ခ်ယ္လ္ဆီး အသင္း ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ က အဆင့္ ၅ ေနရာ သာ ရရွိ ခဲ့တဲ့ အတြက္ ဒီႏွစ္ ေဘာလံုး ရာသီ မွာ ခ်န္ပီယံလိဂ္ ကန္ခြင့္ မရရွိ ခဲ့ပဲ ယူရိုပါလိဂ္ နဲ႕သာ ႏွစ္သိမ့္ ခဲ့ရပါတယ္ ။ ထို႕ အတြက္ေၾကာင့္ ယခုႏွစ္ ေဘာလံုး ရာသီ မွာ ထိပ္ဆံုး ေလးသင္း ဝင္ျပီး လာမယ့္ ေဘာလံုး ရာသီ အတြက္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရဖို႕ ဆိုတာ ခ်ယ္လ္ဆီး အတြက္ အရမ္း အေရးၾကီး လို႕ ေနပါတယ္ ။

ေလာေလာဆယ္ မွာ ခ်ယ္လ္ဆီး အသင္း ဟာ ပရီးမီးယားလိဂ္ ရဲ႕ အမွတ္ေပး ဇယား မွာ အဆင့္ ၄ ေနရာ မွာ ရပ္တည္ ေနျပီး ယူရိုပါလိဂ္ မွာလည္း ဆီမီးဖိုင္နယ္ အဆင့္ အထိ ေရာက္ရွိ ေနတဲ့ အတြက္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရဖို႕ အေျခအေန ေကာင္း တရပ္ မွာ ရွိေနပါတယ္ ။ ယခု တပတ္ မွာ ကစားရမယ့္ မန္ယူ နဲ႕ ပြဲကေတာ့ ခ်ယ္လ္ဆီး တို႕ ဒီရာသီ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရႏိုင္မလား ဆိုတာ ကို အဆံုးအျဖတ္ ေပးမယ့္ ပြဲလည္း ျဖစ္ပါတယ္ ။

ခ်ယ္လ္ဆီး နည္းျပ ဆာရီ ကေတာ့ သူတို႕ အေနနဲ႕ ဒီႏွစ္ ေဘာလံုး ရာသီ မွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ကို အရယူ ႏိုင္မယ္ လို႕ ေမွ်ာ္လင့္ ထားေၾကာင္း ၊ ခ်န္ပီယံလိဂ္ ဝင္ခြင့္ မရခဲ့သည့္ တိုင္ေအာင္ ၄င္းတို႕ဟာ ဒီရာသီ မွာ ေအာင္ျမင္ခဲ့ေသးတယ္ လို႕ ဆိုႏိုင္ျပီး ကာရာေဘာင္ ဖလား မွာလည္း ဗိုလ္လုပြဲ အထိ တက္ေရာက္ ႏိုင္ခဲ့ေၾကာင္း Sky Sports နဲ႕ အင္တာဗ်ဴး မွာ ေျပာၾကား ခဲ့ပါတယ္ ။

ဆာရီ က ” ခ်န္ပီယံလိဂ္ ဝင္ခြင့္ မရခဲ့ဘူး ဆိုရင္ ဒီရာသီ ကို မေအာင္ျမင္ဘူး လို႕ ေျပာလို႕ ရမလား ဆိုရင္ ႏိုးပါ ။ ကြ်န္ေတာ္ တို႕ဟာ ဗိုလ္လုပြဲ တပြဲ ကစား ခဲ့ရပါတယ္ ။ ပင္နယ္တီ မွာ အေရးနိမ့္ ခဲ့ရတာ ျဖစ္ပါတယ္ ။ ယူရိုပါလိဂ္ မွာလည္း ဆီမီးဖိုင္နယိ အထိ ေရာက္ရွိ လာခဲ့ပါျပီ ။ ပရီးမီးယားလိဂ္ မွာလည္း အဆင့္ေလး အတြင္း ဝင္ဖို႕ ၾကိဳးစား ယွဥ္ျပိဳင္ ေနပါတယ္ ။ ဒါေၾကာင့္မို႕ တရာသီလံုး ျခံဳေျပာရရင္ ေကာင္းတဲ့ အခိုက္အတန္႕ ေတြ ရွိေနတယ္ လို႕ ဆိုရပါမယ္ ။ ”

” ဟုတ္ပါတယ္ ။ ေလာေလာဆယ္ ကြ်န္ေတာ္ တို႕မွာ အရမ္း ၾကီးမားတဲ့ ပစ္မွတ္ ၂ခု ရွိပါတယ္ ။ အဲ့ဒါ ေတြကေတာ့ ကြ်န္ေတာ္ တို႕ဟာ ပရီးမီးယားလိဂ္ မွာ အဆင့္ ၄ အတြင္း ဝင္ဖို႕ ပစ္မွတ္ ထားေနတာ နဲ႕ ယူရိုပါလိဂ္ ဗိုလ္လုပြဲ ေရာက္ဖို႕ ပစ္မွတ္ ထားေနတာ ေတြ ျဖစ္ပါတယ္ ။ အကယ္၍ ကြ်န္ေတာ္ တို႕ ဗိုလ္လုပြဲ ေရာက္ခဲ့မယ္ ဆိုရင္ ကြ်န္ေတာ္ တို႕ ခ်န္ပီယံ ျဖစ္ဖို႕ ၾကိဳးစား ဦးမွာပါ ။ ဒါေၾကာင့္မို႕ ဒီႏွစ္ ေဘာလံုး ရာသီ ဟာ ခက္ခဲမႈ ေတြ ရွိေနေပမယ့္ အရမ္း ေကာင္းတဲ့ အခိုက္အတန္႕ ေတြကို ပိုင္ဆိုင္ ထားတယ္ လို႕ ဆိုခ်င္ပါတယ္ ။ ”

” တခ်ိဳ႕ ပြဲစဥ္ ေတြမွာ နည္းစနစ္ အမွား ေတြေၾကာင့္ ကြ်န္ေတာ္ တို႕ရဲ႕ ရႈံးခ်က္ ပိုနာ ခဲ့ရတဲ့ ပြဲစဥ္ ၂ပြဲ ၊ ၃ပြဲ ေလာက္ ရွိခဲ့ပါတယ္ ။ အဲ့လိုမ်ိဳး ပြဲစဥ္ ေတြမွာ ခံစားခ်က္ က အေတာ္ ဆိုးရြား ပါတယ္ ။ ကြ်န္ေတာ္ ဆိုလိုခ်င္တဲ့ သေဘာ က အဲ့ဒီ ရႈံးပြဲ ၂ပြဲ ၊ ၃ပြဲ ေတြမွာ ကြ်န္ေတာ္ တို႕ အသင္း ရဲ႕ တိုက္ပြဲဝင္လိုစိတ္ ဆႏၵ ေတြ ေပ်ာက္ဆံုး ခဲ့တယ္ ဆိုတာပါ ။ ”

” ဒါေပမယ့္ ခင္ဗ်ား တို႕ အေနနဲ႕ ကြ်န္ေတာ္ တို႕ ျဖတ္သန္း လာခဲ့တဲ့ ကာလေတြ ကို ျပန္ၾကည့္မယ္ ဆိုရင္ မ်ားေသာ အားျဖင့္ ကြ်န္ေတာ္ တို႕ ကစားပံု ေကာင္းခဲ့တဲ့ အခ်ိန္ ေတြ မ်ားပါတယ္ ။ ဒီရာသီ ဟာ ကြ်န္ေတာ္ တို႕ အသင္း ရဲ႕ ပထမဆံုး ေျခလွမ္း ျဖစ္ပါတယ္ ။ ကြ်န္ေတာ္ တို႕ အေနနဲ႕ အခု ထက္ ပိုျပီး ေျခစြမ္း တိုးတက္ဖို႕ လိုပါတယ္ ။ ”

” လာမယ့္ ေဘာလံုး ရာသီ မွာ ဇယားထိပ္ပိုင္း နားမွာ ရပ္တည္ ႏိုင္ဖို႕ အတြက္ ကြ်န္ေတာ္ တို႕ ပိုျပီး ၾကိဳးစား ဖို႕ လိုပါတယ္ ။ ဒါဟာ ပထမ ေျခလွမ္း ဆိုေပမယ့္ အရမ္း ေကာင္းတဲ့ ေျခလွမ္း ျဖစ္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ရင် တောင် ချယ်လ်ဆီး အတွက် ကျရှုံးတဲ့ ဘောလုံး ရာသီ လို့ သတ်မှတ် လို့ မရဘူး လို့ တုန့်ပြန် လိုက်တဲ့ #ဆာရီ

ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က အဆင့် ၅ နေရာ သာ ရရှိ ခဲ့တဲ့ အတွက် ဒီနှစ် ဘောလုံး ရာသီ မှာ ချန်ပီယံလိဂ် ကန်ခွင့် မရရှိ ခဲ့ပဲ ယူရိုပါလိဂ် နဲ့သာ နှစ်သိမ့် ခဲ့ရပါတယ် ။ ထို့ အတွက်ကြောင့် ယခုနှစ် ဘောလုံး ရာသီ မှာ ထိပ်ဆုံး လေးသင်း ဝင်ပြီး လာမယ့် ဘောလုံး ရာသီ အတွက် ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ဆိုတာ ချယ်လ်ဆီး အတွက် အရမ်း အရေးကြီး လို့ နေပါတယ် ။

လောလောဆယ် မှာ ချယ်လ်ဆီး အသင်း ဟာ ပရီးမီးယားလိဂ် ရဲ့ အမှတ်ပေး ဇယား မှာ အဆင့် ၄ နေရာ မှာ ရပ်တည် နေပြီး ယူရိုပါလိဂ် မှာလည်း ဆီမီးဖိုင်နယ် အဆင့် အထိ ရောက်ရှိ နေတဲ့ အတွက် ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အခြေအနေ ကောင်း တရပ် မှာ ရှိနေပါတယ် ။ ယခု တပတ် မှာ ကစားရမယ့် မန်ယူ နဲ့ ပွဲကတော့ ချယ်လ်ဆီး တို့ ဒီရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရနိုင်မလား ဆိုတာ ကို အဆုံးအဖြတ် ပေးမယ့် ပွဲလည်း ဖြစ်ပါတယ် ။

ချယ်လ်ဆီး နည်းပြ ဆာရီ ကတော့ သူတို့ အနေနဲ့ ဒီနှစ် ဘောလုံး ရာသီ မှာ ချန်ပီယံလိဂ် ဝင်ခွင့် ကို အရယူ နိုင်မယ် လို့ မျှော်လင့် ထားကြောင်း ၊ ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့သည့် တိုင်အောင် ၄င်းတို့ဟာ ဒီရာသီ မှာ အောင်မြင်ခဲ့သေးတယ် လို့ ဆိုနိုင်ပြီး ကာရာဘောင် ဖလား မှာလည်း ဗိုလ်လုပွဲ အထိ တက်ရောက် နိုင်ခဲ့ကြောင်း Sky Sports နဲ့ အင်တာဗျူး မှာ ပြောကြား ခဲ့ပါတယ် ။

ဆာရီ က ” ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ဘူး ဆိုရင် ဒီရာသီ ကို မအောင်မြင်ဘူး လို့ ပြောလို့ ရမလား ဆိုရင် နိုးပါ ။ ကျွန်တော် တို့ဟာ ဗိုလ်လုပွဲ တပွဲ ကစား ခဲ့ရပါတယ် ။ ပင်နယ်တီ မှာ အရေးနိမ့် ခဲ့ရတာ ဖြစ်ပါတယ် ။ ယူရိုပါလိဂ် မှာလည်း ဆီမီးဖိုင်နယိ အထိ ရောက်ရှိ လာခဲ့ပါပြီ ။ ပရီးမီးယားလိဂ် မှာလည်း အဆင့်လေး အတွင်း ဝင်ဖို့ ကြိုးစား ယှဉ်ပြိုင် နေပါတယ် ။ ဒါကြောင့်မို့ တရာသီလုံး ခြုံပြောရရင် ကောင်းတဲ့ အခိုက်အတန့် တွေ ရှိနေတယ် လို့ ဆိုရပါမယ် ။ ”

” ဟုတ်ပါတယ် ။ လောလောဆယ် ကျွန်တော် တို့မှာ အရမ်း ကြီးမားတဲ့ ပစ်မှတ် ၂ခု ရှိပါတယ် ။ အဲ့ဒါ တွေကတော့ ကျွန်တော် တို့ဟာ ပရီးမီးယားလိဂ် မှာ အဆင့် ၄ အတွင်း ဝင်ဖို့ ပစ်မှတ် ထားနေတာ နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ရောက်ဖို့ ပစ်မှတ် ထားနေတာ တွေ ဖြစ်ပါတယ် ။ အကယ်၍ ကျွန်တော် တို့ ဗိုလ်လုပွဲ ရောက်ခဲ့မယ် ဆိုရင် ကျွန်တော် တို့ ချန်ပီယံ ဖြစ်ဖို့ ကြိုးစား ဦးမှာပါ ။ ဒါကြောင့်မို့ ဒီနှစ် ဘောလုံး ရာသီ ဟာ ခက်ခဲမှု တွေ ရှိနေပေမယ့် အရမ်း ကောင်းတဲ့ အခိုက်အတန့် တွေကို ပိုင်ဆိုင် ထားတယ် လို့ ဆိုချင်ပါတယ် ။ ”

” တချို့ ပွဲစဉ် တွေမှာ နည်းစနစ် အမှား တွေကြောင့် ကျွန်တော် တို့ရဲ့ ရှုံးချက် ပိုနာ ခဲ့ရတဲ့ ပွဲစဉ် ၂ပွဲ ၊ ၃ပွဲ လောက် ရှိခဲ့ပါတယ် ။ အဲ့လိုမျိုး ပွဲစဉ် တွေမှာ ခံစားချက် က အတော် ဆိုးရွား ပါတယ် ။ ကျွန်တော် ဆိုလိုချင်တဲ့ သဘော က အဲ့ဒီ ရှုံးပွဲ ၂ပွဲ ၊ ၃ပွဲ တွေမှာ ကျွန်တော် တို့ အသင်း ရဲ့ တိုက်ပွဲဝင်လိုစိတ် ဆန္ဒ တွေ ပျောက်ဆုံး ခဲ့တယ် ဆိုတာပါ ။ ”

” ဒါပေမယ့် ခင်ဗျား တို့ အနေနဲ့ ကျွန်တော် တို့ ဖြတ်သန်း လာခဲ့တဲ့ ကာလတွေ ကို ပြန်ကြည့်မယ် ဆိုရင် များသော အားဖြင့် ကျွန်တော် တို့ ကစားပုံ ကောင်းခဲ့တဲ့ အချိန် တွေ များပါတယ် ။ ဒီရာသီ ဟာ ကျွန်တော် တို့ အသင်း ရဲ့ ပထမဆုံး ခြေလှမ်း ဖြစ်ပါတယ် ။ ကျွန်တော် တို့ အနေနဲ့ အခု ထက် ပိုပြီး ခြေစွမ်း တိုးတက်ဖို့ လိုပါတယ် ။ ”

” လာမယ့် ဘောလုံး ရာသီ မှာ ဇယားထိပ်ပိုင်း နားမှာ ရပ်တည် နိုင်ဖို့ အတွက် ကျွန်တော် တို့ ပိုပြီး ကြိုးစား ဖို့ လိုပါတယ် ။ ဒါဟာ ပထမ ခြေလှမ်း ဆိုပေမယ့် အရမ်း ကောင်းတဲ့ ခြေလှမ်း ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR