owen

Unicode

ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အုပ်စု အဆင့် ဒုတိယမြောက်ပွဲစဉ်တွေကို ယမန်နေ့ ညပိုင်းမှာ ဆက်လက်ကစားသွားခဲ့ပါတယ်။ ဒီပွဲတွေမှာတော့ အင်္ဂလန် ကိုယ်စားပြုအာဆင်နယ် အသင်းနဲ့ ယူနိုက်တက်တို့ရဲ့ ခြေစွမ်းနဲ့ရလဒ်တွေက ဆန့်ကျင်ဘက်အနေအထားမျိုး ထွက်ပေါ် ခဲ့တာဖြစ်ပါတယ်။

arsenal

လီဗာပူး အသင်းမှာ ငှက်မြန်လေး လို့ ကျော်ကြားခဲ့ဖူးတဲ့ နာမည်ကျော် တိုက်စစ်မှူး ဟောင်းတဦးဖြစ်တဲ့ မိုက်ကယ်အိုဝင်ကတော့ ယူနိုက်တက် အသင်းရဲ့ လူငယ်အချို့ဟာ အာဆင်နယ် လူငယ်လေးတွေလောက် လုံလောက်ကောင်းမွန်မှု မရှိဘူးလို့ သုံးသပ်လိုက်ပါတယ်။

အာဆင်နယ် အသင်းဟာ အခုအပတ် ယူရိုပါလိဂ် ပွဲစဉ်အဖြစ် စတန်းဒက်လိဂ်အသင်းကို အမ်းမရိတ်မှာ ဧည့်ခံကစားသွားခဲ့ပြီး လူငယ်တွေကို ပဲ အဓိက ပွဲထုတ်ခဲ့ပေမယ့် ၄-၀ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။၁၈နှစ်အရွယ် မာတီနယ်လီက သွင်းဂိုး၂ဂိုး အသက် ၂၀ အရွယ် ဝီလော့ခ်က တဂိုးနဲ့ အသက် ၂၃ နှစ်အရွယ် ဆီဘယ်လော့စ်တို့က ဂိုးတွေသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

နည်းပြဆိုးလ်ရှားရဲ့ ယူနိုက်တက် အသင်းကတော့ ဟော်လန်မြေမှာ Az အယ်ခ်မာ အသင်းကို သွားရောက်ရင်ဆိုင်ခဲ့ရပြီး စိတ်ပျက်စရာခြေစွမ်းမျိုးနဲ့ဂိုးမရှိသရေသာကစားသွားနိုင်ခဲ့တာဖြစ်ပါတယ်။သူတို့ဟာ ဒီပွဲမှာ ဂိုးပေါက် တည့်ကန်ချက် မရှိခဲ့တဲ့အထိကို အခြေအနေဆိုးခဲ့တာဖြစ်ပါတယ်။

man utd

အာဆင်နယ်နဲ့ ယူနိုက်တက်တို့ဟာ ယူရိုပါလိဂ် ပွဲတွေမှာ ဆယ်ကျော်သက်တွေကို လည်းအသုံးပြုသွားခဲ့တာဖြစ်ပြီး နယ်လ်ဆင်၊ မာတီနယ်လီ၊ ဘရန်ဒန်ဝီလီယံ ၊ အိန်ဂျယ်ဂိုမက်စ်၊ ဂရင်းဝုဒ် အစရှိတဲ့ လူငယ်သွေးသစ် လေးတွေကို နေရာပေးသွား ခဲ့ကြတာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းမှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူး ဟောင်း အိုဝင်ကတော့ ပြည်တွင်းနဲ့ ဥရောပမှာ ရုန်းကန်နေရတဲ့အသင်းတသင်းထဲကို တန်းပြီး ထည့်သွင်းခံ ခဲ့ရတဲ့ လူငယ်လေးတွေ အနေနဲ့ ခြေစွမ်းနဲ့စွမ်းဆောင်ရည် နစ်မြုပ်ပျောက်ဆုံး သွားလိမ့်မယ် လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

BT Sport ရဲ့ သုံးသပ်ချက် အစီအစဥဉ် မှာ အိုဝင်က – ” ကျွန်တော့်အထင် ယူနိုက်တက် လူငယ်လေးတွေ ဒုက္ခပင်လယ်ထဲ ကူးခတ်ရပါတော့မယ်။ခြေစွမ်း နောက်ထပ်နစ်မြုပ်စရာ အထူးစပယ်ရှယ်ကစားသမားကောင်းလေးတွေလည်း မရှိတော့ပါဘူး ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

အိုဝင်နဲ့ တူ ပွဲကို သုံးသပ်နေတဲ့ မာတင်ကီအွန်ကတော့ – ” အာဆင်နယ်အသင်းရဲ့ လူငယ်လေးတွေကတော့ ပိုပြီး တည်းငြိမ် အသားကျတဲ့ တည်ဆောက်ပုံအတွင်း ရောက်လာနေပါတယ်။အာဆင်နယ်အသင်းက ဘာတွေကိုဖြန့်ဝေပေးနေတယ်ဆိုတာကိုကျွန်တော်မြင်နိုင်ပါတယ်။

ကစားသမားတိုင်းက ပုံစံတူ အနေအထား နီးပါး ကို ဖြစ်နေတာဖြစ်ပါတယ်။ကွင်းလယ်ပိုင်းကို ကြည့်မယ်ဆိုရင် အတော်လေး တည်ဆောက်ပုံကောင်းပြီး ပိုကောင်းတဲ့ မျှခြေအနေအထားမျိုးမှာရှိနေပါတယ်။

ယူနိုက်တက်အသင်းမှာတော့ လူငယ်လေးတဦးဝင်ရောက်လာပြီး ခြေစွမ်းပြဖို့ကတော့ တကယ်မကောင်းပဲဆုတောင်းနေရသလိုပါပဲ။အာဆင်နယ်မှာတော့ လူငယ်တွေအတွက်ပိုကောင်းတဲ့ စင်မြင့်တခုရှိနေပါတယ် ” လို့သုံးသပ်ခဲ့ပါတယ်။

အိုဝင်ကဆက်ပြောရာမှာတော့ – ” အချို့ကစားသမားလေးတွေ ဟာလုံလောက်ကောင်းမွန်မှု မရှိပါဘူး ။ဒါဟာပြသနာတခုဖြစ်ပါတယ်။ယူနိုက်တက် အသင်းမှာဆိုရင် အပြန်အလှန်လေးစားမှု ကိုယ်စီထားရှိကြတာဖြစ်ပါတယ်။

သူတို့သာကျစ်လစ်ခိုင်မာတဲ့ အသင်းဆိုရင် ဂရင်းဝုဒ်တယောက် ပွဲတွေကို ဆက်ုပီးကစားခွင့်ရနေမှာဖြစ်ပါတယ်။ဒါပေမယ့်လည်း အချို့လူငယ် ကစားသမားလေးတွေကတော့ လုံးလောက်တဲ့ အခွင့်အရေးမျိုး မရရှိထားတာဖြစ်ပါတယ်။

ဒါဟာပြင်းထန်ရက်စက်တယ်လို့ ခင်ဗျားတို့ ပြောနိုင်ပါတယ်။အဲ့လိုမှ မဟုတ်ရင်လည်းယူနိုက်တက်လိုအသင်းမှာကစားခွင့်ရခဲ့ဖူးတာဟာသူတို့အတွက် ကြီးကျယ်ခန်းနားပါတယ်။ဒါကြောင့်သူတို့ဟာကစားသမားဘဝအတွက်နေရာကောင်းကို ပြောင်းရွှေ့နိုင်ပြီဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

SPORTS MYANMAR

Zawgyi

အာဆင္နယ္အသင္းက လူငယ္ေတြနဲ႔ ယူႏိုက္တက္လူငယ္ေတြဘယ္သူေတြကပိုေကာင္းလဲဆိုတာရွင္းျပလိုက္တဲ႔ #မိုက္ကယ္အိုဝင္
=====================================

ယူရိုပါလိဂ္ျပိဳင္ပြဲရဲ႕ အုပ္စု အဆင့္ ဒုတိယေျမာက္ပြဲစဥ္ေတြကို ယမန္ေန႔ ညပိုင္းမွာ ဆက္လက္ကစားသြားခဲ႔ပါတယ္။ ဒီပြဲေတြမွာေတာ့ အဂၤလန္ ကုိယ္စားျပဳအာဆင္နယ္ အသင္းနဲ႔ ယူႏိုက္တက္တို႔ရဲ႕ ေျခစြမ္းနဲ႔ရလဒ္ေတြက ဆန္႔က်င္ဘက္အေနအထားမ်ိဳး ထြက္ေပၚ ခဲ႔တာျဖစ္ပါတယ္။

လီဗာပူး အသင္းမွာ ငွက္ျမန္ေလး လို႔ ေက်ာ္ျကားခဲ႔ဖူးတဲ႔ နာမည္ေက်ာ္ တိုက္စစ္မွဴး ေဟာင္းတဦးျဖစ္တဲ႔ မိုက္ကယ္အိုဝင္ကေတာ့ ယူႏိုက္တက္ အသင္းရဲ႕ လူငယ္အခ်ိဳ႔ဟာ အာဆင္နယ္ လူငယ္ေလးေတြေလာက္ လံုေလာက္ေကာင္းမြန္မွဳ မရွိဘူးလို႕ သံုးသပ္လိုက္ပါတယ္။

အာဆင္နယ္ အသင္းဟာ အခုအပတ္ ယူရိုပါလိဂ္ ပြဲစဥ္အျဖစ္ စတန္းဒက္လိဂ္အသင္းကို အမ္းမရိတ္မွာ ဧည့္ခံကစားသြားခဲ႔ျပီး လူငယ္ေတြကို ပဲ အဓိက ပြဲထုတ္ခဲ႕ေပမယ့္ ၄-၀ ဂိုးနဲ႕အႏိုင္ရခဲ႔တာျဖစ္ပါတယ္။၁၈ႏွစ္အရြယ္ မာတီနယ္လီက သြင္းဂိုး၂ဂိုး အသက္ ၂၀ အရြယ္ ဝီေလာ့ခ္က တဂိုးနဲ႕ အသက္ ၂၃ ႏွစ္အရြယ္ ဆီဘယ္ေလာ့စ္တို႕က ဂိုးေတြသြင္းယူေပးခဲ႕တာျဖစ္ပါတယ္။

နည္းျပဆိုးလ္ရွားရဲ႕ ယူႏိုက္တက္ အသင္းကေတာ့ ေဟာ္လန္ေျမမွာ Az အယ္ခ္မာ အသင္းကို သြားေရာက္ရင္ဆိုင္ခဲ႕ရျပီး စိတ္ပ်က္စရာေျခစြမ္းမ်ိဳးနဲ႔ဂိုးမရွိသေရသာကစားသြားႏိုင္ခဲ႔တာျဖစ္ပါတယ္။သူတို႔ဟာ ဒီပြဲမွာ ဂိုးေပါက္ တည္႔ကန္ခ်က္ မရွိခဲ႔တဲ႕အထိကို အေျခအေနဆိုးခဲ႕တာျဖစ္ပါတယ္။

အာဆင္နယ္နဲ႕ ယူႏိုက္တက္တို႔ဟာ ယူရိုပါလိဂ္ ပြဲေတြမွာ ဆယ္ေက်ာ္သက္ေတြကို လည္းအသံုးျပဳသြားခဲ႔တာျဖစ္ျပီး နယ္လ္ဆင္၊ မာတီနယ္လီ၊ ဘရန္ဒန္ဝီလီယံ ၊ အိန္ဂ်ယ္ဂိုမက္စ္၊ ဂရင္းဝုဒ္ အစရွိတဲ႕ လူငယ္ေသြးသစ္ ေလးေတြကို ေနရာေပးသြား ခဲ႕ျကတာျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းမွာ ကစားခဲ႔ဖူးတဲ႔ တိုက္စစ္မွဴး ေဟာင္း အိုဝင္ကေတာ့ ျပည္တြင္းနဲ႔ ဥေရာပမွာ ရုန္းကန္ေနရတဲ႔အသင္းတသင္းထဲကို တန္းျပီး ထည့္သြင္းခံ ခဲ႔ရတဲ႔ လူငယ္ေလးေတြ အေနနဲ႕ ေျခစြမ္းနဲ႔စြမ္းေဆာင္ရည္ နစ္ျမဳပ္ေပ်ာက္ဆံုး သြားလိမ့္မယ္ လို႕ မွတ္ခ်က္ေပးသြားခဲ႕ပါတယ္။

BT Sport ရ႕ဲ သံုးသပ္ခ်က္ အစီအစဥဥ္ မွာ အိုဝင္က – ” က်ြန္ေတာ့္အထင္ ယူႏိုက္တက္ လူငယ္ေလးေတြ ဒုကၡပင္လယ္ထဲ ကူးခတ္ရပါေတာ့မယ္။ေျခစြမ္း ေနာက္ထပ္နစ္ျမဳပ္စရာ အထူးစပယ္ရွယ္ကစားသမားေကာင္းေလးေတြလည္း မရွိေတာ့ပါဘူး ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

အိုဝင္နဲ႔ တူ ပြဲကို သံုးသပ္ေနတဲ႔ မာတင္ကီအြန္ကေတာ့ – ” အာဆင္နယ္အသင္းရဲ႕ လူငယ္ေလးေတြကေတာ့ ပိုျပီး တည္းျငိမ္ အသားက်တဲ႔ တည္ေဆာက္ပံုအတြင္း ေရာက္လာေနပါတယ္။အာဆင္နယ္အသင္းက ဘာေတြကိုျဖန္႔ေဝေပးေနတယ္ဆိုတာကိုက်ြန္ေတာ္ျမင္ႏိုင္ပါတယ္။

ကစားသမားတိုင္းက ပုံစံတူ အေနအထား နီးပါး ကို ျဖစ္ေနတာျဖစ္ပါတယ္။ကြင္းလယ္ပိုင္းကို ျကည့္မယ္ဆိုရင္ အေတာ္ေလး တည္ေဆာက္ပံုေကာင္းျပီး ပိုေကာင္းတဲ႔ မ်ွေျခအေနအထားမ်ိဳးမွာရွိေနပါတယ္။

ယူႏိုက္တက္အသင္းမွာေတာ့ လူငယ္ေလးတဦးဝင္ေရာက္လာျပီး ေျခစြမ္းျပဖုိ႔ကေတာ့ တကယ္မေကာင္းပဲဆုေတာင္းေနရသလိုပါပဲ။အာဆင္နယ္မွာေတာ့ လူငယ္ေတြအတြက္ပိုေကာင္းတဲ႔ စင္ျမင့္တခုရွိေနပါတယ္ ” လို႔သံုးသပ္ခဲ႕ပါတယ္။

အိုဝင္ကဆက္ေျပာရာမွာေတာ့ – ” အခ်ိဳ႔ကစားသမားေလးေတြ ဟာလံုေလာက္ေကာင္းမြန္မွဳ မရွိပါဘူး ။ဒါဟာျပသနာတခုျဖစ္ပါတယ္။ယူႏိုက္တက္ အသင္းမွာဆုိရင္ အျပန္အလွန္ေလးစားမွဳ ကိုယ္စီထားရွိျကတာျဖစ္ပါတယ္။

fred\

သူတို႕သာက်စ္လစ္ခိုင္မာတဲ႕ အသင္းဆိုရင္ ဂရင္းဝုဒ္တေယာက္ ပြဲေတြကို ဆက္ုပီးကစားခြင့္ရေနမွာျဖစ္ပါတယ္။ဒါေပမယ့္လည္း အခ်ိဳ႕လူငယ္ ကစားသမားေလးေတြကေတာ့ လံုးေလာက္တဲ႔ အခြင့္အေရးမ်ိဳး မရရွိထားတာျဖစ္ပါတယ္။

ဒါဟာျပင္းထန္ရက္စက္တယ္လို႔ ခင္ဗ်ားတို႔ ေျပာႏိုင္ပါတယ္။အဲ႕လိုမွ မဟုတ္ရင္လည္းယူႏိုက္တက္လိုအသင္းမွာကစားခြင့္ရခ႔ဲဖူးတာဟာသူတို႕အတြက္ ျကီးက်ယ္ခန္းနားပါတယ္။ဒါေျကာင့္သူတို႔ဟာကစားသမားဘဝအတြက္ေနရာေကာင္းကို ေျပာင္းေရႊ႕ႏိုင္ျပီျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႕ပါတယ္။

SPORTS MYANMAR