အာဆင္နယ္ အသင္း ပရိသတ္ေတြဟာ ယူ-၂၃ အသင္း ရဲ႕ ေတာင္ပံ တုိက္စစ္ ကစားသမား ဆာကာ ကုိ အသင္းၾကီးမွာ ပြဲထြက္ အသုံးျပဳ ဖုိ႔ တြစ္တာမွာ ေတာင္းဆုိ ေနၾကပါတယ္ ။ ဆာကာ ဟာ ေသာၾကာေန႔က ကစားခဲ့တဲ့ အာဆင္နယ္ ယူ-၂၃ အသင္း နဲ႔ လက္စတာ ယူ-၂၃ အသင္းပြဲမွာ ပြဲထြက္ ကစားခြင့္ ရခဲ့ျပီး ေျခစြမ္းျပ ကစားနုိင္ ခဲ့ပါတယ္ ။

အသက္ ၁၇ ႏွစ္ အရြယ္သာ ရွိေသးတဲ့ ဆာကာ ဟာ လက္စတာ ယူ-၂၃ အသင္း နဲ႔ ပြဲမွာ ပြဲအစ ၁၀ မိနစ္ အတြင္းမွာ သြင္းဂုိး တစ္ဂုိး ၊ ဂုိးဖန္တီးမႈ တစ္ၾကိမ္ ျပဳ လုပ္ နုိင္ ခဲ့ ပါ တယ္ ။ အာဆင္နယ္ ယူ-၂၃ အသင္းဟာ ပြဲအစ သုံးမိနစ္မွာတင္ ဆာကာ ေၾကာင့္ ပင္နယ္တီ ရရွိခဲ့ျပီး ကြင္းလယ္လူ ဂယ္မား က ကန္သြင္းယူ ခဲ့ပါတယ္ ။

ပြဲခ်ိန္ ၅ မိနစ္မွာလည္း ဆာကာရဲ႕ ျဖတ္တင္ ေပးပုိ႔မႈကုိ တုိင္ရိ ဂ်ြန္ဂ်ဳးစ္ က ေလ်ွာထုိး ပိတ္သြင္း ခဲ့သလုိ ပြဲခိ်န္ ၉ မိနစ္မွာလည္း ဆာကာ ကပဲ သူ႔ရဲ႕ ျမန္နႈန္းျမင့္ ေျပးအားကုိ အသုံးခ်ျပီး ဘယ္ေျခနဲ႔ အပုိင္ အဆုံးသတ္ ကာ အာဆင္နယ္ ယူ-၂၃ အသင္းကုိ ပရီးမီးယားလိဂ္ ၂ အမွတ္ေပးဇယား အဆင့္ ၂ ေနရာမွာ ဆက္လက္ ရပ္တည္ ေစခဲ့ပါတယ္ ။

ဆာကာ ဟာ နည္းျပ အူနုိင္း အမ္မရီ ရဲ႕ အသင္းၾကီး နဲ႔ အတူ ေလ့ က်င့္ ခန္း ဆင္း ဖူး တဲ့ ကစားသမား တစ္ဦး ျဖစ္ ျပီး အာဆင္နယ္ အသင္းၾကီး အတြက္ ေလး ပြဲ ပါ ဝင္ က စား ခြင့္ ရထားပါတယ္ ။ ဆာကာ ဟာ သူ႔ရဲ႕ အာဆင္နယ္ အသင္း ကစားသမား ဘဝ ပထမဆုံး ပြဲထြက္ ကစားခြင့္ကုိ ယူရုိပါလိဂ္ အုပ္စု ပြဲစဥ္ ျဖစ္တဲ့ ကြာရာဘတ္ အသင္းနဲ႔ ပြဲမွာ ကစားခြင့္ ရခဲ့ပါတယ္ ။

အဂၤလန္ ယူ-၁၉ လက္ေရြးစင္ ကစားသမား ဆာကာဟာ ဒီရာသီမွာ ျပိဳင္ပြဲစုံ ၃၂ ပြဲ ကစားထားျပီး ၁၁ ဂုိး သြင္း ယူ ထား ကာ ၁၀ ဂုိး ဖန္ တီး ေပး ထား ပါ တယ္ ။ လက္စတာ ယူ-၂၃ အသင္း နဲ႔ ပြဲက ဆာကာ ရဲ႕ စြမ္းေဆာင္ရည္ကုိ သေဘာက် ႏွစ္ျခိဳက္ ေနၾကတဲ့ အာဆင္နယ္ ပရိသတ္ေတြ ဟာ အသင္းၾကီးမွာ ပြဲထြက္ အသုံးျပဳ ဖုိ႔ တြစ္တာမွာ ေတာင္းဆုိ ေရးသား ထားၾကပါတယ္ ။

အာဆင္နယ္ အသင္း ပရိသတ္ေတြ ကေတာ့ တြစ္တာမွာ ဆာကာ ဟာ အီဝုိဘီ ၊ မီခီတာရန္း တုိ႔ ထက္ ပုိေကာင္းတဲ့ ကစားသမား တစ္ဦး ျဖစ္ေၾကာင္း နဲ႔ လက္စတာ အသင္း နဲ႔ ပြဲမွာ ပြဲထြက္ အသုံးျပဳ ဖုိ႔ နည္းျပ အမ္မရီ ကုိ တုိက္တြန္း အၾကံ ေပး သြား ခဲ့ ပါ တယ္ ။

အာဆင္နယ္ အသင္းဟာ ဝဲလ္ေကာ့ ၊ ခ်ိန္ဘာလိန္ ၊ ဆန္းခ်က္ဇ္ တုိ႔ အသင္းကေန ထြက္ခြာ သြားျပီး ေနာက္ပုိင္း ေတာင္ပံ တုိက္စစ္ စစ္စစ္ ကစားသမား တစ္ဦး လုိအပ္ ေနတာလည္း ျဖစ္ပါတယ္ ။ ဂန္းနား တုိ႔ဟာ ျပီးခဲ့တဲ့ႏွစ္ ေႏြရာသီ အေျပာင္းအေရႊ႕ ထဲက ေတာင္ပံ ကစားသမားသစ္ တစ္ဦးကုိ ေခၚယူဖုိ႔ ၾကိဳးပမ္း ခဲ့ေပမယ့္လည္း ေခၚယူနုိင္ ခဲ့ျခင္းေတာ့ မရွိပါဘူး ။

အာဆင္နယ္ အသင္း နည္းျပ အူနုိင္း အမ္မရီ ဟာ ေတာင္ပံ တုိက္စစ္ ေနရာမွာ အီဝုိဘီ ၊ မီခီတာရန္း တုိ႔ ထားကစားခဲ့ေပမယ့္လည္း သိပ္ေတာ့ အဆင္မေျပ ခဲ့ပါဘူး ။ အမ္မရီ ကုိယ္တုိင္ကလည္း အသင္းမွာ ေတာင္ပံ တုိက္စစ္ ကစားသမား တစ္ဦးေလာက္ ေခၚယူဖုိ႔ လုိအပ္ေနေၾကာင္း ဝန္ခံ ထားပါတယ္ ။

ဒါေၾကာင့္ ပရိသတ္ေတြ အၾကံေပးတဲ့ အတုိင္း ဆာကာ ဟာ အာဆင္နယ္ အသင္းရဲ႕ ကြက္လပ္ကုိ ျဖည့္ဆည္းေပးနုိင္မယ့္ ေတာင္ပံ တုိက္စစ္ ကစားသမား ျဖစ္လာ မလား ဆုိတာ စိတ္ ဝင္ စား ဖြယ္ ေစာင့္ ၾကည့္ ရ မွာ လည္း ျဖစ္ ပါ တယ္ ။

SPORTS MYANMAR

Unicode

အီဝိုဘီ ထက် ပိုကောင်းတဲ့ လူငယ် တောင်ပံကစားသမား တစ်ဦးကို ပွဲထွက် အသုံးပြုဖို့ အမ်မရီ ကို တောင်းဆိုနေကြတဲ့ အာဆင်နယ် အသင်း ပရိသတ်များ
=============================

အာဆင်နယ် အသင်း ပရိသတ်တွေဟာ ယူ-၂၃ အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဆာကာ ကို အသင်းကြီးမှာ ပွဲထွက် အသုံးပြု ဖို့ တွစ်တာမှာ တောင်းဆို နေကြပါတယ် ။ ဆာကာ ဟာ သောကြာနေ့က ကစားခဲ့တဲ့ အာဆင်နယ် ယူ-၂၃ အသင်း နဲ့ လက်စတာ ယူ-၂၃ အသင်းပွဲမှာ ပွဲထွက် ကစားခွင့် ရခဲ့ပြီး ခြေစွမ်းပြ ကစားနိုင် ခဲ့ပါတယ် ။

အသက် ၁၇ နှစ် အရွယ်သာ ရှိသေးတဲ့ ဆာကာ ဟာ လက်စတာ ယူ-၂၃ အသင်း နဲ့ ပွဲမှာ ပွဲအစ ၁၀ မိနစ် အတွင်းမှာ သွင်းဂိုး တစ်ဂိုး ၊ ဂိုးဖန်တီးမှု တစ်ကြိမ် ပြု လုပ် နိုင် ခဲ့ ပါ တယ် ။ အာဆင်နယ် ယူ-၂၃ အသင်းဟာ ပွဲအစ သုံးမိနစ်မှာတင် ဆာကာ ကြောင့် ပင်နယ်တီ ရရှိခဲ့ပြီး ကွင်းလယ်လူ ဂယ်မား က ကန်သွင်းယူ ခဲ့ပါတယ် ။

ပွဲချိန် ၅ မိနစ်မှာလည်း ဆာကာရဲ့ ဖြတ်တင် ပေးပို့မှုကို တိုင်ရိ ဂျွန်ဂျုးစ် က လျှောထိုး ပိတ်သွင်း ခဲ့သလို ပွဲချိန် ၉ မိနစ်မှာလည်း ဆာကာ ကပဲ သူ့ရဲ့ မြန်နှုန်းမြင့် ပြေးအားကို အသုံးချပြီး ဘယ်ခြေနဲ့ အပိုင် အဆုံးသတ် ကာ အာဆင်နယ် ယူ-၂၃ အသင်းကို ပရီးမီးယားလိဂ် ၂ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည် စေခဲ့ပါတယ် ။

ဆာကာ ဟာ နည်းပြ အူနိုင်း အမ်မရီ ရဲ့ အသင်းကြီး နဲ့ အတူ လေ့ ကျင့် ခန်း ဆင်း ဖူး တဲ့ ကစားသမား တစ်ဦး ဖြစ် ပြီး အာဆင်နယ် အသင်းကြီး အတွက် လေး ပွဲ ပါ ဝင် က စား ခွင့် ရထားပါတယ် ။ ဆာကာ ဟာ သူ့ရဲ့ အာဆင်နယ် အသင်း ကစားသမား ဘဝ ပထမဆုံး ပွဲထွက် ကစားခွင့်ကို ယူရိုပါလိဂ် အုပ်စု ပွဲစဉ် ဖြစ်တဲ့ ကွာရာဘတ် အသင်းနဲ့ ပွဲမှာ ကစားခွင့် ရခဲ့ပါတယ် ။

အင်္ဂလန် ယူ-၁၉ လက်ရွေးစင် ကစားသမား ဆာကာဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၃၂ ပွဲ ကစားထားပြီး ၁၁ ဂိုး သွင်း ယူ ထား ကာ ၁၀ ဂိုး ဖန် တီး ပေး ထား ပါ တယ် ။ လက်စတာ ယူ-၂၃ အသင်း နဲ့ ပွဲက ဆာကာ ရဲ့ စွမ်းဆောင်ရည်ကို သဘောကျ နှစ်ခြိုက် နေကြတဲ့ အာဆင်နယ် ပရိသတ်တွေ ဟာ အသင်းကြီးမှာ ပွဲထွက် အသုံးပြု ဖို့ တွစ်တာမှာ တောင်းဆို ရေးသား ထားကြပါတယ် ။

အာဆင်နယ် အသင်း ပရိသတ်တွေ ကတော့ တွစ်တာမှာ ဆာကာ ဟာ အီဝိုဘီ ၊ မီခီတာရန်း တို့ ထက် ပိုကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်ကြောင်း နဲ့ လက်စတာ အသင်း နဲ့ ပွဲမှာ ပွဲထွက် အသုံးပြု ဖို့ နည်းပြ အမ်မရီ ကို တိုက်တွန်း အကြံ ပေး သွား ခဲ့ ပါ တယ် ။

အာဆင်နယ် အသင်းဟာ ဝဲလ်ကော့ ၊ ချိန်ဘာလိန် ၊ ဆန်းချက်ဇ် တို့ အသင်းကနေ ထွက်ခွာ သွားပြီး နောက်ပိုင်း တောင်ပံ တိုက်စစ် စစ်စစ် ကစားသမား တစ်ဦး လိုအပ် နေတာလည်း ဖြစ်ပါတယ် ။ ဂန်းနား တို့ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့ ထဲက တောင်ပံ ကစားသမားသစ် တစ်ဦးကို ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ပေမယ့်လည်း ခေါ်ယူနိုင် ခဲ့ခြင်းတော့ မရှိပါဘူး ။

အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ တောင်ပံ တိုက်စစ် နေရာမှာ အီဝိုဘီ ၊ မီခီတာရန်း တို့ ထားကစားခဲ့ပေမယ့်လည်း သိပ်တော့ အဆင်မပြေ ခဲ့ပါဘူး ။ အမ်မရီ ကိုယ်တိုင်ကလည်း အသင်းမှာ တောင်ပံ တိုက်စစ် ကစားသမား တစ်ဦးလောက် ခေါ်ယူဖို့ လိုအပ်နေကြောင်း ဝန်ခံ ထားပါတယ် ။

ဒါကြောင့် ပရိသတ်တွေ အကြံပေးတဲ့ အတိုင်း ဆာကာ ဟာ အာဆင်နယ် အသင်းရဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်မယ့် တောင်ပံ တိုက်စစ် ကစားသမား ဖြစ်လာ မလား ဆိုတာ စိတ် ဝင် စား ဖွယ် စောင့် ကြည့် ရ မှာ လည်း ဖြစ် ပါ တယ် ။

SPORTS MYANMAR