giroud

Unicode

ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေ နဲ့ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး တို့ဟာ လာမယ့် အပတ် မှာ ယှဉ်ပြိုင် ကစားမယ့် ယူရို ၂၀၂၀ ခြေစစ် ပွဲစဉ် ၂ပွဲ အတွက် ပြင်သစ် လက်ရွေးစင် အသင်း မှာ ပါဝင် ရွေးချယ် ခံခဲ့ ရပါတယ် ။ ကန်တေ ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း အတွက် အရေးပါတဲ့ ကစားသမား တဦး အနေနဲ့ ရပ်တည် နေပြီး ၄င်း ပါဝင် ကစားခွင့် ရတဲ့ ပွဲစဉ် တွေမှာ ချယ်လ်ဆီး အသင်း ဟာ ပိုကောင်းတဲ့ စွမ်းဆောင်ရည် တွေကို ပြသ နိုင်ခဲ့ပါတယ် ။

သို့ပေမယ့် လည်း ကန်တေ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကုန်ခါနီး ကတည်းက ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရခဲ့တာကြောင့် ကာလရှည် အနားယူ ခဲ့ရသလို ၊ ဒီနှစ် ဘောလုံး ရာသီ မှာ အရေးကြီးတဲ့ ပွဲကြီးပွဲကောင်း တချို့ ကို ပါဝင် ကစားပေး ခဲ့ပေမယ့် ကစားခဲ့ရတဲ့ ပွဲတိုင်း လိုလိုမှာ ကြံ့ခိုင်မှု မပြည့်သေးတဲ့ အရှိန်ကြောင့် ဒဏ်ရာ အသေးစား တချို့ ကိုပါ ထပ်မံ ရရှိ ခဲ့ပါတယ် ။

အခု အခါမှာတော့ ကန်တေ ဟာ ကြံ့ခိုင်မှု ပုံစံကောင်း ပြန်ရနေပြီး ပြီးခဲ့တဲ့ လိုင်လီ အသင်း နဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာ ပြန်ပြီး ပါဝင် နိုင်ခဲ့ပါတယ် ။ ကြံခိုင်မှု ပုံစံကောင်း ချက်ချင်း ရတဲ့ အချိန် မှာပဲ ပြင်သစ် လက်ရွေးစင် နည်းပြ ဒီဒီယာ ဒက်စ်ချမ့်စ် ဟာ လုံးဝ တွေဝေနေခြင်း မရှိပဲ ကန်တေ ကို လက်ရွေးစင် အသင်း သို့ ခေါ်ဆောင် ခဲ့ပါတယ် ။ ကန်တေ အပြင် နောက်ထပ် ချယ်လ်ဆီး အသင်းဖော် ၂ဦး ဖြစ်တဲ့ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ၊ ခံစစ်မှူး ကတ်ဇူးမား တို့ကိုပါ တပါတည်း ထပ် ရွေးခဲ့ပါတယ် ။

ဂျရူး ဟာ ဒီရာသီ မှာ ချယ်လ်ဆီး အသင်း အတွက် လက်စတာ နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၊ လီဗာပူး နဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲ တို့မှာပဲ ပွဲထွက်ခွင့် ရခဲ့ပြီး ကျန်တဲ့ ပွဲစဉ် မှာ အရန်ခုံ ထ်ိုင်ခဲ့ရပါတယ် ။ ပြီးခဲ့တဲ့ အပတ် က ဂျရူး ဟာ အဖျား ဝေဒနာကြောင့် အရန် စာရင်း မှာပင် မပါဝင် နိုင်ခဲ့ပဲ လိုင်လီ နဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာမှ အရန် စာရင်းထဲ ပြန်ပါ ခဲ့ပါတယ် ။ သို့ပေမယ့် လည်း ပြင်သစ် လက်ရွေးစင် နည်းပြ ဒက်စ်ချမ့်စ် ဟာ ဂျရူး ကို ၄င်းရဲ့ အကြိုက် တိုက်စစ်မှူး အဖြစ် ပြင်သစ် လက်ရွေးစင် အသင်း မှာ ဆက်လက် ရွေးချယ် ခဲ့ပါတယ် ။

မနေ့က သတင်းစာ ရှင်းလင်းပွဲ မှာတော့ ဒက်စ်ချမ့်စ် က ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် ဟာ ၄င်း အခုလို ကန်တေ ကို လက်ရွေးစင် အသင်း အတွက် ပြန်ပြီး ရွေးချယ် ခဲ့တာကို မတားဆီး ခဲ့ပေမယ့် ယူရို ခြေစစ် နောက်ဆုံး အသုတ် မှာ ကန်တေ ကို မရွေးချယ်ဖို့ တောင်းဆို ခဲ့ကြောင်း ဖွင့်ဟ ခဲ့ပြီး ၊ တုန့်ပြန်မှု အနေနဲ့ ပွဲထွက်ခွင့် မရနေတဲ့ ဂျရူး ကို ချယ်လ်ဆီး အသင်း မှာ ကစားခွင့် တချို့ ထပ်ပေးဖို့ လမ်းပတ် ဆီကို ဒက်စ်ချမ့်စ် က အခုလို တောင်းဆို ခဲ့ပါတယ် ။

ဒက်စ်ချမ့်စ် က ” လမ်းပတ် ဟာ ကန်တေ ကို နောက်ဆုံး ခြေစစ်ပွဲ အခေါက် မှာ လက်ရွေးစင် အတွက် မရွေးဖို့ ကျွန်တော့ ကို တောင်းဆို ခဲ့ပါတယ် ။ အကယ်၍ အလဲအလှယ် လုပ်လို့ ရတဲ့ နည်းလမ်းသာ ရှိမယ် ဆိုရင် ကျွန်တော် သူ့ကို ပြောလိုက်ချင်ပါတယ် ။ အိုလီဗီယာ ဂျရူး ပွဲကစားခွင့် ပိုပေးမယ် ဆိုရင် သူ့ ဆန္ဒ ကို ကျွန်တော် လိုက်လျော ပေးလို့ ရတယ် ဆိုတဲ့ သဘောကိုပါ ။ ”

” အိုလီဗီယာ ကျွန်တော် တို့ အသင်း အတွက် ကြိုးစား လုပ်ဆောင် ပေးခဲ့တဲ့ အရာ တွေကို မချန်လှပ်သွားချင်ပါဘူး ။ ကျွန်တော် တို့ အတွက် သူဟာ တကယ် ကောင်းမွန် တဲ့ စွမ်းဆောင်ရည် တွေကို ပြသ ပေးခဲ့ပါတယ် ။ ဒါဟာ သူ ပြင်သစ် လက်ရွေးစင် အတွက် တတိယမြောက် ဂိုးသွင်း အများဆုံး ဖြစ်နေတဲ့ အချက် ကို ထုတ်ဖော်ဖို့ မဟုတ်ပါဘူး ။ ကျွန်တော် ကတော့ ကလပ် အသင်း မှာ သူ့ရဲ့ ကစားခွင့် ဒီထက် ပိုရဖို့ မျှော်လင့် မိပါတယ် ။ ”

deschamps

” သူ့ရဲ့ ကျွန်တော် တို့ သင်း အပေါ် စွမ်းဆောင်ရည် ကို ကျော်ပြီး ပြောရရင် သူဟာ ကျွန်တော် တို့ရဲ့ ကစားပုံ နဲ့ စည်းချက်ကျကျ လိုက် ကစား နိုင်ပါတယ် ။ ကလပ် အသင်း မှာ ပွဲထွက်ခွင့် နည်းခဲ့တဲ့ အခိုက်အတန့် တွေနဲ့ လည်း သူ ကြုံခဲ့ဖူးပါတယ် ။ ဒါပေမယ့် နိုင်ငံ အသင်း အပေါ် သူ့ရဲ့ ပေးဆပ် ကစားပုံ က လုံးဝ လျော့မသွားပါဘူး ။ ကြံ့ခိုင်မှု မပြည့်ဝ တဲ့ အနေအထား ကျမှသာ သူ ကျွန်တော် တို့ အတွက် အကောင်းဆုံး မကစား ပေးနိုင်တာ ဖြစ်နိုင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

ကန္ေတ ၊ ဂ်ရူး နဲ႕ ပတ္သက္ျပီး ဖရန္႕ လမ္းပတ္ ကို ေနာက္ေျပာင္တဲ့ သေဘာ နဲ႕ အလဲအလွယ္ တခု လုပ္ေပးဖို႕ ေတာင္းဆိုလိုက္တဲ့ #ဒက္စ္ခ်မ့္စ္

ခ်ယ္လ္ဆီး အသင္း ရဲ႕ ကြင္းလယ္လူ အန္ဂိုလို ကန္ေတ နဲ႕ ဝါရင့္ တိုက္စစ္မွဴး အိုလီဗီယာ ဂ်ရူး တို႕ဟာ လာမယ့္ အပတ္ မွာ ယွဥ္ျပိဳင္ ကစားမယ့္ ယူရို ၂၀၂၀ ေျခစစ္ ပြဲစဥ္ ၂ပြဲ အတြက္ ျပင္သစ္ လက္ေရြးစင္ အသင္း မွာ ပါဝင္ ေရြးခ်ယ္ ခံခဲ့ ရပါတယ္ ။ ကန္ေတ ဟာ ဒီႏွစ္ ေဘာလံုး ရာသီ မွာ ခ်ယ္လ္ဆီး အသင္း အတြက္ အေရးပါတဲ့ ကစားသမား တဦး အေနနဲ႕ ရပ္တည္ ေနျပီး ၄င္း ပါဝင္ ကစားခြင့္ ရတဲ့ ပြဲစဥ္ ေတြမွာ ခ်ယ္လ္ဆီး အသင္း ဟာ ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္ ေတြကို ျပသ ႏိုင္ခဲ့ပါတယ္ ။

သို႕ေပမယ့္ လည္း ကန္ေတ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ကုန္ခါနီး ကတည္းက ျပင္းထန္တဲ့ ဒူးဒဏ္ရာ ရခဲ့တာေၾကာင့္ ကာလရွည္ အနားယူ ခဲ့ရသလို ၊ ဒီႏွစ္ ေဘာလံုး ရာသီ မွာ အေရးၾကီးတဲ့ ပြဲၾကီးပြဲေကာင္း တခ်ိဳ႕ ကို ပါဝင္ ကစားေပး ခဲ့ေပမယ့္ ကစားခဲ့ရတဲ့ ပြဲတုိင္း လိုလိုမွာ ၾကံ့ခိုင္မႈ မျပည့္ေသးတဲ့ အရွိန္ေၾကာင့္ ဒဏ္ရာ အေသးစား တခ်ိဳ႕ ကိုပါ ထပ္မံ ရရွိ ခဲ့ပါတယ္ ။

အခု အခါမွာေတာ့ ကန္ေတ ဟာ ၾကံ့ခိုင္မႈ ပံုစံေကာင္း ျပန္ရေနျပီး ျပီးခဲ့တဲ့ လိုင္လီ အသင္း နဲ႕ ခ်န္ပီယံလိဂ္ ပြဲစဥ္ မွာ ျပန္ျပီး ပါဝင္ ႏိုင္ခဲ့ပါတယ္ ။ ၾကံခိုင္မႈ ပံုစံေကာင္း ခ်က္ခ်င္း ရတဲ့ အခ်ိန္ မွာပဲ ျပင္သစ္ လက္ေရြးစင္ နည္းျပ ဒီဒီယာ ဒက္စ္ခ်မ့္စ္ ဟာ လံုးဝ ေတြေဝေနျခင္း မရွိပဲ ကန္ေတ ကို လက္ေရြးစင္ အသင္း သို႕ ေခၚေဆာင္ ခဲ့ပါတယ္ ။ ကန္ေတ အျပင္ ေနာက္ထပ္ ခ်ယ္လ္ဆီး အသင္းေဖာ္ ၂ဦး ျဖစ္တဲ့ ဝါရင့္ တိုက္စစ္မွဴး အိုလီဗီယာ ဂ်ရူး ၊ ခံစစ္မွဴး ကတ္ဇူးမား တို႕ကိုပါ တပါတည္း ထပ္ ေရြးခဲ့ပါတယ္ ။

ဂ်ရူး ဟာ ဒီရာသီ မွာ ခ်ယ္လ္ဆီး အသင္း အတြက္ လက္စတာ နဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ ၊ လီဗာပူး နဲ႕ ဥေရာပ စူပါဖလား ဗိုလ္လုပြဲ တို႕မွာပဲ ပြဲထြက္ခြင့္ ရခဲ့ျပီး က်န္တဲ့ ပြဲစဥ္ မွာ အရန္ခံု ထ္ိုင္ခဲ့ရပါတယ္ ။ ျပီးခဲ့တဲ့ အပတ္ က ဂ်ရူး ဟာ အဖ်ား ေဝဒနာေၾကာင့္ အရန္ စာရင္း မွာပင္ မပါဝင္ ႏိုင္ခဲ့ပဲ လိုင္လီ နဲ႕ ခ်န္ပီယံလိဂ္ ပြဲစဥ္ မွာမွ အရန္ စာရင္းထဲ ျပန္ပါ ခဲ့ပါတယ္ ။ သို႕ေပမယ့္ လည္း ျပင္သစ္ လက္ေရြးစင္ နည္းျပ ဒက္စ္ခ်မ့္စ္ ဟာ ဂ်ရူး ကို ၄င္းရဲ႕ အၾကိဳက္ တိုက္စစ္မွဴး အျဖစ္ ျပင္သစ္ လက္ေရြးစင္ အသင္း မွာ ဆက္လက္ ေရြးခ်ယ္ ခဲ့ပါတယ္ ။

မေန႕က သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ ဒက္စ္ခ်မ့္စ္ က ခ်ယ္လ္ဆီး အသင္း နည္းျပ ဖရန္႕ လမ္းပတ္ ဟာ ၄င္း အခုလို ကန္ေတ ကို လက္ေရြးစင္ အသင္း အတြက္ ျပန္ျပီး ေရြးခ်ယ္ ခဲ့တာကို မတားဆီး ခဲ့ေပမယ့္ ယူရို ေျခစစ္ ေနာက္ဆံုး အသုတ္ မွာ ကန္ေတ ကို မေရြးခ်ယ္ဖို႕ ေတာင္းဆို ခဲ့ေၾကာင္း ဖြင့္ဟ ခဲ့ျပီး ၊ တုန္႕ျပန္မႈ အေနနဲ႕ ပြဲထြက္ခြင့္ မရေနတဲ့ ဂ်ရူး ကို ခ်ယ္လ္ဆီး အသင္း မွာ ကစားခြင့္ တခ်ိဳ႕ ထပ္ေပးဖို႕ လမ္းပတ္ ဆီကို ဒက္စ္ခ်မ့္စ္ က အခုလို ေတာင္းဆို ခဲ့ပါတယ္ ။

 

ဒက္စ္ခ်မ့္စ္ က ” လမ္းပတ္ ဟာ ကန္ေတ ကို ေနာက္ဆံုး ေျခစစ္ပြဲ အေခါက္ မွာ လက္ေရြးစင္ အတြက္ မေရြးဖို႕ ကြ်န္ေတာ့ ကို ေတာင္းဆို ခဲ့ပါတယ္ ။ အကယ္၍ အလဲအလွယ္ လုပ္လို႕ ရတဲ့ နည္းလမ္းသာ ရွိမယ္ ဆိုရင္ ကြ်န္ေတာ္ သူ႕ကို ေျပာလိုက္ခ်င္ပါတယ္ ။ အိုလီဗီယာ ဂ်ရူး ပြဲကစားခြင့္ ပိုေပးမယ္ ဆိုရင္ သူ႕ ဆႏၵ ကို ကြ်န္ေတာ္ လိုက္ေလ်ာ ေပးလို႕ ရတယ္ ဆိုတဲ့ သေဘာကိုပါ ။ ”

” အိုလီဗီယာ ကြ်န္ေတာ္ တို႕ အသင္း အတြက္ ၾကိဳးစား လုပ္ေဆာင္ ေပးခဲ့တဲ့ အရာ ေတြကို မခ်န္လွပ္သြားခ်င္ပါဘူး ။ ကြ်န္ေတာ္ တုိ႕ အတြက္ သူဟာ တကယ္ ေကာင္းမြန္ တဲ့ စြမ္းေဆာင္ရည္ ေတြကို ျပသ ေပးခဲ့ပါတယ္ ။ ဒါဟာ သူ ျပင္သစ္ လက္ေရြးစင္ အတြက္ တတိယေျမာက္ ဂိုးသြင္း အမ်ားဆံုး ျဖစ္ေနတဲ့ အခ်က္ ကို ထုတ္ေဖာ္ဖို႕ မဟုတ္ပါဘူး ။ ကြ်န္ေတာ္ ကေတာ့ ကလပ္ အသင္း မွာ သူ႕ရဲ႕ ကစားခြင့္ ဒီထက္ ပိုရဖို႕ ေမွ်ာ္လင့္ မိပါတယ္ ။ ”

” သူ႕ရဲ႕ ကြ်န္ေတာ္ တို႕ အသင္း အေပၚ စြမ္းေဆာင္ရည္ ကို ေက်ာ္ျပီး ေျပာရရင္ သူဟာ ကြ်န္ေတာ္ တို႕ရဲ႕ ကစားပံု နဲ႕ စည္းခ်က္က်က် လိုက္ ကစား ႏိုင္ပါတယ္ ။ ကလပ္ အသင္း မွာ ပြဲထြက္ခြင့္ နည္းခဲ့တဲ့ အခိုက္အတန္႕ ေတြနဲ႕ လည္း သူ ၾကံဳခဲ့ဖူးပါတယ္ ။ ဒါေပမယ့္ ႏိုင္ငံ အသင္း အေပၚ သူ႕ရဲ႕ ေပးဆပ္ ကစားပံု က လံုးဝ ေလ်ာ့မသြားပါဘူး ။ ၾကံ့ခိုင္မႈ မျပည့္ဝ တဲ့ အေနအထား က်မွသာ သူ ကြ်န္ေတာ္ တို႕ အတြက္ အေကာင္းဆံုး မကစား ေပးႏိုင္တာ ျဖစ္ႏိုင္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR