Charlie-Nicholas
Unicode
ယခု အပတ် မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ကို ယှဉ်ပြိုင် ကစား ကြတော့ မှာ ပဲ ဖြစ် ပါတယ် ။ အဆင့် ၁ နေရာ မှာ လီဗာပူး က ၁၀၀% နိုင်ပွဲ နဲ့ ဆက်လက် ဦးဆောင် နေသလို မန်ချက် စတာ စီးတီး ကလည်း ၂ မှတ် အကွာ ကနေ လိုက်လံ ဖိအား ပေးနေ ဆဲ ဖြစ် ပါတယ် ။ ယခု အပတ် မှာ အသင်းကြီးချင်း ထိပ်တိုက် တွေ့ဆုံမှု မရှိ ပေမယ့် အကျိတ် အနယ် ပွဲစဉ် တွေ ရှိ နေဆဲ ဖြစ်တာမို့ ပရိသတ်တွေ ကို ဆွဲဆောင် နေဦးမှာ အသေအချာ ပါပဲ ။
ဒါကြောင့် ယခု အပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် Sky Sports ရဲ့ ဘောလုံး ကျွမ်းကျင် သုံးသပ်သူ ချာလီ နီကိုလပ်စ် ရဲ့ ခန့်မှန်းချက်တွေ ကို ဖော်ပြ ပေးလိုက် ရ ပါတယ် . . .
၁ ။ ဘရိုက်တန် – စပါး
ဆောက်သမ်တန် ကို ၁၀ ယောက်တည်း နဲ့ ရလဒ် ကောင်းခဲ့တဲ့ စပါး ဟာ ဘိုင်ယန် နဲ့ အတွေ့မှာ ပုံပျက် ပန်းပျက် ဖြစ်လွန်း ခဲ့ ပါတယ် ။ အခု ဘရိုက်တန်က ဆီးကြို နေပါပြီ ။ လီယန်ဒို ထရော့ဆတ် သာ ကြံ့ခိုင်မှု ပြည့် နေမယ် ဆိုရင် စပါး တို့ ခက်ခဲ ဦးမှာပါ ။ ဘရိုက်တန် နည်းပြ ဂရေဟမ် ပေါ်တာ အတွက် တော့ အသင်းကို အခြေပြု တည်ဆောက်ဖို့ အချိန် ယူ ရဦးမှာပါ ။ ဒါပေမယ့် စပါး ကို အခုလို အချိန်မှာ ရင်ဆိုင် ရတာ ဟာ သူတို့ အတွက် အခွင့် ကောင်းပါတယ် ။ ဒါကို အိမ်ကွင်း မှာ အမိ အရ အသုံးချ နိုင်မယ် လို့ ထင် ပါတယ် ။
ခန့်မှန်းချက် – ဘရိုက်တန် ၁ – ၁ စပါး
spur
၂ ။ ဆောက်သမ်တန် – ချဲလ်ဆီး
ဆောက်သမ်တန် အတွက် တကယ် ခက်ခဲတဲ့ စမ်းသပ်မှု တစ်ခု ဖြစ်မှာ သေချာ ပါတယ် ။ လမ်းပတ် လက်အောက် မှာ အေဘရာဟမ် ၊ မောင့် တို့လို လူငယ်လေးတွေ တောက်ပ နေကြပြီး အင်္ဂလန် လက်ရွေးစင် ကိုပင် တက်လှမ်း နိုင်ခဲ့ ကြပါပြီ ။ ဒါပေမယ့် ဒီရာသီ မှာတော့ ချဲလ်ဆီး ကို အများကြီး မျှော်လင့် ထားလို့ မရနိုင် ပါဘူး ။ အနိမ့် အမြင့် အတက် အကျ တွေ ကို သူတို့ ကြုံတွေ့ ရဦး မှာပါ ။ ဒီပွဲ က တော့ သူတို့ အတွက် လည်း ခက်ခဲ မယ့် ပွဲ ဖြစ်မှာ အသေအချာ ပါပဲ ။
ခန့်မှန်းချက် – ဆောက်သမ်တန် ၁ – ၁ ချဲလ်ဆီး
chelsea
၃ ။ နယူးကာဆယ် – မန်ချက်စတာ ယူနိုက်တက်
နယူးကာဆယ် ဟာ အိမ်ကွင်း ခြေစွမ်း မည့ံပါဘူး ။ ယူနိုက်တက် ကလည်း တော်တော်လေး ကို ကျ နေပါတယ် ။ ရ ပွဲ မှာ ၂ ပွဲ ဘဲ နိုင်ပြီး အဆင့် ၁၀ အထိ ရောက် နေပါတယ် ။ ဆိုးရှား အတွက် ဒီပွဲ ဟာ အရမ်း ကို အရေးကြီး ပြီး တောင်းဆိုမှု တွေ မြင့်မား နေမှာပါ ။ ဒါပေမယ့် လူငယ်တွေ နဲ့ စီနိယာ တွေ အချိုးကျ မပေါင်းစပ် နိုင်သေးတဲ့ အသင်း ဆီကနေ ဘာတွေ မျှော်လင့် လို့ ရနိုင် မှာလဲ ။ နယူးကာဆယ် ဟာ စပါး ကို တိတ်ဆိတ် စေခဲ့ပြီး ပါပြီ ။ အခု မန်ချက်စတာ ယူနိုက်တက် ရဲ့ အလှည့် ပါပဲ ။
ခန့်မှန်းချက် – နယူးကာဆယ် ၂ – ၁ မန်ချက်စတာ ယူနိုက်တက်
man utd
၄ ။ လီဗာပူး – လက်စတာစီးတီး
ထိပ်ဆုံး ၆ သင်း ရဲ့ ဥရောပ ၀င်ခွင့် ကို လုယူမယ့် လက်စတာ အတွက် ဒီပွဲ ဟာ တကယ်ကို ကြီးမားတဲ့ စမ်းသပ်မှု ဖြစ်နေ မှာ အမှန် ပါပဲ ။ သူတို့ စပါး ကို အနိုင် ယူ ခဲ့သလို မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲ တုန်း ကလည်း အဆုံးသတ် မသေချာ မှု ၊ ကံခေမှု တွေ ကြောင့်သာ အရေးနိမ့် ခဲ့ရတာပါ ။ အခု လီဗာပူး ရဲ့ ခံစစ် က မနှစ်တုန်းက လို မဟုတ် ပါဘူး ။ ဒါကို ရော်ဂျာ အနေနဲ့ အခွင့် ကောင်း ယူနိုင် ဖို့ လိုပါတယ် ။
လီဗာပူး တိုက်စစ် က ထက်မြက် သလို လက်စတာ တိုက်စစ် ကလည်း လီဗာပူး ခံစစ် ကို ဒုက္ခ ပေးနိုင် ပါတယ် ။ လက်စတာ ဂိုးရမှာ သေချာ သလောက် ပါပဲ ။ တကယ်လို့ လီဗာပူး က သာ ဒီဂိုး အရေ အတွက် ကိုကျော်အောင် မသွင်း နိုင်ဘူး ဆိုရင် အိမ်ကွင်း မှာ သရေ ကျ ကောင်း ကျ သွားနိုင် ပါတယ် ။
ခန့်မှန်းချက် – လီဗာပူး ၂ – ၂ လက်စတာ စီးတီး
liverpool
၅ ။ မန်ချက်စတာ စီးတီး – ၀ုဗ်
၀ုဗ် တို့ နိုးထ ချိန် ရောက် ပါပြီ ။ ဒါပေမယ့် ကံဆိုးတာက သူတို့ နိုးအထ မှာ မန်စီးတီး နဲ့ ဆုံနေတာ ပါပဲ ။ လက်တလော မှာ ပက်ဂွာဒီိယိုလာ ရဲ့ အသင်း ကို ရပ်တန့်နိုင် ဖို့ ဆိုတာ မဖြစ်နိုင် သလောက် ပါပဲ ။ ယူရိုပါ လိဂ် အဝေးကွင်း ပွဲ လည်း ကစား ထားရတာ ကြောင့် ဒီပွဲ မှာ ၀ုဗ် အနေနဲ့ အမြင့်ဆုံး လုပ်နိုင် တာက ဂိုးပြန် သွင်း တာ လောက်ပဲ ဖြစ်လာ မှာပါ ။
ခန့်မှန်းချက် – မန်စီးတီး ၃ – ၁ ၀ုဗ်
man city
၆ ။ အာဆင်နယ် – ဘုန်းမောက်
ဒီပွဲ ဟာ အာဆင်နယ် တို့ စောင့်မျှော် နေတဲ့ ပွဲမျိုး ပါပဲ ။ ဘုန်းမောက် ဟာ တန်ပြန် တိုက်စစ် ကစားပုံ ကောင်းတဲ့ အသင်း ဖြစ်ပေမယ့် အသင်းကြီးတွေ နဲ့ ဆိုရင် ကစားပုံ ညံ့တတ် ပါတယ် ။ အာဆင်နယ် က တော့ ခံစစ် ပိုင်း တဖြည်းဖြည်း တိုးတက်လာ မှု နဲ့ အတူ ရလဒ်တွေ ဆက်တိုက် ကောင်းလာခဲ့ ပါတယ် ။ လူငယ်တွေ က လည်း ယုံကြည်မှုတွေ ပိုလာပြီး အသင်း နဲ့ ပို အံ့ဝင် လာခဲ့ ပါတယ် ။ ဘုန်းမောက် တိုက်စစ် က အာဆင်နယ် ကို ဂိုးသွင်းနိုင် ပေမယ့် အာဆင်နယ် တိုက်စစ် က ဒါထက် ပိုပြီးသွင်း နိုင် မှာ သေချာ ပါတယ် ။
ခန့်မှန်းချက် – အာဆင်နယ် ၃ – ၁ ဘုန်းမောက်
arsenal
အခြား ပွဲစဉ် ခန့်မှန်းမှု ရလဒ်များ –
၇ ။ ၀က်စ်ဟမ်း ၃ – ၁ ပဲလေ့စ်
၈ ။ နောဝှစ်ချ် ၁ – ၂ ဗီလာ
၉ ။ ဘန်လေ ၂ – ၁ အဲဗာတန်
၁၀ ။ ၀က်ဖိုဒ့် ၂ – ၁ ရှက်ဖီး ယူနိုက်တက်
ပရိသတ်ကြီးတို့ရဲ့ သုံးသပ်ခန့်မှန်းချက် တွေက ရော ဘာတွေ ဖြစ်မလဲဗျာ . . .
SPORTS MYANMAR
Zawgyi
ပရီးမီးယားလိဂ် ပွဲစဉ် ၈ အတွက် ချာလီနီကိုလပ်စ် ( Sky Sports ) ရဲ့ ခန့်မှန်းချက်များ
==========================================
၁ ။ ဘရိုက်တန် – စပါး
၂ ။ ဆောက်သမ်တန် – ချဲလ်ဆီး
၎ ။ လီဗာပူး – လက်စတာစီးတီး
၆ ။ အာဆင်နယ် – ဘုန်းမောက်
၇ ။ ၀က်စ်ဟမ်း ၃ – ၁ ပဲလေ့စ်
၈ ။ နောဝှစ်ခ်ျ ၁ – ၂ ဗီလာ
၉ ။ ဘန်လေ ၂ – ၁ အဲဗာတန်
SPORTS MYANMAR
SPORTS MYANMAR