ferguson

Unicode

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ 2019 – 20 ဘောလုံး ရာသီ အတွင်း ရလဒ် ကောင်းတွေ ပိုင်ဆိုင် ရဖို့ ရုန်းကန် နေခဲ့ ရပြီး အထူး သဖြင့် အသင်း ရဲ့ ကွင်းလယ် ဟာ ခံစစ် နဲ့ တိုက်စစ် ကို ချိတ်ဆက် ပေးနိုင် ဖို့ ရုန်းကန် နေခဲ့ ရတာ ကို မြင်တွေ့ ခဲ့ရ ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် တို့ လာမယ့် အပြောင်းအရွှေ့ တွေမှာ အသင်း ရဲ့ ကွင်းလယ် ပိုင်းကို အဓိက ထားပြီး အင်အား ဖြည့်တင်း သွားဖို့ လိုအပ်တယ် ဆိုတဲ့ မှတ်ချက် ပေးမှု တွေ များစွာ ပေါ်ထွက် လာခဲ့ ပါ သေးတယ် ။

အခုတော့ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် နည်းပြ ဟောင်း ဖြစ်သူ ဆာ အဲလက်စ် ဖာဂူဆန် ကလည်း အသင်း ဟောင်း အနေနဲ့ ကွင်းလယ် ကို အင်အား ဖြည့်တင်း နိုင်ဖို့ အတွက် အက်စတွန် ဗီလာ အသင်း ရဲ့ ကွင်းလယ်လူ ဂျွန် မက်ဂင်း ကို ခေါ်ယူ စေဖို့ အကြံပြု လိမ့်မယ် လို့ သတင်း ထွက်ပေါ်လာ ပါတယ် ။

john macgann

ဒါကို ဖွင့်ဟ ပြောကြား သွားခဲ့ လိုက်သူ ကတော့ အက်စတွန် ဗီလာ အသင်း ရဲ့ ကင်းထောက် ဟောင်း တစ်ဦး ဖြစ်သူ ဂျန့်ခ်စ် ပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ အဆို အရ တော့ ယူနိုက်တက် နည်းပြ ဟောင်း ဖြစ်သူ ဟာ တစ် နိုင်ငံ တည်းသား ဖြစ်တဲ့ စကော့တလန် လက်ရွေးစင် မက်ဂင်း ကို ခေါ်ယူ ဖို့ အသင်း ဟောင်းကို ထပ်မံ တိုက်တွန်း လိမ့်မယ် လို့ ဆိုသွား ခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက ကွင်းလယ် ကို အင်အား ဖြည့်တင်း သွားဖို့ အတွက် စကော့တလန် လက်ရွေးစင် ကို ပေါင် သန်း 50 နဲ့ ကမ်းလှမ်း ခေါ်ယူ လိုခဲ့ ပေမယ့် သဘော တူညီ မှု မရရှိ နိုင်ခဲ့ တဲ့ အတွက် လက်လျော့ ခဲ့ရ ပါတယ် ။

လက်ရှိ ဘောလုံး ရာသီ မှာတော့ အသက် 24 နှစ် ရှိပြီ ဖြစ်တဲ့ အက်စတွန် ဗီလာ အသင်း ရဲ့ ကွင်းလယ် တိုက်စစ် ကစား သမား ဖြစ်သူ ဟာ အသင်း ရဲ့ ပုံမှန် ပွဲထွက် ကစားသမား အဖြစ် ပါဝင် ခွင့် ရရှိ ထားခဲ့ ပြီး ကစား ပေးထား ခဲ့တဲ့ ပွဲစဉ် 7 ပွဲမှာ 3 ဂိုး သွင်း ၊ 1 ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ ပါတယ် ။

McGinn

ဒါ့ကြောင့် ဒီ ဘောလုံး ရာသီ အတွင်း ခြေစွမ်း ကောင်း ပြသ နေတဲ့ စကော့တလန် လက်ရွေးစင် ကို ယူနိုက်တက် တို့ ခေါ်ယူ နိုင်ဖို့ ဆက်လက် ကြိုးစား သွားကြ လိမ့်မယ် လို့ ဂျန့်ခ်စ် က ပြောကြား သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

” သူ (မက်ဂင်း) ဟာ ပရီးမီးယား လိဂ်ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ကွင်းလယ် ကစားသမား တွေ ထဲက တစ်ဦး အဖြစ် ပါဝင် နိုင်ခဲ့ ပါတယ် ။ သူ ဒီလို ပုံစံ အတိုင်း တစ်နှစ် အတွင်း ဆက်လက် ရှိနေ နိုင် မလား ဆိုတာ ကျွန်တော် တို့ ဆက်လက် စောင့်ကြည့် သွားကြ ရမှာ ပါ ”

” ကျွန်တော် သိ သလောက် ပြောရမယ် ဆိုရင် တော့ ယူနိုက်တက် အသင်း ဟာ အရည်အသွေး ကောင်းတွေ ပိုင်ဆိုင် ထားတဲ့ စကော့တလန် နိုင်ငံသား ကစားသမား တစ်ဦး ကို ခေါ်ယူ ခွင့် ဆုံးရှုံး ခဲ့တဲ့ အတွက် ဆာ အဲလက်စ် ဖာဂူဆန် ဟာ အံ့အား သင့်နေ ခဲ့ ပါတယ် ”

Mcginn

” သူဟာ ဒီ ကောင်လေး ဟာ ခြေစွမ်း ဆက်လက် ထိန်းသိမ်း နိုင်လိမ့် မလား ဆိုတဲ့ အနေအထား ကောင်းကောင်း စောင့်ကြည့် နေ လိမ့်မယ် လို့ ကျွန်တော် သေချာ ပေါက် ပြောရဲ ပါတယ် ။ သူဟာ သူ့ရဲ့ အသင်းဟောင်း ကိုလည်း ကစားသမား ကို စောင့်ကြည့် ဖို့ ပြောထား လိမ့်မယ် ဆိုတာ ကျွန်တော် လောင်းရဲ ပါတယ် ” လို့ ဂျန့်ခ်စ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar

Zawgyi

ုအသင်းရဲ့ ကွင်းလယ်ကို အင်အား ဖြည့်တင်းဖို့ ဖာဂူဆန် ဘယ်သူ့ကို ခေါ်ယူ စေမလဲ ဆိုတာ ဖွင့်ဟလိုက်တဲ့ #ဂျန့်ခ်စ်

================









 



#Sports_Myanmar