Arsenal

* မေန႔ညက ယွဥ္ျပိဳင္ ကစားခဲ့တဲ့ ပြဲမွာ အာဆင္နယ္ ယူ-၁၈ အသင္းဟာ ဖူလ္ဟမ္ ယူ-၁၈ အသင္းကုိ သုံးဂုိး ဂုိး မရွိနဲ႔ အနုိင္ ရသြားခဲ့ျပီး ပရီးမီးယားလိဂ္ ယူ-၁၈ ( ေတာင္ပုိင္း ) ခ်န္ပီယံဆုၾကီးကုိ သိမ္းပုိက္ သြားနုိင္ခဲ့ပါတယ္ ။ အာဆင္နယ္ ယူ-၁၈ အသင္းအတြက္ သြင္းဂုိးေတြကုိေတာ့ ဒါေလကမ္းဘဲလ္ ၊ ဘာလုိဂန္ ၊ ထေရး ကြိဳင္လီ တုိ႔က သြင္းယူ ေပးခဲ့တာပါ ။ အာဆင္နယ္ ယူ-၁၈ အသင္းဟာ ၂၂ ပြဲကစားရာမွာ ပြဲ ၂၀ အထိ အနုိင္ ရခဲ့ျပီး သြင္းဂုိး ၈၆ ဂုိး ၊ ေပးဂုိး ၂၃ ဂုိး နဲ႔ ခ်န္ပီယံဆုကုိ ထုိက္ထုိက္တန္တန္ ရရွိ သြားတာလည္း ျဖစ္ပါတယ္ ။

* အာဆင္နယ္ အမ်ဳိးသမီး အသင္းဟာလည္း ယေန႔ည ျမန္မာစံေတာ္ခ်ိန္ ၅ နာရီ ၄၅ မိနစ္မွာ ကစားမယ့္ ဘရုိက္တန္ အမ်ဳိးသမီး အသင္း နဲ႔ ပြဲမွာ သေရ ( သုိ႔မဟုတ္ ) အနုိင္ ကစားနုိင္ပါက အက္ဖ္ေအ အမ်ဳိးသမီး စူပါလိဂ္ ခ်န္ပီယံဆုၾကီးကုိ သုံးၾကိမ္ေျမာက္ ဆြတ္ခူး ရရွိျပီး အေအာင္ျမင္ဆုံး အသင္း ျဖစ္လာေတာ့မွာပါ ။

* ေသာၾကာေန႔က ယွဥ္ျပိဳင္ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၂ ပြဲစဥ္မွာ အာဆင္နယ္ ယူ-၂၃ အသင္းဟာ လက္စတာ ယူ-၂၃ အသင္းကုိ သံုးဂုိး ဂုိး မရွိနဲ႔ အနုိင္ ရရွိ သြားခဲ့ျပီး အမွတ္ေပးဇယား အဆင့္ ၂ ေနရာမွာ ဆက္လက္ ရပ္တည္ နုိင္ခဲ့ပါတယ္ ။ အာဆင္နယ္ ယူ-၂၃ အသင္းအတြက္ ဂုိးေတြကု္ိေတာ့ ဂယ္မား ၊ တုိင္ရီဂ်ြန္ဂ်ဳးစ္ ၊ ဆာကာ တုိ႔က သြင္းယူ ေပးခဲ့တာပါ ။

* အဂၤလန္ အမ်ဳိးသမီး စူပါလိဂ္ရဲ႕ PFA တစ္ႏွစ္တာ အေကာင္းဆုံး အသင္းမွာ အာဆင္နယ္ အမ်ဳိးသမီး အသင္းမွ ကြင္းလယ္ တုိက္စစ္ ကစားသမား ကင္လစ္တယ္ ၊ လီယာ ဝဲလ္တီ နဲ႔ တုိက္စစ္မွဴး မီဒမ္မာ တုိ႔ ပါ ဝင္ လာ ခဲ့ ပါ တယ္ ။

* မေန႔ညက ျပင္သစ္ ဖလား ဗုိလ္လုပြဲမွာ ပင္နယ္တီ လြဲေခ်ာ္ ခဲ့တဲ့ ကြင္းလယ္လူ အန္ကန္ကူ ကုိ အာဆင္နယ္ အသင္းထံ ေရာင္းထုတ္ဖုိ႔ ပီအက္စ္ဂ်ီ အသင္း ပရိသတ္ေတြက ေတာင္းဆုိ ေနၾကပါတယ္ ။ အာဆင္နယ္ အသင္းဟာ ျပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေရႊ႕ တုန္းက အန္ကန္ကူ ကုိ ေခၚယူဖုိ႔ ၾကိဳးပမ္း ခဲ့ဖူးပါတယ္ ။

* အာဆင္နယ္ အသင္း ဟာ ရာသီကုန္ရင္ စာခ်ဳပ္ သက္တမ္း ကုန္ဆုံး ေတာ့မယ့္ တုိက္စစ္မွဴး ဒန္နီ ဝဲလ္ဘက္ ကုိ စာခ်ဳပ္သစ္ အတြက္ ကမ္းလွမ္းမႈေတြ ျပဳလုပ္ဖုိ႔ ျပင္ဆင္ေနေၾကာင္း Mirror သတင္းစာ က ေဖာ္ျပ လုိက္ ပါ တယ္ ။

* အာဆင္နယ္ အသင္း နည္းျပ အူနုိင္း အမ္မရီ က ရာသီကုန္ရင္ ဂ်ဳဗင္တပ္စ္ အသင္းကုိ ေျပာင္းေရႊ႕ ေတာ့မယ့္ ကြင္းလယ္လူ ရမ္ေဆး ေနရာ အစားထုိးဖုိ႔ အကယ္ဒမီ အသင္းမွာ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသေနတဲ့ လူငယ္ ကစားသမားေလးေတြ ရွိေနေၾကာင္း နဲ႔ အျခား အသင္းက ကစားသမား တစ္ဦးနဲ႔လည္း အစားထုိးသြားဖြယ္ ရွိေၾကာင္း ေျပာၾကား လုိက္ပါတယ္ ။

* အာဆင္နယ္ အသင္းဟာ လာမယ့္ ေႏြရာသီ အေျပာင္းအေရြ႕ မွာ အားနည္း ေနတဲ့ ခံစစ္ပုိင္းကုိ ျပင္ဆင္ဖုိ႔ အတြက္ ဘက္ဆစ္တပ္ အသင္း ရဲ႕ ခရုိေအရွား ေနာက္ခံလူ ဗီဒါ ကုိ ေခၚယူဖုိ႔ ပစ္မွတ္ ထား ေန တယ္ လုိ႔ The Sun က ေဖာ္ျပလုိက္ပါတယ္ ။

* ပရီးမီးယားလိဂ္ ရဲ႕ ၂၀၁၈-၂၀၁၉ ခုႏွစ္ အတြက္ တစ္ႏွစ္တာ အညံ႔ဆုံး အသင္း မွာ အာဆင္နယ္ အသင္း ေနာက္ခံလူ ေတြ ျဖစ္တဲ့ လက္ခ်္စတုိင္နာ နဲ႔ မူစတာဖီ တုိ႔ ပါ ဝင္ လာ ခဲ့ ပါ တယ္ ။

* ယေန႔ည ျမန္မာ စံေတာ္ခ်ိန္ ၅:၃၀ မွာ ကစားမယ့္ လက္စတာ အသင္း နဲ႔ အာဆင္နယ္ အသင္း ပြဲကုိ အဂၤလန္ ဒုိင္လူၾကီး မုိက္ကယ္ အုိလီဗာ တာဝန္ယူ ကုိင္တြယ္ သြားမွာပါ ။ မုိက္ကယ္ အုိလီဗာ တာဝန္ယူ ကုိင္တြယ္တဲ့ ပရီးမီးယားလိဂ္ အေဝးကြင္း ၁၅ ပြဲမွာ အာဆင္နယ္ အသင္းဟာ ၂ ပြဲသာ အနုိင္ရထားျပီး ၆ ပြဲသေရ ၊ ၇ ပြဲ ရႈံးနိမ့္ ထားပါတယ္ ။

* Mirror Football ရဲ႕ ပင္တုိင္ ေဆာင္ပါးရွင္ တစ္ဦး ျဖစ္တဲ့ ေရာ္ဘီ ဆားေဗ့ဂ်္ န႔ဲ Sky Sports ရဲ႕ ေဘာလုံး ေဝဖန္ သုံးသပ္သူ ေပါလ္မာဆင္တုိ႔ ကေတာ့ ယေန႔ညေနမွာ ကစားမယ့္ ပြဲမွာ လက္စတာ စီးတီး အသင္းဟာ အာဆင္နယ္ အသင္းကုိ ႏွစ္ဂုိး တစ္ဂုိး နဲ႔ အနုိင္ ရသြားမယ္လုိ႔ ခန္႔မွန္း သြားခဲ့ပါတယ္ ။ မုိက္ကယ္ အုိဝင္ ကေတာ့ တစ္ဖက္ ႏွစ္ဂုိးစီ သေရ က်သြားလိမ့္မယ္လုိ႔ ခန္႔မွန္း လုိက္ပါတယ္ ။

SPORTS MYANMAR

Unicode

လက်စတာစီးတီး အသင်း နဲ့ ပွဲမတိုင်မှီ အာဆင်နယ် သတင်းတိုများ
=============================

* မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲမှာ အာဆင်နယ် ယူ-၁၈ အသင်းဟာ ဖူလ်ဟမ် ယူ-၁၈ အသင်းကို သုံးဂိုး ဂိုး မရှိနဲ့ အနိုင် ရသွားခဲ့ပြီး ပရီးမီးယားလိဂ် ယူ-၁၈ ( တောင်ပိုင်း ) ချန်ပီယံဆုကြီးကို သိမ်းပိုက် သွားနိုင်ခဲ့ပါတယ် ။ အာဆင်နယ် ယူ-၁၈ အသင်းအတွက် သွင်းဂိုးတွေကိုတော့ ဒါလေကမ်းဘဲလ် ၊ ဘာလိုဂန် ၊ ထရေး ကွိုင်လီ တို့က သွင်းယူ ပေးခဲ့တာပါ ။ အာဆင်နယ် ယူ-၁၈ အသင်းဟာ ၂၂ ပွဲကစားရာမှာ ပွဲ ၂၀ အထိ အနိုင် ရခဲ့ပြီး သွင်းဂိုး ၈၆ ဂိုး ၊ ပေးဂိုး ၂၃ ဂိုး နဲ့ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ရရှိ သွားတာလည်း ဖြစ်ပါတယ် ။

* အာဆင်နယ် အမျိုးသမီး အသင်းဟာလည်း ယနေ့ည မြန်မာစံတော်ချိန် ၅ နာရီ ၄၅ မိနစ်မှာ ကစားမယ့် ဘရိုက်တန် အမျိုးသမီး အသင်း နဲ့ ပွဲမှာ သရေ ( သို့မဟုတ် ) အနိုင် ကစားနိုင်ပါက အက်ဖ်အေ အမျိုးသမီး စူပါလိဂ် ချန်ပီယံဆုကြီးကို သုံးကြိမ်မြောက် ဆွတ်ခူး ရရှိပြီး အအောင်မြင်ဆုံး အသင်း ဖြစ်လာတော့မှာပါ ။

* သောကြာနေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲစဉ်မှာ အာဆင်နယ် ယူ-၂၃ အသင်းဟာ လက်စတာ ယူ-၂၃ အသင်းကို သုံးဂိုး ဂိုး မရှိနဲ့ အနိုင် ရရှိ သွားခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည် နိုင်ခဲ့ပါတယ် ။ အာဆင်နယ် ယူ-၂၃ အသင်းအတွက် ဂိုးတွေကု်ိတော့ ဂယ်မား ၊ တိုင်ရီဂျွန်ဂျုးစ် ၊ ဆာကာ တို့က သွင်းယူ ပေးခဲ့တာပါ ။

* အင်္ဂလန် အမျိုးသမီး စူပါလိဂ်ရဲ့ PFA တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ အာဆင်နယ် အမျိုးသမီး အသင်းမှ ကွင်းလယ် တိုက်စစ် ကစားသမား ကင်လစ်တယ် ၊ လီယာ ဝဲလ်တီ နဲ့ တိုက်စစ်မှူး မီဒမ်မာ တို့ ပါ ဝင် လာ ခဲ့ ပါ တယ် ။

* မနေ့ညက ပြင်သစ် ဖလား ဗိုလ်လုပွဲမှာ ပင်နယ်တီ လွဲချော် ခဲ့တဲ့ ကွင်းလယ်လူ အန်ကန်ကူ ကို အာဆင်နယ် အသင်းထံ ရောင်းထုတ်ဖို့ ပီအက်စ်ဂျီ အသင်း ပရိသတ်တွေက တောင်းဆို နေကြပါတယ် ။ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက အန်ကန်ကူ ကို ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ဖူးပါတယ် ။

* အာဆင်နယ် အသင်း ဟာ ရာသီကုန်ရင် စာချုပ် သက်တမ်း ကုန်ဆုံး တော့မယ့် တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘက် ကို စာချုပ်သစ် အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း Mirror သတင်းစာ က ဖော်ပြ လိုက် ပါ တယ် ။

* အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ က ရာသီကုန်ရင် ဂျုဗင်တပ်စ် အသင်းကို ပြောင်းရွှေ့ တော့မယ့် ကွင်းလယ်လူ ရမ်ဆေး နေရာ အစားထိုးဖို့ အကယ်ဒမီ အသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ လူငယ် ကစားသမားလေးတွေ ရှိနေကြောင်း နဲ့ အခြား အသင်းက ကစားသမား တစ်ဦးနဲ့လည်း အစားထိုးသွားဖွယ် ရှိကြောင်း ပြောကြား လိုက်ပါတယ် ။

* အာဆင်နယ် အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွေ့ မှာ အားနည်း နေတဲ့ ခံစစ်ပိုင်းကို ပြင်ဆင်ဖို့ အတွက် ဘက်ဆစ်တပ် အသင်း ရဲ့ ခရိုအေရှား နောက်ခံလူ ဗီဒါ ကို ခေါ်ယူဖို့ ပစ်မှတ် ထား နေ တယ် လို့ The Sun က ဖော်ပြလိုက်ပါတယ် ။

* ပရီးမီးယားလိဂ် ရဲ့ ၂၀၁၈-၂၀၁၉ ခုနှစ် အတွက် တစ်နှစ်တာ အညံ့ဆုံး အသင်း မှာ အာဆင်နယ် အသင်း နောက်ခံလူ တွေ ဖြစ်တဲ့ လက်ချ်စတိုင်နာ နဲ့ မူစတာဖီ တို့ ပါ ဝင် လာ ခဲ့ ပါ တယ် ။

* ယနေ့ည မြန်မာ စံတော်ချိန် ၅:၃၀ မှာ ကစားမယ့် လက်စတာ အသင်း နဲ့ အာဆင်နယ် အသင်း ပွဲကို အင်္ဂလန် ဒိုင်လူကြီး မိုက်ကယ် အိုလီဗာ တာဝန်ယူ ကိုင်တွယ် သွားမှာပါ ။ မိုက်ကယ် အိုလီဗာ တာဝန်ယူ ကိုင်တွယ်တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ၁၅ ပွဲမှာ အာဆင်နယ် အသင်းဟာ ၂ ပွဲသာ အနိုင်ရထားပြီး ၆ ပွဲသရေ ၊ ရ ပွဲ ရှုံးနိမ့် ထားပါတယ် ။

* Mirror Football ရဲ့ ပင်တိုင် ဆောင်ပါးရှင် တစ်ဦး ဖြစ်တဲ့ ရော်ဘီ ဆားဗေ့ဂျ် နဲ့ Sky Sports ရဲ့ ဘောလုံး ဝေဖန် သုံးသပ်သူ ပေါလ်မာဆင်တို့ ကတော့ ယနေ့ညနေမှာ ကစားမယ့် ပွဲမှာ လက်စတာ စီးတီး အသင်းဟာ အာဆင်နယ် အသင်းကို နှစ်ဂိုး တစ်ဂိုး နဲ့ အနိုင် ရသွားမယ်လို့ ခန့်မှန်း သွားခဲ့ပါတယ် ။ မိုက်ကယ် အိုဝင် ကတော့ တစ်ဖက် နှစ်ဂိုးစီ သရေ ကျသွားလိမ့်မယ်လို့ ခန့်မှန်း လိုက်ပါတယ် ။

SPORTS MYANMAR