Unicode
* စတန်းဒက်လိဂ် အသင်း နဲ့ ပွဲမှာ နှစ်ဂိုးသွင်းပြီး၊ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ် နိုင်ခဲ့တဲ့ အာဆင်နယ် လူငယ် တိုက်စစ်မှူး မာတီနယ်လီ ဟာ ဒီတစ်ပတ် ယူရိုပါလိဂ် အကောင်းဆုံး ကစားသမားဆု ဆန်ကာတင်စာရင်းမှာ ပါဝင် လာခဲ့ပါတယ်။ မာတီနယ်လီ နဲ့အတူ မာလန်း၊ရာဖေးလ် ဖော်စတာ၊အယ်ယွန်နော့စီ တို့လည်း ပါဝင် လာခဲ့ပါတယ် ။
arsenal
* ယနေ့နံနက်က ကစားခဲ့တဲ့ ယှဉ်ပြိိုင် ကစားခဲ့တဲ့ စတန်းဒက်လိဂ် အသင်းနဲ့ ပွဲမှာ အသင်း ခေါင်းဆောင် အဖြစ် ပွဲထွက်ခဲ့တဲ့ ဘယ်လာရင် က ” ကျနော့်အတွက် အမှောင်ဖုံးခဲ့တဲ့ အချိန်ကာလတွေ ရှိခဲ့ပါတယ်၊ဒါ​ပေမယ့် အသင်း ခေါင်းဆောင် အဖြစ်နဲ့ ပြန်လည် ပွဲထွက် ကစားခွင့် ရတာကတော့ အရမ်းကို ကျေနပ်ဖို့ ကောင်းပါတယ်။” လို့ ပြောကြား လိုက်ပါတယ်။
* အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ ဟာ စတန်းဒက်လိဂ် အသင်း နဲ့ ပွဲမတိုင်မှီ ကတည်းက အိုဇေးလ်ကို ပွဲထွက်ခွင့် အတွက် အာမခံချက် ပေးဖို့ ငြင်းဆန် ခဲ့ပြီး ပွဲအပြီးမှာလည်း အိုဇေးလ် ထက် ပွဲထွက်ခွင့်နဲ့ ထိုက်တန်တဲ့ ကစားသမားတွေ ရှိနေတာကြောင့် ချန်လှပ်ခဲ့ရတာ ဖြစ်တယ်လို့ ဖြေရှင်း သွားခဲ့ပါတယ် ။
* စတန်းဒက်လိဂ် အသင်း နဲ့ ပွဲမှာ အာဆင်နယ် အသင်းအတွက် ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဝီးလော့ က နည်းပြ အမ်မရီ ဟာ သုံး၊လေးဂိုး ပြတ် နေတဲ့ အချိန်မှာတောင် နောက်ထပ် သွင်းဂိုးတွေ ထပ်မံ သွင်းယူဖို့ ကစားအား မချခိုင်းခဲ့ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ်။
w[llock
* အာဆင်နယ် အသင်းဟာ ပရိသတ်တွေ မဲပေး ရွေးချယ်နိုင်ဖို့အတွက် စက်တင်ဘာလ တစ်လတာ အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် စာရင်းကို ထုတ်ပြန် ကြေညာ လိုက်ပါတယ်။အဆိုပါ ဆန်ကာတင် စာရင်းမှာ အူဘာမီယန်း၊ဂွမ်ဒူဇီ ၊ချိန်ဘာ၊မာတီနက်ဇ်တို့ ပါဝင် လာခဲ့ပါတယ်။
* ဘယ်လာရင် က စတန်းဒက်လိဂ် အသင်း နဲ့ ပွဲမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ မာတီနယ်လီ ဟာ နည်းပြတွေ စကားကော စီနီယာတွေရဲ့စကားကို သေချာ ဂရုစိုက် နားထောင်လေ့ရှိသူ ဖြစ်ကြောင်း နဲ့ သူ့ဆီကနေ ခြေစွမ်းကောင်းတွေ ထပ်မံ မြင်တွေ့ရဖွယ် ရှိတယ်လို့ ချီးကျူး စကားဆိုသွားခဲ့ပါတယ်။
* အာဆင်နယ် အသင်းကနေ စိန့်အက်တီယန် အသင်းကို တစ်ရာသီ အငှား သွားရောက် ကစားနေတဲ့ ဆာလီဘာ ဟာ မနေ့ညက ကစားခဲ့တဲ့ ဝုလ်ဘတ် အသင်း နဲ့ ယူရိုပါလိဂ် အုပ်စု ပွဲစဉ်မှာ ပွဲချိန်ပြည့် ပါဝင် ကစားခဲ့ပါတယ် ။ အဆိုပါ ပွဲမှာ စိန့်အက်တီယန် အသင်းဟာ ဝုလ်ဘတ် အသင်းနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျ သွားခဲ့ပါတယ်။
* ဂန်းနား နောက်ခံလူဟောင်း မာတင်ကီယွန် က ဒီရာသီ ပရီးမီးယားလိဂ်မှာ အူဘာမီယန်း ရဲ့ သွင်းဂိုးတွေကို ဖယ်ထုတ်လိုက်ရင် အာဆင်နယ် အသင်းဟာ အဆင့် ၁၉ နေရာလောက်ကို ရောက်နေနိုင်ကြောင်း ဝန်ခံ ပြောကြားလိုက်ပါတယ် ။ ဒါပေမယ့်လည်း ကီယွန် က မာတီနယ်လီ ဟာ အူဘာမီယန်း နေရာကို ခြိမ်းခြောက်နေပြီ ဖြစ်ကြောင်း ချီးမွမ်း သွားခဲ့ပါတယ်။
* မာတင်ကီယွန် က အာဆင်နယ် နည်းပြ အမ်မရီ အနေနဲ့ နောက်တန်းမှာ ဘယ်လာရင်/ချိန်ဘာ၊လူးဝဇ်၊ဆိုကရက်တစ်၊ဟိုးလ်ဒင်း၊တီယာနေး တို့ကို ဦးစားပေး အသုံးပြု သင့်ကြောင်း တိုက်တွန်း အကြံဉာဏ် ပေးသွားခဲ့ပါတယ် ။
bellarin
* လီဗာပူး တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် က စတန်းဒက်လိဂ် အသင်း နဲ့ ပွဲမှာ မာတီနယ်လီ သွင်းယူခဲ့တဲ့ နှစ်ဂိုး စလုံးဟာ ဂိုးရဖို့ မလွယ်ကူတဲ့ အခြေအနေ တွေမှာ ပါးပါးနပ်နပ် သွင်းယူ ခဲ့တာ ဖြစ်ကြောင်း ချီးကျူး ပြောကြား လိုက်ပါတယ် ။
SPORTS  MYANMAR
Zawgyi
အာဆင်နယ် သတင်းတိုများ
==================
SPORTS MYANMAR