၀မ်းနည်းတယ်ဗျာ။ စိတ်လဲ စိတ်ပျက်မိပါတယ်။ အဲဒီပွဲရောက်ရင် ၊ ပွဲဲကြည့်စဉ်ပေါ်ကနေ စိတ်လှုပ်ရှားဆုံး နဲ့ ကြည့်ဖြစ်နေမယ့် သူက ကျနော်ပဲ ဖြစ်မှာပါ။ ဒါပေမယ့် ကျနော့် ကစားဖော်တွေ ကို ယုံကြည်သလို ၊ ဒီကွင်းသစ် ကြီးနဲ့ စပါး ပရိသတ်တွေ အပေါ်ကို ယုံကြည်မှု အပြည့်ရှိပြီးသားပါ။

လောလောဆယ် ကျနော့် အတွက် အရေးအကြီးဆုံးက ဒီတစ်ပတ်မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ အနိုင် 3 မှတ် ရအောင် ယူပေးပြီး ချန်ပီယံလိဂ် ၀င်ခွင့် သေချာစေဖို့ပါပဲ ။ ပြီးမှ ချန်ပီယံလိဂ် အကြောင်း ပြင်ဆင်ကြမှာပါ။

ကျနော်ကတော့ ဘောလုံးကို အရူးအမူး ဖြစ်တဲ့ သူမို့ ၊ ပွဲတိုင်းကို ကစားခွင့်ရချင်တာပါ။ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲကြီး ကိုလဲ ကစားချင်တာပဲလေ။ ဒီပွဲဟာ ကျနော့် အတွက်ရော ၊ ကလပ်အတွက် ပါ ပထမဆုံး ပွဲမို့ ပိုပြီးတော့ စိတ်လှုပ်ရှားမိပါတယ်။ ဒါပေမယ့် ရလာဒ်ကောင်း တစ်ခုတော့ ပေါ်ထွက်လာမှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

စပါးဟာ သူတို့ရဲ့ သမိုင်းကြောင်း တစ်လျှောက် ဆီမီးဖိုင်နယ် အဆင့်ဟာ အမြင့်ဆုံး စွမ်းဆောင်ရည် ဖြစ်ပြီး ၊ ဗိုလ်လုပွဲကြီးဆီကို တစ်ကြိမ် တစ်ခါမှ တက်ရောက် နိုင်ခဲ့ခြင်း မရှိခဲ့ဖူး ပါဘူး။