Unicode

ရာသီသစ်ပရီးမီးယားလိဂ် ပွဲစဉ် တွေ ကစားလာခဲ့တဲ့ ပွဲစဉ် ရအထိ ပြီးဆုံး သွားပြီ ဖြစ်ပြီး နည်းပြလမ်းပတ်ရဲ့ ချဲဆီးလ် အသင်းက ရမှတ် ၁၁ မှတ်နဲ့ အဆင့် ရနေရာမှာ ရပ်တည်နေပါတယ်။ ချဲဆီးလ် အသင်းဟာ ဒီရာသီအစပိုင်း မှာ ကြုံတွေ့ထားခဲ့ရတဲ့ အခြေအနေ တွေကြောင့် ရလဒ်တွေ မတည်မငြိမ်ဖြစ်နေ ခဲ့သေးတာဖြစ်ပါတယ်။

သူတို့ဟာ ယူရိုပါလိဂ်ဖလားရယူပေးခဲ့ တဲ့ နည်းပြကြီး ဆာရီ နဲ့ လမ်းခွဲခဲ့ရပြီး အသင်းရဲ့ အဓိက ကစားသမားတဦး လို့ ဆိိုနိုင်တဲ့ အီဒင်ဟာဇက်ကိုလည်း ရီးရဲလ် အသင်းကို ရောင်းချထားခဲ့ရတာဖြစ်ပါတယ်။ဒါ့အပြင် ကစားသမားခေါ်ယူခွင့် ကို အပြောင်းအရွှေ့စျေးကွက် ၂ခု အထိပိတ်ပင်ခံထားခဲ့ရလို့ လူငယ်တွေနဲ့ ပဲ လမ်းပတ်တယောက် ရှိတာနဲ့လှအောင်ဆင် ပေးထားခဲ့ရတာဖြစ်ပါတယ်။

အသင်းရဲ့ ထာဝရဂိုးအများဆုံး ကစားသမားတဦးဖြစ်တဲ့ လမ်းပတ်ရဲ့ ဦးဆောင်မှု အောက်မှာ ချဲဆီးလ် အသင်း တဖြည်းဖြည်း တိုးတက်မှုတွေ ရှိလာပေမယ့် လုပ်စရာအလုပ်တွေ တော့ အများကြီး ရှိနေသေးတာဖြစ်ပါတယ်။သူတို့ဟာ ယမန်နှစ် ယူရိုပါလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲထားခဲ့လို့ အခုနှစ်ချန်ပီယံ လိဂ်ပြိုင်ပွဲမှာပါဝင်ခွင့်ရရှိနေတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ နည်းပြ လမ်းပတ်ရဲ့ လက်အောက် မှာလည်း အနည်းဆုံး Top 4 ဝင်ရောက်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆက်ပြီး ပါဝင်ခွင့် ရနိုင်ဖို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။ဒါပေမယ့် ခံစစ်ကစားသမားဟောင်းတဦးဖြစ်တဲ့ ဂလင်းဂျွန်ဆင် ကတော့ ယူရိုပါလိဂ်ဝင်ခွင့်တနေရာစာက ချဲဆီးလ်အသင်းအတွက် သင့်တင့်လျောက်ပတ်တဲ့ ရလဒ်ကောင်းတခုဖြစ်တယ်လို့ ဆိုပါတယ်။

talkSPORT နဲ့ အင်တာဗျူးမှာ ဂျွန်ဆင်က – ” ချဲဆီးလ် အသင်းဟာ ကစားသ မားသစ်တဦးတလေ မှ ထပ်ခေါ်ယူနိုင်ဦးမှာ မဟုတ်လို့ သူတို့ဆုံးရှံုးထားခဲ့တဲ့ အကောင်းဆုံး ကစားသမား ရဲ့ နေရာမှာ အစားထိုးနိုင် မှာတော့ မဟုတ်သေးပါဘူး။ဒါကြောင့် လည်း အသင်းမှာရှိတဲ့ ချာတိတ်လေးတွေကို နေရာပေးဖို့ ဖြစ်လာခဲ့ပါတယ်။

သူတို့ထဲ က အချို့ ဆိုရင် ပရီးမီးယားလိဂ်မှာတောင် တကြိမ်တခါမှ ကစားခဲ့ဖူးခြင်း မရှိတာဖြစ်ပါတယ်။ဒါကြောင့် လည်း ဒီရာသီမှာသာ သူတို့ အဆင့်၆ နေရာ ရရှိခဲ့ရင် သူတို့အတွက်ကောင်းမွန်တဲ့ ရာသီတခုဖြစ်လိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

နည်းပြလမ်းပတ်ကတော့ ပြိုင်ဘက်တွေ ဖြစ်တဲ့ ယူနိုက်တက် နဲ့ အာဆင်နယ်တို့ ရုန်းကန်နေရချိန်မှာ Top 4 ဝင်ခွင့်ရအောင် ပစ်မှတ်ထားသင့်တယ်လို့ ခံစားတေရမယ်ဆိုတာသေချာပါတယ်။ဒါပေမယ့် လက်စတာ၊ ဝက်စ်ဟမ်းတို့ရဲ့ ဒီရာသီခြေစွမ်းကြောင့် ထင်သလောက် ရိုးရှင်းဖို့တော့ မရှိတာဖြစ်ပါတယ်။

ချဲဆီးလ်အသင်းဟာ ဒီရာသီမှာ အကယ်ဒမီထွက် ကြယ်ပွင့်တွေကို ယုံကြည်အားကိုးပြီး နေရာအများကြီးပေးထားခဲ့ရတဲ့အသင်းဖြစ်ပါတယ်။အေဘရာဟင်၊ မေဆင်မောင့်တ် နဲ့ တွန်မိုရီ တို့ကတော့ သက်ဆိုင်ရာနေရာတွေမှာခြေစွမ်းပြသနေခဲ့လို့ အင်္ဂလန်အသင်းရဲ့ နောက်ဆုံး လူစာရင်းမှာတောင် ပါဝင်နေပြီဖြစ်ပါတယ်။

အသက်၂၂နှစ် အရွယ်သာရှိသေးတဲ့ အေဘရာဟင် ဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ၈ဂိုးအထိသွင်းယူပေးထားပြီး ကြယ်ပွင့်တဦးအဖြစ်ရှိနေပြီလည်းဖြစ်ပါတယ်။ဒါပေမယ့် သူ့ရဲ့ ခြေစွမ်းကိုအရင်က အထင်မကြီးခဲ့မိတဲ့ အကြောင်းကို ဂျွန်ဆင်က ဝန်ခံသွားခဲ့ပါတယ်။

အေဘရာဟင်နဲ့ ပတ်သက်ပြီး ဂျွန်ဆင်က – ” သူအခုလို စွမ်းဆောင်နိုင်မယ်ဆိုတာကို ယမန်နှစ်ရာသီတုန်းက ကျွန်တော်မသိခဲ့ပါဘူး။ဒါကြောင့် လည်းသူ့ရဲ့ စွမ်းဆောင်ရည်တွေကိုမြင်ရတာ အံံ့မခန်းကြီးကျယ်ပါတယ်။

abraham

ချဲဆီးလ် အသင်းမှာ အခွင့်အရေး ပေးတာနဲ့ လက်၂ဖက် နဲ့ ခံယူသွားမယ့် လူငယ်ကြယ်ပွင့်လေးတွေအများကြီးရှိနေနိုင်ပါသေးတယ်။ကျွန်တော့်သားလေး ဆိုရင် ဂျိုဒိီမောရစ်ရဲ့ ချဲဆီး U-8 အသင်းမှာ ရှိနေတာဖြစ်ပါတယ်။

အဲ့ဒီမှာရှိတဲ့ လူငယ်လေးတွေကို စီနီယာ အသင်းအတွက် အဆင့်ဆင့်ကူးပြောင်းနိုင်ဖို့ အတွက် သူတို့က အခုလို သက်တမ်းအလိုက် လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ဒါပေမယ့်လည်းစီနီယာအသင်းနဲ့ အကယ်ဒမီက အဝေးကြီးဖြစ်ပါတယ်။ကစားသမားတိုင်း ကလည်းဒလိုအခွင့်အရေးမရကြပါဘူး ” လို့ပြောသွားခဲ့ပါတယ်။

SPORT MYANMAR

Zawgyi

ဒီရာသီမွာ ခ်ဲဆီးလ္ အသင္းနဲ႔ ပရိသတ္ေတြေက်နပ္သင့္တဲ႔ လိဂ္ရပ္တည္မွဳ အဆင့္ကဘယ္ေလာက္လဲဆိုတာေျပာျပလိုက္တဲ႔ #ဂလင္းဂ်ြန္ဆင္
===================================

ရာသီသစ္ပရီးမီးယားလိဂ္ ပြဲစဥ္ ေတြ ကစားလာခဲ႔တဲ႔ ပြဲစဥ္ ၇အထိ ျပီးဆံုး သြားျပီ ျဖစ္ျပီး နည္းျပလမ္းပတ္ရဲ႕ ခ်ဲဆီးလ္ အသင္းက ရမွတ္ ၁၁ မွတ္န႔ဲ အဆင့္ ၇ေနရာမွာ ရပ္တည္ေနပါတယ္။ ခ်ဲဆီးလ္ အသင္းဟာ ဒီရာသီအစပိုင္း မွာ ျကံုေတြ႔ထားခဲ႔ရတဲ႔ အေျခအေန ေတြေျကာင့္ ရလဒ္ေတြ မတည္မျငိမ္ျဖစ္ေန ခဲ႔ေသးတာျဖစ္ပါတယ္။

သူတို႔ဟာ ယူရိုပါလိဂ္ဖလားရယူေပးခဲ႔ တဲ႔ နည္းျပျကီး ဆာရီ နဲ႔ လမ္းခြဲခဲ႔ရျပီး အသင္းရဲ႕ အဓိက ကစားသမားတဦး လို႔ ဆိိုႏိုင္တဲ႔ အီဒင္ဟာဇက္ကိုလည္း ရီးရဲလ္ အသင္းကို ေရာင္းခ်ထားခဲ႕ရတာျဖစ္ပါတယ္။ဒါ့အျပင္ ကစားသမားေခၚယူခြင့္ ကို အေျပာင္းအေရႊ႕ေစ်းကြက္ ၂ခု အထိပိတ္ပင္ခံထားခဲ႔ရလို႕ လူငယ္ေတြနဲ႔ ပဲ လမ္းပတ္တေယာက္ ရွိတာနဲ႔လွေအာင္ဆင္ ေပးထားခဲ႕ရတာျဖစ္ပါတယ္။

အသင္းရဲ႕ ထာဝရဂိုးအမ်ားဆံုး ကစားသမားတဦးျဖစ္တဲ႔ လမ္းပတ္ရဲ႕ ဦးေဆာင္မွဳ ေအာက္မွာ ခ်ဲဆီးလ္ အသင္း တျဖည္းျဖည္း တိုးတက္မွဳေတြ ရွိလာေပမယ့္ လုပ္စရာအလုပ္ေတြ ေတာ့ အမ်ားျကီး ရွိေနေသးတာျဖစ္ပါတယ္။သူတို႔ဟာ ယမန္ႏွစ္ ယူရိုပါလိဂ္ ျပိဳင္ပြဲမွာ ဗိုလ္စြဲထားခဲ႔လို႕ အခုႏွစ္ခ်န္ပီယံ လိဂ္ျပိဳင္ပြဲမွာပါဝင္ခြင့္ရရွိေနတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ လက္ရွိ နည္းျပ လမ္းပတ္ရဲ႕ လက္ေအာက္ မွာလည္း အနည္းဆံုး Top 4 ဝင္ေရာက္ျပီး လာမယ့္ရာသီ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ဆက္ျပီး ပါဝင္ခြင့္ ရႏိုင္ဖို႕ ပရိသတ္ေတြက ေမ်ွာ္လင့္ေနျကပါတယ္။ဒါေပမယ့္ ခံစစ္ကစားသမားေဟာင္းတဦးျဖစ္တဲ႔ ဂလင္းဂ်ြန္ဆင္ ကေတာ့ ယူရိုပါလိဂ္ဝင္ခြင့္တေနရာစာက ခ်ဲဆီးလ္အသင္းအတြက္ သင့္တင့္ေလ်ာက္ပတ္တဲ႔ ရလဒ္ေကာင္းတခုျဖစ္တယ္လို႕ ဆိုပါတယ္။

talkSPORT နဲ႕ အင္တာဗ်ဴးမွာ ဂ်ြန္ဆင္က – ” ခ်ဲဆီးလ္ အသင္းဟာ ကစားသ မားသစ္တဦးတေလ မွ ထပ္ေခၚယူႏိုင္ဦးမွာ မဟုတ္လို႔ သူတို႔ဆံုးရွံုးထားခဲ႔တဲ႔ အေကာင္းဆံုး ကစားသမား ရဲ႕ ေနရာမွာ အစားထိုးႏိုင္ မွာေတာ့ မဟုတ္ေသးပါဘူး။ဒါေျကာင့္ လည္း အသင္းမွာရွိတဲ႔ ခ်ာတိတ္ေလးေတြကို ေနရာေပးဖို႔ ျဖစ္လာခဲ႔ပါတယ္။

သူတို႔ထဲ က အခ်ိဳ႕ ဆိုရင္ ပရီးမီးယားလိဂ္မွာေတာင္ တျကိမ္တခါမွ ကစားခဲ႔ဖူးျခင္း မရွိတာျဖစ္ပါတယ္။ဒါေျကာင့္ လည္း ဒီရာသီမွာသာ သူတို႔ အဆင့္၆ ေနရာ ရရွိခဲ့ရင္ သူတို႔အတြက္ေကာင္းမြန္တဲ႔ ရာသီတခုျဖစ္လိမ့္မယ္လို့ က်ြန္ေတာ္ယူဆပါတယ္ ” လို႔ေျပာခဲ႔တာျဖစ္ပါတယ္။

နည္းျပလမ္းပတ္ကေတာ့ ျပိဳင္ဘက္ေတြ ျဖစ္တဲ႕ ယူႏိုက္တက္ နဲ႔ အာဆင္နယ္တို႔ ရုန္းကန္ေနရခ်ိန္မွာ Top 4 ဝင္ခြင့္ရေအာင္ ပစ္မွတ္ထားသင့္တယ္လို႔ ခံစားေတရမယ္ဆိုတာေသခ်ာပါတယ္။ဒါေပမယ့္ လက္စတာ၊ ဝက္စ္ဟမ္းတို႔ရဲ႕ ဒီရာသီေျခစြမ္းေျကာင့္ ထင္သေလာက္ ရိုးရွင္းဖို႔ေတာ့ မရွိတာျဖစ္ပါတယ္။

ခ်ဲဆီးလ္အသင္းဟာ ဒီရာသီမွာ အကယ္ဒမီထြက္ ျကယ္ပြင့္ေတြကို ယံုျကည္အားကိုးျပီး ေနရာအမ်ားျကီးေပးထားခဲ႔ရတ႕ဲအသင္းျဖစ္ပါတယ္။ေအဘရာဟင္၊ ေမဆင္ေမာင့္တ္ နဲ႔ တြန္မိုရီ တို႔ကေတာ့ သက္ဆိုင္ရာေနရာေတြမွာေျခစြမ္းျပသေနခဲ႔လို႕ အဂၤလန္အသင္းရဲ႕ ေနာက္ဆံုး လူစာရင္းမွာေတာင္ ပါဝင္ေနျပီျဖစ္ပါတယ္။

အသက္၂၂ႏွစ္ အရြယ္သာရွိေသးတဲ႔ ေအဘရာဟင္ ဟာ ဒီရာသီ ျပိဳင္ပြဲစံုမွာ ၈ဂိုးအထိသြင္းယူေပးထားျပီး ျကယ္ပြင့္တဦးအျဖစ္ရွိေနျပီလည္းျဖစ္ပါတယ္။ဒါေပမယ့္ သူ႔ရဲ႕ ေျခစြမ္းကိုအရင္က အထင္မျကီးခဲ႔မိတဲ႕ အေျကာင္းကို ဂ်ြန္ဆင္က ဝန္ခံသြားခဲ႕ပါတယ္။

ေအဘရာဟင္နဲ႔ ပတ္သက္ျပီး ဂ်ြန္ဆင္က – ” သူအခုလို စြမ္းေဆာင္ႏိုင္မယ္ဆိုတာကို ယမန္ႏွစ္ရာသီတုန္းက က်ြန္ေတာ္မသိခဲ႕ပါဘူး။ဒါေျကာင့္ လည္းသူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြကိုျမင္ရတာ အံံ့မခန္းျကီးက်ယ္ပါတယ္။

ခ်ဲဆီးလ္ အသင္းမွာ အခြင့္အေရး ေပးတာနဲ႔ လက္၂ဖက္ နဲ႔ ခံယူသြားမယ့္ လူငယ္ျကယ္ပြင့္ေလးေတြအမ်ားျကီးရွိေနႏိုင္ပါေသးတယ္။က်ြန္ေတာ့္သားေလး ဆိုရင္ ဂ်ိဳဒိီေမာရစ္ရဲ႕ ခ်ဲဆီး U-8 အသင္းမွာ ရွိေနတာျဖစ္ပါတယ္။

အဲ့ဒီမွာရွိတဲ႔ လူငယ္ေလးေတြကို စီနီယာ အသင္းအတြက္ အဆင့္ဆင့္ကူးေျပာင္းႏိုင္ဖို႔ အတြက္ သူတုိ႔က အခုလို သက္တမ္းအလိုက္ လုပ္ေဆာင္ေပးေနတာျဖစ္ပါတယ္။ဒါေပမယ့္လည္းစီနီယာအသင္းနဲ႔ အကယ္ဒမီက အေဝးျကီးျဖစ္ပါတယ္။ကစားသမားတိုင္း ကလည္းဒလိုအခြင့္အေရးမရျကပါဘူး ” လို႔ေျပာသြားခဲ႔ပါတယ္။

SPORT MYANMAR