ozil

Unicode

အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ က အမ်းမရိတ်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု ဒုတိယပွဲစဉ်မှာ လူငယ် ကစားသမားတွေဟာ ပွဲထွက်ခွင့်နဲ့ ပိုမို ထိုက်တန်ကြောင်း သက်သေပြထားနိုင်တာကြောင့် အိုဇေးလ် ကို လူစာရင်းကနေ ချန်လှပ် ခဲ့ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြား သွားခဲ့ပါတယ် ။

ယနေ့ နံနက်က ကစားခဲ့တဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ လူငယ် ကစားသမားတွေရဲ့ခြေစွမ်းပြမှုနဲ့ အတူ ဘယ်ဂျီယံ ကလပ် စတန်းဒက်လိဂ် အသင်းကို လေးဂိုးပြတ် အနိုင် ရသွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ပထမပိုင်း ပွဲချိန် ၂၁ မိနစ်ကတည်းက သုံးဂိုးပြတ် ဦးဆောင်ထားနိုင်တာပါ ။

အာဆင်နယ် အသင်းအတွက် ဂိုးတွေကိုတော့ မာတီနယ်လီ က နှစ်ဂိုး ၊ ဝီးလော့ ၊ စီဘယ်လောစ့် တို့က တစ်ဂိုးစီ သွင်းယူ ပေးခဲ့တာပါ ။ မနှစ်က ယူရိုပါလိဂ် ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့တဲ့ အာဆင်နယ်လအသင်းအနေနဲ့ ဒီရာသီမှာလည်း နှစ်ပွဲကစား၊နှစ်ပွဲနိုင်၊ရဂိုး ၇ ဂိုး၊ပေးဂိုး သုည နဲ့ အုပ်စု ( စ ) ရဲ့ ထိပ်ဆုံးမှာ ဦးဆောင် ထားနိုင်ပါတယ် ။

စတန်းဒက်လိဂ် အသင်းနဲ့ ပွဲမှာ အာဆင်နယ် အသင်း ပရိသတ်တွေဟာ အိုဇေးလ် ပါဝင် လာဖို့ မျှော်လင့် ခဲ့ကြပေမယ့် နည်းပြ အမ်မရီ ကတော့ အရန် လူစာရင်းမှာတောင် ထည့်သွင်း ခဲ့ခြင်း မရှိပါဘူး ။

အသက် ၃၀ အရွယ် ရှိပြီ ဖြစ်တဲ့ အိုဇေးလ် ဟာ ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် ၂ ပွဲသာ ပါဝင် ကစားပေးထားရပြီး ဝက်ဖိုဒ့် အသင်း နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲ နဲ့ နော်တင်ဟမ် ဖောရက် အသင်း နဲ့ ကာရာဘောင်း ဖလားပွဲ တွေမှာသာ ပွဲထွက် ကစားခွင့် ရထားပါတယ် ။

အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ ဟာ စတန်းဒက်လိဂ် အသင်း နဲ့ ပွဲမတိုင်မှီ ကတည်းက အိုဇေးလ်ကို ပွဲထွက်ခွင့် အတွက် အာမခံချက် ပေးဖို့ ငြင်းဆန် ခဲ့ပြီး ပွဲအပြီးမှာလည်း အိုဇေးလ် ထက် ပွဲထွက်ခွင့်နဲ့ ထိုက်တန်တဲ့ ကစားသမားတွေ ရှိနေတာကြောင့် ချန်လှပ်ခဲ့ရတာ ဖြစ်တယ်လို့ ဖြေရှင်း သွားခဲ့ပါတယ် ။

အမ်မရီ ” ကျနော်ကတော့ အချိန်တိုင်း ပွဲတစ်ပွဲချင်းစီမှာ ဘယ်ကစားသမားတွေကို ပွဲထွက် ကစားခိုင်းတာက အသင်းအတွက် အကောင်းဆုံး ဖြစ်မလဲ ဆိုတာကိုပဲ စဉ်းစားပါတယ် ၊ ကျနော် လူစာရင်းမှာ သူ့(အိုဇေးလ်)ကို မရွေးဖူးဆိုတာက တခြား ကစားသမားတွေက ကစားခွင့်နဲ့ ပိုမို ထိုက်တန် နေလို့ပါ ။ ”

” သူ့အနေနဲ့ ကိုယ့်အလုပ်ကို ဆက်လုပ်သွားရပါမယ် ၊ မနက်ဖြန်ကျရင်တော့ ဒီနေ့ မကစားရတဲ့ သူတွေကို လေ့ကျင့်ခန်း ဆင်းခိုင်း သွားမှာပါ ၊ တနင်္ဂနွေနေ့ကျရင် နောက်ထပ် တစ်ပွဲ ရှိပါသေးတယ် ၊ အဲ့ကျ ထပ်ဆုံးဖြတ် သွားမှာပါ၊ကျနော်တို့ရဲ့ အဓိက ပစ်မှတ်ကတော့ ဘုန်းမောက် အသင်းကို အနိုင်ရဖို့ပါပဲ ။ ” လို့ ပြောကြားလိုက်ပါတယ်။

SPORTS  MYANMAR

Zawgyi

စတန္းဒက္လိဂ္ အသင္းနဲ႔ ပြဲမွာ အိုေဇးလ္ ကို ဘာေၾကာင့္ ခ်န္လွပ္ခဲ့တာလဲ ဆိုတာ ရွင္းလင္း ေျပာၾကားလိုက္တဲ့ အမ္မရီ
==================================

အာဆင္နယ္ အသင္း နည္းၿပ အူနိုင္း အမ္မရီ က အမ္းမရိတ္မွာ ကစားခဲ့တဲ့ ယူရိုပါလိဂ္ အုပ္စု ဒုတိယပြဲစဥ္မွာ လူငယ္ ကစားသမားေတြဟာ ပြဲထြက္ခြင့္နဲ႔ ပိုမို ထိုက္တန္ေၾကာင္း သက္ေသျပထားနိုင္တာေၾကာင့္ အိုေဇးလ္ ကို လူစာရင္းကေန ခ်န္လွပ္ ခဲ့ရျခင္း ျဖစ္ေၾကာင္း ရွင္းလင္း ေျပာၾကား သြားခဲ့ပါတယ္ ။

ယေန႔ နံနက္က ကစားခဲ့တဲ့ ပြဲမွာ အာဆင္နယ္ အသင္းဟာ လူငယ္ ကစားသမားေတြရဲ့ေျခစြမ္းျပမွုနဲ႔ အတူ ဘယ္ဂ်ီယံ ကလပ္ စတန္းဒက္လိဂ္ အသင္းကို ေလးဂိုးျပတ္ အနိုင္ ရသြားခဲ့ပါတယ္ ။ အာဆင္နယ္ အသင္းဟာ ပထမပိုင္း ပြဲခ်ိန္ ၂၁ မိနစ္ကတည္းက သုံးဂိုးျပတ္ ဦးေဆာင္ထားနိုင္တာပါ ။

အာဆင္နယ္ အသင္းအတြက္ ဂိုးေတြကိုေတာ့ မာတီနယ္လီ က ႏွစ္ဂိုး ၊ ဝီးေလာ့ ၊ စီဘယ္ေလာစ့္ တို႔က တစ္ဂိုးစီ သြင္းယူ ေပးခဲ့တာပါ ။ မႏွစ္က ယူရိုပါလိဂ္ ဗိုလ္လုပြဲ အထိ တက္လွမ္းနိုင္ခဲ့တဲ့ အာဆင္နယ္လအသင္းအေနနဲ႔ ဒီရာသီမွာလည္း ႏွစ္ပြဲကစား၊ႏွစ္ပြဲနိုင္၊ရဂိုး ၇ ဂိုး၊ေပးဂိုး သုည နဲ႔ အုပ္စု ( စ ) ရဲ့ ထိပ္ဆုံးမွာ ဦးေဆာင္ ထားနိုင္ပါတယ္ ။

စတန္းဒက္လိဂ္ အသင္းနဲ႔ ပြဲမွာ အာဆင္နယ္ အသင္း ပရိသတ္ေတြဟာ အိုေဇးလ္ ပါဝင္ လာဖို႔ ေမၽွာ္လင့္ ခဲ့ၾကေပမယ့္ နည္းၿပ အမ္မရီ ကေတာ့ အရန္ လူစာရင္းမွာေတာင္ ထည့္သြင္း ခဲ့ျခင္း မရွိပါဘူး ။

အသက္ ၃၀ အရြယ္ ရွိၿပီ ျဖစ္တဲ့ အိုေဇးလ္ ဟာ ဒီရာသီမွာ အာဆင္နယ္ အသင္းအတြက္ ၂ ပြဲသာ ပါဝင္ ကစားေပးထားရၿပီး ဝက္ဖိုဒ့္ အသင္း နဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲ နဲ႔ ေနာ္တင္ဟမ္ ေဖာရက္ အသင္း နဲ႔ ကာရာေဘာင္း ဖလားပြဲ ေတြမွာသာ ပြဲထြက္ ကစားခြင့္ ရထားပါတယ္ ။

အာဆင္နယ္ နည္းၿပ အူနိုင္း အမ္မရီ ဟာ စတန္းဒက္လိဂ္ အသင္း နဲ႔ ပြဲမတိုင္မွီ ကတည္းက အိုေဇးလ္ကို ပြဲထြက္ခြင့္ အတြက္ အာမခံခ်က္ ေပးဖို႔ ျငင္းဆန္ ခဲ့ၿပီး ပြဲအၿပီးမွာလည္း အိုေဇးလ္ ထက္ ပြဲထြက္ခြင့္နဲ႔ ထိုက္တန္တဲ့ ကစားသမားေတြ ရွိေနတာေၾကာင့္ ခ်န္လွပ္ခဲ့ရတာ ျဖစ္တယ္လို႔ ေျဖရွင္း သြားခဲ့ပါတယ္ ။

အမ္မရီ ” က်ေနာ္ကေတာ့ အခ်ိန္တိုင္း ပြဲတစ္ပြဲခ်င္းစီမွာ ဘယ္ကစားသမားေတြကို ပြဲထြက္ ကစားခိုင္းတာက အသင္းအတြက္ အေကာင္းဆုံး ျဖစ္မလဲ ဆိုတာကိုပဲ စဥ္းစားပါတယ္ ၊ က်ေနာ္ လူစာရင္းမွာ သူ႔(အိုေဇးလ္)ကို မေရြးဖူးဆိုတာက တျခား ကစားသမားေတြက ကစားခြင့္နဲ႔ ပိုမို ထိုက္တန္ ေနလို႔ပါ ။ ”

” သူ႔အေနနဲ႔ ကိုယ့္အလုပ္ကို ဆက္လုပ္သြားရပါမယ္ ၊ မနက္ျဖန္က်ရင္ေတာ့ ဒီေန႔ မကစားရတဲ့ သူေတြကို ေလ့က်င့္ခန္း ဆင္းခိုင္း သြားမွာပါ ၊ တနဂၤေႏြေန႔က်ရင္ ေနာက္ထပ္ တစ္ပြဲ ရွိပါေသးတယ္ ၊ အဲ့က် ထပ္ဆုံးျဖတ္ သြားမွာပါ၊က်ေနာ္တို႔ရဲ့ အဓိက ပစ္မွတ္ကေတာ့ ဘုန္းေမာက္ အသင္းကို အနိုင္ရဖို႔ပါပဲ ။ ” လို႔ ေျပာၾကားလိုက္ပါတယ္။

SPORTS MYANMAR