အာဆင္နယ္ ကစားသမားေဟာင္းၾကီး မာတင္အီအြန္ နဲ႔ လီဗာပူး ကစားသမားေဟာင္း ေပါ့အင့္စ္ တို႔ဟာ မေန႔က BBC ရဲ႕ အစီအစဥ္မွာ တင္ဆက္ေနရင္း ၊ ဒီရာသီ PFA အေကာင္းဆံုး ကစားသမား ဆု နဲ႔ ပတ္သက္ျပီး အျငင္းအခုန္ျဖစ္ကာ စကားမ်ားခဲ့ၾကပါတယ္။

မာတင္ကီအြန္က လီဗာပူး ေနာက္တန္း ကစားသမား ဗန္ဒိုက္သာ ဒီဆုကို ထိုက္တန္တယ္လို႔ ေျပာဆိုခဲ့သလုိ ၊ ေပါလ္အင့္စ္ ကလဲ စတာလင္ သာ ရသင့္တယ္ ဆိုျပီး ျပန္လည္ ေစာဒက တက္ခဲ့တာပါ။ အေစာပိုင္း သတင္းေတြမွာေတာ့ ဒီဆုအတြက္ လီဗာပူး ခံစစ္မႈး ဗန္ဒိုက္က သိမ္းပိုက္ သြားတယ္လို႔ ေဖာ္ျပထားျပီး ၊ ဒီကေန႔မွာေတာ့ တရား၀င္ ဆုခ်ီးျမွင့္ပြဲကို လန္ဒန္မွာ က်င္းပသြားမွာ ျဖစ္ပါတယ္။

#မာတင္ကီအြန္ – ” က်ေနာ္ ကေတာ့ PFA Player of the Year ဆု အတြက္ ေပါလ္အင့္စ္ ဘယ္လို ကစားသမားမ်ိဳးပဲ ေရြးေရြး ဂရုစိုက္ မေနပါဘူး။ ကိုယ္ေတြလိုပဲ ဒီဆုကို ေနာက္တန္း ကစားသမား တစ္ေယာက္ ရေစခ်င္တာေပါ့။

2004 ခုႏွစ္က တယ္ရီ ဆြတ္ခူးျပီး ကတည္းက ဒီဆုဟာ ေနာက္တန္း ကစားသမားတစ္ေယာက္က ေနာက္ဆံုး အၾကိမ္ ရယူႏိုင္ခဲ့တာေလ။ အခ်ိန္ေတြလဲ ေတာ္ေတာ္ၾကီးကို ၾကာေနခဲ့ ပါျပီ။

ဗန္ဒိုက္ကေတာ့ ခံစစ္မႈးေကာင္း တစ္ေယာက္မွာ ရွိသင့္ ရွိအပ္တဲ့ အရည္အေသြးေတြ အားလံုး ပိုင္ဆိုင္ထားျပီးသားပါ။ ေခါင္းေဆာင္မႈ ၊ ပါးပါးနပ္နပ္ ေနရာယူတတ္မွဳ ၊ တည္ျငိမ္မႈ ၊ ၾကံခိုင္မႈ ပိုင္းေတြမွာလဲ ေျပာစရာ မရွိေအာင္ ျပီးျပည့္စံုလြန္း ပါတယ္။ ဒါေၾကာင့္ ဒီဆုဟာ သူနဲ႔ ထိုက္တန္မႈ အျပည့္ရွိတယ္ဗ်ာ”

#ေပါလ္အင့္စ္ – ” ငါကလဲ မင္းေျပာတာ ဘာဂရုစိုက္ေနရမွာလဲ ၊ မင္းလဲ မင္းထင္တာ ေျပာတာေလ ၊ ငါလဲ ငါျမင္တဲ့ အတိုင္းေျပာမွာေပါ့။

တကယ္ေတာ့ ဒီဆုဟာ စတာလင္ပဲ ရသင့္တာပါ။ ႏွစ္ေယာက္ စလံုးကေတာ့ ဒီရာသီမွာ သူ႔နည္း သူဟန္နဲ႔သူ အေကာင္းဆံုး ေျခစြမ္းေတြ ျပသခဲ့တာ ခ်ည္းပါပဲ။ ဒါေပမယ့္ က်ေနာ္က စတာလင္ ဘက္ကို ပုိျပီး အားသာပါတယ္ ။ သူ႔ရဲ႕ တည္ျငိမ္ ရင့္က်က္လာတဲ့ ေျခစြမ္းေတြ ၊ လူမ်ိဳးေရး ခြဲျခားမႈကို ဦးေဆာင္ တိုက္ဖ်က္ေနတဲ့ လႈပ္ရွားမႈေတြက တကယ္ကို အားက်စရာပါ။

မန္စီးတီး အသင္းရဲ႕ ပြဲၾကီး ပြဲေကာင္းေတြဆိုရင္ စတာလင္ဟာ အဓိက ကစားသမားေနရာကေန အျမဲတမ္း ကစားျပခဲ့တာေလ”

လို႔ ျပန္လည္ ေခ်ပသြားခဲ့ ပါတယ္။

ပရိသတ္ေတြရဲ႕ အျမင္ကေရာ………………..

Unicode

PFA Player of the Year ဆု နဲ့ ပတ်သက်ပြီး ငြင်းခုန်ရင်း ၊ စကားများခဲ့တဲ့ မာတင်ကီအွန် နဲ့ ပေါလ်အင့်စ်
***********************************************************

အာဆင်နယ် ကစားသမားဟောင်းကြီး မာတင်အီအွန် နဲ့ လီဗာပူး ကစားသမားဟောင်း ပေါ့အင့်စ် တို့ဟာ မနေ့က BBC ရဲ့ အစီအစဉ်မှာ တင်ဆက်နေရင်း ၊ ဒီရာသီ PFA အကောင်းဆုံး ကစားသမား ဆု နဲ့ ပတ်သက်ပြီး အငြင်းအခုန်ဖြစ်ကာ စကားများခဲ့ကြပါတယ်။

မာတင်ကီအွန်က လီဗာပူး နောက်တန်း ကစားသမား ဗန်ဒိုက်သာ ဒီဆုကို ထိုက်တန်တယ်လို့ ပြောဆိုခဲ့သလို ၊ ပေါလ်အင့်စ် ကလဲ စတာလင် သာ ရသင့်တယ် ဆိုပြီး ပြန်လည် စောဒက တက်ခဲ့တာပါ။ အစောပိုင်း သတင်းတွေမှာတော့ ဒီဆုအတွက် လီဗာပူး ခံစစ်မှုး ဗန်ဒိုက်က သိမ်းပိုက် သွားတယ်လို့ ဖော်ပြထားပြီး ၊ ဒီကနေ့မှာတော့ တရားဝင် ဆုချီးမြှင့်ပွဲကို လန်ဒန်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

#မာတင်ကီအွန် – ” ကျနော် ကတော့ PFA Player of the Year ဆု အတွက် ပေါလ်အင့်စ် ဘယ်လို ကစားသမားမျိုးပဲ ရွေးရွေး ဂရုစိုက် မနေပါဘူး။ ကိုယ်တွေလိုပဲ ဒီဆုကို နောက်တန်း ကစားသမား တစ်ယောက် ရစေချင်တာပေါ့။

2004 ခုနှစ်က တယ်ရီ ဆွတ်ခူးပြီး ကတည်းက ဒီဆုဟာ နောက်တန်း ကစားသမားတစ်ယောက်က နောက်ဆုံး အကြိမ် ရယူနိုင်ခဲ့တာလေ။ အချိန်တွေလဲ တော်တော်ကြီးကို ကြာနေခဲ့ ပါပြီ။

ဗန်ဒိုက်ကတော့ ခံစစ်မှုးကောင်း တစ်ယောက်မှာ ရှိသင့် ရှိအပ်တဲ့ အရည်အသွေးတွေ အားလုံး ပိုင်ဆိုင်ထားပြီးသားပါ။ ခေါင်းဆောင်မှု ၊ ပါးပါးနပ်နပ် နေရာယူတတ်မှု ၊ တည်ငြိမ်မှု ၊ ကြံခိုင်မှု ပိုင်းတွေမှာလဲ ပြောစရာ မရှိအောင် ပြီးပြည့်စုံလွန်း ပါတယ်။ ဒါကြောင့် ဒီဆုဟာ သူနဲ့ ထိုက်တန်မှု အပြည့်ရှိတယ်ဗျာ”

#ပေါလ်အင့်စ် – ” ငါကလဲ မင်းပြောတာ ဘာဂရုစိုက်နေရမှာလဲ ၊ မင်းလဲ မင်းထင်တာ ပြောတာလေ ၊ ငါလဲ ငါမြင်တဲ့ အတိုင်းပြောမှာပေါ့။

တကယ်တော့ ဒီဆုဟာ စတာလင်ပဲ ရသင့်တာပါ။ နှစ်ယောက် စလုံးကတော့ ဒီရာသီမှာ သူ့နည်း သူဟန်နဲ့သူ အကောင်းဆုံး ခြေစွမ်းတွေ ပြသခဲ့တာ ချည်းပါပဲ။ ဒါပေမယ့် ကျနော်က စတာလင် ဘက်ကို ပိုပြီး အားသာပါတယ် ။ သူ့ရဲ့ တည်ငြိမ် ရင့်ကျက်လာတဲ့ ခြေစွမ်းတွေ ၊ လူမျိုးရေး ခွဲခြားမှုကို ဦးဆောင် တိုက်ဖျက်နေတဲ့ လှုပ်ရှားမှုတွေက တကယ်ကို အားကျစရာပါ။

မန်စီးတီး အသင်းရဲ့ ပွဲကြီး ပွဲကောင်းတွေဆိုရင် စတာလင်ဟာ အဓိက ကစားသမားနေရာကနေ အမြဲတမ်း ကစားပြခဲ့တာလေ”

လို့ ပြန်လည် ချေပသွားခဲ့ ပါတယ်။

ပရိသတ်တွေရဲ့ အမြင်ကရော………………..