မေန႔ည က ကစားခဲ့တဲ့ ပြဲစဥ္မွာ စပါး အသင္းဟာ မေမွ်ာ္လင့္ပဲ အိမ္ကြင္းမွာ ၀က္စ္ဟမ္း အသင္းကို ရႈံးနိမ့္ သြားခဲ့ျပီးေနာက္ ၊ ဒီရာသီ ပရီးမီးယားလိဂ္ ျပိဳင္ပြဲဟာ ခ်န္ပီယံ တုိက္ပြဲ အတြက္သာ မက ၊ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ေနရာ ေတြအတြက္ပါ ျပိဳင္ဆိုင္မႈေတြ ျပင္းထန္လာခဲ့ပါတယ္။

ခ်န္ပီယံ တိုက္ပြဲမွာေတာ့ လီဗာပူး အသင္းဟာ ဟတ္ဒါဖီးလ္ကို အႏိုင္ကစားျပီး ၊ အမွတ္ေပးဇယားကို ျပန္လည္ ဦးေဆာင္လိုက္တာေၾကာင့္ ၊ မန္စီးတီး အေနနဲ႔ ဒီညမွာ ကစားမယ့္ ဘန္ေလနဲ႔ ပြဲစဥ္မွာ မျဖစ္မေန အႏိုင္ကစားဖို႔ လိုအပ္ေနပါတယ္။

ဘန္ေလ တိုက္စစ္မႈး ဂ်ိဳနသန္ ေ၀ၚကာ ကေတာ့ ဒီပြဲမတိုင္မီ လီဗာပူး ပရိသတ္ေတြကို သူ႔ရဲ႕ တြစ္တာ ကေန တဆင့္ စေနာက္ထားခဲ့ျပီး ၊ သူတို႔ တိုက္စစ္မွဳး အက္ရွ္ေလ ဘန္း သာ အႏုိင္ဂိုး သြင္းယူခဲ့ပါက လီဗာပူး အေနနဲ႔ 3 ႏွစ္ စာခ်ဳပ္ နဲ႔ ေခၚရလိမ့္မယ္လို႔ ေျပာဆုိသြားခဲ့တာပါ။

” လီဗာပူး ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ျဖည့္ဆည္းေပးမယ့္ တစ္ဦးတည္းေသာ သူက က်ေနာ္တို႔ တိုက္စစ္မႈး အက္ရွ္ေလ ဘန္း ပါ။ သူ သာ ဒီညပြဲမွာ အႏိုင္ဂိုး သြင္းယူမယ္ ဆိုရင္ 3 ႏွစ္ စာခ်ဳပ္ ကမ္းလွမ္းမွာ မို႔လား …ယာဂန္ေရ…” လို႔ Twitter ကေန တဆင့္ စေနာက္သြားခ့ဲတာ ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ ၀င္ခြင့္ေနရာ အတြက္ေတာ့ အဆင့္ 3-6 ေနရာမွာ ရွိတဲ့အသင္း တိုင္းဟာ လက္က်န္ ၀င္ခြင့္ တစ္ေနရာ အတြက္ ေမွ်ာ္လင့္လို႔ ရေနဆဲ ျဖစ္ျပီး ၊ လက္က်န္ ၀င္ခြင့္ 2 ေနရာ အတြက္ အျပင္းအထန္ တိုက္ပြဲ ၀င္ၾကဖြယ္ ရွိေနပါတယ္။ ခါတိုင္း ႏွစ္ေတြမွာေတာ့ ဒီလို အခ်ိန္မ်ိဳးမွာ အသင္းၾကီးတိုင္းဟာ ႏိုင္ပြဲကိုယ္စီ နဲ႔ အျပန္အလွန္ ဖိိအားေပး ကစားၾကတာ ျဖစ္ေပမယ့္ ဒီႏွစ္မွာေတာ့ သူ႔ထက္ ငါ အျပိဳင္ ေျခေခ်ာ္ရင္း နဲ႔ပဲ စိတ္လႈပ္ရွား စရာေတြ ျဖစ္ေပၚလာခဲ့တာ ျဖစ္ပါတယ္။

လက္စတာ အသင္းကေတာ့ လက္က်န္ 3 ပြဲ ကစားဖို႔ က်န္ရွိေနခ်ိန္မွာ ၊ ဒီရာသီ ပရီးမီးယားလိဂ္ ျပိဳင္ပြဲကို အဆံုးအျဖတ္ ေပးႏိုင္တဲ့ ပြဲစဥ္ေတြခ်ည္းပဲ ျဖစ္ေနတာ အံ့အားသင့္စရာ ျမင္ေတြ႔ရမွာပါ။ သူတို႔ဟာ ဒီကေန႔ ညေနမွာ အာဆင္နယ္ အသင္းကို လက္ခံ ကစားရမွာျဖစ္ျပီး ၊ အဲဒီေနာက္ မန္စီးတီး အသင္းနဲ႔ အေ၀းကြင္း ပြဲစဥ္ ကစားမွာ ျဖစ္ကာ ၊ ရာသီ အပိတ္ပြဲစဥ္ကုိေတာ့ ခ်ဲဆီး နဲ႔ ကစားမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ သူတို႔ ရဲ႕ ပြဲစဥ္ေတြကပဲ ပရီးမီးယားလိဂ္ ခ်န္ပီယံဆု နဲ႔ ခ်န္ပီယံလိဂ္ ၀င္ခြင့္ေနရာ အတြက္ပါ အဆံုးအျဖတ္ ေပးလာဖြယ္ ရွိေနတယ္လို႔ ဆိုရမွာပါ။

လက္ရွိ အေနအထား အရေတာ့ သူတို႔အသင္းဟာ တန္းဆင္းဖို႔ အႏၱရာယ္လဲ စိုးရိမ္စရာ မရွိသလို ၊ ဥေရာပ ၀င္ခြင့္ အတြက္လဲ ေမွ်ာ္လင့္ခ်က္ နည္းနည္းသာ က်န္ေတာ့သာမို႔ အဲဒီ ပြဲက်ပ္ေတြကို ခြန္အားျပည့္နဲ႔ ကစားသြားမယ္လို႔ေတာ့ ေကာက္ခ်က္ခ်ထားလို႔ မရပါဘူး။ အကယ္လို႔ မန္စီးတီးသာ အက္ဖ္ေအ ဖလား ဗိုလ္စြဲခဲ့မယ္ ဆိုရင္ အဆင့္ 7 ေနရာက အသင္းဟာ ယူရိုပါလိဂ္ ၀င္ခြင့္ ေမွ်ာ္လင့္ခ်က္ ရွိေနတာေၾကာင့္ ၊ လက္စတာဟာ အဲဒီ ေမွ်ာ္လင့္ခ်က္ အတြက္ ျပင္ဆင္လာမယ္ ဆိုရင္ေတာ့ ဒီညေန ကစားမယ့္ အာဆင္နယ္ နဲ႔ ပြဲဟာ အၾကိတ္အနယ္ ျဖစ္လာဦးမွာ ေသခ်ာပါတယ္။

ဒါ့အျပင္ အာဆင္နယ္ ရဲ႕ အေ၀းကြင္း ညံ့လြန္းတဲ့ ေျခစြမ္းေတြကလဲ သူတို႔ အတြက္ ေမွ်ာ္လင့္ခ်က္ေတြ ေပးသလို ျဖစ္ေစဦးမွာပါ။ သို႔ေသာ္ တစ္ဖက္မွာလဲ ယူႏိုက္တက္ နဲ႔ ခ်ဲဆီး တို႔ က ထိပ္တိုက္ေတြ႔ ေနတာေၾကာင့္ ၊ အာဆင္နယ္ဟာ ဒီပြဲကေန အမွတ္ ဆံုးရႈံးခံလုိ႔ မရတဲ့ ဖိအားမ်ိဳး ရွိေနတာ ေသခ်ာပါတယ္။

ဒါေၾကာင့္ လက္က်န္ပြဲစဥ္ေတြမွာ လက္စတာဟာ ပရီးမီးယားလိဂ္ ရဲ႕ ဒီရာသီ ျပိဳင္ပြဲၾကီးကို ဘယ္ေလာက္အထိ အဆံုးအျဖတ္ ေပးသြားမလဲ ဆိုတာ ေစာင့္ၾကည့္လုိက္ၾကရေအာင္ဗ်ာ………

Unicode

ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို အဆုံးအဖြတ် ပေးလာဖွယ် ရှိတဲ့ လက်စတာ
**************************************************

မနေ့ည က ကစားခဲ့တဲ့ ပွဲစဉ်မှာ စပါး အသင်းဟာ မမျှော်လင့်ပဲ အိမ်ကွင်းမှာ ၀က်စ်ဟမ်း အသင်းကို ရှုံးနိမ့် သွားခဲ့ပြီးနောက် ၊ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ချန်ပီယံ တိုက်ပွဲ အတွက်သာ မက ၊ ချန်ပီယံလိဂ် ၀င်ခွင့် နေရာ တွေအတွက်ပါ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာခဲ့ပါတယ်။

ချန်ပီယံ တိုက်ပွဲမှာတော့ လီဗာပူး အသင်းဟာ ဟတ်ဒါဖီးလ်ကို အနိုင်ကစားပြီး ၊ အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်လိုက်တာကြောင့် ၊ မန်စီးတီး အနေနဲ့ ဒီညမှာ ကစားမယ့် ဘန်လေနဲ့ ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပါတယ်။

ဘန်လေ တိုက်စစ်မှုး ဂျိုနသန် ဝေါ်ကာ ကတော့ ဒီပွဲမတိုင်မီ လီဗာပူး ပရိသတ်တွေကို သူ့ရဲ့ တွစ်တာ ကနေ တဆင့် စနောက်ထားခဲ့ပြီး ၊ သူတို့ တိုက်စစ်မှုး အက်ရှ်လေ ဘန်း သာ အနိုင်ဂိုး သွင်းယူခဲ့ပါက လီဗာပူး အနေနဲ့ 3 နှစ် စာချုပ် နဲ့ ခေါ်ရလိမ့်မယ်လို့ ပြောဆိုသွားခဲ့တာပါ။

” လီဗာပူး ရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးမယ့် တစ်ဦးတည်းသော သူက ကျနော်တို့ တိုက်စစ်မှုး အက်ရှ်လေ ဘန်း ပါ။ သူ သာ ဒီညပွဲမှာ အနိုင်ဂိုး သွင်းယူမယ် ဆိုရင် 3 နှစ် စာချုပ် ကမ်းလှမ်းမှာ မို့လား …ယာဂန်ရေ…” လို့ Twitter ကနေ တဆင့် စနောက်သွားခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ၀င်ခွင့်နေရာ အတွက်တော့ အဆင့် 3-6 နေရာမှာ ရှိတဲ့အသင်း တိုင်းဟာ လက်ကျန် ၀င်ခွင့် တစ်နေရာ အတွက် မျှော်လင့်လို့ ရနေဆဲ ဖြစ်ပြီး ၊ လက်ကျန် ၀င်ခွင့် 2 နေရာ အတွက် အပြင်းအထန် တိုက်ပွဲ ၀င်ကြဖွယ် ရှိနေပါတယ်။ ခါတိုင်း နှစ်တွေမှာတော့ ဒီလို အချိန်မျိုးမှာ အသင်းကြီးတိုင်းဟာ နိုင်ပွဲကိုယ်စီ နဲ့ အပြန်အလှန် ဖိိအားပေး ကစားကြတာ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ သူ့ထက် ငါ အပြိုင် ခြေချော်ရင်း နဲ့ပဲ စိတ်လှုပ်ရှား စရာတွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

လက်စတာ အသင်းကတော့ လက်ကျန် 3 ပွဲ ကစားဖို့ ကျန်ရှိနေချိန်မှာ ၊ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ ပွဲစဉ်တွေချည်းပဲ ဖြစ်နေတာ အံ့အားသင့်စရာ မြင်တွေ့ရမှာပါ။ သူတို့ဟာ ဒီကနေ့ ညနေမှာ အာဆင်နယ် အသင်းကို လက်ခံ ကစားရမှာဖြစ်ပြီး ၊ အဲဒီနောက် မန်စီးတီး အသင်းနဲ့ အဝေးကွင်း ပွဲစဉ် ကစားမှာ ဖြစ်ကာ ၊ ရာသီ အပိတ်ပွဲစဉ်ကိုတော့ ချဲဆီး နဲ့ ကစားမှာ ဖြစ်ပါတယ်။

ဒါကြောင့် သူတို့ ရဲ့ ပွဲစဉ်တွေကပဲ ပရီးမီးယားလိဂ် ချန်ပီယံဆု နဲ့ ချန်ပီယံလိဂ် ၀င်ခွင့်နေရာ အတွက်ပါ အဆုံးအဖြတ် ပေးလာဖွယ် ရှိနေတယ်လို့ ဆိုရမှာပါ။

လက်ရှိ အနေအထား အရတော့ သူတို့အသင်းဟာ တန်းဆင်းဖို့ အန္တရာယ်လဲ စိုးရိမ်စရာ မရှိသလို ၊ ဥရောပ ၀င်ခွင့် အတွက်လဲ မျှော်လင့်ချက် နည်းနည်းသာ ကျန်တော့သာမို့ အဲဒီ ပွဲကျပ်တွေကို ခွန်အားပြည့်နဲ့ ကစားသွားမယ်လို့တော့ ကောက်ချက်ချထားလို့ မရပါဘူး။ အကယ်လို့ မန်စီးတီးသာ အက်ဖ်အေ ဖလား ဗိုလ်စွဲခဲ့မယ် ဆိုရင် အဆင့် 7 နေရာက အသင်းဟာ ယူရိုပါလိဂ် ၀င်ခွင့် မျှော်လင့်ချက် ရှိနေတာကြောင့် ၊ လက်စတာဟာ အဲဒီ မျှော်လင့်ချက် အတွက် ပြင်ဆင်လာမယ် ဆိုရင်တော့ ဒီညနေ ကစားမယ့် အာဆင်နယ် နဲ့ ပွဲဟာ အကြိတ်အနယ် ဖြစ်လာဦးမှာ သေချာပါတယ်။

ဒါ့အပြင် အာဆင်နယ် ရဲ့ အဝေးကွင်း ညံ့လွန်းတဲ့ ခြေစွမ်းတွေကလဲ သူတို့ အတွက် မျှော်လင့်ချက်တွေ ပေးသလို ဖြစ်စေဦးမှာပါ။ သို့သော် တစ်ဖက်မှာလဲ ယူနိုက်တက် နဲ့ ချဲဆီး တို့ က ထိပ်တိုက်တွေ့ နေတာကြောင့် ၊ အာဆင်နယ်ဟာ ဒီပွဲကနေ အမှတ် ဆုံးရှုံးခံလို့ မရတဲ့ ဖိအားမျိုး ရှိနေတာ သေချာပါတယ်။

ဒါကြောင့် လက်ကျန်ပွဲစဉ်တွေမှာ လက်စတာဟာ ပရီးမီးယားလိဂ် ရဲ့ ဒီရာသီ ပြိုင်ပွဲကြီးကို ဘယ်လောက်အထိ အဆုံးအဖြတ် ပေးသွားမလဲ ဆိုတာ စောင့်ကြည့်လိုက်ကြရအောင်ဗျာ………