alonso

Unicode

တစ်ချိန်က အင်္ဂလန် ရဲ့ ကွင်းလယ်မှာ သျှမ်းသျှမ်းတောက် ကျော်ကြားခဲ့တဲ့ ဂျရတ် နဲ့ လမ်းပတ် တို့ဟာ နည်းပြဘ၀ အဖွင့် ကန့်လန့်ကာ စာမျက်နှာတွေမှာ သူတို့ရဲ့ မန်နေဂျာဘ၀ အရည်အသွေးကောင်းတွေကို ပြထားနိုင်ခဲ့သလိုပဲ ၊ သူတို့ နဲ့ တစ်ချိန်တည်းမှာ ထင်ရှားလာခဲ့တဲ့ စပိန်က ကွင်းလယ် ကစားသမားကြီး အလွန်ဆို ကလဲ အဲဒီ လမ်းစဉ်ကို လိုက်ပါဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်နေပြီ ဖြစ်ကြောင်း စပိန် မီဒီယာတွေ က ဒီကနေ့မှာ ထုတ်ဖော် ရေးသားလိုက်ပါတယ်။

ကစားသမားဘ၀ က လီဗာပူး ၊ ရီးရဲ မက်ဒရစ် ၊ ဘိုင်ယန် မြူးနစ် အသင်းတို့မှာ ကစားပေးခဲ့သလို ၊ ကလပ် အသင်းအဆင့်မှာရော ၊ နိုင်ငံလက်ရွေးစင် အသင်းအဆင့်မှာပါ အောင်မြင်မှုပေါင်း များစွာကို ရယူနိုင်ခဲ့တဲ့ ၊ အလွန်ဆို ဟာ လက်ရှိမှာလဲ သူ့ရဲ့ နည်းပြဘ၀ အဖွင့်စာမျက်နှာတွေကို အကောင်းဆုံး ပုံစံတွေနဲ့ စတင်ခဲ့ပြီ ဖြစ်ပါတယ်။

သူဟာ ကစားသမားဘ၀ ကနေ အနားယူတဲ့ တစ်ပြိုင်နက် ရီးရဲ မက်ဒရစ် အကယ်ဒမီ မှာ သူ့ရဲ့ နည်းပြလိုင်စဉ် အတွက် ပြင်ဆင်စရာတွေ ပြင်ဆင်ရင်း ၊ ယူ 13 အသင်းကို ကိုင်တွယ်ခဲ့ပါတယ်။ အဲဒီ မှာ ကတည်းက ရီးရဲ ယူ 13 အသင်းကို အမှတ်ပေးဖလား ရယူပေးနိုင်ခဲ့တာကြောင့် ၊ အလွန်ဆိုရဲ့ အရည်အသွေးတွေကို စောင့်ကြည့်လာခဲ့ကြတာပါ။

အထူးသဖြင့် မန်စီးတီး အသင်းရဲ့ နည်းပြကြီး ပက်ဂွာဒီယိုလာ ကိုယ်တိုင်က အလွန်ဆိုဟာ နည်းပြလောက ထဲကို ဝင်လာမယ် ဆိုရင် သေချာပေါက် အောင်မြင်မှုတွေ ရယူပေးနိုင်လိမ့်မယ်လို့ 100% ထောက်ခံချက် အပေးကာ ပြောဆိုလိုက် ကတည်းက သူ့ရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့်လဲ ဒီရာသီ အစောပိုင်းမှာ သူ့ရဲ့ ငယ်ဘ၀ ကလပ် ဆိုစီဒက် အသင်းက သူတို့ရဲ့ လူငယ် အသင်းကို ကိုင်တွယ်ပေးဖို့ 2 နှစ် စာချုပ်ချုပ်နဲ့ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

အလွန်ဆိုဟာ ဆီဂန်ဒါ B မှာ ယှဉ်ပြိုင် ကစားနေတဲ့ ဆိုစီဒက် လူငယ် အသင်းအတွက် စုစုပေါင်း 6 ပွဲ ကိုင်တွယ်ထားပြီးပြီ ဖြစ်ပြီး ၊ ရှုံးပွဲ လုံး၀ မရှိသေးကာ ရမှတ် 14 မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်လျှက် ရှိနေပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ နိုင်ပွဲတွေ ၊ ရမှတ်တွေကြောင့် အဓိက မဟုတ်ပဲ ၊ သူ့ အသင်းရဲ့ ကစားပုံကြောင့်ပါ ပိုပြီး သတင်းတွေ ကြီးလာနေတာ ဖြစ်ပါတယ်။

ဘောလုံးပိုင်ဆိုင်မှုကို အသားပေးထားတယ် ဆိုပေမယ့် ၊ အပေးအယူ နည်းစနစ်တွေက ပုံသေတစ်ခုတည်းမဟုတ်ပဲ ၊ လိုအပ်ရင် လိုအပ်သလို အနီးပေး ၊ အဝေးပေး စနစ်တွေကိုပါ ပေါင်းစပ်ထားတဲ့ အပြင် ၊ တစ်ဖက်က ခံစစ်ပိတ် ထားတဲ့ အနေအထားမျိုးမှာတောာင် နေရာလွတ်ကို စိတ်ရှည်ရှည်ထားပြီး ရှာဖွေနိုင်အောင် လေ့ကျင့် သင်ကြားထားတဲ့ အရည်အသွေးတွေက အနာဂတ်မှာ မန်နေဂျာ ကောင်းတစ်ယောက် ဖြစ်လာမယ့် လက္ခဏာမျိုးတွေပါ။

ပထမ ဦးဆောင်ဂိုးကို အသင်းလိုက် ကစားကွက်ကနေ သွင်းယူလိုက်တယ် ဆိုရင် ၊ ဒုတိယ ဂိုးကို တည်ကန်ဘောကနေ လည်းကောင်း ၊ တတိယ ဂိုးကို ခေါင်းတိုက် ဘောကနေ လည်းကောင်း ပုံစံမျိုးစုံ နဲ့ ဂိုးသွင်းယူ ပေးနေတဲ့ သူ့ရဲ့ အသင်းဟာ လာရောက် ကြည့်ရှုချင်တဲ့ ပရိသတ်တွေကို ဆွဲဆောင်မှု အပြည့် ဖန်တီးထားလျှက် ရှိနေပါတယ်။ ဒါကြောင့်လဲ မက်ဒရစ် အခြေစိုက် သတင်းစာတွေက Pass Master ကြီးဟာ Total Football ကို အပီအပြင် ချယ်မှုန်း ပြနေတယ်လို့တောင် တင်စားလာကြတာ ဖြစ်ပါတယ်။

အလွန်ဆို ကို နည်းပြဘဝမှာ အောင်မြင်လိမ့်မယ်လို့ ဟောကိန်း ထုတ်ခဲ့တာက ပက်ဂွာဒီယိုလာ တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ ဘိုင်ယန် မြူးနစ် အသင်းရဲ့ ဥက္ကဌ ရူမင်နစ် ကလဲ စီနီယာ အသင်းကြီး တစ်ပွဲမှ ကိုင်တွယ်ခွင့် မရသေးသည့်တိုင်အောင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အလွန်ဆို ကို သူ့အသင်းရဲ့ မန်နေဂျာ အဖြစ် မြင်ချင်တယ်လို့ ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံထားခဲ့ ပါတယ်။

“ တစ်နေ့နေ့ တစ်ချိန်ချိန် မှာတော့ ကျနော်က အလွန်ဆို ကို ဘိုင်ယန်မြူးနစ်ဆီ ပြန်လာစေချင်ပါတယ်။ သူဟာ ဘာသာစကားလဲ အများကြီး ပြောနိုင်သူ ဖြစ်သလို ၊ ကစားသမားဘ၀ ကတည်းက နည်းပြကောင်း တစ်ယောက် ဖြစ်လာမယ့် အရည်အချင်းတွေ အများကြီး ရှိထားခဲ့လို့ အခုလို ပြောတာပါ။ သေချာပါတယ် သူဟာ ထိပ်တန်း နည်းပြ တစ်ယောက် ဖြစ်ကို ဖြစ်လာဦးမှာပါ။

ကွင်းထဲမှာ ဆိုရင် သူဟာ ကွင်းလယ် ဗိုလ်ချုပ်ပါပဲ ။ ဘောလုံးက သူ့ဆီ ရောက်လာပြီ ဆိုတာ နဲ့ အခြား ကစားဖော်တွေက လိုက်ပါ ရွေ့လျားဖို့ ပြင်ဆင်နေရပါပြီ။ ပြီးတော့ ပွဲကို သုံးသပ်ပုံတွေ ၊ ဘောလုံး ဖြန့်ဝေပုံတွေက တကယ်ကို မှော်ဆန်လွန်းတဲ့သူပေါ့။ ပြင်ပ လူနေမှု ဘဝမှာလဲ တကယ်ကို စည်းစနစ်ကောင်းလွန်းတဲ့သူမို့ ၊ ကျနော်ကတော့ အလွန်ဆိုရဲ့ မန်နေဂျာ နေ့ရက်တွေကို စောင့်ကြည့်နေဦးမှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

အလွန်ဆို ရဲ့ ကစားသမား ဖြတ်သန်းမှုဟာလဲ အရမ်းကို ကံကောင်းခဲ့တယ်လို့ ဆိုရမှာပါ။ လက်တွဲခွင့် ရရှိခဲ့တဲ့ နည်းပြတွေဟာ ချန်ပီယံလိဂ် ဖလား ရယူပေးခဲ့ဖူးတဲ့ ဘင်နီတက် ၊ မော်ရင်ဟို ၊ ပက်ဂွာဒီယိုလာ ၊ အန်ဆယ်လော့တီ တို့လို နည်းပြတွေ ဖြစ်ပြီး ၊ အဲဒီ ဂုရုကြီးတွေ ဆီကနေ ဘောလုံးပညာတွေ သင်ယူခဲ့ရတဲ့ အကြောင်းတွေကိုလဲ အခုလို ထုတ်ဖော် ပြောဆိုထားခဲ့ပါတယ်။

“ ကျနော် က သူတို့တွေ အားလုံးဆီကနေ အများကြီး သင်ယူခဲ့ရတာပေါ့ဗျာ….ကံကောင်းတယ်လို့လဲ ဆိုရမှာပါ။ ထိပ်တန်း ကလပ်တွေမှာ ထိပ်တန်း နည်းပြ ၊ ထိပ်တန်း ကစားသမားတွေ နဲ့ တွဲပြီး ကစားခွင့် ရရှိခဲ့တယ်လေ။

အဲဒီ အချိန်ကတည်က သူတို့နဲ့ နီးနီးကပ်ကပ် ဖြစ်အောင် နေခဲ့ပြီး ၊ ဘာဖြစ်လို့ သူတို့ဟာ ဆုံးဖြတ်ချက်တွေကို အာရုံစူးစိုက်မှု အပြည့်နဲ့ မှန်မှန်ကန်ကန် ချမှတ်နိုင်တာလဲ ဆိုတာ လေ့လာဖြစ်ခဲ့ပါတယ်။ ပြီးရင် ကိုယ့်ရဲ့ ပင်ကိုယ် စတိုင်နဲ့ ပေါင်းစပ်ရတာပေါ့။ ဒါက Copy/Paste လုပ်တာ မဟုတ်ပါဘူး။ ကိုယ် တည်ဆောက်ချင်တဲ့ အသင်းတစ်ခုကို တည်ဆောက်ဖို့ သူတို့ရဲ့ စဉ်းစားတွေးခေါ်ပုံတွေ ၊ လုပ်ကိုင်ပုံ အယူအဆတွေကို သင်ယူတဲ့ သဘောမျိုးပါပဲ။ တစ်ချို့ ဆိုရင် အခုချိန်ထိတောင် ကျနော်နဲ့ အဆက်အသွယ် မပြတ်သေးပါဘူး” လို့ ဖွင့်ဟ သွားခဲ့ပါတယ်။

စပိန်မှာ ပက်ဂွာဒီယိုလာ နဲ့ လူးဝစ်အင်းနရစ် တို့နောက်ပိုင်း ၊ အလွန်ဆို က နောက်ထပ် နည်းပြကောင်း တစ်ယောက် အဖြစ် ထွက်ပေါ်လာဦးမလား ဆိုတာတော့ စိတ်ဝင်စားစရာ ကောင်းနေခဲ့ပါပြီ။ အလွန်ဆို ဟာလဲ ပက်လိုပဲ ဆီဂန်ဒါ ပြိုင်ပွဲမျိုးမှာ နည်းပြ အတွေ့အကြုံတွေ ရယူနေသလို ၊ ရလာဒ်ကောင်းတွေ ရယူပြနေတာမို့ ၊ အနာဂတ် ကောင်းတစ်ခုတော့ ရှိနေခဲ့ပြီ ဆိုတာ သေချာပါတယ်။

ဒါကြောင့်လဲ ရီးရဲ မက်ဒရစ်ဟာ ဇီဒန်းက ရလာဒ်တွေ ဆက်တိုက် ဆိုးဝါးနေခဲ့ရင် ၊ အလွန်ဆို နဲ့ အစားထိုးမယ် ဆိုတဲ့ ကောလဟာလ သတင်းတွေ ပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်……………

အလွန်ဆိုရဲ့ ဒီရာသီ စွမ်းဆောင်ရည် မှတ်တမ်း
——————————————
ဘာရာကယ်ဒို 0-5 ဆိုစီဒက် B

ဆိုစီဒက် B 4-3 လီအိုအာ

အီဇာရာ 1-1 ဆိုစီဒက် B

ဆိုစီဒက် B 2-0 ဂွီဂျူလို

ဆလာမန်ကာ 1-3 ဆိုစီဒက် B

ဆိုစီဒက် B 1-1 ဘာဂို့စ်S

SPORTS MYANMAR

Zawgyi

ပက္ဂြာဒီယိုလာ ၊ လူးဝစ္ အင္းနရစ္တို႔ ေနာက္ပိုင္း စပိန္ ကေနထြက္ေပၚလာေတာ့မယ့္ ေနာက္ထပ္ နည္းျပေကာင္း တစ္ေယာက္ (သို႔) ဇာဗီ အလြန္ဆို
**************************************************

တစ္ခ်ိန္က အဂၤလန္ ရဲ့ ကြင္းလယ္မွာ သၽွမ္းသၽွမ္းေတာက္ ေက်ာ္ၾကားခဲ့တဲ့ ဂ်ရတ္ နဲ႔ လမ္းပတ္ တို႔ဟာ နည္းျပဘ၀ အဖြင့္ ကန႔္လန႔္ကာ စာမ်က္ႏွာေတြမွာ သူတို႔ရဲ့ မန္ေနဂ်ာဘ၀ အရည္အေသြးေကာင္းေတြကို ျပထားနိုင္ခဲ့သလိုပဲ ၊ သူတို႔ နဲ႔ တစ္ခ်ိန္တည္းမွာ ထင္ရွားလာခဲ့တဲ့ စပိန္က ကြင္းလယ္ ကစားသမားႀကီး အလြန္ဆို ကလဲ အဲဒီ လမ္းစဥ္ကို လိုက္ပါဖို႔ အလားအလာေကာင္းေတြ ပိုင္ဆိုင္ေနၿပီ ျဖစ္ေၾကာင္း စပိန္ မီဒီယာေတြ က ဒီကေန႔မွာ ထုတ္ေဖာ္ ေရးသားလိုက္ပါတယ္။

ကစားသမားဘ၀ က လီဗာပူး ၊ ရီးရဲ မက္ဒရစ္ ၊ ဘိုင္ယန္ ျမဴးနစ္ အသင္းတို႔မွာ ကစားေပးခဲ့သလို ၊ ကလပ္ အသင္းအဆင့္မွာေရာ ၊ နိုင္ငံလက္ေရြးစင္ အသင္းအဆင့္မွာပါ ေအာင္ျမင္မွုေပါင္း မ်ားစြာကို ရယူနိုင္ခဲ့တဲ့ ၊ အလြန္ဆို ဟာ လက္ရွိမွာလဲ သူ႔ရဲ့ နည္းျပဘ၀ အဖြင့္စာမ်က္ႏွာေတြကို အေကာင္းဆုံး ပုံစံေတြနဲ႔ စတင္ခဲ့ၿပီ ျဖစ္ပါတယ္။

သူဟာ ကစားသမားဘ၀ ကေန အနားယူတဲ့ တစ္ၿပိဳင္နက္ ရီးရဲ မက္ဒရစ္ အကယ္ဒမီ မွာ သူ႔ရဲ့ နည္းျပလိုင္စဥ္ အတြက္ ျပင္ဆင္စရာေတြ ျပင္ဆင္ရင္း ၊ ယူ 13 အသင္းကို ကိုင္တြယ္ခဲ့ပါတယ္။ အဲဒီ မွာ ကတည္းက ရီးရဲ ယူ 13 အသင္းကို အမွတ္ေပးဖလား ရယူေပးနိုင္ခဲ့တာေၾကာင့္ ၊ အလြန္ဆိုရဲ့ အရည္အေသြးေတြကို ေစာင့္ၾကည့္လာခဲ့ၾကတာပါ။

အထူးသျဖင့္ မန္စီးတီး အသင္းရဲ့ နည္းျပႀကီး ပက္ဂြာဒီယိုလာ ကိုယ္တိုင္က အလြန္ဆိုဟာ နည္းျပေလာက ထဲကို ဝင္လာမယ္ ဆိုရင္ ေသခ်ာေပါက္ ေအာင္ျမင္မွုေတြ ရယူေပးနိုင္လိမ့္မယ္လို႔ 100% ေထာက္ခံခ်က္ အေပးကာ ေျပာဆိုလိုက္ ကတည္းက သူ႔ရဲ့ စြမ္းေဆာင္ရည္ကို ေစာင့္ၾကည့္ေနခဲ့ၾကတာ ျဖစ္ပါတယ္။

ဒါေၾကာင့္လဲ ဒီရာသီ အေစာပိုင္းမွာ သူ႔ရဲ့ ငယ္ဘ၀ ကလပ္ ဆိုစီဒက္ အသင္းက သူတို႔ရဲ့ လူငယ္ အသင္းကို ကိုင္တြယ္ေပးဖို႔ 2 ႏွစ္ စာခ်ဳပ္ခ်ဳပ္နဲ႔ ေခၚယူလိုက္တာ ျဖစ္ပါတယ္။

အလြန္ဆိုဟာ ဆီဂန္ဒါ B မွာ ယွဥ္ၿပိဳင္ ကစားေနတဲ့ ဆိုစီဒက္ လူငယ္ အသင္းအတြက္ စုစုေပါင္း 6 ပြဲ ကိုင္တြယ္ထားၿပီးၿပီ ျဖစ္ၿပီး ၊ ရွုံးပြဲ လုံး၀ မရွိေသးကာ ရမွတ္ 14 မွတ္နဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္လၽွက္ ရွိေနပါတယ္။ သူ႔ရဲ့ စြမ္းေဆာင္ရည္ဟာ နိုင္ပြဲေတြ ၊ ရမွတ္ေတြေၾကာင့္ အဓိက မဟုတ္ပဲ ၊ သူ႔ အသင္းရဲ့ ကစားပုံေၾကာင့္ပါ ပိုၿပီး သတင္းေတြ ႀကီးလာေနတာ ျဖစ္ပါတယ္။

ေဘာလုံးပိုင္ဆိုင္မွုကို အသားေပးထားတယ္ ဆိုေပမယ့္ ၊ အေပးအယူ နည္းစနစ္ေတြက ပုံေသတစ္ခုတည္းမဟုတ္ပဲ ၊ လိုအပ္ရင္ လိုအပ္သလို အနီးေပး ၊ အေဝးေပး စနစ္ေတြကိုပါ ေပါင္းစပ္ထားတဲ့ အျပင္ ၊ တစ္ဖက္က ခံစစ္ပိတ္ ထားတဲ့ အေနအထားမ်ိဳးမွာေတာာင္ ေနရာလြတ္ကို စိတ္ရွည္ရွည္ထားၿပီး ရွာေဖြနိုင္ေအာင္ ေလ့က်င့္ သင္ၾကားထားတဲ့ အရည္အေသြးေတြက အနာဂတ္မွာ မန္ေနဂ်ာ ေကာင္းတစ္ေယာက္ ျဖစ္လာမယ့္ လကၡဏာမ်ိဳးေတြပါ။

ပထမ ဦးေဆာင္ဂိုးကို အသင္းလိုက္ ကစားကြက္ကေန သြင္းယူလိုက္တယ္ ဆိုရင္ ၊ ဒုတိယ ဂိုးကို တည္ကန္ေဘာကေန လည္းေကာင္း ၊ တတိယ ဂိုးကို ေခါင္းတိုက္ ေဘာကေန လည္းေကာင္း ပုံစံမ်ိဳးစုံ နဲ႔ ဂိုးသြင္းယူ ေပးေနတဲ့ သူ႔ရဲ့ အသင္းဟာ လာေရာက္ ၾကည့္ရွုခ်င္တဲ့ ပရိသတ္ေတြကို ဆြဲေဆာင္မွု အျပည့္ ဖန္တီးထားလၽွက္ ရွိေနပါတယ္။ ဒါေၾကာင့္လဲ မက္ဒရစ္ အေျခစိုက္ သတင္းစာေတြက Pass Master ႀကီးဟာ Total Football ကို အပီအျပင္ ခ်ယ္မွုန္း ျပေနတယ္လို႔ေတာင္ တင္စားလာၾကတာ ျဖစ္ပါတယ္။

အလြန္ဆို ကို နည္းျပဘဝမွာ ေအာင္ျမင္လိမ့္မယ္လို႔ ေဟာကိန္း ထုတ္ခဲ့တာက ပက္ဂြာဒီယိုလာ တစ္ေယာက္ထဲေတာ့ မဟုတ္ပါဘူး။ ဘိုင္ယန္ ျမဴးနစ္ အသင္းရဲ့ ဥကၠဌ ႐ူမင္နစ္ ကလဲ စီနီယာ အသင္းႀကီး တစ္ပြဲမွ ကိုင္တြယ္ခြင့္ မရေသးသည့္တိုင္ေအာင္ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ အလြန္ဆို ကို သူ႔အသင္းရဲ့ မန္ေနဂ်ာ အျဖစ္ ျမင္ခ်င္တယ္လို႔ ပြင့္ပြင့္လင္းလင္းပဲ ဝန္ခံထားခဲ့ ပါတယ္။

“ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္ မွာေတာ့ က်ေနာ္က အလြန္ဆို ကို ဘိုင္ယန္ျမဴးနစ္ဆီ ျပန္လာေစခ်င္ပါတယ္။ သူဟာ ဘာသာစကားလဲ အမ်ားႀကီး ေျပာနိုင္သူ ျဖစ္သလို ၊ ကစားသမားဘ၀ ကတည္းက နည္းျပေကာင္း တစ္ေယာက္ ျဖစ္လာမယ့္ အရည္အခ်င္းေတြ အမ်ားႀကီး ရွိထားခဲ့လို႔ အခုလို ေျပာတာပါ။ ေသခ်ာပါတယ္ သူဟာ ထိပ္တန္း နည္းၿပ တစ္ေယာက္ ျဖစ္ကို ျဖစ္လာဦးမွာပါ။

ကြင္းထဲမွာ ဆိုရင္ သူဟာ ကြင္းလယ္ ဗိုလ္ခ်ဳပ္ပါပဲ ။ ေဘာလုံးက သူ႔ဆီ ေရာက္လာၿပီ ဆိုတာ နဲ႔ အျခား ကစားေဖာ္ေတြက လိုက္ပါ ေရြ႕လ်ားဖို႔ ျပင္ဆင္ေနရပါၿပီ။ ၿပီးေတာ့ ပြဲကို သုံးသပ္ပုံေတြ ၊ ေဘာလုံး ျဖန႔္ေဝပုံေတြက တကယ္ကို ေမွာ္ဆန္လြန္းတဲ့သူေပါ့။ ျပင္ပ လူေနမွု ဘဝမွာလဲ တကယ္ကို စည္းစနစ္ေကာင္းလြန္းတဲ့သူမို႔ ၊ က်ေနာ္ကေတာ့ အလြန္ဆိုရဲ့ မန္ေနဂ်ာ ေန႔ရက္ေတြကို ေစာင့္ၾကည့္ေနဦးမွာပါ” လို႔ ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ ပါတယ္။

အလြန္ဆို ရဲ့ ကစားသမား ျဖတ္သန္းမွုဟာလဲ အရမ္းကို ကံေကာင္းခဲ့တယ္လို႔ ဆိုရမွာပါ။ လက္တြဲခြင့္ ရရွိခဲ့တဲ့ နည္းျပေတြဟာ ခ်န္ပီယံလိဂ္ ဖလား ရယူေပးခဲ့ဖူးတဲ့ ဘင္နီတက္ ၊ ေမာ္ရင္ဟို ၊ ပက္ဂြာဒီယိုလာ ၊ အန္ဆယ္ေလာ့တီ တို႔လို နည္းျပေတြ ျဖစ္ၿပီး ၊ အဲဒီ ဂု႐ုႀကီးေတြ ဆီကေန ေဘာလုံးပညာေတြ သင္ယူခဲ့ရတဲ့ အေၾကာင္းေတြကိုလဲ အခုလို ထုတ္ေဖာ္ ေျပာဆိုထားခဲ့ပါတယ္။

“ က်ေနာ္ က သူတို႔ေတြ အားလုံးဆီကေန အမ်ားႀကီး သင္ယူခဲ့ရတာေပါ့ဗ်ာ….ကံေကာင္းတယ္လို႔လဲ ဆိုရမွာပါ။ ထိပ္တန္း ကလပ္ေတြမွာ ထိပ္တန္း နည္းၿပ ၊ ထိပ္တန္း ကစားသမားေတြ နဲ႔ တြဲၿပီး ကစားခြင့္ ရရွိခဲ့တယ္ေလ။

အဲဒီ အခ်ိန္ကတည္က သူတို႔နဲ႔ နီးနီးကပ္ကပ္ ျဖစ္ေအာင္ ေနခဲ့ၿပီး ၊ ဘာျဖစ္လို႔ သူတို႔ဟာ ဆုံးျဖတ္ခ်က္ေတြကို အာ႐ုံစူးစိုက္မွု အျပည့္နဲ႔ မွန္မွန္ကန္ကန္ ခ်မွတ္နိုင္တာလဲ ဆိုတာ ေလ့လာျဖစ္ခဲ့ပါတယ္။ ၿပီးရင္ ကိုယ့္ရဲ့ ပင္ကိုယ္ စတိုင္နဲ႔ ေပါင္းစပ္ရတာေပါ့။ ဒါက Copy/Paste လုပ္တာ မဟုတ္ပါဘူး။ ကိုယ္ တည္ေဆာက္ခ်င္တဲ့ အသင္းတစ္ခုကို တည္ေဆာက္ဖို႔ သူတို႔ရဲ့ စဥ္းစားေတြးေခၚပုံေတြ ၊ လုပ္ကိုင္ပုံ အယူအဆေတြကို သင္ယူတဲ့ သေဘာမ်ိဳးပါပဲ။ တစ္ခ်ိဳ႕ ဆိုရင္ အခုခ်ိန္ထိေတာင္ က်ေနာ္နဲ႔ အဆက္အသြယ္ မျပတ္ေသးပါဘူး” လို႔ ဖြင့္ဟ သြားခဲ့ပါတယ္။

စပိန္မွာ ပက္ဂြာဒီယိုလာ နဲ႔ လူးဝစ္အင္းနရစ္ တို႔ေနာက္ပိုင္း ၊ အလြန္ဆို က ေနာက္ထပ္ နည္းျပေကာင္း တစ္ေယာက္ အျဖစ္ ထြက္ေပၚလာဦးမလား ဆိုတာေတာ့ စိတ္ဝင္စားစရာ ေကာင္းေနခဲ့ပါၿပီ။ အလြန္ဆို ဟာလဲ ပက္လိုပဲ ဆီဂန္ဒါ ၿပိဳင္ပြဲမ်ိဳးမွာ နည္းၿပ အေတြ႕အၾကဳံေတြ ရယူေနသလို ၊ ရလာဒ္ေကာင္းေတြ ရယူျပေနတာမို႔ ၊ အနာဂတ္ ေကာင္းတစ္ခုေတာ့ ရွိေနခဲ့ၿပီ ဆိုတာ ေသခ်ာပါတယ္။

ဒါေၾကာင့္လဲ ရီးရဲ မက္ဒရစ္ဟာ ဇီဒန္းက ရလာဒ္ေတြ ဆက္တိုက္ ဆိုးဝါးေနခဲ့ရင္ ၊ အလြန္ဆို နဲ႔ အစားထိုးမယ္ ဆိုတဲ့ ေကာလဟာလ သတင္းေတြ ေပၚထြက္လာခဲ့တာပဲျဖစ္ပါတယ္……………

အလြန္ဆိုရဲ့ ဒီရာသီ စြမ္းေဆာင္ရည္ မွတ္တမ္း
——————————————
ဘာရာကယ္ဒို 0-5 ဆိုစီဒက္ B

ဆိုစီဒက္ B 4-3 လီအိုအာ

အီဇာရာ 1-1 ဆိုစီဒက္ B

ဆိုစီဒက္ B 2-0 ဂြီဂ်ဴလို

ဆလာမန္ကာ 1-3 ဆိုစီဒက္ B

ဆိုစီဒက္ B 1-1 ဘာဂို႔စ္

SPORTS MYANMAR