Unicode

အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် ဂန်းနားတို့ရဲ့ ပထမ အသင်းခေါင်းဆောင် အဖြစ် ကွင်းလယ်လူ ဂရန်းနစ်ရှာကာ ကို ခန့်အပ် လိုက်ပါတယ် ။ ရှာကာ ဟာ တနင်္ဂနွေနေ့တုန်းက မန်ယူနိုက်တက် အသင်းနဲ့ပွဲမှာ အာဆင်နယ် အသင်း ခေါင်းဆောင် အဖြစ် တာဝန်ယူ ပွဲထွက်ခဲ့ပါတယ်။

အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ အသင်း ခေါင်းဆောင် ငါးဦးကို အသင်းသားတွေကို မဲပေးရွေးချယ်ခိုင်းခဲ့တာဖြစ်ပြီး ရှာကာ က ပထမ အသင်း ခေါင်းဆောင် အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ် ။ တိုက်စစ်မှူး အူဘာမီယန်းကတော့ ဒုတိယ အသင်းခေါင်းဆောင် အဖြစ် ရွေးချယ်ခံခဲ့ရပြီး ဘယ်လာရင်၊လာကာဇက်၊အိုဇေးလ် တို့လည်း အသင်းခေါင်းဆောင် ငါးဦးစာရင်းမှာ ပါဝင်ခဲ့ပါတယ် ။

ရှာကာ ဟာ အာဆင်နယ် အသင်း ခေါင်းဆောင် အဖြစ် ခန့်အပ် ခံရတဲ့ အတွက် ဝမ်းသာ ဂုဏ်ယူမိကြောင်း နဲ့ အသင်းခေါင်းဆောင်ကောင်း တစ်ယောက် ပီသအောင် အစွမ်းကုန် ကြိုးစား သွားမယ်လို့ ပရိသတ်​တွေကို ကတိပေး စကား ဆိုလိုက်ပါတယ် ။

အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရှာကာ က Arsenal Player နဲ့ အင်တာဗျူးမှာ အာဆင်နယ် အသင်း ခေါင်းဆောင် အဖြစ် ခန့်အပ်ခံရတဲ့အပေါ် ” ကျွန်တော် သိပ်ကို ဂုဏ်ယူမိသလို အရမ်းလည်း ဝမ်းသာ ပျော်ရွှင် ရပါတယ်၊ဒီကို မပြောင်းလာခင်ကတည်းက ဆွစ်ဇာလန် အသင်း မှာကော ဂျာမနီမှာပါ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။”

xhaka

” ကျနော် ဒီကို စရောက်ကစတုန်းက အသင်းမှာ ထိပ်တန်း ကစားသမားတွေ၊အရည်အသွေးကောင်းတွေ ရှိတဲ့ ကစားသမားတွေ ရှိပါတယ် ၊ အခုတော့ အာဆင်နယ် လို ထိပ်တန်း အသင်းကြီး တစ်သင်းရဲ့ အသင်း ခေါင်းဆောင် အဖြစ် တရားဝင် ခန့်အပ် ခံခဲ့ရပါပြီ ၊အရမ်းကို ဂုဏ်ယူမိပါတယ် ။ ”

” နည်းပြကြီးက ကျနော်တို့ကို ကိုယ်ခန့်အပ်ချင်တဲ့အသင်း ခေါင်းဆောင် ငါးဦး နာမည် ချရေးခိုင်းပါတယ်။ အားလုံးက နှုတ်လုံစွာနဲ့ပဲ ဘယ်သူ့နာမည် ရေးခဲ့တယ်ဆိုတာ ထုတ်မပြောကြပါဘူး ၊ အသင်းခေါင်းဆောင် ငါးဦးနာမည်ပဲ ရေးရတာပါ ၊ နောက်တော့ နည်းပြကြီးက အဲ့ငါးဦးထဲက ဘယ်သူ့ကို ပထမ အသင်းခေါင်းဆောင်​ ပေးမလဲဆိုတာ ဆုံးဖြတ်တာပါ။”

” အသင်းသားတွေက ကျနော့်အပေါ် ယုံကြည်မှု အပြည့်ပေးခဲ့ကြတာကလည်း အရေးပါပါတယ် ၊ ကျနော် က အသင်းသားတွေ အားလုံးနဲ့ တစ်လှေတည်း စီးပြီး တစ်ခရီးတည်း သွားချင်သူပါ ၊ နိုင်ရင်လည်း အတူတူ၊ရှုံးရင်လည်း အတူတူ၊ဖလားရတော့လည်း အတူတူပေါ့ဗျာ ဒါမှမဟုတ် ဖိုင်နယ်မှာ ရှုံးနိမ့်ရင်တောင် အတူတူပဲ ရှိချင်ပါတယ်၊ဘာကူမှာတုန်းကလိုပေါ့ဗျာ။ ”

” အသင်းမှာ ကစားခွင့်ရနေတဲ့သူတွေတင် မကပါဘူး၊တခြား ကစားသမားတွေ အနေနဲ့လည်း ကျနော်တို့ အုပ်စု ( အသင်းခေါင်းဆောင် ငါးဦး ) ကို ပြဿနာ တစ်စုံတစ်ရာ ရှိရင် လာရောက် ဆွေးနွေး စကား​ပြောလို့ ရပါတယ် ။ အသင်းခေါင်းဆောင် တစ်ယောက်ရဲ့ တာဝန်က စိတ်ဓတ် ကြံ့ခိုင်မှု အပြည့်နဲ့ အများရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးရမှာပါ၊ကျနော်ကတော့ အကောင်းဆုံး အချိန်တွေမှာကော၊အဆိုးဆုံး အချိန်တွေမှာပါ အသင်းဘက်က ရပ်တည်ပေးမယ့်သူပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။

SPORTS MYANMAR

Zawgyi

ဂန္းနားတို႔ရဲ့အသင္းေခါင္းေဆာင္ေကာင္း တစ္ေယာက္ျဖစ္ေအာင္ အစြမ္းကုန္ ႀကိဳးစားသြားမယ္လို႔ ကတိေပးလိုက္တဲ့ ရွာကာ
==================================

အာဆင္နယ္ အသင္း နည္းၿပ အူနိုင္း အမ္မရီ ဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ၂၀၁၉-၂၀၂၀ ခုႏွစ္အတြက္ ဂန္းနားတို႔ရဲ့ ပထမ အသင္းေခါင္းေဆာင္ အျဖစ္ ကြင္းလယ္လူ ဂရန္းနစ္ရွာကာ ကို ခန႔္အပ္ လိုက္ပါတယ္ ။ ရွာကာ ဟာ တနဂၤေႏြေန႔တုန္းက မန္ယူနိုက္တက္ အသင္းနဲ႔ပြဲမွာ အာဆင္နယ္ အသင္း ေခါင္းေဆာင္ အျဖစ္ တာဝန္ယူ ပြဲထြက္ခဲ့ပါတယ္။

အာဆင္နယ္ အသင္း နည္းၿပ အူနိုင္း အမ္မရီ ဟာ အသင္း ေခါင္းေဆာင္ ငါးဦးကို အသင္းသားေတြကို မဲေပးေရြးခ်ယ္ခိုင္းခဲ့တာျဖစ္ၿပီး ရွာကာ က ပထမ အသင္း ေခါင္းေဆာင္ အျဖစ္ ခန႔္အပ္ျခင္း ခံခဲ့ရပါတယ္ ။ တိုက္စစ္မွူး အူဘာမီယန္းကေတာ့ ဒုတိယ အသင္းေခါင္းေဆာင္ အျဖစ္ ေရြးခ်ယ္ခံခဲ့ရၿပီး ဘယ္လာရင္၊လာကာဇက္၊အိုေဇးလ္ တို႔လည္း အသင္းေခါင္းေဆာင္ ငါးဦးစာရင္းမွာ ပါဝင္ခဲ့ပါတယ္ ။

ရွာကာ ဟာ အာဆင္နယ္ အသင္း ေခါင္းေဆာင္ အျဖစ္ ခန႔္အပ္ ခံရတဲ့ အတြက္ ဝမ္းသာ ဂုဏ္ယူမိေၾကာင္း နဲ႔ အသင္းေခါင္းေဆာင္ေကာင္း တစ္ေယာက္ ပီသေအာင္ အစြမ္းကုန္ ႀကိဳးစား သြားမယ္လို႔ ပရိသတ္​ေတြကို ကတိေပး စကား ဆိုလိုက္ပါတယ္ ။

အသက္ ၂၇ ႏွစ္ အရြယ္ ရွိၿပီ ျဖစ္တဲ့ ရွာကာ က Arsenal Player နဲ႔ အင္တာဗ်ဴးမွာ အာဆင္နယ္ အသင္း ေခါင္းေဆာင္ အျဖစ္ ခန႔္အပ္ခံရတဲ့အေပၚ ” ကၽြန္ေတာ္ သိပ္ကို ဂုဏ္ယူမိသလို အရမ္းလည္း ဝမ္းသာ ေပ်ာ္ရႊင္ ရပါတယ္၊ဒီကို မေျပာင္းလာခင္ကတည္းက ဆြစ္ဇာလန္ အသင္း မွာေကာ ဂ်ာမနီမွာပါ အသင္းေခါင္းေဆာင္ အျဖစ္ တာဝန္ယူခဲ့ဖူးပါတယ္။”

” က်ေနာ္ ဒီကို စေရာက္ကစတုန္းက အသင္းမွာ ထိပ္တန္း ကစားသမားေတြ၊အရည္အေသြးေကာင္းေတြ ရွိတဲ့ ကစားသမားေတြ ရွိပါတယ္ ၊ အခုေတာ့ အာဆင္နယ္ လို ထိပ္တန္း အသင္းႀကီး တစ္သင္းရဲ့ အသင္း ေခါင္းေဆာင္ အျဖစ္ တရားဝင္ ခန႔္အပ္ ခံခဲ့ရပါၿပီ ၊အရမ္းကို ဂုဏ္ယူမိပါတယ္ ။ ”

” နည္းျပႀကီးက က်ေနာ္တို႔ကို ကိုယ္ခန႔္အပ္ခ်င္တဲ့အသင္း ေခါင္းေဆာင္ ငါးဦး နာမည္ ခ်ေရးခိုင္းပါတယ္။ အားလုံးက ႏွုတ္လုံစြာနဲ႔ပဲ ဘယ္သူ႔နာမည္ ေရးခဲ့တယ္ဆိုတာ ထုတ္မေျပာၾကပါဘူး ၊ အသင္းေခါင္းေဆာင္ ငါးဦးနာမည္ပဲ ေရးရတာပါ ၊ ေနာက္ေတာ့ နည္းျပႀကီးက အဲ့ငါးဦးထဲက ဘယ္သူ႔ကို ပထမ အသင္းေခါင္းေဆာင္​ ေပးမလဲဆိုတာ ဆုံးျဖတ္တာပါ။”

” အသင္းသားေတြက က်ေနာ့္အေပၚ ယုံၾကည္မွု အျပည့္ေပးခဲ့ၾကတာကလည္း အေရးပါပါတယ္ ၊ က်ေနာ္ က အသင္းသားေတြ အားလုံးနဲ႔ တစ္ေလွတည္း စီးၿပီး တစ္ခရီးတည္း သြားခ်င္သူပါ ၊ နိုင္ရင္လည္း အတူတူ၊ရွုံးရင္လည္း အတူတူ၊ဖလားရေတာ့လည္း အတူတူေပါ့ဗ်ာ ဒါမွမဟုတ္ ဖိုင္နယ္မွာ ရွုံးနိမ့္ရင္ေတာင္ အတူတူပဲ ရွိခ်င္ပါတယ္၊ဘာကူမွာတုန္းကလိုေပါ့ဗ်ာ။ ”

” အသင္းမွာ ကစားခြင့္ရေနတဲ့သူေတြတင္ မကပါဘူး၊တျခား ကစားသမားေတြ အေနနဲ႔လည္း က်ေနာ္တို႔ အုပ္စု ( အသင္းေခါင္းေဆာင္ ငါးဦး ) ကို ျပႆနာ တစ္စုံတစ္ရာ ရွိရင္ လာေရာက္ ေဆြးေႏြး စကား​ေျပာလို႔ ရပါတယ္ ။ အသင္းေခါင္းေဆာင္ တစ္ေယာက္ရဲ့ တာဝန္က စိတ္ဓတ္ ႀကံ့ခိုင္မွု အျပည့္နဲ႔ အမ်ားေရွ႕မွာ မားမားမတ္မတ္ ရပ္တည္ေပးရမွာပါ၊က်ေနာ္ကေတာ့ အေကာင္းဆုံး အခ်ိန္ေတြမွာေကာ၊အဆိုးဆုံး အခ်ိန္ေတြမွာပါ အသင္းဘက္က ရပ္တည္ေပးမယ့္သူပါ ။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္။

SPORTS MYANMAR

SPORTS MYANMAR