Owen Hargreaves and Michael Owen

Unicode

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက အေဇက် အယ်လ်ခမာ အသင်း နဲ့ ယူရို ပါလိဂ် အုပ်စု ဒုတိယ ပွဲစဉ် အဖြစ် အဝေးကွင်း ကို သွားရောက် ကစား ခဲ့ပြီး ဂိုး မရှိ သရေ ရလဒ် နဲ့သာ လှည့်ပြန် ခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကစားသမား ဟောင်း နှစ်ဦး ဖြစ်ကြ တဲ့ မိုက်ကယ် အိုဝင် နဲ့ အိုဝင် ဟားဂရေ့ဗ် တို့က အသင်း ဟောင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်တဲ့ ဘရာဇီသား ဖရက်ဒ် ကို ဝိုင်းဝန်း ထိုးနှက် သွားခဲ့ လိုက်ကြ ပါတယ် ။

ယူနိုက်တက် တို့ စိတ်ပျက်ဖွယ် ရလဒ် ထွက်ပေါ် ခဲ့တဲ့ အဆိုပါ ပွဲစဉ် မှာတော့ ဘရာဇီးသားဟာ ဘောလုံး ပေးပို့ မှု အမှားတွေ များစွာ ကျူးလွန် ထားခဲ့ သလို အသင်း ရဲ့ တိုက်စစ်ပိုင်း အတွက် ဘယ်လို မှ ထူးခြား ကောင်းမွန် တဲ့ အရာ တွေကို မလုပ်ဆောင် နိုင်ခဲ့ ပါဘူး ။

ဒါ့ကြောင့် BT Sport ရဲ့ သတင်း သုံးသပ် သူတွေ ဖြစ်ကြ တဲ့ မိုက်ကယ် အိုဝင် နဲ့ အိုဝင် ဟားဂရေ့ဗ် တို့ဟာ ပွဲ ကစား ဖို့ အခွင့် အရေး ရရှိ ခဲ့တုန်း စိတ်ပျက်ဖွယ် ခြေစွမ်း ပြသ ခဲ့တဲ့ ဖရက်ဒ် အပေါ် နားလည် ခွင့်လွှတ် ပေးလိုစိတ် ကုန်ဆုံး နေခဲ့ ကြတာ ပဲ ဖြစ် ပါတယ် ။

” ခင်ဗျား အသင်း တစ်သင်း အတွက် ဘယ် နေရာ မှာ ကစား နေလဲ ဆိုတာ ကို ခန မေ့ထား လိုက်ပါ ။ ဘယ်လို နေရာ မျိုးမှာ ပဲ ကစား နေ ပါစေ ၊ သူ ဒီနေ့ လုပ်ဆောင် ခဲ့ သလောက် ဘောလုံး ပေးပို့ မှု အမှား တွေကို လုပ်ဆောင် နိုင် စရာ အကြောင်း မရှိ ပါဘူး ”

fred

” ကျွန်တော် တို့က သူဟာ ကစားသမား ကောင်း ဆိုတာ သိရှိ ကြ ပါတယ် ။ ဒါပေမယ့် သူ ဘာလို့ ဒီလောက် အထိ ဆိုးရွား နေ သလဲ ဆိုတာ နားမလည် နိုင်ကြ ပါဘူး ။ ရှက်တာ မှာ တုန်းက သူဟာ ကြောက်မက်ဖွယ် ကောင်းတဲ့ ပွဲစဉ် တွေကို ပိုင်ဆိုင် ထားခဲ့ ပါတယ် ။ ဒါ့ကြောင့် လည်း မန်စီးတီး အသင်း ကတောင် စိတ်ဝင်စား ခဲ့တာ ပါ ”

” ဒါပေမယ့် ဒီနေ့ ပွဲစဉ် မှာတော့ သူ့ ဆီမှာ ရှိသင့် တဲ့ အဆင့် အတန်း တစ်ခု ကို မမြင် တွေ့ခဲ့ ရ ပါဘူး ။ သူဟာ ဘောလုံး ကိုင် ကစား တာ ကောင်းမွန် ပါတယ် ။ သူဟာ အစွမ်း အစ ရှိတဲ့ ခြေထောက် နှစ်ချောင်း ကို ပိုင်ဆိုင် ထား ပါတယ် ။ ဒီနေ့ သူ အခွင့်အရေး ရရှိ ခြင်းနဲ့ အတူ ခြေစွမ်းကောင်း ပြသ နိုင်ခဲ့ သင့်တယ် ။ ဒါပေမယ့် သူ လုပ်သွားတာ ပြောင်းပြန် ချည်း ပါပဲ ” လို့ ဟားဂရေ့ဗ် က ပြောကြား သွားခဲ့ ပါတယ် ။

ဒါကို မိုက်ကယ် အိုဝင် ကလည်း ဖရက်ဒ် က သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် တွေကို ပြသ နိုင်မယ့် နေရာ တစ်ခု ဟာ ဘယ် နေရာ လဲ ဆိုတာ တောင် မသိနိုင် သေးတဲ့ သူ တစ်ဦး ပဲ ဖြစ်ကြောင်း ၊ သူဟာ အလယ်အလတ် တန်းစား ကစားသမား တစ်ဦး သာ ဖြစ်ကြောင်း ဝေဖန် သွားခဲ့ လိုက် ပါတယ် ။

” သူဟာ အလယ်အလတ် တန်းစား ကစားသမား တစ်ဦး ပါပဲ ။ ဟုတ်တယ် မလား ? ဒါဟာ အောက် အထိ ထိုးကျ နေတဲ့ ခြေစွမ်း ပါပဲ ။ ခင်ဗျား ရော ဘယ်လို ပြောချင် သလဲ ? ဘယ် နေရာ က သူ့ရဲ့ အကောင်းဆုံး နေရာ လဲ ? ကျွန်တော် က 6 လို့ ထင်တယ် ။ ဟားဂရေ့ဗ် က 8 လို့ ထင်တယ် ”

fred

” အဲ့ဒီလို ငြင်းခုံ နေပြီ ဆို ကတည်းက ဒီ ကစားသမား ဘယ်မှာ ပိုကောင်းလဲ ဆိုတဲ့ အဖြေ မရှိဘူး ဆိုတာ သိသာ ပေါ်လွင် ပါတယ် ။ သူဟာ ဘယ် နေရာ မှာမှ ပို ကောင်းအောင် မလုပ်နိုင် ပါဘူး ။ သူလေ … ပေါင် သန်း 50 လောက် ပေးခဲ့ ရတယ် မလား ? ” လို့ မိုက်ကယ် အိုဝင် က ထိုးနှက် သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar

Zawgyi

အယ်လ်ခမာနဲ့ ပွဲစဉ်မှ ခြေစွမ်းဆိုးရွားလွန်းတဲ့ ယူနိုက်တက် ကစားသမား တစ်ဦးကို ဝေဖန်ထိုးနှက်ခဲ့ကြတဲ့ အိုဝင်နှစ်ဦး

=================






 






#Sports_Myanmar