player

Unicode

စက်တင်ဘာလ အတွက် ပရီးမီးယားလိဂ် ရဲ့ EA Sports လ အလိုက် အကောင်းဆုံး ကစားသမားဆု ချီးမြှင့် ပေးအပ်ဖို့ ဆန်ကာတင် ကစားသမားစာရင်းကို ထုတ်ပြန် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

ဒီစာရင်းမှာတော့ အာနိုး ၊ အူဘာမီးယန်း ၊ မာရက် ၊ ဒီဘရိုင်း ၊ ပါရဲရား ၊ ဆွန် ၊ ကလမ် ဝီလ်ဆင် ၊ မက်ဂင်းန် တို့ ပါဝင်လာခဲ့ပါတယ်။

အကောင်းဆုံ ကစားသမားဆု ကိုတော့ ပရိသတ်တွေ ရဲ့ အွန်လိုင်း Voting အပါအဝင် ၊ ပရီးမီးယားလိဂ် အသင်း 20 က အသင်းခေါင်းဆောင်တွေ ရဲ့ မဲ နဲ့ ဒိုင်လူကြီးများ အဖွဲ့ရဲ့ မဲတွေကို ပေါင်းစပ်ပြီး သတ်မှတ်ပေးသွားမှာပါ။

လီဗာပူး နောက်တန်း ကစားသမားဟာ အာနိုးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း ယှဉ်ပြိုင် ကစားခဲ့တဲ့ 3 ပွဲမှာ 3 ပွဲ စလုံး အနိုင်ရအောင် စွမ်းဆောင်ပြခဲ့ပြီး ၊ ချဲဆီး နဲ့ ကစားတဲ့ ပွဲမှာတော့ ဖရီးကစ် ကနေ တဆင့် လှပတဲ့ သွင်းဂိုး တစ်ဂိုး ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

အာဆင်နယ် တိုက်စစ်မှုး အူဘာမီးယန်းဟာ စတင်ဘာလ အတွင်းမှာ စုစုပေါင်း သွင်းဂိုး 5 ဂိုး အထိရှိနေခဲ့ပြီး ၊ အဲဒီ အထဲမှာ မြောက်လန်ဒန် ဒါဘီပြိုင်ဘက် စပါး အသင်းဘက်ကို သွင်းယူတဲ့ ဂိုးတွေ ပါဝင်ခဲ့ပါတယ်။

မန်စီးတီး ကွင်းလယ် ဗိုလ်ချုပ် ဒီဘရိုင်းကတော့ ဒီရာသီ အစပိုင်းမှာ ကတည်းက သူ့ရဲ့ ပုံစံကောင်းတွေ ပြသနိုင်ခဲ့တာ ဖြစ်ပြီး ၊ ပြီးခဲ့တဲ့ လ အတွင်း ကစားခဲ့တဲ့ 3 ပွဲမှာ ကိုယ်တိုင် 1 ဂိုး သွင်းယူကာ ၊ အသင်းဖော်တွေ အတွက် ဂိုးသွင်းယူနိုင်အောင် 3 ကြိမ် အထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ လက်ရှိ မန်စီးတီး တိုက်စစ်ရဲ့ ပုံဖော်မှုတွေကို အဓိက တာဝန်ယူနေသူ ဖြစ်သလို ၊ သူ့ရဲ့ ဖြတ်တင်ဘောတွေ ကလဲ ကြောက်ခမန်းလိလိ ဖြစ်လောက်အောင်ကို တိကျ သေသပ်လွန်းနေခဲ့ပါတယ်။

မန်စီးတီး အတွက် အရေးကြုံလာရင် သွင်းဂိုးတွေ ရယူပေးနေသူကတော့ မာရက် ဖြစ်ပါတယ်။ သူဟာ စက်တင်ဘာလအတွင်း အသင်းအတွက် 1 ဂိုး သွင်းယူပြီး ၊ 1 ဂိုး ဖန်တီးပေးနိုင်ခဲ့တာကြောင့် အခုလို ဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

အက်စ်တွန်ဗီလာ အသင်းရဲ့ ကွင်းလယ် ကစားသမား မက်ဂင်းန် ဟာ သူ့ရဲ့ သွင်းဂိုး တွေနဲ့ အတူ ပရီးမီးယားလိဂ်ကို စတင် အခြေချတဲ့ ရာသီမှာပဲ စွမ်းဆောင်ထားလျှက် ရှိပြီး ၊ လက်စတာ နောက်တန်း ကစားသမား ပါရဲရား ကလဲ သွင်းဂိုး နှစ်ဂိုး အထိ ရယူနိုင်တာကြောင့် ဒီစာရင်းမှာ ပါဝင်နေခဲ့တာပါ။

စပါးအတွက် 2 ဂိုး သွင်းပြီး 2 ဂိုး ဖန်တီးပေးခဲ့တဲ့ ဆွန်ဟာလဲ ဆန်ကာတင် စာရင်းမှာ ပါနေခဲ့သလို ၊ ဘုန်းမောက် အတွက် 4 ဂိုး အထိသွင်းယူပေးနိုင်ခဲ့တဲ့ ကလမ် ဝီလ်ဆင်လဲ ဒီစာရင်း ပါဝင်နေခဲ့ပါတယ်။

ဒီဆုအတွက် ဘယ်သူက ဆွတ်ခူး ရယူသွားမလဲဗျာ………

SM 

Zawgyi

စက္တင္ဘာလ အတြက္ ပရီးမီးယားလိဂ္ အေကာင္းဆုံး ေဘာလုံးသမားဆု ကို ဘယ္သူ ဆြတ္ခူးမလဲ?
****************************************

စက္တင္ဘာလ အတြက္ ပရီးမီးယားလိဂ္ ရဲ့ EA Sports လ အလိုက္ အေကာင္းဆုံး ကစားသမားဆု ခ်ီးျမႇင့္ ေပးအပ္ဖို႔ ဆန္ကာတင္ ကစားသမားစာရင္းကို ထုတ္ျပန္ ေၾကျငာလိုက္ၿပီ ျဖစ္ပါတယ္။

ဒီစာရင္းမွာေတာ့ အာနိုး ၊ အူဘာမီးယန္း ၊ မာရက္ ၊ ဒီဘရိုင္း ၊ ပါရဲရား ၊ ဆြန္ ၊ ကလမ္ ဝီလ္ဆင္ ၊ မက္ဂင္းန္ တို႔ ပါဝင္လာခဲ့ပါတယ္။

အေကာင္းဆုံ ကစားသမားဆု ကိုေတာ့ ပရိသတ္ေတြ ရဲ့ အြန္လိုင္း Voting အပါအဝင္ ၊ ပရီးမီးယားလိဂ္ အသင္း 20 က အသင္းေခါင္းေဆာင္ေတြ ရဲ့ မဲ နဲ႔ ဒိုင္လူႀကီးမ်ား အဖြဲ႕ရဲ့ မဲေတြကို ေပါင္းစပ္ၿပီး သတ္မွတ္ေပးသြားမွာပါ။

လီဗာပူး ေနာက္တန္း ကစားသမားဟာ အာနိုးဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလ အတြင္း ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ 3 ပြဲမွာ 3 ပြဲ စလုံး အနိုင္ရေအာင္ စြမ္းေဆာင္ျပခဲ့ၿပီး ၊ ခ်ဲဆီး နဲ႔ ကစားတဲ့ ပြဲမွာေတာ့ ဖရီးကစ္ ကေန တဆင့္ လွပတဲ့ သြင္းဂိုး တစ္ဂိုး ရယူနိုင္ခဲ့သူ ျဖစ္ပါတယ္။

အာဆင္နယ္ တိုက္စစ္မွုး အူဘာမီးယန္းဟာ စတင္ဘာလ အတြင္းမွာ စုစုေပါင္း သြင္းဂိုး 5 ဂိုး အထိရွိေနခဲ့ၿပီး ၊ အဲဒီ အထဲမွာ ေျမာက္လန္ဒန္ ဒါဘီၿပိဳင္ဘက္ စပါး အသင္းဘက္ကို သြင္းယူတဲ့ ဂိုးေတြ ပါဝင္ခဲ့ပါတယ္။

မန္စီးတီး ကြင္းလယ္ ဗိုလ္ခ်ဳပ္ ဒီဘရိုင္းကေတာ့ ဒီရာသီ အစပိုင္းမွာ ကတည္းက သူ႔ရဲ့ ပုံစံေကာင္းေတြ ျပသနိုင္ခဲ့တာ ျဖစ္ၿပီး ၊ ၿပီးခဲ့တဲ့ လ အတြင္း ကစားခဲ့တဲ့ 3 ပြဲမွာ ကိုယ္တိုင္ 1 ဂိုး သြင္းယူကာ ၊ အသင္းေဖာ္ေတြ အတြက္ ဂိုးသြင္းယူနိုင္ေအာင္ 3 ႀကိမ္ အထိ ဖန္တီးေပးနိုင္ခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ လက္ရွိ မန္စီးတီး တိုက္စစ္ရဲ့ ပုံေဖာ္မွုေတြကို အဓိက တာဝန္ယူေနသူ ျဖစ္သလို ၊ သူ႔ရဲ့ ျဖတ္တင္ေဘာေတြ ကလဲ ေၾကာက္ခမန္းလိလိ ျဖစ္ေလာက္ေအာင္ကို တိက် ေသသပ္လြန္းေနခဲ့ပါတယ္။

မန္စီးတီး အတြက္ အေရးၾကဳံလာရင္ သြင္းဂိုးေတြ ရယူေပးေနသူကေတာ့ မာရက္ ျဖစ္ပါတယ္။ သူဟာ စက္တင္ဘာလအတြင္း အသင္းအတြက္ 1 ဂိုး သြင္းယူၿပီး ၊ 1 ဂိုး ဖန္တီးေပးနိုင္ခဲ့တာေၾကာင့္ အခုလို ဆန္ကာတင္စာရင္းမွာ ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။

အက္စ္တြန္ဗီလာ အသင္းရဲ့ ကြင္းလယ္ ကစားသမား မက္ဂင္းန္ ဟာ သူ႔ရဲ့ သြင္းဂိုး ေတြနဲ႔ အတူ ပရီးမီးယားလိဂ္ကို စတင္ အေျခခ်တဲ့ ရာသီမွာပဲ စြမ္းေဆာင္ထားလၽွက္ ရွိၿပီး ၊ လက္စတာ ေနာက္တန္း ကစားသမား ပါရဲရား ကလဲ သြင္းဂိုး ႏွစ္ဂိုး အထိ ရယူနိုင္တာေၾကာင့္ ဒီစာရင္းမွာ ပါဝင္ေနခဲ့တာပါ။

စပါးအတြက္ 2 ဂိုး သြင္းၿပီး 2 ဂိုး ဖန္တီးေပးခဲ့တဲ့ ဆြန္ဟာလဲ ဆန္ကာတင္ စာရင္းမွာ ပါေနခဲ့သလို ၊ ဘုန္းေမာက္ အတြက္ 4 ဂိုး အထိသြင္းယူေပးနိုင္ခဲ့တဲ့ ကလမ္ ဝီလ္ဆင္လဲ ဒီစာရင္း ပါဝင္ေနခဲ့ပါတယ္။

ဒီဆုအတြက္ ဘယ္သူက ဆြတ္ခူး ရယူသြားမလဲဗ်ာ………

SM