lampard

Unicode

ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ခံစစ်မှူး ဖီကာယိုု တိုမိုရီ ဟာ ပြီးခဲ့တဲ့ လ က ကစား သွားခဲ့တဲ့ ချယ်လ်ဆီး အသင်း ရဲ့ ပွဲစဉ် တွေမှာ အံ့အားသင့်ဖွယ် တည်ငြိမ်တဲ့ ခြေစွမ်းကောင်း တွေ ပြသ နိုင်ခဲ့ပါတယ် ။ အဲ့ဒီ အတွက်ကြောင့်ပဲ တိုမိုရီ ဟာ လာမယ့် အပတ် အတွင်း ကစားမယ့် ယူရို ၂၀၂၀ ခြေစစ် ပွဲစဉ် ၂ပွဲ အတွက် အင်္ဂလန် လက်ရွေးစင် အသင်း မှာ ပထမဆုံး ရွေးချယ် ခံခဲ့ရတာ ဖြစ်ပါတယ် ။

tomori

တိုမိုရီ ဟာ ယခုနှစ် ဘောလုံး ရာသီ အစောပိုင်း မှာ စီနီယာ ကစားသမား ၂ဦး ဖြစ်တဲ့ ခရစ်တန်ဆန် ၊ ဇူးမား တို့ကြောင့် နေရာ မရခဲ့ပေမယ့် နောက်ပိုင်း မှာ အမှားအယွင်း များလာတဲ့ ဇူးမား ရဲ့ နေရာ မှာ ဖရန့် လမ်းပတ် ရဲ့ နေရာပေးခြင်း ကို ရရှိ ခဲ့တာကြောင့် လမ်းပတ် ရဲ့ ယုံကြည်မှု ကို တည်ငြိမ်တဲ့ ခြေစွမ်း နဲ့ အကောင်းဆုံး ပြန်ပြီး ပေးဆပ် နိုင်ခဲ့တာ ဖြစ်ပါတယ် ။

အခုလို လက်ရွေးစင် အသင်း အတွက် ပထမဆုံး အရွေးခံ ခဲ့ရတဲ့ အတွက်ကြောင့် တိုမိုရီဟာ လက်ရွေးစင် အသင်း မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အဓိက ခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယား နဲ့ တွဲကစားဖို့ အခွင့်အရေး တွေ ရှိလာပြီ ဖြစ်ပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ လမ်းပတ် က လာမယ့် ယူရို ၂၀၂၀ မှာ တိုမိုရီ နဲ့ မက်ဂွိုင်းယား တို့ အတူတူ တွဲဆော့နိုင်မယ့် ဖြစ်နိုင်ခြေ အပေါ် အခုလို မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ် ။

magurie

လမ်းပတ် က ” ပထမဆုံး အနေနဲ့ ယူရို အထိ အရွေးခံ ရဖို့ ဆိုတာ ဂါရတ် ( ဆောက်ဂိတ် ) နဲ့ပဲ သက်ဆိုင်ပါတယ် ။ ဒုတိယ အချက် အနေနဲ့က တိုမိုရီ ဟာ အခုထက် ပိုပြီး ကောင်းတဲ့ ခြေစွမ်း ကို ရရှိအောင် ဆက်လက် ကြိုးစားဖို့ပါ ။ အခုလို လျင်လျင်မြန်မြန် ခြေစွမ်း တိုးတက် ကောင်းမွန် လာတဲ့ အတိုင်း သူ ကြိုးစားရမှာပါ ။ သူ့ကိုယ်သူ ထိပ်တန်း ခံစစ်မှူး တွေနဲ့ ယှဉ်ပြီး တွေးနိုင်ဖို့ လိုလာပါပြီ ။ ”

” အခုဆို တိုမိုရီ ဟာ လက်ရွေးစင် အသင်း မှာ အရွေးခံရတာ ဟာ အတည်ပြု ခဲ့ပြီ ဖြစ်တာကြောင့် အဲ့ဒီမှာ ရှိတဲ့ တခြား အင်္ဂလန် ခံစစ်မှူး တွေကို သတိပေး မက်ဆေ့ချ် ပေးနိုင် ခဲ့ပါပြီ ။ ပွဲထွက် တနေရာ ရဖို့ အတွက် က သူ့ အတွက် နောက်ထပ် စိန်ခေါ်မှု တခုပါ ။ အဲ့ဒါ ပြီးမှ အင်္ဂလန် လက်ရွေးစင် ရဲ့ ပထမ ဦးစားပေး ခံစစ်မှူး ဖြစ်လာဖို့ စဉ်းစား ရမှာပါ ။ အခုလို ကျွန်တော် ဒီနေရာ မှာ ထိုင်ပြီး တိုမိုရီ ဟာ သေချာပေါက် အင်္ဂလန် လက်ရွေးစင် မှာ နေရာ ရမယ် လို့ မပြောချင်ပါဘူး ။ ”

” တိုမိုရီ ဟာ သူ့ရဲ့ ကြိုးစားမှု နဲ့ သက်သေ ပြသွားမှာပါ ။ အခုဆို နောက်ထပ် အဆင့် တွေကို ရောက်ရှိဖို့ ဆိုတာ သူ့ အပေါ်မှာပဲ မူတည် နေပါပြီ ။ ဒါပေမယ့် အရင် ကတည်းကလည်း သူဟာ ကြီးမားတဲ့ ခြေလှမ်း တွေနဲ့ စိန်ခေါ်မှု တွေကို ဖြတ်ကျော် ပြပြီးပါပြီ ။ ဂါရတ် ဟာ တိုမိုရီ အပေါ် သူ့ရဲ့ ယုံကြည်မှု တွေ ပုံအပ် ထားပေးတာကို ကျွန်တော် သိထားရပါတယ် ။ မနေ့က သူ့ရဲ့ သတင်းစာ ရှင်းလင်းပွဲ ကို ကျွန်တော် ကြည့်ခဲ့ပါသေးတယ် ။ ”

nevlle

” ဂါရတ် ဟာ တိုမိုရီ အင်္ဂလန် လက်ရွေးစင် အသင်း မှာ ကစားတာ ကို ကြည့်ချင်နေပြီး ၊ အနီးကပ် လေ့ကျင့်ပေးချင် နေတာကို တွေ့ခဲ့ရပါတယ် ။ နောက်ပြီး စတိဗ် ဟော်လန် ကလည်း တိုမိုရီ အကြောင်း ကောင်းကောင်း သိပါတယ် ။ ဒါကြောင့်မို့ အခွင့်အရေး တွေက တိုမိုရီ ရဲ့ လက်ထဲမှာ ရောက်လို့ နေပါပြီ ။ သူ့ဖက် က နေ့စဉ်နေ့တိုင်း အသင်း အတွက် ဘာတွေ လုပ်ပေးနိုင်လဲ ဆိုတာ ပြသ သွားဖို့ပဲ လိုပါတော့တယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

ယူရို ၂၀၂၀ အထိ တုုိမိုရီ ဟာ ဟယ္ရီ မက္ဂြိဳင္းယား နဲ႕ အတူတူ တြဲေဆာ့ႏိုင္ဖို႕ ရွိမရွိ အေပၚ တုန္႕ျပန္ ေျပာဆိုခဲ့တဲ့ #လမ္းပတ္

ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ ခံစစ္မွဴး ဖီကာယုို တိုမိုရီ ဟာ ျပီးခဲ့တဲ့ လ က ကစား သြားခဲ့တဲ့ ခ်ယ္လ္ဆီး အသင္း ရဲ႕ ပြဲစဥ္ ေတြမွာ အံ့အားသင့္ဖြယ္ တည္ျငိမ္တဲ့ ေျခစြမ္းေကာင္း ေတြ ျပသ ႏိုင္ခဲ့ပါတယ္ ။ အဲ့ဒီ အတြက္ေၾကာင့္ပဲ တိုမိုရီ ဟာ လာမယ့္ အပတ္ အတြင္း ကစားမယ့္ ယူရို ၂၀၂၀ ေျခစစ္ ပြဲစဥ္ ၂ပြဲ အတြက္ အဂၤလန္ လက္ေရြးစင္ အသင္း မွာ ပထမဆံုး ေရြးခ်ယ္ ခံခဲ့ရတာ ျဖစ္ပါတယ္ ။

တိုမိုရီ ဟာ ယခုႏွစ္ ေဘာလံုး ရာသီ အေစာပိုင္း မွာ စီနီယာ ကစားသမား ၂ဦး ျဖစ္တဲ့ ခရစ္တန္ဆန္ ၊ ဇူးမား တို႕ေၾကာင့္ ေနရာ မရခဲ့ေပမယ့္ ေနာက္ပိုင္း မွာ အမွားအယြင္း မ်ားလာတဲ့ ဇူးမား ရဲ႕ ေနရာ မွာ ဖရန္႕ လမ္းပတ္ ရဲ႕ ေနရာေပးျခင္း ကို ရရွိ ခဲ့တာေၾကာင့္ လမ္းပတ္ ရဲ႕ ယံုၾကည္မႈ ကို တည္ျငိမ္တဲ့ ေျခစြမ္း နဲ႕ အေကာင္းဆံုး ျပန္ျပီး ေပးဆပ္ ႏိုင္ခဲ့တာ ျဖစ္ပါတယ္ ။

အခုလို လက္ေရြးစင္ အသင္း အတြက္ ပထမဆံုး အေရြးခံ ခဲ့ရတဲ့ အတြက္ေၾကာင့္ တိုမိုရီဟာ လက္ေရြးစင္ အသင္း မွာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္း ရဲ႕ အဓိက ခံစစ္မွဴး ဟယ္ရီ မက္ဂိြဳင္းယား နဲ႕ တြဲကစားဖို႕ အခြင့္အေရး ေတြ ရွိလာျပီ ျဖစ္ပါတယ္ ။ မေန႕က ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ လမ္းပတ္ က လာမယ့္ ယူရို ၂၀၂၀ မွာ တိုမိုရီ နဲ႕ မက္ဂိြဳင္းယား တို႕ အတူတူ တြဲေဆာ့ႏိုင္မယ့္ ျဖစ္ႏိုင္ေျခ အေပၚ အခုလို မွတ္ခ်က္ျပဳ ေျပာဆိုခဲ့ပါတယ္ ။

လမ္းပတ္ က ” ပထမဆံုး အေနနဲ႕ ယူရို အထိ အေရြးခံ ရဖို႕ ဆိုတာ ဂါရတ္ ( ေဆာက္ဂိတ္ ) နဲ႕ပဲ သက္ဆိုင္ပါတယ္ ။ ဒုတိယ အခ်က္ အေနနဲ႕က တိုမိုရီ ဟာ အခုထက္ ပိုျပီး ေကာင္းတဲ့ ေျခစြမ္း ကို ရရွိေအာင္ ဆက္လက္ ၾကိဳးစားဖို႕ပါ ။ အခုလို လ်င္လ်င္ျမန္ျမန္ ေျခစြမ္း တိုးတက္ ေကာင္းမြန္ လာတဲ့ အတိုင္း သူ ၾကိဳးစားရမွာပါ ။ သူ႕ကိုယ္သူ ထိပ္တန္း ခံစစ္မွဴး ေတြနဲ႕ ယွဥ္ျပီး ေတြးႏိုင္ဖို႕ လုိလာပါျပီ ။ ”

” အခုဆို တိုမိုရီ ဟာ လက္ေရြးစင္ အသင္း မွာ အေရြးခံရတာ ဟာ အတည္ျပဳ ခဲ့ျပီ ျဖစ္တာေၾကာင့္ အဲ့ဒီမွာ ရွိတဲ့ တျခား အဂၤလန္ ခံစစ္မွဴး ေတြကို သတိေပး မက္ေဆ့ခ်္ ေပးႏိုင္ ခဲ့ပါျပီ ။ ပြဲထြက္ တေနရာ ရဖို႕ အတြက္ က သူ႕ အတြက္ ေနာက္ထပ္ စိန္ေခၚမႈ တခုပါ ။ အဲ့ဒါ ျပီးမွ အဂၤလန္ လက္ေရြးစင္ ရဲ႕ ပထမ ဦးစားေပး ခံစစ္မွဴး ျဖစ္လာဖို႕ စဥ္းစား ရမွာပါ ။ အခုလို ကြ်န္ေတာ္ ဒီေနရာ မွာ ထိုင္ျပီး တိုမိုရီ ဟာ ေသခ်ာေပါက္ အဂၤလန္ လက္ေရြးစင္ မွာ ေနရာ ရမယ္ လို႕ မေျပာခ်င္ပါဘူး ။ ”

” တိုမိုရီ ဟာ သူ႕ရဲ႕ ၾကိဳးစားမႈ နဲ႕ သက္ေသ ျပသြားမွာပါ ။ အခုဆို ေနာက္ထပ္ အဆင့္ ေတြကို ေရာက္ရွိဖို႕ ဆိုတာ သူ႕ အေပၚမွာပဲ မူတည္ ေနပါျပီ ။ ဒါေပမယ့္ အရင္ ကတည္းကလည္း သူဟာ ၾကီးမားတဲ့ ေျခလွမ္း ေတြနဲ႕ စိန္ေခၚမႈ ေတြကို ျဖတ္ေက်ာ္ ျပျပီးပါျပီ ။ ဂါရတ္ ဟာ တိုမိုရီ အေပၚ သူ႕ရဲ႕ ယံုၾကည္မႈ ေတြ ပံုအပ္ ထားေပးတာကို ကြ်န္ေတာ္ သိထားရပါတယ္ ။ မေန႕က သူ႕ရဲ႕ သတင္းစာ ရွင္းလင္းပြဲ ကို ကြ်န္ေတာ္ ၾကည့္ခဲ့ပါေသးတယ္ ။ ”

” ဂါရတ္ ဟာ တိုမိုရီ အဂၤလန္ လက္ေရြးစင္ အသင္း မွာ ကစားတာ ကို ၾကည့္ခ်င္ေနျပီး ၊ အနီးကပ္ ေလ့က်င့္ေပးခ်င္ ေနတာကို ေတြ႕ခဲ့ရပါတယ္ ။ ေနာက္ျပီး စတိဗ္ ေဟာ္လန္ ကလည္း တိုမိုရီ အေၾကာင္း ေကာင္းေကာင္း သိပါတယ္ ။ ဒါေၾကာင့္မို႕ အခြင့္အေရး ေတြက တိုမိုရီ ရဲ႕ လက္ထဲမွာ ေရာက္လို႕ ေနပါျပီ ။ သူ႕ဖက္ က ေန႕စဥ္ေန႕တိုင္း အသင္း အတြက္ ဘာေတြ လုပ္ေပးႏိုင္လဲ ဆိုတာ ျပသ သြားဖို႕ပဲ လိုပါေတာ့တယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR