Unicode

ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဟာ လာမယ့် အပတ် အတွင်း ကစားသွားဖို့ ရှိတဲ့ ယူရို ၂၀၂၀ ခြေစစ် ပွဲစဉ် တွေ အတွက် အင်္ဂလန် လက်ရွေးစင် အသင်း ရဲ့ ကစားသမား ၂၅ ယောက် စာရင်း မှာ ပထမဆုံး ပါဝင် အရွေး ခံခဲ့ရပါတယ် ။ အေဘရာဟမ် ဟာ ဒီရာသီ မှာ ချယ်လ်ဆီး အသင်း ရဲ့ အထောင် တိုက်စစ် နေရာ ကို ခြွင်းချက် မရှိ ရယူ ထားနိုင် ခဲ့တဲ့ တိုက်စစ်မှူး ဖြစ်ပါတယ် ။

abraham
during the 2019 UEFA U-21 Group X match between XX and XX at Dino Manuzzi Stadium on June 21, 2019 in Cesena, Italy.

ပရီးမီးယားလိဂ် မှာ သွင်းဂိုး ရဂိုး အထိ ရရှိထားပြီ ဖြစ်တဲ့ အေဘရာဟမ် ဟာ ပြီးခဲ့တဲ့ ကြားရက် ကလည်း ပထမဆုံး ချန်ပီယံလိဂ် သွင်းဂိုး ကို ရရှိခဲ့တာကြောင့် အခုလို အင်္ဂလန် လက်ရွေးစင် အသင်း မှာ အရွေးခံ ရတာ ထိုက်တန်မှု အပြည့်အဝ ရှိနေပါတယ် ။ ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် ကတော့ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ပထမဆုံး ပါဝင်ခွင့် ရတော့မယ့် အေဘရာဟမ် နဲ့ ပတ်သက်ပြီး အခုလို မှတ်ချက်ပေး ပြောဆိုလိုက်ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာ လမ်းပတ် က ” တမ်မီ အတွက် ကျွန်တော် အရမ်း ပျော်ရွှင် နေပါတယ် ။ သူဟာ ကျွန်တော် တို့ အသင်း အတွက် ပုံမှန် သွင်းဂိုး တွေ သွင်းယူ ပေးနေသလို ၊ လူတိုင်း က သူဟာ တည်ငြိမ်တဲ့ ပုံစံကောင်း တခု ကို ရရှိနေတယ် ဆိုတာ သိထား ကြပါတယ် ။ ဒါကြောင့် အခုလို လက်ရွေးစင် အသင်း အတွက် အရွေးခံ ရတာဟာ သူ့ အတွက် ထိုက်တန်မှု ရှိတယ် လို့ ကျွန်တော် ထင်ပါတယ် ။ ”

” ဒီနှစ် ဘောလုံး ရာသီ စတင်တာနဲ့ ကစားခွင့် ရတဲ့ အခါတိုင်း မှာ တမ်မီ ဟာ ဂါရတ် ( ဆောက်ဂိတ် ) မျက်စိကျလောက်တဲ့ ပုံစံမျိုး ၊ လက်ရွေးစင် အသင်း နဲ့ လိုက်ဖက်မယ့် ခြေစွမ်းမျိုး ပြသ နိုင်ခဲ့တယ် လို့ ကျွန်တော် ယူဆ မိပါတယ် ။ ဒါဟာ သူ့အတွက် သဘာဝ အလျောက် ခြေစွမ်း တိုးတက်ခြင်းသာ ဖြစ်ပါတယ် ။ အဲ့ဒီ အတွက် ကျွန်တော် ဝမ်းသာ မိပါတယ် ။ အခုလို လက်ရွေးစင် အသင်း အတွက် အရွေးခံ ရလို့ သူ့ကိုယ်သူ ဂုဏ်ယူ နေသင့်ပါတယ် ။ ဂုဏ်လည်း ယူနေလိမ့်မယ် လို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး လမ်းပတ် က ကလပ် အသင်း အဆင့် မှာ အေဘရာဟမ် တယောက် ခြေစွမ်းပြ နေပေမယ့် နိုင်ငံ အသင်း နဲ့ အတူရော ခြေစွမ်း ပြနိုင်ပါ့မလား ဆိုတဲ့ မေးခွန်း အပေါ် ” သူ ခြေစွမ်းပြ နိုင်မယ် လို့ ကျွန်တော် ယုံကြည်ပါတယ် ။ သူ့ဆီကို အရမ်း ကြီးလေး တဲ့ တာဝန် တွေကို ပခုံးပြောင်း မထမ်းဆောင် စေချင်သေးပါဘူး ။ ဒါပေမယ့် သူဟာ တဆင့်ချင်းစီ ခြေစွမ်း တိုးတက် လာခဲ့ပါတယ် ။ တမ်မီ ဟာ ချန်ပီယံရှစ် မှာ ကစားခဲ့တဲ့ ဘောလုံး ရာသီ ၂ခုလုံး ဂိုးတွေ အများအပြား သွင်းယူ နိုင်ခဲ့ပါတယ် ။ ”

” အခုတော့ ပရီးမီးယားလိဂ် မှာပါ နောက်ထပ် ဂိုးတွေ သွင်းယူ နေပါပြီ ။ သူဟာ လူငယ် ကစားသမား တဦး အရွယ်သာ ရှိသေးတာကြောင့် ခြေစွမ်းပိုင်း တိုးတက်ဖို့ အနေအထား က အခုမှ စတင် ရမှာပါ ။ လက်ရွေးစင် အသင်း မှာလည်း သူ ချယ်လ်ဆီး အသင်း အတွက် ားရှိတဲ့ ခံယူချက် ၊ ကြိုးစားမှု အတိုင်း ထုတ်ပြ နိုင်ဖို့ ကျွန်တော် မျှော်လင့် ပါတယ် ။ အရင် အင်္ဂလန် လူငယ် အသင်း တွေမှာ အခေါ်ခံ ရတိုင်း သူဟာ သွင်းဂိုး တွေနဲ့ သူ့ခြေစွမ်း ကို သက်သေ ပြနိုင်ခဲ့ပါတယ် ။ ”

abraham

” အခု လက်ရွေးစင် အသင်း မှာ အရွေးခံ ရတာက သူ့ အတွက် နောက်ထပ် အဆင့် တဆင့်ပါ ။ ဒါပေမယ့် ကျွန်တော် ကတော့ သူဟာ အင်္ဂလန် အသင်း ရဲ့ ပုံမှန် ဂိုးသွင်းသူ နေရာ ကို ရောက်လာဖို့ သူ့ကိုယ်သူ စိန်ခေါ် နိုင်မယ် လို့ ယုံကြည် နေပါတယ် ။ လက်ရွေးစင် အသင်း မှာလည်း ပွဲထွက်ခွင့် အတွက် အပြိုင်အဆိုင် ကြိုးစား ရဦးမှာပါ ။ အင်္ဂလန် လက်ရွေးစင် အသင်း နဲ့ စတင် ပူးပေါင်းပြီ ဆိုတာနဲ့ သူ့ အနားမှာ ထိပ်တန်း တိုက်စစ်မှူး တွေနဲ့ ပြိုင်ဆိုင်မှု က အသင့် စောင့်ကြိုနေမှာပါ ။ ဒါကြောင့်မို့ ဒီ အနေအထား ဟာ တမ်မီ အတွက် အရမ်း ကောင်းတဲ့ စမ်းသပ်မှု တခု ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

အဂၤလန္ လက္ေရြးစင္ အသင္း မွာ ပထမဆံုး အၾကိမ္ အေရြးခံခဲ့ရတဲ့ ေအဘရာဟမ္ အေပၚ မွတ္ခ်က္ျပဳ ေျပာဆိုလိုက္တဲ့ #လမ္းပတ္

ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ ဟာ လာမယ့္ အပတ္ အတြင္း ကစားသြားဖို႕ ရွိတဲ့ ယူရို ၂၀၂၀ ေျခစစ္ ပြဲစဥ္ ေတြ အတြက္ အဂၤလန္ လက္ေရြးစင္ အသင္း ရဲ႕ ကစားသမား ၂၅ ေယာက္ စာရင္း မွာ ပထမဆံုး ပါဝင္ အေရြး ခံခဲ့ရပါတယ္ ။ ေအဘရာဟမ္ ဟာ ဒီရာသီ မွာ ခ်ယ္လ္ဆီး အသင္း ရဲ႕ အေထာင္ တိုက္စစ္ ေနရာ ကို ျခြင္းခ်က္ မရွိ ရယူ ထားႏိုင္ ခဲ့တဲ့ တိုက္စစ္မွဴး ျဖစ္ပါတယ္ ။

ပရီးမီးယားလိဂ္ မွာ သြင္းဂိုး ၇ဂိုး အထိ ရရွိထားျပီ ျဖစ္တဲ့ ေအဘရာဟမ္ ဟာ ျပီးခဲ့တဲ့ ၾကားရက္ ကလည္း ပထမဆံုး ခ်န္ပီယံလိဂ္ သြင္းဂိုး ကို ရရွိခဲ့တာေၾကာင့္ အခုလို အဂၤလန္ လက္ေရြးစင္ အသင္း မွာ အေရြးခံ ရတာ ထိုက္တန္မႈ အျပည့္အဝ ရွိေနပါတယ္ ။ ခ်ယ္လ္ဆီး အသင္း နည္းျပ ဖရန္႕ လမ္းပတ္ ကေတာ့ အဂၤလန္ လက္ေရြးစင္ အသင္း အတြက္ ပထမဆံုး ပါဝင္ခြင့္ ရေတာ့မယ့္ ေအဘရာဟမ္ နဲ႕ ပတ္သက္ျပီး အခုလို မွတ္ခ်က္ေပး ေျပာဆိုလိုက္ပါတယ္ ။

မေန႕က ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ မွာ လမ္းပတ္ က ” တမ္မီ အတြက္ ကြ်န္ေတာ္ အရမ္း ေပ်ာ္ရႊင္ ေနပါတယ္ ။ သူဟာ ကြ်န္ေတာ္ တို႕ အသင္း အတြက္ ပံုမွန္ သြင္းဂိုး ေတြ သြင္းယူ ေပးေနသလို ၊ လူတိုင္း က သူဟာ တည္ျငိမ္တဲ့ ပံုစံေကာင္း တခု ကို ရရွိေနတယ္ ဆိုတာ သိထား ၾကပါတယ္ ။ ဒါေၾကာင့္ အခုလို လက္ေရြးစင္ အသင္း အတြက္ အေရြးခံ ရတာဟာ သူ႕ အတြက္ ထိုက္တန္မႈ ရွိတယ္ လို႕ ကြ်န္ေတာ္ ထင္ပါတယ္ ။ ”

” ဒီႏွစ္ ေဘာလံုး ရာသီ စတင္တာနဲ႕ ကစားခြင့္ ရတဲ့ အခါတိုင္း မွာ တမ္မီ ဟာ ဂါရတ္ ( ေဆာက္ဂိတ္ ) မ်က္စိက်ေလာက္တဲ့ ပံုစံမ်ိဳး ၊ လက္ေရြးစင္ အသင္း နဲ႕ လိုက္ဖက္မယ့္ ေျခစြမ္းမ်ိဳး ျပသ ႏိုင္ခဲ့တယ္ လို႕ ကြ်န္ေတာ္ ယူဆ မိပါတယ္ ။ ဒါဟာ သူ႕အတြက္ သဘာဝ အေလ်ာက္ ေျခစြမ္း တိုးတက္ျခင္းသာ ျဖစ္ပါတယ္ ။ အဲ့ဒီ အတြက္ ကြ်န္ေတာ္ ဝမ္းသာ မိပါတယ္ ။ အခုလို လက္ေရြးစင္ အသင္း အတြက္ အေရြးခံ ရလို႕ သူ႕ကိုယ္သူ ဂုဏ္ယူ ေနသင့္ပါတယ္ ။ ဂုဏ္လည္း ယူေနလိမ့္မယ္ လို႕ ကြ်န္ေတာ္ ထင္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ဆက္လက္ျပီး လမ္းပတ္ က ကလပ္ အသင္း အဆင့္ မွာ ေအဘရာဟမ္ တေယာက္ ေျခစြမ္းျပ ေနေပမယ့္ ႏိုင္ငံ အသင္း နဲ႕ အတူေရာ ေျခစြမ္း ျပႏိုင္ပါ့မလား ဆိုတဲ့ ေမးခြန္း အေပၚ ” သူ ေျခစြမ္းျပ ႏိုင္မယ္ လို႕ ကြ်န္ေတာ္ ယံုၾကည္ပါတယ္ ။ သူ႕ဆီကုိ အရမ္း ၾကီးေလး တဲ့ တာဝန္ ေတြကို ပခံုးေျပာင္း မထမ္းေဆာင္ ေစခ်င္ေသးပါဘူး ။ ဒါေပမယ့္ သူဟာ တဆင့္ခ်င္းစီ ေျခစြမ္း တိုးတက္ လာခဲ့ပါတယ္ ။ တမ္မီ ဟာ ခ်န္ပီယံရွစ္ မွာ ကစားခဲ့တဲ့ ေဘာလံုး ရာသီ ၂ခုလံုး ဂိုးေတြ အမ်ားအျပား သြင္းယူ ႏိုင္ခဲ့ပါတယ္ ။ ”

” အခုေတာ့ ပရီးမီးယားလိဂ္ မွာပါ ေနာက္ထပ္ ဂိုးေတြ သြင္းယူ ေနပါျပီ ။ သူဟာ လူငယ္ ကစားသမား တဦး အရြယ္သာ ရွိေသးတာေၾကာင့္ ေျခစြမ္းပိုင္း တိုးတက္ဖို႕ အေနအထား က အခုမွ စတင္ ရမွာပါ ။ လက္ေရြးစင္ အသင္း မွာလည္း သူ ခ်ယ္လ္ဆီး အသင္း အတြက္ ားရွိတဲ့ ခံယူခ်က္ ၊ ၾကိဳးစားမႈ အတိုင္း ထုတ္ျပ ႏိုင္ဖို႕ ကြ်န္ေတာ္ ေမွ်ာ္လင့္ ပါတယ္ ။ အရင္ အဂၤလန္ လူငယ္ အသင္း ေတြမွာ အေခၚခံ ရတိုင္း သူဟာ သြင္းဂိုး ေတြနဲ႕ သူ႕ေျခစြမ္း ကို သက္ေသ ျပႏိုင္ခဲ့ပါတယ္ ။ ”

” အခု လက္ေရြးစင္ အသင္း မွာ အေရြးခံ ရတာက သူ႕ အတြက္ ေနာက္ထပ္ အဆင့္ တဆင့္ပါ ။ ဒါေပမယ့္ ကြ်န္ေတာ္ ကေတာ့ သူဟာ အဂၤလန္ အသင္း ရဲ႕ ပံုမွန္ ဂိုးသြင္းသူ ေနရာ ကို ေရာက္လာဖို႕ သူ႕ကိုယ္သူ စိန္ေခၚ ႏိုင္မယ္ လို႕ ယံုၾကည္ ေနပါတယ္ ။ လက္ေရြးစင္ အသင္း မွာလည္း ပြဲထြက္ခြင့္ အတြက္ အျပိဳင္အဆိုင္ ၾကိဳးစား ရဦးမွာပါ ။ အဂၤလန္ လက္ေရြးစင္ အသင္း နဲ႕ စတင္ ပူးေပါင္းျပီ ဆိုတာနဲ႕ သူ႕ အနားမွာ ထိပ္တန္း တိုက္စစ္မွဴး ေတြနဲ႕ ျပိဳင္ဆိုင္မႈ က အသင့္ ေစာင့္ၾကိဳေနမွာပါ ။ ဒါေၾကာင့္မို႕ ဒီ အေနအထား ဟာ တမ္မီ အတြက္ အရမ္း ေကာင္းတဲ့ စမ္းသပ္မႈ တခု ျဖစ္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR