Unicode

ချယ်လ်ဆီး အသင်း ရဲ့ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ဟာ ယခုနှစ် ဘောလုံး ရာသီ ဖရန့် လမ်းပတ် လက်အောက် မှာ လူစားဝင် ကစားခွင့်ပင် မရပဲ ဖြစ်နေလျက် ရှိပါတယ် ။ အထူးသဖြင့် လမ်းပတ် ရဲ့ မြန်နှုန်းမြင့် ကစားကွက် မှာ အတော်လေး အဆင်ပြေအောင် ကစား နိုင်တဲ့ အပြင် သွင်းဂိုး အများအပြား သွင်းပြီး ခြေစွမ်း ပြထားနိုင်တဲ့ အေဘရာဟမ် ကြောင့် ဂျရူး အတွက် ပွဲထွက်ခွင့် ရဖို့ ပိုရုန်းကန် နေရပါတယ် ။

ရာသီ အစ လက်စတာ နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၊ လီဗာပူး အသင်း နဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲစဉ် တွေမှာပဲ ဂျရူး တယောက် ပွဲထွက်ခွင့် တွေ ရခဲ့ပါတယ် ။ အဲ့ဒီနောက် အေဘရာဟမ် က ချယ်လ်ဆီး အသင်း ရဲ့ အထောင် တိုက်စစ် ပွဲထွက်ခွင့် ကို ခြွင်းချက် မရှိ ရယူ လာနိုင်ခဲ့ပါတယ် ။ အခုလို အေဘရာဟမ် ရဲ့ ပိုပြီး ခြေစွမ်း ပြနေတဲ့ အနေအထား ကြောင့် ဂျရူး လို ဝါရင့် တိုက်စစ်မှူး တယောက် အတွက် ချယ်လ်ဆီး လို အသင်း မှာ ကစားဖို့ အနာဂတ် မှေးမှိန် လာပြီ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ လိုင်လီ အသင်း နဲ့ ပွဲစဉ် မှာ အေဘရာဟမ် ဟာ ၄င်း အတွက် နဲ့ ချယ်လ်ဆီး အသင်း အတွက် ပထမဆုံး ချန်ပီယံလိဂ် သွင်းဂိုး ကို ရရှိခဲ့တာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုတက် လာရပါတယ် ။ ဂျရူး ကတော့ ဒီနှစ် ဘောလုံး ရာသီ အကုန် မှာ ချယ်လ်ဆီး အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ကာ သူ့ အနေနဲ့ ဥရောပ က ကလပ် အသင်း တချို့ ရဲ့ ကမ်းလှမ်းမှု ၊ မေဂျာလိဂ် ကလပ် တွေရဲ့ ကမ်းလှမ်းမှု ကို စောင့်ဆိုင်း သွားဖွယ် ရှိနေပါတယ် ။

မနေ့က ပြင်သစ် သတင်း L’Equipe နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာတော့ ဂျရူး က လက်ရှိ မှာ အေဘရာဟမ် ဟာ ချယ်လ်ဆီး အသင်း အတွက် အသင့်လျော်ဆုံး နဲ့ လိုက်ဖက်မှု အရှိဆုံး တိုက်စစ်မှူး တဦး ဖြစ်ကြောင်း ၊တမ်မီ ကို ပွဲထွက်ခွင့် ပိုပေးတာဟာ အသင်း အတွက်ရော ၊ တမ်မီ အတွက်ပါ အကျိုး ရှိစေကြောင်း နဲ့ အရင် ကလည်း ပွဲထွက်ခွင့် တွေ ရုန်းကန် ရဖူးတာကြောင့် ပုံမှန် ပွဲထွက်ခွင့် မရတာ အခက်အခဲ မဟုတ်ကြောင်း ဖွင့်ဟ ခဲ့ပါတယ် ။

ဂျရူး က ” ဟုတ်ကဲ့ ။ ကျွန်တော် အဆင်ပြေ နေပါတယ် ။ ကျွန်တော် ဟာ အရင် ကတည်းက ခက်ခဲတဲ့ အချိန် ၊ အခိုက်အတန့် တွေကို ကျော်ဖြတ် ခဲ့ဖူးပါတယ် ။ ဒါကြောင့်မို့ အခုလို ပွဲကစားခွင့် တွေ မရတာ က ကျွန်တော့ အတွက် အဆန်း မဟုတ်တော့ပါဘူး ။ အခု အချိန် မှာ တမ်မီလေး ဟာ ရေပေါ်မှာ လမ်းလျှောက် နိုင်တဲ့ အနေအထား ကို ပိုင်ဆိုင် နေပါပြီ ။ ”

” နားထောင် ၊ ပုံမှန် ပွဲထွက်ခွင့် ရတဲ့ အထောင် တိုက်စစ်မှူး တယောက် အဖြစ် အောင်မြင်ဖို့ ဆိုတာ လွယ်တာ မဟုတ်ပါဘူး ။ နောက်ပြီး အောင်မြင် နေတဲ့ အထောင် တိုက်စစ်မှူး တယောက် ရဲ့ အရှိန်အဝါ ကလည်း ကျဖို့ မလွယ်ပါဘူး ။ ကျွန်တော် ဟာ ပွဲထွက်ခွင့် တွေ အတွက် စိတ်ရှည်မှု ရှိပါတယ် ။ လေ့ကျင့်ရေး အစီအစဉ် တွေမှာ အကောင်းဆုံး လေ့ကျင့် ပေးနေပါတယ် ။ ”

” ကိုယ့်ရဲ့ ခံယူချက် နဲ့ စိတ်ဓာတ်ပိုင်း က အကောင်းဖက်မှာ ရှိနေဖို့ လိုပါတယ် ။ ဒီနှစ် ဘောလုံး ရာသီ မှာ ကျွန်တော် တို့ဟာ ပွဲ အများကြီး ကစားရဖို့ ရှိပါသေးတယ် ။ ပြီးခဲ့တဲ့ အပတ် က ကျွန်တော် ဟာ ဗိုင်းရပ်စ်ပိုး တမျိုးကြောင့် အဖျား ဝေဒနာ ခံစား ခဲ့ရပြီး ပွဲစဉ် ၃ပွဲ အထိ လွဲချော် ခဲ့ရပါတယ် ။ ဒီ ဗိုင်းရပ်စ် ဟာ ကျွန်တော့ ကို အိပ်ရာ ထဲမှာ လဲနေရတဲ့ အထိ ကို ဆိုးရွား စေခဲ့ပါတယ် ။ ”

” အခုတော့ ကျွန်တော် ပြန်သက်သာ နေပါပြီ ။ နည်းပြ ဟာ တမ်မီ ကို အသုံးပြု ရတာ ပိုပြီး ကြိုက်နှစ်သက်ပါတယ် ။ ဒါဟာ ကလပ် အသင်း အတွက် အကျိုး ရှိတဲ့ ရွေးချယ်မှု တခုပါ ။ ဒီလို လုပ်ခြင်း အားဖြင့် ကျွန်တော် တို့ အချင်းချင်း ပွဲထွက်ခွင့် အတွက် ပိုပြီး ပြိုင်ဆိုင်လိုစိိတ် တွေ ဖြစ်ပေါ် လာစေပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

ေအဘရာဟမ္ ေၾကာင့္ ပြဲထြက္ခြင့္ ေတြ ေပ်ာက္ဆံုး ေနရတဲ့ အေပၚ သူ႕ရဲ႕ ခံစားခ်က္ တခ်ိဳ႕ ကို ဖြင့္ဟလာတဲ့ #ဂ်ရူး

ခ်ယ္လ္ဆီး အသင္း ရဲ႕ ဝါရင့္ တိုက္စစ္မွဴး အိုလီဗီယာ ဂ်ရူး ဟာ ယခုႏွစ္ ေဘာလံုး ရာသီ ဖရန္႕ လမ္းပတ္ လက္ေအာက္ မွာ လူစားဝင္ ကစားခြင့္ပင္ မရပဲ ျဖစ္ေနလ်က္ ရွိပါတယ္ ။ အထူးသျဖင့္ လမ္းပတ္ ရဲ႕ ျမန္ႏႈန္းျမင့္ ကစားကြက္ မွာ အေတာ္ေလး အဆင္ေျပေအာင္ ကစား ႏိုင္တဲ့ အျပင္ သြင္းဂိုး အမ်ားအျပား သြင္းျပီး ေျခစြမ္း ျပထားႏိုင္တဲ့ ေအဘရာဟမ္ ေၾကာင့္ ဂ်ရူး အတြက္ ပြဲထြက္ခြင့္ ရဖို႕ ပိုရုန္းကန္ ေနရပါတယ္ ။

ရာသီ အစ လက္စတာ နဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ ၊ လီဗာပူး အသင္း နဲ႕ ဥေရာပ စူပါဖလား ဗိုလ္လုပြဲစဥ္ ေတြမွာပဲ ဂ်ရူး တေယာက္ ပြဲထြက္ခြင့္ ေတြ ရခဲ့ပါတယ္ ။ အဲ့ဒီေနာက္ ေအဘရာဟမ္ က ခ်ယ္လ္ဆီး အသင္း ရဲ႕ အေထာင္ တိုက္စစ္ ပြဲထြက္ခြင့္ ကို ျခြင္းခ်က္ မရွိ ရယူ လာႏိုင္ခဲ့ပါတယ္ ။ အခုလို ေအဘရာဟမ္ ရဲ႕ ပိုျပီး ေျခစြမ္း ျပေနတဲ့ အေနအထား ေၾကာင့္ ဂ်ရူး လို ဝါရင့္ တိုက္စစ္မွဴး တေယာက္ အတြက္ ခ်ယ္လ္ဆီး လို အသင္း မွာ ကစားဖို႕ အနာဂတ္ ေမွးမွိန္ လာျပီ ျဖစ္ပါတယ္ ။

ျပီးခဲ့တဲ့ လိုင္လီ အသင္း နဲ႕ ပြဲစဥ္ မွာ ေအဘရာဟမ္ ဟာ ၄င္း အတြက္ နဲ႕ ခ်ယ္လ္ဆီး အသင္း အတြက္ ပထမဆံုး ခ်န္ပီယံလိဂ္ သြင္းဂိုး ကို ရရွိခဲ့တာေၾကာင့္ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ ပိုတက္ လာရပါတယ္ ။ ဂ်ရူး ကေတာ့ ဒီႏွစ္ ေဘာလံုး ရာသီ အကုန္ မွာ ခ်ယ္လ္ဆီး အသင္း နဲ႕ စာခ်ဳပ္ သက္တမ္း ကုန္ဆံုးမွာ ျဖစ္ကာ သူ႕ အေနနဲ႕ ဥေရာပ က ကလပ္ အသင္း တခ်ိဳ႕ ရဲ႕ ကမ္းလွမ္းမႈ ၊ ေမဂ်ာလိဂ္ ကလပ္ ေတြရဲ႕ ကမ္းလွမ္းမႈ ကို ေစာင့္ဆိုင္း သြားဖြယ္ ရွိေနပါတယ္ ။

မေန႕က ျပင္သစ္ သတင္း L’Equipe နဲ႕ ေတြ႕ဆံုခဲ့တဲ့ အင္တာဗ်ဴး မွာေတာ့ ဂ်ရူး က လက္ရွိ မွာ ေအဘရာဟမ္ ဟာ ခ်ယ္လ္ဆီး အသင္း အတြက္ အသင့္ေလ်ာ္ဆံုး နဲ႕ လိုက္ဖက္မႈ အရွိဆံုး တိုက္စစ္မွဴး တဦး ျဖစ္ေၾကာင္း ၊တမ္မီ ကို ပြဲထြက္ခြင့္ ပိုေပးတာဟာ အသင္း အတြက္ေရာ ၊ တမ္မီ အတြက္ပါ အက်ိဳး ရွိေစေၾကာင္း နဲ႕ အရင္ ကလည္း ပြဲထြက္ခြင့္ ေတြ ရုန္းကန္ ရဖူးတာေၾကာင့္ ပံုမွန္ ပြဲထြက္ခြင့္ မရတာ အခက္အခဲ မဟုတ္ေၾကာင္း ဖြင့္ဟ ခဲ့ပါတယ္ ။

ဂ်ရူး က ” ဟုတ္ကဲ့ ။ ကြ်န္ေတာ္ အဆင္ေျပ ေနပါတယ္ ။ ကြ်န္ေတာ္ ဟာ အရင္ ကတည္းက ခက္ခဲတဲ့ အခ်ိန္ ၊ အခိုက္အတန္႕ ေတြကို ေက်ာ္ျဖတ္ ခဲ့ဖူးပါတယ္ ။ ဒါေၾကာင့္မို႕ အခုလို ပြဲကစားခြင့္ ေတြ မရတာ က ကြ်န္ေတာ့ အတြက္ အဆန္း မဟုတ္ေတာ့ပါဘူး ။ အခု အခ်ိန္ မွာ တမ္မီေလး ဟာ ေရေပၚမွာ လမ္းေလွ်ာက္ ႏိုင္တဲ့ အေနအထား ကို ပိုင္ဆိုင္ ေနပါျပီ ။ ”

” နားေထာင္ ၊ ပံုမွန္ ပြဲထြက္ခြင့္ ရတဲ့ အေထာင္ တိုက္စစ္မွဴး တေယာက္ အျဖစ္ ေအာင္ျမင္ဖို႕ ဆိုတာ လြယ္တာ မဟုတ္ပါဘူး ။ ေနာက္ျပီး ေအာင္ျမင္ ေနတဲ့ အေထာင္ တိုက္စစ္မွဴး တေယာက္ ရဲ႕ အရွိန္အဝါ ကလည္း က်ဖို႕ မလြယ္ပါဘူး ။ ကြ်န္ေတာ္ ဟာ ပြဲထြက္ခြင့္ ေတြ အတြက္ စိတ္ရွည္မႈ ရွိပါတယ္ ။ ေလ့က်င့္ေရး အစီအစဥ္ ေတြမွာ အေကာင္းဆံုး ေလ့က်င့္ ေပးေနပါတယ္ ။ ”

” ကိုယ့္ရဲ႕ ခံယူခ်က္ နဲ႕ စိတ္ဓာတ္ပိုင္း က အေကာင္းဖက္မွာ ရွိေနဖို႕ လိုပါတယ္ ။ ဒီႏွစ္ ေဘာလံုး ရာသီ မွာ ကြ်န္ေတာ္ တို႕ဟာ ပြဲ အမ်ားၾကီး ကစားရဖို႕ ရွိပါေသးတယ္ ။ ျပီးခဲ့တဲ့ အပတ္ က ကြ်န္ေတာ္ ဟာ ဗုိင္းရပ္စ္ပိုး တမ်ိဳးေၾကာင့္ အဖ်ား ေဝဒနာ ခံစား ခဲ့ရျပီး ပြဲစဥ္ ၃ပြဲ အထိ လြဲေခ်ာ္ ခဲ့ရပါတယ္ ။ ဒီ ဗိုင္းရပ္စ္ ဟာ ကြ်န္ေတာ့ ကို အိပ္ရာ ထဲမွာ လဲေနရတဲ့ အထိ ကို ဆိုးရြား ေစခဲ့ပါတယ္ ။ ”

” အခုေတာ့ ကြ်န္ေတာ္ ျပန္သက္သာ ေနပါျပီ ။ နည္းျပ ဟာ တမ္မီ ကို အသံုးျပဳ ရတာ ပိုျပီး ၾကိဳက္ႏွစ္သက္ပါတယ္ ။ ဒါဟာ ကလပ္ အသင္း အတြက္ အက်ိဳး ရွိတဲ့ ေရြးခ်ယ္မႈ တခုပါ ။ ဒီလို လုပ္ျခင္း အားျဖင့္ ကြ်န္ေတာ္ တို႕ အခ်င္းခ်င္း ပြဲထြက္ခြင့္ အတြက္ ပိုျပီး ျပိဳင္ဆိုင္လိုစိိတ္ ေတြ ျဖစ္ေပၚ လာေစပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR