လီဗာပူး မန္ေနဂ်ာ ယာဂန္ကေလာ့က သူ႕အသင္းရဲ႕ တုိက္စစ္မွဳး ဆာဒီယို မာေနး ကုိ ဘက္စ္ကတ္ေဘာ အေက်ာ္အေမာ္ မုိက္ကယ္ေဂ်ာ္ဒန္ နဲ႕ ႏွဳိ္င္းယွဥ္ သြားခဲ့ျပီး ဆီနီေဂါ တုိက္စစ္မွဳးဟာ ဒီရာသီ သူ႕ရဲ႕ ဂုိးသြင္း စြမ္းေဆာင္ေကာင္းကို ျပသႏုိင္ ခဲ့တယ္လုိ႕ ေျပာလိုက္ ပါတယ္။

မာေနး ဟာ မေန႕ညက လီဗာပူး အသင္း ဟယ္ဒါဖီး အသင္းကုိ ၅ – ၀ နဲ အႏုိင္ ရရွိ ခဲ့တဲ့ ပ၇ီးမီးယားလိဂ္ ပြဲစဥ္မွာ ေခါင္းတုိက္ဂိုး ၂ ဂုိး သြင္းယူ ခဲ့တဲ့ ေနာက္ထပ္ ေခါင္းတုိက္ခ်က္ တစ္ၾကိမ္ ကလည္း တုိင္ထိ ထြက္ခဲ့ ပါတယ္။ ဆီနီေဂါ လက္ေရြးစင္ဟာ အခု ဆုိ၇င္ ပရီးမီးယားလိဂ္ သြင္းဂုိး ၂၀ ျပည့္သြား ခဲ့ျပီ ျဖစ္ျပီး ဒါဟာ သူ႕ရဲ႕ ကစားသမား ဘ၀ မွာ လိဂ္သြင္းဂိုး အမ်ားဆံုး ရာသီ ျဖစ္ျပီး ဒီရာသီ လိဂ္ သြင္းဂိုး ဇယားမွာလည္း အသင္းေဖာ္ မုိဟာမက္ ဆာလား ရဲ႕ ေနာက္ တစ္ဂိုး အကြာ ဒုတိယေနရာမွာ ရပ္တည္ ေနပါတယ္။

ကေလာ့ က မာေနး ရဲ႕ အျမင့္ေဘာ စြမ္းရည္ကုိ ခ်ီးက်ဴး လိုက္ကာ NBA ဂႏၱ၀င္ ေဂ်ာ္ဒန္ နဲ႕ပါ ႏွိဳင္းယွဥ္ သြားခဲ့ျပီး အသက္ ၂၇ ႏွစ္ အရြယ္ တုိက္စစ္မွဳး အေနနဲ႕ ယခုလုိ ဂုိးသြင္းေကာင္းတဲ့ တုိက္စစ္မွဳး ျဖစ္လာတာဟာ စိတ္ဓာတ္ ခံယူခ်က္ အေျပာင္းအလဲေၾကာင့္ ျဖစ္တယ္လို႕ ဆုိသြား ပါတယ္။

ကေလာ့ က “မာေနးဟာ ဒီလို လုပ္ျပ ႏုိင္တဲ့ စြမ္းရည္ အျမဲရွိေန ပါတယ္။ ဒါေပမယ့္ သူ႕ရဲ႕ ခံယူခ်က္က အသင္းေဖာ္ေတြ အတြက္ ဖန္တီး ေပးဖို႕နဲ႕ အျခားသူေတြလို ေနရာလြတ္ေတြကို အခြင့္အေရး ယူကာ အသံုးခ်ဖို႕ထက္ အသင္းေဖာ္ေတြ ေနရာလြတ္ေတြ ရဖို႕ အတြက္ လမ္းေၾကာင္း ဖြင့္ေပးတဲ့ ပံုစံ ျဖစ္ပါတယ္။ ဒါေပမယ့္ သူကိုယ္တုိင္လည္း ဒီလုိ လုပ္ႏုိင္တဲ့ စြမ္းရည္ ရွိေန ပါတယ္။

ကၽြန္ေတာ္တုိ႕ ဒီႏွစ္မွာ ေတြ႕တာ ကေတာ့ သူဟာ နံပါတ္ ၉ အျဖစ္ လြယ္လြယ္ကူကူ ကစား ႏုိင္စြမ္း ရွိတယ္ ဆုိတာကိုပါ။ သူ႕ရဲ႕ အျမင့္ေဘာ စြမ္းရည္ကို ခင္ဗ်ားတုိ႕ ျမင္မွာပါ။ မုိက္ကယ္ေဂ်ာ္ဒန္ ေနာက္ပိုင္း ဒီေလာက္ အျမင့္ကို ခုန္ႏိုင္တဲ့သူ မရွိဘူးလို႕ ကၽြန္ေတာ္ ထင္ပါတယ္။ သူ႕ရဲ႕ တတိယ ေခါင္းတုိက္ခ်က္ မွာ ဆုိရင္ မသိရင္ မာေနး ဟာ ေလေပၚမွာ ရပ္ေနသလို ပါပဲ။ ျပီးေတာ့ တုိင္ထိ သြားခဲ့ပတါယ္။ ကၽြန္ေတာ္တုိ႕ဟာ ကိုယ္ရွိသင့္တဲ့ ေနရာမွာ ရွိေနပါတယ္။ ဘာလို႕လဲ ဆုိေတာ့ ေကာင္ေလး ေတြဟာ အရမ္းေကာင္း လို႕ပါပဲ။ ဒါဟာ အရမ္း ေကာင္းပါတယ္။

ဒါေပမယ့္ ေတာင္ပံက ေကာင္ေလးေတြသာ ျဖတ္တင္ေဘာေတြ မလုပ္ ႏုိင္ခဲ့ဘူး ဆုိရင္ သူတို႕ ဂိုးသြင္းႏုိင္မွာ မဟုတ္ပါဘူး။ ဒါမွမဟုတ္ ဟန္ဒါဆန္ ဟာ ေလ့က်င့္ေရး ကြင္းက ပံုစံအတုိင္း အေကာင္းဆံုး ေဘာလံုး မေပးပို႕ ႏုိင္ခဲ့ရင္ေပါ့။ ဒီလို အရာေတြ ျမင္ရတာဟာ အရမ္း ေကာင္းပါတယ္။ မေကာင္းတာ ေျပာစရာ မရွိပါဘူး။” လို႕ ဆုိသြား ပါတယ္။

လီဗာပူး အသင္းဟာ ဒီရလဒ္ေၾကာင့္ ရမွတ္ ၉၁ မွတ္ နဲ႕ အမွတ္ေပးဇယား ရဲ႕ ထိပ္ဆံုး ေနရာကို ျပန္လည္ ေရာက္ရွိ လာခဲ့ေပမယ့္ တနဂၤေႏြေန႕မွာ ဘန္ေလ ကို အေ၀းကြင္း မွာ သြားကစား ရမယ့္ မန္ခ်က္စတာစီးတီး အသင္း ကေတာ့ လီဗာပူး ထက္ တစ္ပြဲေလ်ာ့ ကစား ထားပါတယ္။

လီဗာပူးဟာ လာမည့္ ဗုဒၶဟူးေန႕မွာေတာ့ ဘာစီလိုနာ အသင္းနဲ႕ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ပထမအေက်ာ့ အျဖစ္ ႏူးကမ့္ကုိ သြားကန္ ရမွာ ျဖစ္ပါတယ္။ ကေလာ့ ကေတာ့ သူဟာ အခုထိ ဘာစီလုိနာ နဲ႕ ပဲြအတြက္ ျပင္ဆင္ ရျခင္း မရွိေသးဘူးလို႕ ထုတ္ေဖာ္ လိုက္ပါတယ္။

ကေလာ့ က “ကၽြန္ေတာ္ အခု ခ်ိန္မွာ ဘာကာ နဲ႕ ပြဲအေၾကာင္းကို တစ္စကၠန္႕ေတာင္ မေတြးပါဘူး။ ကၽြန္ေတာ့္ရဲ႕ ဘ၀မွာ သူတုိ႕ရဲ႕ ပြဲေတြကို အၾကိမ္ ၁၀၀ ေလာက္ ၾကည့္ခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ ဒီအခ်ိန္မွာ သူတုိ႕ အေၾကာင္းကို လံုး၀ ကို မေတြးပါဘူး။ ကၽြန္ေတာ္တုိ႕ အခုမွ စရမွာပါ။ အဲဒီပြဲ မတုိင္မီ ကၽြန္ေတ္ာတုိ႕ ငါးရက္ ရပါတယ္။ အနားယူဖို႕ လံုေလာက္တယ္။ ေလ့က်င့္ဖို႕ လံုေလာက္တယ္။ ျပန္လည္ နလန္ထဖို႕ လံုေလာက္ ပါတယ္။

အသင္းေတာ္ေတာ္ မ်ားမ်ား ဟာ ႏူးကမ့္မွာ အႏုိ္င္ရဖို႕ အတြက္ ၾကိဳးစား ခဲ့ပါတယ္။ ဒါေပမယ့္ မေအာင္ျမင္ ခဲ့ၾက ပါဘူး။ ကၽြန္ေတာ္တုိ႕ အတြက္ ဒီလိုမ်ိဳး ျဖစ္ႏုိင္ဖို႕ မရွိပါဘူး။ ဒါေပမယ့္ ျဖစ္လည္ ျဖစ္ႏုိင္ပါတယ္။ ကၽြန္ေတာ္တုိ႕ အစီအစဥ္ ရွိရပါမယ။္ ဒါေပမယ့္ အခုေတာ့ မရွိေသး ပါဘူး။” လို႕ ေျပာခဲ့ ပါတယ္။

SM

Unicode

သူ့ရဲ့ လီဗာပူး အသင်းသား တစ်ဦးကို မိုက်ကယ်ဂျော်ဒန်နဲ့ နှို်င်းယှဉ်လို်က်တဲ့ ယာဂန်ကလော့

လီဗာပူး မန်နေဂျာ ယာဂန်ကလော့က သူ့အသင်းရဲ့ တိုက်စစ်မှုး ဆာဒီယို မာနေး ကို ဘက်စ်ကတ်ဘော အကျော်အမော် မိုက်ကယ်ဂျော်ဒန် နဲ့ နှို်င်းယှဉ် သွားခဲ့ပြီး ဆီနီဂေါ တိုက်စစ်မှုးဟာ ဒီရာသီ သူ့ရဲ့ ဂိုးသွင်း စွမ်းဆောင်ကောင်းကို ပြသနိုင် ခဲ့တယ်လို့ ပြောလိုက် ပါတယ်။

မာနေး ဟာ မနေ့ညက လီဗာပူး အသင်း ဟယ်ဒါဖီး အသင်းကို ၅ – ၀ နဲ အနိုင် ရရှိ ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခေါင်းတိုက်ဂိုး ၂ ဂိုး သွင်းယူ ခဲ့တဲ့ နောက်ထပ် ခေါင်းတိုက်ချက် တစ်ကြိမ် ကလည်း တိုင်ထိ ထွက်ခဲ့ ပါတယ်။ ဆီနီဂေါ လက်ရွေးစင်ဟာ အခု ဆို၇င် ပရီးမီးယားလိဂ် သွင်းဂိုး ၂၀ ပြည့်သွား ခဲ့ပြီ ဖြစ်ပြီး ဒါဟာ သူ့ရဲ့ ကစားသမား ဘဝ မှာ လိဂ်သွင်းဂိုး အများဆုံး ရာသီ ဖြစ်ပြီး ဒီရာသီ လိဂ် သွင်းဂိုး ဇယားမှာလည်း အသင်းဖော် မိုဟာမက် ဆာလား ရဲ့ နောက် တစ်ဂိုး အကွာ ဒုတိယနေရာမှာ ရပ်တည် နေပါတယ်။

ကလော့ က မာနေး ရဲ့ အမြင့်ဘော စွမ်းရည်ကို ချီးကျူး လိုက်ကာ NBA ဂန္တဝင် ဂျော်ဒန် နဲ့ပါ နှိုင်းယှဉ် သွားခဲ့ပြီး အသက် ၂၇ နှစ် အရွယ် တိုက်စစ်မှုး အနေနဲ့ ယခုလို ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှုး ဖြစ်လာတာဟာ စိတ်ဓာတ် ခံယူချက် အပြောင်းအလဲကြောင့် ဖြစ်တယ်လို့ ဆိုသွား ပါတယ်။

ကလော့ က “မာနေးဟာ ဒီလို လုပ်ပြ နိုင်တဲ့ စွမ်းရည် အမြဲရှိနေ ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ခံယူချက်က အသင်းဖော်တွေ အတွက် ဖန်တီး ပေးဖို့နဲ့ အခြားသူတွေလို နေရာလွတ်တွေကို အခွင့်အရေး ယူကာ အသုံးချဖို့ထက် အသင်းဖော်တွေ နေရာလွတ်တွေ ရဖို့ အတွက် လမ်းကြောင်း ဖွင့်ပေးတဲ့ ပုံစံ ဖြစ်ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်လည်း ဒီလို လုပ်နိုင်တဲ့ စွမ်းရည် ရှိနေ ပါတယ်။

ကျွန်တော်တို့ ဒီနှစ်မှာ တွေ့တာ ကတော့ သူဟာ နံပါတ် ၉ အဖြစ် လွယ်လွယ်ကူကူ ကစား နိုင်စွမ်း ရှိတယ် ဆိုတာကိုပါ။ သူ့ရဲ့ အမြင့်ဘော စွမ်းရည်ကို ခင်ဗျားတို့ မြင်မှာပါ။ မိုက်ကယ်ဂျော်ဒန် နောက်ပိုင်း ဒီလောက် အမြင့်ကို ခုန်နိုင်တဲ့သူ မရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူ့ရဲ့ တတိယ ခေါင်းတိုက်ချက် မှာ ဆိုရင် မသိရင် မာနေး ဟာ လေပေါ်မှာ ရပ်နေသလို ပါပဲ။ ပြီးတော့ တိုင်ထိ သွားခဲ့ပတါယ်။ ကျွန်တော်တို့ဟာ ကိုယ်ရှိသင့်တဲ့ နေရာမှာ ရှိနေပါတယ်။ ဘာလို့လဲ ဆိုတော့ ကောင်လေး တွေဟာ အရမ်းကောင်း လို့ပါပဲ။ ဒါဟာ အရမ်း ကောင်းပါတယ်။

ဒါပေမယ့် တောင်ပံက ကောင်လေးတွေသာ ဖြတ်တင်ဘောတွေ မလုပ် နိုင်ခဲ့ဘူး ဆိုရင် သူတို့ ဂိုးသွင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါမှမဟုတ် ဟန်ဒါဆန် ဟာ လေ့ကျင့်ရေး ကွင်းက ပုံစံအတိုင်း အကောင်းဆုံး ဘောလုံး မပေးပို့ နိုင်ခဲ့ရင်ပေါ့။ ဒီလို အရာတွေ မြင်ရတာဟာ အရမ်း ကောင်းပါတယ်။ မကောင်းတာ ပြောစရာ မရှိပါဘူး။” လို့ ဆိုသွား ပါတယ်။

လီဗာပူး အသင်းဟာ ဒီရလဒ်ကြောင့် ရမှတ် ၉၁ မှတ် နဲ့ အမှတ်ပေးဇယား ရဲ့ ထိပ်ဆုံး နေရာကို ပြန်လည် ရောက်ရှိ လာခဲ့ပေမယ့် တနင်္ဂနွေနေ့မှာ ဘန်လေ ကို အဝေးကွင်း မှာ သွားကစား ရမယ့် မန်ချက်စတာစီးတီး အသင်း ကတော့ လီဗာပူး ထက် တစ်ပွဲလျော့ ကစား ထားပါတယ်။

လီဗာပူးဟာ လာမည့် ဗုဒ္ဓဟူးနေ့မှာတော့ ဘာစီလိုနာ အသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် နူးကမ့်ကို သွားကန် ရမှာ ဖြစ်ပါတယ်။ ကလော့ ကတော့ သူဟာ အခုထိ ဘာစီလိုနာ နဲ့ ပွဲအတွက် ပြင်ဆင် ရခြင်း မရှိသေးဘူးလို့ ထုတ်ဖော် လိုက်ပါတယ်။

ကလော့ က “ကျွန်တော် အခု ချိန်မှာ ဘာကာ နဲ့ ပွဲအကြောင်းကို တစ်စက္ကန့်တောင် မတွေးပါဘူး။ ကျွန်တော့်ရဲ့ ဘဝမှာ သူတို့ရဲ့ ပွဲတွေကို အကြိမ် ၁၀၀ လောက် ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီအချိန်မှာ သူတို့ အကြောင်းကို လုံးဝ ကို မတွေးပါဘူး။ ကျွန်တော်တို့ အခုမှ စရမှာပါ။ အဲဒီပွဲ မတိုင်မီ ကျွန်တေ်ာတို့ ငါးရက် ရပါတယ်။ အနားယူဖို့ လုံလောက်တယ်။ လေ့ကျင့်ဖို့ လုံလောက်တယ်။ ပြန်လည် နလန်ထဖို့ လုံလောက် ပါတယ်။

အသင်းတော်တော် များများ ဟာ နူးကမ့်မှာ အနို်င်ရဖို့ အတွက် ကြိုးစား ခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင် ခဲ့ကြ ပါဘူး။ ကျွန်တော်တို့ အတွက် ဒီလိုမျိုး ဖြစ်နိုင်ဖို့ မရှိပါဘူး။ ဒါပေမယ့် ဖြစ်လည် ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ အစီအစဉ် ရှိရပါမယ။် ဒါပေမယ့် အခုတော့ မရှိသေး ပါဘူး။” လို့ ပြောခဲ့ ပါတယ်။

SM