PFA Team of the Year စာရင္းကို ဒီကေန႔ ညေနမွာပဲ ေၾကျငာလိုက္ျပီ ျဖစ္ျပီး မန္စီးတီး ကစားသမား 6 ေယာက္ ၊ လီဗာပူး ကစားသမား 4 ေယာက္နဲ႔ မန္ယူ ကစားသမား 1 ေယာက္ ပါ၀င္ခဲ့ ပါတယ္။

အဲဒီ စာရင္းမွာ ပါ၀င္ခဲ့တဲ့ လီဗာပူး ကစားသမားေတြ ကေတာ့ ဗန္ဒိုက္ ၊ အာႏိုး ၊ ေရာ္ဘတ္ဆန္ ၊ မာေနး တို႔ ျဖစ္ျပီး ၊ နည္းျပ ကေလာ့ပ္ ကေတာ့ သူ႔ကစားသမား 7 ေယာက္ထက္ မနည္း အဲဒီ စာရင္းမွာ ပါ၀င္ခဲ့သင့္တယ္လို႔ ေျပာဆုိသြားခဲ့ ပါတယ္။

ဟတ္ဒါဖီးလ္ အသင္းနဲ႔ မကစားမီ ျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာေတာ့ ကေလာ့ပ္ က ” က်ေနာ့္ ကစားသမားေတြ ပါ၀င္ေနတာ ေက်နပ္ဖို႔ ေကာင္းပါတယ္။ တကယ္လဲ ထိုက္တန္မႈ အျပည့္ရွိတာပါ။

က်ေနာ့္ အျမင္မွာေတာ့ ဒီရာသီ အေကာင္းဆံုး အသင္းဟာ က်ေနာ့္ အသင္းပဲေပါ့ဗ်ာ။ ထပ္ေျပာရရင္ PFA Team of the Year စာရင္းမွာ က်ေနာ့္ ကစားသမား 7 ေယာက္ နဲ႔ အထက္မွာကို ပါ၀င္ ေနသင့္တာပါ။ ဒါေပမယ့္ ပရီးမီးယားလိဂ္မွာ ကစားေနတဲ့ ေဘာလံုး သမားေတြကို ဒီစာရင္းကို ေရြးခ်ယ္ၾကတာေလ။

ဒါေပမယ့္ ေသခ်ာတာေတာ့ ပရီးမီးယားလိဂ္ ေဘာလံုးသမားတိုင္းက ပြဲတိုင္းကို ၾကည့္ျဖစ္မယ္ မထင္ပါဘူး ။ တကယ္ဆိုရင္ မိုဆာလတ္ လဲ ဒီစာရင္းမွာ ပါ၀င္ ထိုက္တန္သလို ၊ ဂ်ီနီ နဲ႔ ဟန္ဒါဆင္ တို႔လဲ ဒီရာသီမွာ အေကာင္းဆံုး ေျခစြမ္းေတြ နဲ႔ ကစားခဲ့တာပါ။ အလီဆြန္လဲ ပါသင့္ပါတယ္။

ေျပာရရင္ေတာ့ ကစားသမားေတြ အားလံုး ပါသင့္လို႔ပဲ ေျပာခ်င္ပါတယ္” လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

ဆက္လက္ျပီး မန္စီးတီး နည္းျပ ပက္ဂြာဒီယိုလာ က ဒီရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုဟာ လီဗာပူး နဲ႔ မန္စီးတီး ႏွစ္သင္းစလံုး ရဖို႔ ထိုက္တန္တယ္လို႔ ေျပာဆိုမႈ နဲ႔ ပတ္သက္ျပီး ေမးျမန္းရာမွာေတာ့ ကေလာ့ပ္က

” သူ႔ရဲ႕ ခ်ီးက်ဴး ေျပာဆိုမႈ အတြက္ ေက်နပ္ စရာပါ ၊ ဒါေပမယ့္ အဲဒီလိုမ်ိဳး ဘယ္ေတာ့မွ ျဖစ္လာမွာ မဟုတ္ပါဘူး။ ေသခ်ာတာေတာ့ က်ေနာ္တို႔ဟာ ဒီရာသီမွာ ခ်န္ပီယံ ျဖစ္ဖို႔ အတြက္ပဲ ယွဥ္ျပိဳင္ခဲ့တာ မဟုတ္ပါဘူး။

ဒီေလာက္အထိ နီးစပ္မႈ ရွိျပီးမွ ခ်န္ပီယံ ဆုနဲ႔ လြဲခဲ့ရင္ေတာ့ ေနာင္တေတြ အမ်ားၾကီး ရမိမွာေသခ်ာပါတယ္။ ဒါေပမယ့္ ဒီအေနအထားနဲ႔တင္ အဆံုးသတ္သြားမွာ မဟုတ္ပါဘူး။

ကလပ္ အသင္းကေရာ ၊ ပရိသတ္ေတြပါ ပရီးမီးယားလိဂ္ ဖလားကို အခ်ိန္ေတြ အၾကာၾကီး ေစာင့္ဆိုင္းေနတာ သိပါတယ္။ ဒါေပမယ့္ ျပီးခဲ့တဲ့ ေဘာလံုးရာသီက 25 မွတ္ အကြာ ေနအထားကေန ဒီရာသီမွာ ျပန္ျပီး စိန္ေခၚႏိုင္တာ ဘယ္ေလာက္အထိ အံ့အားသင့္စရာ ေကာင္းလဲဗ်ာ။

ဒီေလာက္အထိပဲ ေလာေလာဆယ္ ေျပာထားခ်င္ပါတယ္။ က်ေနာ္တို႔ဟာ ဆက္ျပီး တိုက္ပြဲ၀င္သြားဦးမွာပါ။ ခ်န္ပီယံ ဆုက တစ္သင္းပဲ ဆြတ္ခူးမွာပါ ” လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

Unicode

PFA Team of the Year စာရင်းမှာ သူ့ကစားသမား 7 ယောက်လောက် ပါ၀င်သင့်တယ်လို့ ပြောဆိုလိုက်တဲ့ #ကလော့ပ်
********************************************************************************

PFA Team of the Year စာရင်းကို ဒီကနေ့ ညနေမှာပဲ ကြေငြာလိုက်ပြီ ဖြစ်ပြီး မန်စီးတီး ကစားသမား 6 ယောက် ၊ လီဗာပူး ကစားသမား 4 ယောက်နဲ့ မန်ယူ ကစားသမား 1 ယောက် ပါ၀င်ခဲ့ ပါတယ်။

အဲဒီ စာရင်းမှာ ပါ၀င်ခဲ့တဲ့ လီဗာပူး ကစားသမားတွေ ကတော့ ဗန်ဒိုက် ၊ အာနိုး ၊ ရော်ဘတ်ဆန် ၊ မာနေး တို့ ဖြစ်ပြီး ၊ နည်းပြ ကလော့ပ် ကတော့ သူ့ကစားသမား 7 ယောက်ထက် မနည်း အဲဒီ စာရင်းမှာ ပါ၀င်ခဲ့သင့်တယ်လို့ ပြောဆိုသွားခဲ့ ပါတယ်။

ဟတ်ဒါဖီးလ် အသင်းနဲ့ မကစားမီ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ကလော့ပ် က ” ကျနော့် ကစားသမားတွေ ပါ၀င်နေတာ ကျေနပ်ဖို့ ကောင်းပါတယ်။ တကယ်လဲ ထိုက်တန်မှု အပြည့်ရှိတာပါ။

ကျနော့် အမြင်မှာတော့ ဒီရာသီ အကောင်းဆုံး အသင်းဟာ ကျနော့် အသင်းပဲပေါ့ဗျာ။ ထပ်ပြောရရင် PFA Team of the Year စာရင်းမှာ ကျနော့် ကစားသမား 7 ယောက် နဲ့ အထက်မှာကို ပါ၀င် နေသင့်တာပါ။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ဘောလုံး သမားတွေကို ဒီစာရင်းကို ရွေးချယ်ကြတာလေ။

ဒါပေမယ့် သေချာတာတော့ ပရီးမီးယားလိဂ် ဘောလုံးသမားတိုင်းက ပွဲတိုင်းကို ကြည့်ဖြစ်မယ် မထင်ပါဘူး ။ တကယ်ဆိုရင် မိုဆာလတ် လဲ ဒီစာရင်းမှာ ပါ၀င် ထိုက်တန်သလို ၊ ဂျီနီ နဲ့ ဟန်ဒါဆင် တို့လဲ ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းတွေ နဲ့ ကစားခဲ့တာပါ။ အလီဆွန်လဲ ပါသင့်ပါတယ်။

ပြောရရင်တော့ ကစားသမားတွေ အားလုံး ပါသင့်လို့ပဲ ပြောချင်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ဆက်လက်ပြီး မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ က ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုဟာ လီဗာပူး နဲ့ မန်စီးတီး နှစ်သင်းစလုံး ရဖို့ ထိုက်တန်တယ်လို့ ပြောဆိုမှု နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ကလော့ပ်က

” သူ့ရဲ့ ချီးကျူး ပြောဆိုမှု အတွက် ကျေနပ် စရာပါ ၊ ဒါပေမယ့် အဲဒီလိုမျိုး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ သေချာတာတော့ ကျနော်တို့ဟာ ဒီရာသီမှာ ချန်ပီယံ ဖြစ်ဖို့ အတွက်ပဲ ယှဉ်ပြိုင်ခဲ့တာ မဟုတ်ပါဘူး။

ဒီလောက်အထိ နီးစပ်မှု ရှိပြီးမှ ချန်ပီယံ ဆုနဲ့ လွဲခဲ့ရင်တော့ နောင်တတွေ အများကြီး ရမိမှာသေချာပါတယ်။ ဒါပေမယ့် ဒီအနေအထားနဲ့တင် အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။

ကလပ် အသင်းကရော ၊ ပရိသတ်တွေပါ ပရီးမီးယားလိဂ် ဖလားကို အချိန်တွေ အကြာကြီး စောင့်ဆိုင်းနေတာ သိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီက 25 မှတ် အကွာ နေအထားကနေ ဒီရာသီမှာ ပြန်ပြီး စိန်ခေါ်နိုင်တာ ဘယ်လောက်အထိ အံ့အားသင့်စရာ ကောင်းလဲဗျာ။

ဒီလောက်အထိပဲ လောလောဆယ် ပြောထားချင်ပါတယ်။ ကျနော်တို့ဟာ ဆက်ပြီး တိုက်ပွဲဝင်သွားဦးမှာပါ။ ချန်ပီယံ ဆုက တစ်သင်းပဲ ဆွတ်ခူးမှာပါ ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။