ဆာဒီယိုမာနေး က လီဗာပူး အသင်း အနေနဲ့ ဒီရာသီ လက််စတာမှာ ဂိုးသွင်း ခြေစွမ်းပြ နေတဲ့ ဂျေမီဗာဒီကို အောင်မြင်စွာ ထိန်းသိမ်း နိုင််ဖို့ အတွက် ဆိုရင် ပြီးခဲ့တဲ့ ကြားရက်က ရက်ဘူးဆဲဇ်ဘတ် အသင်းနဲ့ ပွဲက ခြေစွမ်းထက် အများကြီး တိုးတက်နေမှ ရမယ်လို့ သူ့အသင်းဖော်တွေကို သတိပေး သွားခဲ့ပါတယ်။
လီဗာပူး ရဲ့ ခံစစ်ဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်မှာ ပေးဂိုး ၂၂ ဂိုးသာ ခွင့်ပြု ခဲ့ရပြီး လိဂ်ပြိုင်ပွဲရဲ့ ခံစစ် အကောင်းဆုံး အသင်း ဖြစ်ခဲ့ ပေမယ့်လည်း ဒီရာသီ မှာတော့ ယာဂန်ကလော့ အသင်းရဲ့ ခံစစ်ဟာ အင်္ဂလန် ပရီးမီးယားလိဂ် ရ ပွဲ ပြီးချိန်မှာ clean sheet ၂ ကြိမ်သာ ရထား ခဲ့တာကြောင့် ဝေဖန်မှုတွေ ခံနေ ရပါတယ်။
လာမည့် စနေနေ့မှာ လီဗာပူးဟာ ပြီးခဲ့တဲ့ တစ်ပတ် က နယူးကာဆယ် အသင်းကို ၅-၀ နဲ့ အနိုင်ယူကာ အမှတ်ပေး ဇယား ရဲ့ အဆင့် ၃ နေရာမှာ ရပ်တည် နေတဲ့ လက်စတာစီးတီး အသင်းကို အန်ဖီးမှာ လက်ခံ ကစား သွားရမှာ ဖြစ်ပါတယ်။ ဗာဒီဟာ ကင်းပါ၀ါမှာ နယူးကာဆယ် ကို ချေမှုန်း ခဲ့ရာမှာ အသင်း အတွက် ၂ ဂိုး သွင်းပေး ခဲ့သူ ဖြစ်ပြီး အင်္ဂလန် တိုက်စစ်မှုးဟာ ဒီရာသီ လိဂ်သွင်းဂိုး ၅ ဂိုး ရရှိ ထားခဲ့ပါတယ်။
တစ်ချိန်တည်း မှာပဲ လီဗာပူးဟာ ကြားရက်က အန်ဖီးမှာ ကစား ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ဒုတိယမြောက် ပွဲစဉ်မှာ ဆဲဇ်ဘတ် အသင်းကို ၄-၃ နဲ့ အနိုင် ရရှိ ခဲ့ပေမယ့် ခံစစ်ပိုင်းဟာ ပေးဂိုး ၃ ဂိုး ရှိခဲ့တဲ့ အပြင် တည်ငြိမ်မှုတွေလည်း ပျောက်ဆုံး နေခဲ့တာကြောင့် ဝေဖန်မှုတွေ ပိုများ လာခဲ့ပါတယ်။ အဆိုပါပွဲမှာ လီဗာပူး အတွက် အဖွင့်ဂိုးကို သွင်းယူ ပေးခဲ့တဲ့ မာနေးက သူ့ရဲ့ အသင်း အနေနဲ့ လက်စတာ နဲ့ ပွဲမှာ အကောင်းဆုံး အခွင့်အရေး ရဖို့ အတွက် ခံစစ် ကစားပုံ အများကြီး တိုးတက် ရမှာ ဖြစ်တယ်လို့ ထောက်ပြ သွားခဲ့ပါတယ်။
မာနေး က “လက်စတာ ကို ကျွန်တော်တို့ အနိုင် ရရှိ ချင်တယ် ဆိုရင် ဆဲဇ်ဘတ် နဲ့ ပွဲကထက် ပိုမို ကောင်းမွန်အောင် ကစားဖို့ လိုအပ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ လက်စတာ အကြောင်း ကျွန်တော်တို့ ကောင်းကောင်း သိထား လို့ပါ။ အထူးသဖြင့် ဒီရာသီမှာ သူတို့ဟာ အရမ်းကို တောင့်တင်း နေပြီး အရမ်းကို ကောင်းတဲ့ အသင်း ဖြစ်နေပါတယ်။
သေချာတာ ကတော့ ကျွန်တော်တို့ အနေနဲ့ ဆဲဇ်ဘတ်နဲ့ ပွဲက ရလာခဲ့တဲ့ သင်ခန်းစာ တွေကို သင်ယူ သွားရမှာ ဖြစ်ပြီး စနေနေ့ ပွဲစဉ် အတွက် အဆင်သင့် ဖြစ်အောင် လုပ်သွား ရမှာပါ။ ဒါဟာ ကျွန်တော်တို့ အတွက် အရမ်းကို အရေးကြီးတဲ့ ပွဲစဉ် ဖြစ်လာမှာပါ။ သူတို့ဟာ ဒီရာသီကို အကောင်းဆုံး စတင် နိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော သူတို့ဟာ အရမ်း ကောင်းတဲ့ ကစားပုံကို ပြသ ထားပါတယ်။ အကယ်၍ သူတို့ကို အနိုင်ယူချင်တယ် ဆိုရင် ကျွန်တော်တို့ ၁၀၀% အဆင်သင့် ဖြစ်နေ ရပါမယ်။” လို့ ဆိုသွား ပါတယ်။
မာနေးဟာ ပရီးမီးယားလိဂ် ထိပ်တန်း အသင်း တွေနဲ့ တွေ့ဆုံတဲ့ အခါတိုင်း ဂိုးတွေ သွင်းယူလေ့ ရှိတဲ့ ပြိုင်ဘက် တိုက်စစ်မှုး ဂျေမီဗာဒီရဲ့ ဂုဏ်သတင်းကို ကောင်းကောင်း သိနေပြီး လီဗာပူး အနေနဲ့ လက်စတာ တိုက်စစ်မှုးကို လုံးဝ အထင်သေးလို့ မရဘူး ဆိုတာ သဘောပေါက် ထားပါတယ်။
မာနေး က “ဗာဒီဟာ အမြဲတမ်း ဂိုးသွင်းလေ့ ရှိပါတယ်။ ကျွန်တော်တို့ ဒီပွဲမှာ သူဂိုးမသွင်း နိုင်အောင် လုပ်သွား ရမှာပါ။ ပြီးတော့ ကျွန်တော်တို့ ရသမျှ အခွင့်အရေးတွေ အားလုံးကို အသုံးချ သွားရမှာပါ။ ဒါဟာ အဓိက သော့ချက်တွေ ဖြစ်လာ မှာပါ။” လို့ ဆိုလိုက် ပါတယ်။
ဆဲဇ်ဘတ်ကို အနိုင် ရခဲ့တဲ့ ပွဲစဉ်ပြီးနောက် ကလော့က ရော်ဂျာ နဲ့ ဗာဒီ တို့ဟာ အဆိုပါ ပွဲမှာ သူတို့ အသင်း ပြုလုပ် ခဲ့တဲ့ အမှားတွေကို ကြည့်ရင်းနဲ့ စနေနေ့ ပွဲစဉ် အတွက် အားခဲ နေကြမှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
ယာဂန်ကလော့ က “ဒီပွဲ ပြီးနောက် ကျွန်တော်တို့မှာ recover လုပ်ဖို့ အချိန် ၃ ရက်ပဲ ရပါတယ်။ ခရစ်ရှန်ဖူ့ခ်ျဟာ ဒီပွဲကို သတင်းတင်ဆက်သူ အနေနဲ့ လာကြည့်ခဲ့ပါတယ်။ အခြား လက်စတာ ကစားသမားတွေလည်း ဆိုဖာမှာ ထိုင်ပြီး ဒီပွဲကို ကြည့်ခဲ့ ကြမှာပါ။ ဒါ့ကြောင့် ဒါဟာ လာမည့် ပွဲအတွက် ပြင်ဆင်ရာမှာ ခြားနားမှု ရှိပါတယ်။ သေချာတာကတော့ ကျွန်တော်တို့သာ ဒီညကလို ခံစစ် ကစားပုံမျိုး ပြသခဲ့မယ် ဆိုရင် ဂျေဗီဗာဒီ တစ်ဦးတည်း ငါးဂိုးလောက် သွင်းနိုင် လိမ့်မယ်လို့ ဘရန်ဒန်ရော်ဂျာ တွေးနေ ပါလိမ့်မယ်။” လို့ ဆိုလိုက်ပါတယ်။
SM
Unicode
အန်ဖီးမှာ လက်စတာကို အနိုင်ရဖို့ အတွက် လိုအပ်တဲ့ အဓိက အချက် ၂ ခု ကို ပြောပြလိုက်တဲ့ မာနေး
ဆာဒီယိုမာနေး က လီဗာပူး အသင်း အနေနဲ့ ဒီရာသီ လက်စတာမှာ ဂိုးသွင်း ခြေစွမ်းပြ နေတဲ့ ဂျေမီဗာဒီကို အောင်မြင်စွာ ထိန်းသိမ်း နိုင်ဖို့ အတွက် ဆိုရင် ပြီးခဲ့တဲ့ ကြားရက်က ရက်ဘူးဆဲဇ်ဘတ် အသင်းနဲ့ ပွဲက ခြေစွမ်းထက် အများကြီး တိုးတက်နေမှ ရမယ်လို့ သူ့အသင်းဖော်တွေကို သတိပေး သွားခဲ့ပါတယ်။
လီဗာပူး ရဲ့ ခံစစ်ဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်မှာ ပေးဂိုး ၂၂ ဂိုးသာ ခွင့်ပြု ခဲ့ရပြီး လိဂ်ပြိုင်ပွဲရဲ့ ခံစစ် အကောင်းဆုံး အသင်း ဖြစ်ခဲ့ ပေမယ့်လည်း ဒီရာသီ မှာတော့ ယာဂန်ကလော့ အသင်းရဲ့ ခံစစ်ဟာ အင်္ဂလန် ပရီးမီးယားလိဂ် ၇ ပွဲ ပြီးချိန်မှာ clean sheet ၂ ကြိမ်သာ ရထား ခဲ့တာကြောင့် ဝေဖန်မှုတွေ ခံနေ ရပါတယ်။
SM