messi

Unicode

ဘရာဇီးလ်နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့တဲ့ အခုနှစ် ကိုပါအမေရိကဖလားပြိုင် ပွဲမှာ နာမည်ကြီး အာဂျင်တီးနား အသင်း ဖိုင်နယ်အဆင့်တောင်တက်ရောက်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ အိမ်ရှင် ဘရာဇီးလ် အသင်းကို အရေးနိမ့်ခဲ့ရလို့ တတိယနေရာလုပွဲစဉ် သာကစားခဲ့ရတာ့ဖြစ်ပါတယ်။

 

ချီလီကို အနိုင်ယူပြီး တတိယနေရာသာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် အသင်းခေါင်း ဆောင် မက်ဆီရဲ့ ဦးဆောင်နိုင်မှု စွမ်းရည်အပေါ်ကို အသင်းဖော် တောင်ပံကစားသမား ဒီမာရီယာက ချီးကျူးသွားခဲ့ပါတယ်။ဘရာဇီးလ်ကိုရှုံးနိမ့်ခဲ့အပြီးမှာ မက်ဆီပြောခဲ့တဲ့ စကားတခွန်းကြောင့်တသင်းလုံး မျက်ရည်လည်ခဲ့ရတယ်ဆိုတာကို လည်းအခုချိန်မှာ ဒီမာရီယာက ပြန်ပြောပြသွားခဲ့ပါတယ်။

ဘလွန်းဒီအောဆု ၅ဆုရှင် ကမ္ဘာ့အကောင်းဆုံး ကစားသမား တဦးဖြစ်တဲ့ မက်ဆီ ဟာ ဘာစီလိုနာ အသင်းအတွက် ဆုဖလားအောင်မြင်မှုတွေကို အများအပြား ရယူပေးထားနိုင်ခဲ့သလို တဦးချင်းဆုတံဆိပ် စံချိန် မှတ်တမ်းပေါင်းများစွားကို လည်း ကလပ်အသင်းသားဘဝ မှာ ရရှိထားခဲ့တာ ဖြစ်ပါတယ်။နိုင်ငံ အသင်းအတွက်လည်း အသက် ငယ်ရွယ်စဉ်မှာ ယူ ၂၀ကမ္ဘာ့ဖလား ၊ ဘေဂျင်းအိုလံပစ်ရွှေတံဆိပ် အစရှိတဲ့ အောင်မြင်မှုတွေကို ရယူပေးထားနိုင်ခဲ့ဖူးတာဖြစ်ပါတယ်။ဒါပေမယ့် စီနီယာလက်ရွေးစင် အသင်းအတွက် အခုချိန်အထိ ဆုဖလားအောင်မြင်မှု တခုတလေတောင်ရယူပေးနိုင်ခဲ့ဖူးခြင်း မရှိသေးတာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်မှာ အခွင့်အရေးတွေ နည်းပါးနေပြီဖြစ်လို့ အခုနှစ်ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဒီမာရီယာ အပါအဝင် အသင်းဖော်တွေနဲ့အတူ ချန်ပီယံဆုအတွက် ကြိုးပမ်းခဲ့ပေမယ့် ထပ်မံလွဲချော်ခဲ့တာဖြစ်ပါတယ်။အာဂျင်တီးနားအသင်းအတွက်လည်း ၁၉၉၃ ကိုပါအမေရိကဖလားနောက်ပိုင်း ဆုဖလား
ခန်းခြောက်နေမှုဆက်သွားခဲ့ရပါတယ်။

messi

ဆီမီးဖိုင်နယ်မှာဘရာဇီးလ်ကို အရေးနိမ့်ခဲ့လို့ စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် ပွဲအပြီး မှာ အသင်းခေါင်းဆောင် မက်ဆီထံကနေ စိတ်ခွန်အားပေးတဲ့စကားမျိုးကြားခဲ့ရပြီး မျက်ရည်တောင်လည်မိတယ်လို့ ဒီမာရီယာကဆိုပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးဒီမာရီယာက –

” ဘရာဇီးလ်အသင်းက ကျွန်တော်တို့ကို ဖြုတ်ချလိုက်အပြီး မှာ မက်ဆီက စကားလုံး အလှအပတွေနဲ့ ပဲကျွန်တော်တို့ကိုပြောဆိုခဲ့ပါတယ်။ကျွန်တော်တို့ တည်ဆောက်ထားနိုင်ခဲ့တဲ့ အသင်းကိုသူက ကျေနပ် ဂုဏ်ယူမိတယ်လို့ ပြောပါတယ်။

ကျွန်တော်တို့အသင်းသားတွေဟာ စီနီယာ လက်ရွေးစင် အသင်းမှာ အချိန်ကာလအကြာ တွဲကစားဖူးသေးတာမဟုတ်ပါဘူး။ဒါပေမယ့်လည်း အချိန်ကာလအကြာ ကြီးတွဲဖက်ကစားခဲ့ဖူးသလို ခံစားသွားခဲ့ရပါတယ်။ပြိုင်ပွဲရဲ့ ပထမဆုံးနေ့ကနေ အားလုံးအတူတကွ တူညီတဲ့ လားရာဘက်ကို ခရီးဆက်ခဲ့ကြပါတယ်။အသင်းရဲ့ ဂျာစီအတွက် ပေးဆပ်ပြီးကြိုးစားသွားခဲ့တဲ့ လူငယ်တွေအတွက်လည်းမက်ဆီက ဂုဏ်ယူနပါတယ်။

သူတို့ဟာ အခုရောက်ခဲ့တဲ့နေရာထက်ပိုပြီးမြင့်တဲ့ အနေအထားနဲ့ ထိုက်တန်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ စကားအဆုံးမှာတော့ အကုန်လုံးမျက်ရည်ဝဲခဲ့ကြပါတယ်။လူငယ်ကစားသမားတွေကိုသူ့ရဲ့စကားတွေက heart ထိစေခဲ့ပါတယ်။လူငယ်တွေဆိုတာ အသင်းကို တူညီတဲ့ လမ်းကြောင်းပေါ် ဆက်သယ်ဆောင်ရမယ့် သူတွေဖြစ်ပြီး လွယ်တော့လွယ်မှာမဟုတ်ပါဘူး။အားလုံးက အလုံးစုံပေးဆပ်ကြိုးစားနေရမှာဖြစ်ပြီး အနှေးနဲ့ အမြန်ဆိုသလို ကံကောင်းမှုက ကျွန်တော်တို့ဆီကို ရောက်လာပါလိမ့်မယ်” လို့ပြောခဲ့ပါတယ်။

မက်ဆီ ဟာကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလိုပွဲမစမီမှာအာဂျင်တီးနား နိုင်ငံတော်သီချင်း ကိုတောင်လိုက်မဆိုပဲ နှုတ်ဆိတ်နေခဲ့လို့ ဝေဖန်ပြစ်တင်မှုတွေကို အတော်လေးခံခဲ့ရပါသေးတယ်။

messi

ဒီအကြောင်းနဲ့ပတ်သက်ပြီး ဒီမာရီယာက –
” မက်ဆီ နိုင်ငံတော် သီချင်း မဆိုခဲ့လိုဝေဖန်ပြစ်တင်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုနှစ် ကိုပါအမေရိကဖလားပြိုင်ပွဲကခြားနားမှုတွေအများကြီးရှိခဲ့ပြီး သူက ဒါကို သက်သေပြသနိုင်ခဲ့ပါတယ်။လူထု ရဲ့ ရှေ့မှောက်မှာ သတင်းထောက် တွေနဲ့ အင်တာဗျူး မှာ သူ့ရဲ့ ပြောပုံဆိုပုံတွေကို မြင်ရချိန်မှာတော့ ကျွန်တော်ပိုတောင် ပျော်ရွှင်မိပါတယ်။အရေးအကြီးဆုံးကတော့ မက်ဆီကဒီလိုပုံစံမျိုးဖြစ်နေဖို့ပါပဲ။ကျွန်တော်ကလည်း ဒီလိုမက်ဆီကိုပဲ ကြိုက်ပါတယ် ” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR

Zawgyi

ကိုပါအေမရိဖလားမွာဘရာဇီးလ္ကိုအေရးနိမ့္အျပီး မက္ဆီဘာေျပာခဲ႔တယ္ဆိုတာျပန္ေျပာင္းေျပာျပလိုက္တဲ႔ #ဒီမာရီယာ
===================================

ဘရာဇီးလ္ႏိုင္ငံက အိမ္ရွင္ အျဖစ္ လက္ခံက်င္းပခဲ႕တဲ႔ အခုႏွစ္ ကိုပါအေမရိကဖလားျပိဳင္ ပြဲမွာ နာမည္ျကီး အာဂ်င္တီးနား အသင္း ဖိုင္နယ္အဆင့္ေတာင္တက္ေရာက္ႏိုင္ျခင္း မရွိခဲ႔တာ ျဖစ္ပါတယ္။ ဆီမီးဖိုင္နယ္မွာ အိမ္ရွင္ ဘရာဇီးလ္ အသင္းကို အေရးနိမ့္ခဲ႔ရလို႔ တတိယေနရာလုပြဲစဥ္ သာကစားခဲ႔ရတာ့ျဖစ္ပါတယ္။

ခ်ီလီကို အႏိုင္ယူျပီး တတိယေနရာသာ ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ႔ေပမယ့္ အသင္းေခါင္း ေဆာင္ မက္ဆီရဲ႕ ဦးေဆာင္ႏိုင္မွဳ စြမ္းရည္အေပၚကို အသင္းေဖာ္ ေတာင္ပံကစားသမား ဒီမာရီယာက ခ်ီးက်ဴးသြားခဲ႔ပါတယ္။ဘရာဇီးလ္ကိုရွံုးနိမ့္ခဲ႔အျပီးမွာ မက္ဆီေျပာခဲ႔တဲ႔ စကားတခြန္းေျကာင့္တသင္းလံုး မ်က္ရည္လည္ခဲ႔ရတယ္ဆိုတာကို လည္းအခုခ်ိန္မွာ ဒီမာရီယာက ျပန္ေျပာျပသြားခဲ႔ပါတယ္။

ဘလြန္းဒီေအာဆု ၅ဆုရွင္ ကမၻာ့အေကာင္းဆံုး ကစားသမား တဦးျဖစ္တဲ႔ မက္ဆီ ဟာ ဘာစီလိုနာ အသင္းအတြက္ ဆုဖလားေအာင္ျမင္မွဳေတြကို အမ်ားအျပား ရယူေပးထားႏိုင္ခဲ႕သလို တဦးခ်င္းဆုတံဆိပ္ စံခ်ိန္ မွတ္တမ္းေပါင္းမ်ားစြားကို လည္း ကလပ္အသင္းသားဘဝ မွာ ရရွိထားခဲ႔တာ ျဖစ္ပါတယ္။ႏိုင္ငံ အသင္းအတြက္လည္း အသက္ ငယ္ရြယ္စဥ္မွာ ယူ ၂၀ကမၻာ့ဖလား ၊ ေဘဂ်င္းအိုလံပစ္ေရႊတံဆိပ္ အစရွိတဲ႔ ေအာင္ျမင္မွဳေတြကို ရယူေပးထားႏိုင္ခဲ႔ဖူးတာျဖစ္ပါတယ္။ဒါေပမယ့္ စီနီယာလက္ေရြးစင္ အသင္းအတြက္ အခုခ်ိန္အထိ ဆုဖလားေအာင္ျမင္မွဳ တခုတေလေတာင္ရယူေပးႏိုင္ခ႔ဲဖူးျခင္း မရွိေသးတာျဖစ္ပါတယ္။

အသက္ ၃၂ ႏွစ္အရြယ္မွာ အခြင့္အေရးေတြ နည္းပါးေနျပီျဖစ္လို႔ အခုႏွစ္ကိုပါအေမရိကဖလားျပိဳင္ပြဲမွာ ဒီမာရီယာ အပါအဝင္ အသင္းေဖာ္ေတြနဲ႔အတူ ခ်န္ပီယံဆုအတြက္ ျကိုးပမ္းခဲ႔ေပမယ့္ ထပ္မံလြဲေခ်ာ္ခဲ႔တာျဖစ္ပါတယ္။အာဂ်င္တီးနားအသင္းအတြက္လည္း ၁၉၉၃ ကိုပါအေမရိကဖလားေနာက္ပိုင္း ဆုဖလားခန္းေျခာက္ေနမွဳဆက္သြားခဲ႕ရပါတယ္။

 

ဆီမီးဖိုင္နယ္မွာဘရာဇီးလ္ကို အေရးနိမ့္ခဲ႕လို႔ စိတ္ပ်က္စရာျဖစ္ခဲ႔ေပမယ့္ ပြဲအျပီး မွာ အသင္းေခါင္းေဆာင္ မက္ဆီထံကေန စိတ္ခြန္အားေပးတဲ႔စကားမ်ိဳးျကားခဲ႔ရျပီး မ်က္ရည္ေတာင္လည္မိတယ္လို႕ ဒီမာရီယာကဆိုပါတယ္။ဒီအေျကာင္းနဲ႔ပတ္သက္ျပီးဒီမာရီယာက –

” ဘရာဇီးလ္အသင္းက က်ြန္ေတာ္တို႔ကို ျဖဳတ္ခ်လိုက္အျပီး မွာ မက္ဆီက စကားလံုး အလွအပေတြနဲ႔ ပဲက်ြန္ေတာ္တို႔ကိုေျပာဆိုခဲ႕ပါတယ္။က်ြန္ေတာ္တို႔ တည္ေဆာက္ထားႏိုင္ခဲ႔တဲ႔ အသင္းကိုသူက ေက်နပ္ ဂုဏ္ယူမိတယ္လို႕ ေျပာပါတယ္။

က်ြန္ေတာ္တို႔အသင္းသားေတြဟာ စီနီယာ လက္ေရြးစင္ အသင္းမွာ အခ်ိန္ကာလအျကာ တြဲကစားဖူးေသးတာမဟုတ္ပါဘူး။ဒါေပမယ့္လည္း အခ်ိန္ကာလအျကာ ျကီးတြဲဖက္ကစားခဲ႔ဖူးသလို ခံစားသြားခ႕ဲရပါတယ္။ျပိဳင္ပြဲရဲ႕ ပထမဆံုးေန႔ကေန အားလံုးအတူတကြ တူညီတဲ႕ လားရာဘက္ကို ခရီးဆက္ခဲ႔ျကပါတယ္။အသင္းရဲ႕ ဂ်ာစီအတြက္ ေပးဆပ္ျပီးျကိုးစားသြားခဲ႔တဲ႔ လူငယ္ေတြအတြက္လည္းမက္ဆီက ဂုဏ္ယူနပါတယ္။

သူတို႔ဟာ အခုေရာက္ခဲ႕တဲ႔ေနရာထက္ပိုျပီးျမင့္တဲ႕ အေနအထားနဲ႔ ထိုက္တန္ခဲ႔တာျဖစ္ပါတယ္။သူ႔ရဲ႕ စကားအဆံုးမွာေတာ့ အကုန္လံုးမ်က္ရည္ဝဲခဲ႔ျကပါတယ္။လူငယ္ကစားသမားေတြကိုသူ႔ရဲ႕စကားေတြက heart ထိေစခဲ႔ပါတယ္။လူငယ္ေတြဆိုတာ အသင္းကို တူညီတဲ႔ လမ္းေျကာင္းေပၚ ဆက္သယ္ေဆာင္ရမယ့္ သူေတြျဖစ္ျပီး လြယ္ေတာ့လြယ္မွာမဟုတ္ပါဘူး။အားလံုးက အလံုးစံုေပးဆပ္ျကိုးစားေနရမွာျဖစ္ျပီး အေႏွးနဲ႔ အျမန္ဆိုသလို ကံေကာင္းမွဳက က်ြန္ေတာ္တို႔ဆီကို ေရာက္လာပါလိမ့္မယ္” လို႔ေျပာခဲ႔ပါတယ္။

မက္ဆီ ဟာကိုပါအေမရိက ဖလားျပိဳင္ပြဲမွာ ေျခစြမ္းျပသႏိုင္ဖို႕ ရုန္းကန္ခဲ႕ရသလိုပြဲမစမီမွာအာဂ်င္တီးနား ႏိုင္ငံေတာ္သီခ်င္း ကိုေတာင္လိုက္မဆိုပဲ ႏွဳတ္ဆိတ္ေနခဲ႔လို႔ ေဝဖန္ျပစ္တင္မွဳေတြကို အေတာ္ေလးခံခဲ႔ရပါေသးတယ္။

ဒီအေျကာင္းနဲ႔ပတ္သက္ျပီး ဒီမာရီယာက –
” မက္ဆီ ႏိုင္ငံေတာ္ သီခ်င္း မဆိုခ႔ဲလိုေဝဖန္ျပစ္တင္မွဳေတြ အမ်ားျကီး ရွိခဲ႔ပါတယ္။ ဒါေပမယ့္ အခုႏွစ္ ကိုပါအေမရိကဖလားျပိဳင္ပြဲကျခားနားမွဳေတြအမ်ားျကီးရွိခဲ႔ျပီး သူက ဒါကို သက္ေသျပသႏိုင္ခဲ႔ပါတယ္။လူထု ရဲ႕ ေရွ႔ေမွာက္မွာ သတင္းေထာက္ ေတြနဲ႔ အင္တာဗ်ဴး မွာ သူ႔ရဲ႕ ေျပာပံုဆိုပံုေတြကို ျမင္ရခ်ိန္မွာေတာ့ က်ြန္ေတာ္ပိုေတာင္ ေပ်ာ္ရႊင္မိပါတယ္။အေရးအျကီးဆံုးကေတာ့ မက္ဆီကဒီလိုပံုစံမ်ိဳးျဖစ္ေနဖို႔ပါပဲ။က်ြန္ေတာ္ကလည္း ဒီလိုမက္ဆီကိုပဲ ျကိုက္ပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

SPORTS  MYANMAR