မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က သူ လက်ရှိ တည်ဆောက် နေတဲ့ 2019 – 20 ဘောလုံး ရာသီ ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြိုင်ဖက် အသင်း တွေရဲ့ ကြောက်ရွ့ံ အရိုသေ ခံရ မှုတွေ ပျောက်ဆုံး နေပြီ ဖြစ်ကြောင်း ဝန်ခံ စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

နယူးကာဆယ် အသင်း နဲ့ ရင်ဆိုင် ကစား ရမယ့် ပွဲစဉ် မတိုင်မီ အမေး အဖြေ ကဏ္ဍ တစ်ခု မှာ သူ့ရဲ့ လက်အောက် က မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဘာကြောင့် ပြိုင်ဖက် အသင်း တွေရဲ့ ရိုသေ လေးစား မှု တွေကို ယခင်လို မရရှိ တော့တာ လဲလို့ အမေး ခံလိုက် ရတဲ့ ဆိုးလ်ရှား က ‘ ကျွန်တော် တို့ အခု 90’s ခုနှစ် မှာ မဟုတ် ကြ တော့ဘူး လေ ” လို့ ဝန်ခံ စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဒါဟာ 90’s ခုနှစ် မဟုတ်တော့ ပါဘူး ။ ဒါဟာ မတူညီ တဲ့ ခေတ် တစ်ခု ကို ရောက်ရှိ နေ ပါပြီ ။ ဒါဟာ မတူညီ တဲ့ အစု အဖွဲ့ တစ်ခု ဖြစ်သလို ကျွန်တော် တို့ ကလည်း ဆက်လက် တည်ဆောက် နေကြ ဆဲ ပါပဲ ။ အနိမ့် အမြင့် အတက် အကျ တွေ ရှိနေ လိမ့်မယ် ဆိုတာ ကျွန်တော်တို့ သိရှိ ကြ ပါတယ် ။ ကောင်လေး တွေ ပွင့်လန်း လာမယ့် အချိန် တွေကို စောင့်ဖို့ ကျွန်တော် တို့ အသင့် ရှိနေ ကြ ပါတယ် ”

” ပြိုင်ဖက် အသင်း တွေက ကျွန်တော်တို့ တွေနဲ့ ပတ်သက် လို့ ဘာတွေ ကို တွေးတော နေကြ သလဲ ဆိုတာ ကျွန်တော် မသိ ပါဘူး ။ ကျွန်တော် တို့ ပွဲစဉ် တစ်ခု ကနေ ထွက်ခွာ သွားကြ တဲ့ အခါ တွေမှာ ကျွန်တော် တို့ ဒီမှာ ဆိုးဆိုးရွားရွား ကစား ခဲ့ ကြတာ မဟုတ်ဘူး ဆိုတာ ပဲ ကျွန်တော် သိ ပါတယ် ”

” ကျွန်တော် တို့ အသင်း မှာ ကွက်လပ် တစ်ခု ရှိနေ ပါတယ် ။ ကျွန်တော် တစ်ခါတလေ အဲ့ဒီ လို ခံစား ရတက် ပေမယ့် မကြာ ခန တော့ အဲ့ဒီလို ခံစားချက် မဖြစ်မိ ပါဘူး ။ လူတွေ ကျွန်တော် တို့ အကြောင်း ဘာတွေ တွေးတော နေကြ သလဲ ဆိုတာ ကျွန်တော် စိတ်မဝင်စား ပါဘူး ။ ကျွန်တော် တို့ ရှေ့ဆက် တိုးတက် ကြဖို့ လိုအပ် တာကြောင့် ကျွန်တော် တို့ တွေဟာ အဲ့တာ ကိုပဲ လုပ်ဆောင် နေကြ ပါတယ် ” လို့ ဆိုးလ်ရှား က ပြောကြား ခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် ဆိုးလ်ရှား က သူ ယူနိုက်တက် အသင်း ဆီကို ပြန်လည် ရောက်ရှိ လာ ကတည်းက အသုံးပြု နေခဲ့ တဲ့ ဘောလုံး ဒသန အပေါ် ယုံကြည် မှု အပြည့်အဝ ရှိနေတဲ့ အကြောင်း ၊ အသင်းရဲ့ လူငယ် ကစားသမား လေးတွေ အပေါ် ယုံကြည် မှုတွေ ပေးအပ် ခြင်းက အသင်း အတွက် ရေရှည် ကောင်းစေ လိမ့်မယ် လို့ လက်ခံ ထားကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” လက်ရှိ အချိန် မှာ ကျွန်တော် တို့ အသင်း မှ လူငယ် ကစား သမား လေးတွေ ကို နေရာ ပေး ကစား စေခဲ့ သလောက် လုပ်ဆောင် နေ ကြတဲ့ အသင်း အမျိုး သိပ်ပြီး အများကြီး မရှိ ကြ ပါဘူး ။ သူတို့ တွေဟာ အသင်းကြီး ဆီ ရောက်ရှိ ခွင့် ပိုင်ဆိုင် နိုင်ခဲ့ ကြပြီး အဲ့ဒီ ထဲက အချို့ ဟာ ရေရှည် မှာ အောင်မြင် တဲ့ အသင်း တစ်သင်း ရဲ့ အစိတ်အပိုင်း တစ်ရပ် အဖြစ် ပါဝင် နိုင်ပါ လိမ့်မယ် ”

man utd

” အဲ့တာ တွေက ဖြစ်လာ လိမ့်မယ် လို့ ကျွန်တော် ယုံကြည် နေပါတယ် ။ ကျွန်တော် ဒီ အကြောင်း ပြောနေရင် လည်း ထူးမှာ မဟုတ် ပါဘူး ။ ကျွန်တော် တို့ နိုင်ပွဲ မရ မချင်း ဒီ မေးခွန်း တွေ အမေး ခံရ ဦးမှာ ပါပဲ ။ စနေ နေ့မှာ ရလဒ် မကောင်း ခဲ့ရင် လည်း အမေး ခံရ ဦးမှာ ပါပဲ လေ ”

” မန်နေဂျာ တွေ အနေ နဲ့ ကျွန်တော် တို့ တွေဟာ ပွဲစဉ် တွေကို ကစား ကြတဲ့ အခါ မှာ ဘယ်သူ့ ကိုမှ ဦးစား ပေးတာ ၊ အလေး ပေးတာ မျိုး မလုပ် ကြရ ပါဘူး ။ ဘရုစ် က ကျွန်တော် တို့ အသင်း ကို အနိုင် ရနိုင်မယ့် လူစားရင်း ကို ထုတ်မှာ ပါပဲ ။ ကျွန်တော် ကလည်း အနိုင် ရမယ် ထင်တဲ့ လူစားရင်း ကို အသုံးပြု သွားမှာ ပါပဲ ”

” ကျွန်တော် တို့ သူတို့ ကွင်းကို သွားရောက် ကစား ကြရ ပါ့မယ် ။ ဒါဟာ ကစား ရ ခက်ခဲ တဲ့ ကွင်း တစ်ခု ပါပဲ ။ ကျွန်တော် တို့ အခု အဲ့ဒီ ပွဲစဉ် ကို ရှေးရှု နေကြ ပါတယ် ။ ကျွန်တော် တို့ တနင်္ဂနွေ မှာ လန်းဆန်း တက်ကြွ တဲ့ ကစားသမ အမျာကြီး ပိုင်ဆိုင် နိုင်ဖို့ မျှော်လင့် နေကြ ပါတယ် ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar

Zawgyi

ယူနိုက်တက် အသင်းရဲ့ လိုအပ်ချက်က ဘာလဲ ဆိုတာ ဝန်ခံစကား ပြောကြားသွားတဲ့ #ဆိုးလ်ရှား

===============

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က သူ လက်ရှိ တည်ဆောက် နေတဲ့ 2019 – 20 ဘောလုံး ရာသီ ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြိုင်ဖက် အသင်း တွေရဲ့ ကြောက်ရွံ့ အရိုသေ ခံရ မှုတွေ ပျောက်ဆုံး နေပြီ ဖြစ်ကြောင်း ဝန်ခံ စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။










#Sports_Myanmar