မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် မှူးဟောင်း ဖြစ်သူ ဒီမစ်တာ ဘာဘာတော့ဗ် က လက်ရှိ နည်းပြ ဆိုးလ်ရှား အနေ နဲ့ လာမဲ့ အပြောင်း အရွှေ့ မှာ အေဂျက် အသင်းရဲ့ စတား ကစားသမား ဖြစ်သူ ဒီလစ် ကို ခေါ်ယူ အားဖြည့် သင့်တယ် လို့ အကြံပြု စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

ယူနိုက်တက် ဟာ ပြီး ခဲ့တဲ့ အပြောင်း အရွှေ့ ကာလ တွေ ကတည်းက ဗဟို ခံစစ် ကစားသမား တွေ ခေါ်ယူ လိုခဲ့တာ ဖြစ်ပြီး အင်အား မဖြည့်တင်း နိုင်ခဲ့ ပါဘူး ။ အခု တော့ အဆိုပါ နေရာ က နောက် တစ်ကြိမ် ယူနိုက်တက် ရဲ့ အားနည်းချက် တစ်ခု ဖြစ်လာ ခဲ့ ပြန်ပြီး လက်ရှိ အချိန် ဂိုးတွေ ပွဲတိုင်း လိုလို ပေးနေ ခဲ့ရ ပါတယ် ။

လက်ရှိ ဥရောပ ရဲ့ အကောင်းဆုံး လူငယ် ဗဟို နောက်ခံ လူ တစ်ဦး ခြေစွမ်း ကောင်းတွေ ဆက်တိုက် ပြထား နိုင် ခဲ့တဲ့ အေဂျက် စတား ဒီလစ် ကို ခေါ်ယူ ဖို့ အတွက် ဥရောပ ထိပ်သီး ကလပ် များစွာ က စိတ်ဝင်စား နေကြ တာပဲ ဖြစ် ပါတယ် ။

အဆိုပါ ကလပ် အသင်း တွေ ထဲမှာ တော့ စပိန် ထိပ်သီး ဘာစီလိုနာ အသင်း ဟာ ကစားသမား ကို ရရှိ ဖိုလ ရေပန်း အစား ဆုံး ဖြစ်နေ ပြီး ပြိုင်ဖက် ရီးယဲ မက်ဒရစ် ၊ အီတလီ ထိပ်သီး ဂျူဗင်တပ် အသင်း တို့က ပါ စိတ်ဝင်စား နေခဲ့ ကြ ပါတယ် ။

အခု တော့ ယူနိုက်တက် အတွက် 149 ပွဲ ကစား ပေး ထားခဲ့ ပြီး 56 ဂိုး သွင်းယူ ပေးထား နိုင် ခဲ့တဲ့ တိုက်စစ် မှူးဟောင်း ဒီမစ်တာ ဘာဘာတော့ဗ် က အေဂျက် နဲ့ အတူ ချန်ပီယံ လိဂ် ပြိုင်ပွဲ တစ်လျောက် တစ်စ ထက် တစ်စ တောက်ပ လာ ခဲ့တဲ့ နယ်သာလန် စတား ကို အသင်း ဟောင်း အနေ နဲ့ အရ ခေါ်ယူ သင့်ကြောင်း အကြံပြု သွားခဲ့ ပါတယ် ။

” အိုလီ အနေ နဲ့ အသင်း ရဲ့ ခံစစ် ကြောင်းမှာ ဘောလုံး ကို ထိန်းချုပ် ကစား ပေး နိုင်မဲ့ ၊ ခြိမ်းခြောက် မှုတွေ ကို စိုးရိမ် မနေ ပဲ ကွင်းလယ် ကို ဘောလုံး တွေ သေသပ် စွာ ပို့ဆောင် ပေး နိုင်မဲ့ ဗန်ဒိုက် လို ကစားသမား မျိုး လိုအပ် လှ ပါတယ် ”

” အကယ်လို့ ဗန်ဒိုက် ခံစစ် မှာ ကစား နေတဲ့ အသင်း ရဲ့ တိုက်စစ် မှူး တစ်ဦး အဖြစ် ကစား နေရ မယ် ဆိုရင် ကျွန်တော် အတွက် ကစား ရ Ok လှ ပါတယ် ။ ယူနိုက်တက် လည်း အခု အဲ့ဒီ လို ကစားသမား မျိုး လိုအပ် နေတာ ပါ ”

” လူငယ် ကစားသမား တစ်ဦး အနေ နဲ့ ဒီလစ် ရဲ့ စွမ်းဆောင်ရည် ဟာ အံ့အား သင့်ဖွယ် ပါပဲ ။ သူဟာ အတော် လေး ရင့်ကျက် သလို ဘောလုံး ကို ကောင်းမွန် စွာ ထိန်းချုပ် ကစား နိုင် ပါတယ် ။ သူ့ အာရုံ ထဲမှာ ပြိုင်ဖက် က ဘယ်သူ လဲ ဆိုတာ ထည့် မထား ပါဘူး ”

” စီ ရော်နယ်ဒို မက လို့ ဘယ်သူ ပဲ ဖြစ်နေ ပါစေ ၊ သူ ဂရု မစိုက် ပါဘူး ။ သူ့ အလုပ် ကိုပဲ သေချာ လုပ်လေ့ ရှိတက် ပါတယ် ။ သူရဲ့ လှုပ်ရှား မှုတွေ တစ်ကယ့် ကို ကောင်းမွန် လှပြီး ဘောလုံး ကိုင် ကစား ရာ မှာလည်း သူဟာ တွေဝေ တွန့်ဆုတ် မနေ တက်ပါ ဘူး ”

” ဒါဟာ ခံစစ် ကစားသမား တစ်ဦး ဆီက ကျွန်တော် တို့ မြင်တွေ့ လိုတဲ့ အရာ တွေ ပါပဲ ။ သူဟာ တစ်ကယ့် ကို မယုံကြည် နိုင်ဖွယ် ကစားသမား တစ်ယောက် ပါပဲ ။ သူဟာ တစ်ကယ့် ကို ပါရမီ ကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်တာ ကြောင့် ယူနိုက်တက် တို့ လာမဲ့ နွေမှာ သူ့ကို ကမ်းလှမ်း ပြီး ခေါ်ယူ ဖို့ လုပ်ဆောင် နိုင် လိမ့်မယ် လို့ ကျွန်တော် ထင် ပါတယ် ” လို့ ဘာဘာတော့ဗ် က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar