martinelli

Unicode

ယနေ့ နံနက် အစောပိုင်းမှာ ကစားသွားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုအဆင့် ပွဲစဉ်မှာ အာဆင်နယ် အသင်း က စတန်းဒက်လိဂ်အသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရ ခဲ့ပါတယ်။ ဒီ ပွဲမှာ အထူးခြေစွမ်း ပြသသွားခဲ့တာကတော့ အာဆင်နယ်အသင်းရဲ့တိုက်စစ် ကစားသမားလေး မာတီနယ်လီဖြစ်ပါတယ်။

arsenal

အသက် ၁၈နှစ် အရွယ်သာရှိသေးတဲ့ဒီဘရာဇီးလ်သားလေး ဟာ ကိုယ်တိုင်သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့သလို ပဲ ဆီဘယ်လော့စ်ရဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။အာဆင်နယ်အသင်းကပြိုင်ဘက်ကို အခုလိုဂိုးပြတ်ခြေပြတ် အနိုင်ရခဲ့ပေမယ့် ယူနိုက်တက် အသင်းကတော့ Azအယ်ခ်မာအသင်းကို အဝေးကွင်းမှာ ဂိုးမရှိသရေသာကစားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပွဲချိန်အတွင်း ဂိုးပေါက်တည့်ကန်ချက် တကြိမ်မှာ စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိလို့ ဝေဖန်မှုတွေကိုပါ ခံနေခဲ့ရပြီဖြစ်ပါတယ်။ယူနိုက်တက် အသင်းက တိုက်စစ် စွမ်းဆောင်ရည်ကျဆင်းနေချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ပဲသူတို့အသင်းကို ရောက်လုနီးပါးဖြစ်ခဲ့တဲ့ မာတီနယ်လီက အာဆင်နယ်တိုက်စစ်မှာ ခြေစွမ်းပြနေတာဖြစ်ပါတယ်။

မာတီနယ်လီဟာ လွန်ခဲ့တဲ့ ၂နှစ်ခန့်လောက်တုန်းက ယူနိုက်တက် အသင်းကို၂ရာသီကြာ လာရောက်ပြီး လေ့ကျင့်မှု တွေပြုလုပ်ခဲ့ဖူးတဲ့ ကြယ်ပွင့်တဦးဖြစ်ပါတယ်။ဒါပေမယ့်လည်း ယူနိုက်တက် တာဝန်ရှိသူတွေက သူ့ကို အပြီးသတ်စာချုပ် ဆို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ပယ်ချထားခဲ့ကြတာဖြစ်ပါတယ်။

သူဟာ အခုနွေရာသီမှာတော့ ဘရာဇီးလ် ကလပ် အီတူအာနို အသင်းကနေ ပေါင် ၆သန်းဝန်းကျင်နဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့ပြီး ၃ပွဲကစား၄ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။နော်တင်ဟမ် အသင်းနဲ့ ကရာဘောင်ဖလား ပွဲမှာ ၂ဂိုး ၊ ယမန်နေ့ညပွဲမှာ၂ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

martinelli

 

မာတီနယ်လီက အခုလို တပွဲ၂ဂိုးနှုန်းသွင်းယူနေချိန်မှာတော့ ယူနိုက်တက် အသင်းက ဒီရာသီပြိုင်ပွဲစုံမှာ ချဲဆီးလ် အသင်းကို ၄ဂိုးပြတ်အနိုင်ရပြီးကတည်းက တပွဲတဂိုးထက် ပိုမသွင်းနိုင်ခဲ့တော့တာဖြစ်ပါတယ်။ပင်နယ်တီဂိုးတွေကိုသာ မထည့်တွက်ပါက မာတီနယ်လီရဲ့ဂိုးအရေအတွက်ဟာ ယူနိုက်တက် တိုက်စစ်မှူးတွေဖြစ်တဲ့ ဂရင်းဝုဒ်နဲ့ ရတ်ဖို့ဒ်တို့ ၂ဦးပေါင်းဂိုးတွေထက်ကို ပိုများနေတာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ နွေရာသီစျေးကွက် အတွင်းမှာ လူကာကူနဲ့ ဆန်းချက်တို့ကို အင်တာမီလန် အသင်းထံ လက်လွှတ်ထားခဲ့ပေမယ့် အစားထိုးတိုက်စစ်မှူး တဦးတလေတောင်ပြန်ခေါ်မထားပဲ ၁၇နှစ်အရွယ်လူငယ် ဂရင်းဝုဒ်ကို စီနီယာအသင်းထံ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အခုအပတ်ယူရိုပါလိဂ်ပွဲတွေအပြီးမှာတော့ မာတီနယ်လီကို ဆိုးလ်ရှားရဲ့ အသင်းမှာယူနိုက်ဖန်တွေမြင်ချင်နေကြလိမ့်မယ်ဆိုတာအသေအချာပဲဖြစ်ပါတယ်။

တကယ်တမ်းမှာလည်း ယူနိုက်တက် အသင်းဟာ မာတီနယ်လီရဲ့ ခြေစွမ်းကို ၂နှစ်တာအချိန်ကာလတခုလောက်အထိ စောင့်ကြည့်စမ်းသပ်ပြီး အကဲခတ်ခွင့်ရခဲ့သေးတာဖြစ်ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီး ကာယကံရှင်ကစားသမားလေးက နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲအပြီးအင်တာဗျူးတခုမှာ –

” ၂၀၁၅ ခုနှစ် ကနေ ၂၀၁၇ ခုနှစ်ကြား ကာလတွေအတွင်း မှာ ကျွန်တော် အဲ့ဒီ ( ယူနိုက်တက်အသင်း ) ကို လေးကြိမ်လောက် သွားရောက်ပြီး လေ့ကျင့်မှုတွေကို ၁၅ရက်လောက်ကြာအောင် လုပ်ဆောင်ခဲ့ဖူးပါတယ်။ကျွန်တော်ဟာ ဖယ်လိုင်နီ၊ အီဗာရာ တို့အပြင် အခြားကစားသမားတွေနဲ့ လည်း ဓာတ်ပုံ ရိုက်ခွင့်ရခဲ့ပါတယ်။ကျွန်တော်က ဘရာဇီးလ်သားတယောက်ဖြစ်တယ်ဆိုတာကို ပေါ့ဘာကသိပါတယ်။ကျွန်တော်ကစားရတာ အဆင်ပြေလားဆိုပြီးတော့ လည်းသူက လာမေးခဲ့ပါသေးတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

မာတီနယ်လီဟာ တောင်ပံကစားသမားတဦးအဖြစ် ပါဝင်ကစားရတာကို ကြိုက်နှစ်သက်သူဖြစ်ပေမယ့် စတန်းဒက်လိဂ် နဲ့ ပွဲမှာတော့ အမ်မရီက သူ့ကို အထောင်တိုက်စစ်ကစားသမားအဖြစ် အသုံးပြုသွားခဲ့တာဖြစ်ပါတယ်။ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမ်မရီက ပွဲပြီး အင်တာဗျူးတခုမှာ-

arsenal

” သူ ( မာတီနယ်လီ ) ဟာ ဘယ်တောင်ပံတိုက်စစ် ကစားသမားတဦးအဖြစ် ကစားရတာကို ပိုကြိုက်ပါတယ်။ညာတောင်ပံမှာလည်း ကစားလေ့ရှိပါတယ်။ကျွန်တော်ကတော့ သူ့ကို အထောင်တိုက်စစ် နေရာမှာအသုံးပြုနေတာဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ ဘရာဇီးလ်မှာသူက တိုက်စစ်မှူးနေရာမှာ ကစားလို့ဖြစ်ပါတယ်။ဒါပေမယ့် တိုက်စစ်မှူးနေရာဟာ သူ့အတွက်အကောင်းဆုံးတော့မဟုတ်ပါဘူး။ဒါပေမယ့် သူ့ရဲ့စိတ်ထဲမှာ ပထမဦးစားပေးရှိနေတာက အသင်းကို ကူညီပေးဖို့ ပဲဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR

Zawgyi

ယူႏိုက္တက္ အသင္းလြတ္ခဲ႔တဲ႔ငါးျကီး သို႔မဟုတ္ မာတီနယ္လီ

=================================

ယေန႔ နံနက္ အေစာပိုင္းမွာ ကစားသြားခဲ႔တဲ႔ ယူရိုပါလိဂ္ အုပ္စုအဆင့္ ပြဲစဥ္မွာ အာဆင္နယ္ အသင္း က စတန္းဒက္လိဂ္အသင္းကို ၄-၀ ဂိုးနဲ႔ အႏိုင္ရ ခဲ႔ပါတယ္။ ဒီ ပြဲမွာ အထူးေျခစြမ္း ျပသသြားခဲ႕တာကေတာ့ အာဆင္နယ္အသင္းရဲ႕တိုက္စစ္ ကစားသမားေလး မာတီနယ္လီျဖစ္ပါတယ္။

အသက္ ၁၈ႏွစ္ အရြယ္သာရွိေသးတဲ႔ဒီဘရာဇီးလ္သားေလး ဟာ ကုိယ္တိုင္သြင္းဂိုး ၂ဂိုး သြင္းယူႏိုင္ခဲ႔သလို ပဲ ဆီဘယ္ေလာ့စ္ရဲ႕ သြင္းဂိုးကိုလည္း ဖန္တီးေပးႏိုင္ခဲ႔တာ ျဖစ္ပါတယ္။အာဆင္နယ္အသင္းကျပိဳင္ဘက္ကို အခုလိုဂိုးျပတ္ေျချပတ္ အႏိုင္ရခဲ႕ေပမယ့္ ယူႏိုက္တက္ အသင္းကေတာ့ Azအယ္ခ္မာအသင္းကို အေဝးကြင္းမွာ ဂိုးမရွိသေရသာကစားႏိုင္ခဲ႔ပါတယ္။

ဒါ့အျပင္ ပြဲခ်ိန္အတြင္း ဂိုးေပါက္တည့္ကန္ခ်က္ တျကိမ္မွာ စြမ္းေဆာင္ႏိုင္ခဲ႔ျခင္း မရွိလို႕ ေဝဖန္မွဳေတြကိုပါ ခံေနခဲ့ရျပီျဖစ္ပါတယ္။ယူႏိုက္တက္ အသင္းက တိုက္စစ္ စြမ္းေဆာင္ရည္က်ဆင္းေနခ်ိန္နဲ႔ တိုက္တုိက္ဆိုင္ဆိုင္ဆိုသလို ပဲသူတို႔အသင္းကို ေရာက္လုနီးပါးျဖစ္ခဲ႔တဲ႔ မာတီနယ္လီက အာဆင္နယ္တိုက္စစ္မွာ ေျခစြမ္းျပေနတာျဖစ္ပါတယ္။

မာတီနယ္လီဟာ လြန္ခဲ႔တဲ႔ ၂ႏွစ္ခန္႔ေလာက္တုန္းက ယူႏိုက္တက္ အသင္းကို၂ရာသီျကာ လာေရာက္ျပီး ေလ့က်င့္မွဳ ေတြျပဳလုပ္ခဲ႔ဖူးတဲ႕ ျကယ္ပြင့္တဦးျဖစ္ပါတယ္။ဒါေပမယ့္လည္း ယူႏိုက္တက္ တာဝန္ရွိသူေတြက သူ႔ကို အျပီးသတ္စာခ်ဳပ္ ဆို ေခၚယူႏိုင္မယ့္ အခြင့္အေရးကို ပယ္ခ်ထားခဲ႔ျကတာျဖစ္ပါတယ္။

သူဟာ အခုေႏြရာသီမွာေတာ့ ဘရာဇီးလ္ ကလပ္ အီတူအာႏို အသင္းကေန ေပါင္ ၆သန္းဝန္းက်င္နဲ႔ အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕လာခဲ႔ျပီး ၃ပြဲကစား၄ဂိုးအထိသြင္းယူေပးထားႏိုင္ခဲ႔ျပီျဖစ္ပါတယ္။ေနာ္တင္ဟမ္ အသင္းနဲ႔ ကရာေဘာင္ဖလား ပြဲမွာ ၂ဂိုး ၊ ယမန္ေန႔ညပြဲမွာ၂ဂိုးသြင္းယူႏိုင္ခဲ႔တာျဖစ္ပါတယ္။

 

မာတီနယ္လီက အခုလို တပြဲ၂ဂိုးႏွဳန္းသြင္းယူေနခ်ိန္မွာေတာ့ ယူႏိုက္တက္ အသင္းက ဒီရာသီျပိဳင္ပြဲစံုမွာ ခ်ဲဆီးလ္ အသင္းကို ၄ဂိုးျပတ္အႏိုင္ရျပီးကတည္းက တပြဲတဂိုးထက္ ပိုမသြင္းႏိုင္ခဲ႔ေတာ့တာျဖစ္ပါတယ္။ပင္နယ္တီဂိုးေတြကိုသာ မထည့္တြက္ပါက မာတီနယ္လီရဲ႕ဂိုးအေရအတြက္ဟာ ယူႏိုက္တက္ တိုက္စစ္မွဴးေတြျဖစ္တဲ႔ ဂရင္းဝုဒ္နဲ႔ ရတ္ဖို႔ဒ္တို႔ ၂ဦးေပါင္းဂိုးေတြထက္ကို ပုိမ်ားေနတာျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းဟာ ေႏြရာသီေစ်းကြက္ အတြင္းမွာ လူကာကူနဲ႔ ဆန္းခ်က္တို႔ကို အင္တာမီလန္ အသင္းထံ လက္လႊတ္ထားခဲ႕ေပမယ့္ အစားထိုးတိုက္စစ္မွဴး တဦးတေလေတာင္ျပန္ေခၚမထားပဲ ၁၇ႏွစ္အရြယ္လူငယ္ ဂရင္းဝုဒ္ကို စီနီယာအသင္းထံ ေခၚယူထားခဲ႔တာျဖစ္ပါတယ္။ဒါေပမယ့္ အခုအပတ္ယူရိုပါလိဂ္ပြဲေတြအျပီးမွာေတာ့ မာတီနယ္လီကို ဆိုးလ္ရွားရဲ႕ အသင္းမွာယူႏိုက္ဖန္ေတြျမင္ခ်င္ေနျကလိမ့္မယ္ဆိုတာအေသအခ်ာပဲျဖစ္ပါတယ္။

တကယ္တမ္းမွာလည္း ယူႏိုက္တက္ အသင္းဟာ မာတီနယ္လီရဲ႕ ေျခစြမ္းကို ၂ႏွစ္တာအခ်ိန္ကာလတခုေလာက္အထိ ေစာင့္ျကည့္စမ္းသပ္ျပီး အကဲခတ္ခြင့္ရခဲ႕ေသးတာျဖစ္ပါတယ္။ဒီအေျကာင္းနဲ႔ပတ္သက္ျပီး ကာယကံရွင္ကစားသမားေလးက ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ပြဲအျပီးအင္တာဗ်ဴးတခုမွာ –

” ၂၀၁၅ ခုႏွစ္ ကေန ၂၀၁၇ ခုႏွစ္ျကား ကာလေတြအတြင္း မွာ က်ြန္ေတာ္ အဲ႔ဒီ ( ယူႏိုက္တက္အသင္း ) ကို ေလးျကိမ္ေလာက္ သြားေရာက္ျပီး ေလ့က်င့္မွဳေတြကို ၁၅ရက္ေလာက္ျကာေအာင္ လုပ္ေဆာင္ခဲ႕ဖူးပါတယ္။က်ြန္ေတာ္ဟာ ဖယ္လိုင္နီ၊ အီဗာရာ တို႔အျပင္ အျခားကစားသမားေတြနဲ႔ လည္း ဓာတ္ပံု ရိုက္ခြင္႔ရခဲ႔ပါတယ္။က်ြန္ေတာ္က ဘရာဇီးလ္သားတေယာက္ျဖစ္တယ္ဆိုတာကို ေပါ့ဘာကသိပါတယ္။က်ြန္ေတာ္ကစားရတာ အဆင္ေျပလားဆိုျပီးေတာ့ လည္းသူက လာေမးခဲ႔ပါေသးတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

မာတီနယ္လီဟာ ေတာင္ပံကစားသမားတဦးအျဖစ္ ပါဝင္ကစားရတာကို ျကိုက္ႏွစ္သက္သူျဖစ္ေပမယ့္ စတန္းဒက္လိဂ္ နဲ႔ ပြဲမွာေတာ့ အမ္မရီက သူ႔ကို အေထာင္တိုက္စစ္ကစားသမားအျဖစ္ အသံုးျပဳသြားခဲ႔တာျဖစ္ပါတယ္။ဒီအေျကာင္းနဲ႕ ပတ္သက္ျပီး အမ္မရီက ပြဲျပီး အင္တာဗ်ဴးတခုမွာ-

” သူ ( မာတီနယ္လီ ) ဟာ ဘယ္ေတာင္ပံတိုက္စစ္ ကစားသမားတဦးအျဖစ္ ကစားရတာကို ပိုျကိုက္ပါတယ္။ညာေတာင္ပံမွာလည္း ကစားေလ့ရွိပါတယ္။က်ြန္ေတာ္ကေတာ့ သူ႔ကို အေထာင္တိုက္စစ္ ေနရာမွာအသံုးျပဳေနတာျဖစ္ပါတယ္။ဘာေျကာင့္လည္းဆိုေတာ့ ဘရာဇီးလ္မွာသူက တိုက္စစ္မွဴးေနရာမွာ ကစားလို႔ျဖစ္ပါတယ္။ဒါေပမယ့္ တိုက္စစ္မွဴးေနရာဟာ သူ႔အတြက္အေကာင္းဆံုးေတာ့မဟုတ္ပါဘူး။ဒါေပမယ့္ သူ႔ရဲ႕စိတ္ထဲမွာ ပထမဦးစားေပးရွိေနတာက အသင္းကို ကူညီေပးဖို႕ ပဲျဖစ္ပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

SPORTS MYANMAR