မေန့ညက အိုးလ္ ထရပ္ဖုိ့ဒ္ မွာ ယူနုိက္တက္ တို႔ ခ်ဲလ္ဆီး အသင္း ကို ဧည့္ခံ ကစား ခဲ့ျပီး အိမ္ကြင္း မွာ 1 – 1 ဆုိတဲ့ သေရ ရလဒ္ ထြက္ေပၚ ခဲ့ရ ပါတယ္ ။ အဆုိပါ ပြဲစဥ္ မွာေတာ့ ယူနုိက္တက္ အတြက္ အဖြင့္ ဂိုးကုိ ကြင္းလယ္ လူ ဟြမ္ မာတာ က သြင္းယူ ေပးခဲ့ ျပီး ခ်ဲလ္ဆီး အတြက္ ေျခပ ဂိုးကို ေနာက္ခံ လူ မားကို့စ္ အလြန္ဆုိ က ျပန္လည္ သြင္းယူ ေပးနုိင္ ခဲ့ ပါတယ္ ။

အဆုိပါ ပြဲစဥ္ ရဲ့ ပြဲခ်ိန္ 65 မိနစ္ နဲ့ 72 မိနစ္ ေတြမွာ ေတာ့ ယူနုိက္တက္ အသင္း ရဲ့ တုိက္စစ္ မွဴးေလး မားကပ္စ္ ရပ္ရွ္ဖုိ့ နဲ့ ေနာက္ခံ လူ အဲရစ္ ဘိုင္လီ တုိ့ဟာ ဒဏ္ရာ အသီးသီး ရရွိ ခဲ့ၾက တဲ့ အတြက္ အသင္း ေဖာ္ အလကဆစ္ ဆန္းခ်က္ ၊ မားကို့စ္ ရိုဟုိ တုိ့နဲ့ လူစား လဲခံ ခဲ့ၾက ရ ပါတယ္ ။

အခု ၾကားသိ ရတဲ့ သတင္း အရ ယူနိုက္တက္ ေနာက္ခံ လူ အဲရစ္ ဘိုင္လီ ဟာ ဒီ ရာသီ အသင္း ရဲ့ လက္က်န္ ပြဲစဥ္ 2 ပြဲလံုးကို ပါဝင္ ကစား ေပးနုိင္ ေတာ့မွာ မဟုတ္ ေတာ့ဘူး လို့ သိရွိ ရ ပါတယ္ ။

အိုင္ဗရီကို့စ္ လက္ေရြးစင္ ဟာ ယူနုိက္တက္ တုိ့ ခ်န္ပီယံ လိဂ္ 16 သင္း အဆင့္ ဒု အေက်ာ့ မွာ PSG အသင္း ကို နုိင္ပြဲ ရယူ နုိင္ ခဲ့တဲ့ ေနာက္ အသင္း အတြက္ ပါဝင္ ကစား ေပး နုိင္ခဲ့ ျခင္း မရွိ ခဲ့ သူပဲ ျဖစ္ ပါတယ္ ။ သူဟာ ခ်ဲလ္ဆီး နဲ့ ကစား ရတဲ့ ပြဲမွာ သာ ျပန္လည္ ပါဝင္ ကစား ေပးနုိင္ ခဲ့ ပါတယ္ ။

ဒါေပမဲ့ ပြဲခ်ိန္ 72 မိနစ္ မွာ ျပိဳင္ဖက္ အသင္း ရဲ့ ကြင္းလယ္ လူ မတ္တီယို ကိုဗာဆစ္ နဲ့ ခိုက္မိ ခဲ့တဲ့ ဘိုင္လီ ဟာ ဒူး ဒဏ္ရာ ရရွိ သြား ခဲ့ျပီး အသင္း ေဖာ္ ရိုဟို နဲ့ လူစား လဲခံ ခဲ့ရ တာပဲ ျဖစ္ ပါတယ္ ။

ယူနုိက္တက္ နည္းျပ အိုလီ ဂန္နား ဆုိးလ္ရွား ကေတာ့ အသင္း သား ျဖစ္သူ ရဲ့ ဒဏ္ရာ အေနအထား နဲ့ ပတ္သက္ ျပီး ဓါတ္မွန္ ရိုက္ၾကည့္ ဖုိ့ လုိအပ္ ေၾကာင္း ဖြင့္ဟ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ဒါ့အျပင္ ဘိုင္လီ ဟာ ဒီ ရာသီ အသင္း အတြက္ ေနာက္ထပ္ ပါဝင္ ကစား ေပး နုိင္မွာ မဟုတ္ ေတာ့ သလို အိုင္ဗရီကို့စ္ အသင္း အတြက္ အာဖရိက ဖလား ျပိဳင္ပြဲ မွာ ပါဝင္ ေပးနုိင္ ဖုိ့လည္း မေရရာ ေတာ့ဘူး လို့ သိရွိ ရ ပါတယ္ ။

” သူ ( ဘိုင္လီ ) ကို မနက္ျဖန္ ဓါတ္မွန္ ရိုက္ဖုိ့ လိုအပ္ ပါလိမ္မယ္ ။ ဒါေပမဲ့ အဲ့တာ က လူ တစ္ဦး မွာ ျဖစ္ေပၚ နုိင္ေျခ ရွိတဲ့ အဆိုးရြား ဆံုး ဒူး ဒဏ္ရာ လို့ေတာ့ က်ြန္ေတာ္ မထင္ ပါဘူး ”

” သူဟာ ရာသီ ကုန္ အထိ က်ြန္ေတာ္ တုိ့ အသင္း နဲ့ ပူးေပါင္း နုိင္ လိမ့္မယ္ လို့ က်ြန္ေတာ္ မထင္ ေတာ့ ပါဘူး ။ က်ြန္ေတာ္ တုိ့ ေနာက္ ရာသီ မတုိင္မီ သူ့ကို အသင္း မွာ ေတြ့နုိင္ လိမ့္မယ္ လို့ က်ြန္ေတာ္ မထင္ ေတာ့ ပါဘူး ”

” သူဟာ တစ္ကယ့္ စစ္သည္ေတာ္ တစ္ဦး ပါ ။ သူ ဒီေန့ အသင္း အတြက္ တစ္ကယ့္ ကို ေကာင္းမြန္ စြာ ကစား ျပနုိင္ ခဲ့ ပါတယ္ ။ သူဟာ တည္တည္ျငိမ္ျငိမ္ ကစား ျပနုိင္ ခဲ့တယ္ ။ သူ ကြင္းထဲ က ထြက္ခြာ လာခဲ့ ရတာ ကေတာ့ တစ္ကယ့္ ကို ကံ မေကာင္း ခဲ့လို့ ပါပဲ ” လို့ ဆုိးလ္ရွား က ဖြင့္ဟ သြားခဲ့ လိုက္ ပါတယ္ ။

အဆုိပါ ပြဲစဥ္ မွာ ယူနုိက္တက္ တုိက္စစ္ မွဴးေလး မားကပ္စ္ ရပ္ရွ္ဖုိ့ ဟာလည္း ပြဲခ်ိန္ 65 မိနစ္ မွာ အသင္း ေဖာ္ ဆန္းခ်က္ နဲ့ လူစား လဲခံ ခဲ့ရ ပါတယ္ ။ ရပ္ရွ္ဖုိ့ ဟာ ကြင္း အတြင္း မွာ ပခံုး ဒဏ္ရာ ရရွိ သြားခဲ့ တဲ့ အတြက္ လူစား လဲခံ ခဲ့ရ တာပဲ ျဖစ္ ပါတယ္ ။

ယူနုိက္တက္ နည္းျပ ကေတာ့ အဂၤလန္ လက္ေရြးစင္ ဟာ ေနာက္ တစ္ပါတ္ ဟတ္ဒါဖီးလ္ အသင္း နဲ့ ကစား ရမဲ့ ပြဲစဥ္ မွာ ပါဝင္ နုိင္ဖုိ့ သံသယ ျဖစ္နုိင္ ဖြယ္ အေနအထား မွာ ရွိေန တယ္လို့ ဝန္ခံ သြားခဲ့ လိုက္ ပါတယ္ ။

” ရပ္ရွီ ဟာ ပခံုး ဒဏ္ရာ ရရွိ ခဲ့တဲ့ အတြက္ ရုန္းကန္ ခဲ့ရ ပါတယ္ ။ သူဟာ ပြဲျပီး ဖုိ့ နာရီဝက္ ေလာက္ အလို မွာ ထြက္ခြာ လာခဲ့ ရ ပါတယ္ ။ သူ ဆက္ျပီး ကစား ေပး သြားဖုိ့ အဆင္ မေျပ နုိင္ခဲ့ ဘူးေလ ။ ေနာက္ တစ္ပြဲ အတြက္ သူ ပါဝင္ ဖုိ့ သိပ္ မေသခ်ာ လွ ပါဘူး ” လို့ ဆုိးလ္ရွား က ဖြင့္ဟ သြားခဲ့ ပါတယ္ ။

#Sports_Myanmar

Unicode

ရပ်ရှ်ဖို့နဲ့ ဘိုင်လီတို့ရဲ့ ဒဏ်ရာ ပြသနာ အကြောင်း ပြောကြား သွားတဲ့ #ဆိုးလ်ရှား

===================

မနေ့ညက အိုးလ် ထရပ်ဖို့ဒ် မှာ ယူနိုက်တက် တို့ ချဲလ်ဆီး အသင်း ကို ဧည့်ခံ ကစား ခဲ့ပြီး အိမ်ကွင်း မှာ 1 – 1 ဆိုတဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့ရ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အတွက် အဖွင့် ဂိုးကို ကွင်းလယ် လူ ဟွမ် မာတာ က သွင်းယူ ပေးခဲ့ ပြီး ချဲလ်ဆီး အတွက် ခြေပ ဂိုးကို နောက်ခံ လူ မားကို့စ် အလွန်ဆို က ပြန်လည် သွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် ရဲ့ ပွဲချိန် 65 မိနစ် နဲ့ 72 မိနစ် တွေမှာ တော့ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် မှူးလေး မားကပ်စ် ရပ်ရှ်ဖို့ နဲ့ နောက်ခံ လူ အဲရစ် ဘိုင်လီ တို့ဟာ ဒဏ်ရာ အသီးသီး ရရှိ ခဲ့ကြ တဲ့ အတွက် အသင်း ဖော် အလကဆစ် ဆန်းချက် ၊ မားကို့စ် ရိုဟို တို့နဲ့ လူစား လဲခံ ခဲ့ကြ ရ ပါတယ် ။

အခု ကြားသိ ရတဲ့ သတင်း အရ ယူနိုက်တက် နောက်ခံ လူ အဲရစ် ဘိုင်လီ ဟာ ဒီ ရာသီ အသင်း ရဲ့ လက်ကျန် ပွဲစဉ် 2 ပွဲလုံးကို ပါဝင် ကစား ပေးနိုင် တော့မှာ မဟုတ် တော့ဘူး လို့ သိရှိ ရ ပါတယ် ။

အိုင်ဗရီကို့စ် လက်ရွေးစင် ဟာ ယူနိုက်တက် တို့ ချန်ပီယံ လိဂ် 16 သင်း အဆင့် ဒု အကျော့ မှာ PSG အသင်း ကို နိုင်ပွဲ ရယူ နိုင် ခဲ့တဲ့ နောက် အသင်း အတွက် ပါဝင် ကစား ပေး နိုင်ခဲ့ ခြင်း မရှိ ခဲ့ သူပဲ ဖြစ် ပါတယ် ။ သူဟာ ချဲလ်ဆီး နဲ့ ကစား ရတဲ့ ပွဲမှာ သာ ပြန်လည် ပါဝင် ကစား ပေးနိုင် ခဲ့ ပါတယ် ။

ဒါပေမဲ့ ပွဲချိန် 72 မိနစ် မှာ ပြိုင်ဖက် အသင်း ရဲ့ ကွင်းလယ် လူ မတ်တီယို ကိုဗာဆစ် နဲ့ ခိုက်မိ ခဲ့တဲ့ ဘိုင်လီ ဟာ ဒူး ဒဏ်ရာ ရရှိ သွား ခဲ့ပြီး အသင်း ဖော် ရိုဟို နဲ့ လူစား လဲခံ ခဲ့ရ တာပဲ ဖြစ် ပါတယ် ။

ယူနိုက်တက် နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှား ကတော့ အသင်း သား ဖြစ်သူ ရဲ့ ဒဏ်ရာ အနေအထား နဲ့ ပတ်သက် ပြီး ဓါတ်မှန် ရိုက်ကြည့် ဖို့ လိုအပ် ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် ဘိုင်လီ ဟာ ဒီ ရာသီ အသင်း အတွက် နောက်ထပ် ပါဝင် ကစား ပေး နိုင်မှာ မဟုတ် တော့ သလို အိုင်ဗရီကို့စ် အသင်း အတွက် အာဖရိက ဖလား ပြိုင်ပွဲ မှာ ပါဝင် ပေးနိုင် ဖို့လည်း မရေရာ တော့ဘူး လို့ သိရှိ ရ ပါတယ် ။

” သူ ( ဘိုင်လီ ) ကို မနက်ဖြန် ဓါတ်မှန် ရိုက်ဖို့ လိုအပ် ပါလိမ်မယ် ။ ဒါပေမဲ့ အဲ့တာ က လူ တစ်ဦး မှာ ဖြစ်ပေါ် နိုင်ခြေ ရှိတဲ့ အဆိုးရွား ဆုံး ဒူး ဒဏ်ရာ လို့တော့ ကျွန်တော် မထင် ပါဘူး ”

” သူဟာ ရာသီ ကုန် အထိ ကျွန်တော် တို့ အသင်း နဲ့ ပူးပေါင်း နိုင် လိမ့်မယ် လို့ ကျွန်တော် မထင် တော့ ပါဘူး ။ ကျွန်တော် တို့ နောက် ရာသီ မတိုင်မီ သူ့ကို အသင်း မှာ တွေ့နိုင် လိမ့်မယ် လို့ ကျွန်တော် မထင် တော့ ပါဘူး ”

” သူဟာ တစ်ကယ့် စစ်သည်တော် တစ်ဦး ပါ ။ သူ ဒီနေ့ အသင်း အတွက် တစ်ကယ့် ကို ကောင်းမွန် စွာ ကစား ပြနိုင် ခဲ့ ပါတယ် ။ သူဟာ တည်တည်ငြိမ်ငြိမ် ကစား ပြနိုင် ခဲ့တယ် ။ သူ ကွင်းထဲ က ထွက်ခွာ လာခဲ့ ရတာ ကတော့ တစ်ကယ့် ကို ကံ မကောင်း ခဲ့လို့ ပါပဲ ” လို့ ဆိုးလ်ရှား က ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ ယူနိုက်တက် တိုက်စစ် မှူးလေး မားကပ်စ် ရပ်ရှ်ဖို့ ဟာလည်း ပွဲချိန် 65 မိနစ် မှာ အသင်း ဖော် ဆန်းချက် နဲ့ လူစား လဲခံ ခဲ့ရ ပါတယ် ။ ရပ်ရှ်ဖို့ ဟာ ကွင်း အတွင်း မှာ ပခုံး ဒဏ်ရာ ရရှိ သွားခဲ့ တဲ့ အတွက် လူစား လဲခံ ခဲ့ရ တာပဲ ဖြစ် ပါတယ် ။

ယူနိုက်တက် နည်းပြ ကတော့ အင်္ဂလန် လက်ရွေးစင် ဟာ နောက် တစ်ပါတ် ဟတ်ဒါဖီးလ် အသင်း နဲ့ ကစား ရမဲ့ ပွဲစဉ် မှာ ပါဝင် နိုင်ဖို့ သံသယ ဖြစ်နိုင် ဖွယ် အနေအထား မှာ ရှိနေ တယ်လို့ ဝန်ခံ သွားခဲ့ လိုက် ပါတယ် ။

” ရပ်ရှီ ဟာ ပခုံး ဒဏ်ရာ ရရှိ ခဲ့တဲ့ အတွက် ရုန်းကန် ခဲ့ရ ပါတယ် ။ သူဟာ ပွဲပြီး ဖို့ နာရီဝက် လောက် အလို မှာ ထွက်ခွာ လာခဲ့ ရ ပါတယ် ။ သူ ဆက်ပြီး ကစား ပေး သွားဖို့ အဆင် မပြေ နိုင်ခဲ့ ဘူးလေ ။ နောက် တစ်ပွဲ အတွက် သူ ပါဝင် ဖို့ သိပ် မသေချာ လှ ပါဘူး ” လို့ ဆိုးလ်ရှား က ဖွင့်ဟ သွားခဲ့ ပါတယ် ။

#Sports_Myanmar