ယေန႔ နံနက္ အေစာပိုင္း မွာ ကစားသြား ခဲ႔တဲ႔ လာလီဂါ ပြဲစဥ္ မွာ ဗယ္လက္ကာႏို အသင္းက အမ္ဘာဘာ ရဲ႕ တလံုးေသာပင္နယ္တီဂိုးနဲ႕ ရီးရဲလ္ အသင္းကို အႏိုင္ရခ႔ဲပါတယ္။ဒီရွံဳး ပြဲဟာ ဘာေနဗ်ဴးကို ဇီဒန္းျပန္ေရာက္ လာအျပီး ဒုတိယေျမာက္ ရွံုး ပဲြလည္းျဖစ္ပါတယ္။ဒီပြဲ ရလဒ္ေျကာင့္ အဆင့္ ၂ ေနရာကျမိဳ႔ခံျပိဳင္ဘက္ ေအတီကို အသင္းနဲ႔ ၉ မွတ္အထိ ကြာဟသြားခဲ႔ရပါတယ္။

ဇီဒန္းကေတာ့ သူ႔အသင္းသားေတြဟာ အလံုးစံု ဆိုးဆိုးရြားရြား ကစားသြားခဲ႔ျက ျပီး ဘာတခုမွ လုပ္ျကႏိုင္ ျခင္း မရွိခဲ႔ဘူး လို႔ ေပါက္ကြဲေျပာ ဆိုသြား ခဲ႔ပါတယ္။ပြဲအျပီး အင္တာဗ်ဴး တခုမွာဇီဒန္းက – – – ” က်ြန္ေတာ္တို႔ အသင္းဟာ ဘာမွကို မလုပ္ႏိုင္ခဲ႔ပါဘူး။ဘယ္လို အဆင့္အတန္း မ်ိဳး မွာမွ ဘာတခုမွ မလုပ္ႏိုင္ခဲ႔တာျဖစ္္ပါတယ္။တခါတေလ မွာ ဂိုးမသြင္းႏိုင္တာမ်ိဳး ရွိတတ္ေပမယ့္ ဒီေန႔ပြဲမွာေတာ့ဘာဆိုဘာမွကို မလုပ္ႏိုင္ခဲ႔တာျဖစ္ပါတယ္။

ျကည့္ရတာ တကယ္ဆိုး လို႔ က်ြန္ေတာ္ စိတ္ဆိုး ေဒါသထြက္မိပါတယ္။ဒါေပမယ့္ ဒီပြဲ နဲ႔႔ ပတ္သက္ျပီး က်ြန္ေတာ္ အလံုးစံု တာဝန္ယူသြားမွာျဖစ္ပါတယ္ “လို႔ေျပာသြားခဲ႔ပါတယ္။ကစားသမား ေတြရဲ႕ ကုိယ္ရည္ကိုယ္ေသြးနဲ႕ စိတ္ဓာတ္ပိုင္းအေပၚ ဇီဒန္းက – – – ” ဒီပြဲအေပၚ စိတ္ေနသေဘာထားေကာ ၊ ကစားပံုပါ အားလံုး ဆိုးရြား ခဲ႔ပါတယ္။ကစားသမား ေတြ ဟာ ဘာတခုမွ ေပးဆပ္ သြားတာမရွိခဲ႔ပါဘူး။

ေဘာလံုး ယွဥ္ လုတာေတြ၊ ေျပးလႊား မွဳေတြ နဲ႔ အျခားအရာအားလံုး မွာ ဘာတခုမွ ေပးဆပ္ျကိုးစားကစားခဲ႔တာမရွိပါဘူး။ဗယ္လက္ကာႏို အသင္းကေတာ့ျကိုးစားသြားခဲ႔ျကပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။ျပီးခဲ႔တဲ႔ ပြဲေတြမွာကစားသမားေတြရဲ႕ အမွားေတြကို ကာကြယ္ဖံုးဖိေပးတတ္တဲ႔ ဇီဒန္းက ဒီေန႕မွာေတာ့ လက္ညွိဳးထိုး အျပစ္တင္သြားခဲ႔ပါတယ္။

ဇီဒန္းကဆက္လက္ျပီး – – – ” က်ြန္ေတာ္ဟာ ကစားသမား ေတြ ကို အျမဲတမ္း အကာအကြယ္ေပးေလ့ရွိပါတယ္။ဒါေပမယ့္ ဒီေန႔ေတာ့ မရေတာ့ပါဘူး။က်ြန္ေတာ္တို႔ အသင္း ဟာဒီေန႔ ပြဲလို ကစားလို႔ မျဖစ္ႏိင္ပါဘူး။ဒီအတြက္ က်ြန္ေတာ္ကုိယ္တိုင္လည္း တာဝန္ယူသြားမွာျဖစ္ပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

ဂါရတ္ေဘးလ္ ရဲ႕ေျခစြမ္းနဲ႔ပတ္သက္ျပီးေမးျမန္းရာမွာေတာ့ ဇီဒန္းက- – – ” ဒီပြဲကို ေဘးလ္ အာရံုစုိက္ကစားသြားလားဆိုတာ က်ြန္ေတာ္ မသိပါဘူး။သူ႔ကို ပဲ ခင္ဗ်ားတို႔ သြားေမးရပါလိမ့္မယ္ ” လို႔ေျပာခ႕ဲပါတယ္။ေနာက္ဆံုးရရွိထားခဲ႔တဲ႔၈ ဂိုး လံုးကို သြင္းယူထားႏိုင္ခဲ႔တဲ႕ တိုက္စစ္မွဴး ဘန္ဇီမာ မပါဝင္ႏိုင္တဲ႔ အခုပဲြမွာ ရီးရဲလ္ အသင္းတိုက္စစ္ ကဂိုးေပါက္ ေပ်ာက္ခဲ႔ရတာလည္းျဖစ္ပါတယ္။

Unicode

ဗယ်လက်ကာနိုနဲ့ပွဲမှာ ဘေးလ်အာရုံစိုက်ကစားခဲ့ခြင်းရှိမရှိကာယကံရှင်ကို သွားမေးဖို့ ဇီဒန်းပြောဆို
==============================

ယနေ့ နံနက် အစောပိုင်း မှာ ကစားသွား ခဲ့တဲ့ လာလီဂါ ပွဲစဉ် မှာ ဗယ်လက်ကာနို အသင်းက အမ်ဘာဘာ ရဲ့ တလုံးသောပင်နယ်တီဂိုးနဲ့ ရီးရဲလ် အသင်းကို အနိုင်ရခဲ့ပါတယ်။ဒီရှုံး ပွဲဟာ ဘာနေဗျူးကို ဇီဒန်းပြန်ရောက် လာအပြီး ဒုတိယမြောက် ရှံုး ပွဲလည်းဖြစ်ပါတယ်။ဒီပွဲ ရလဒ်ကြောင့် အဆင့် ၂ နေရာကမြို့ခံပြိုင်ဘက် အေတီကို အသင်းနဲ့ ၉ မှတ်အထိ ကွာဟသွားခဲ့ရပါတယ်။

ဇီဒန်းကတော့ သူ့အသင်းသားတွေဟာ အလုံးစုံ ဆိုးဆိုးရွားရွား ကစားသွားခဲ့ကြ ပြီး ဘာတခုမှ လုပ်ကြနိုင် ခြင်း မရှိခဲ့ဘူး လို့ ပေါက်ကွဲပြော ဆိုသွား ခဲ့ပါတယ်။ပွဲအပြီး အင်တာဗျူး တခုမှာဇီဒန်းက – – – ” ကျွန်တော်တို့ အသင်းဟာ ဘာမှကို မလုပ်နိုင်ခဲ့ပါဘူး။ဘယ်လို အဆင့်အတန်း မျိုး မှာမှ ဘာတခုမှ မလုပ်နိုင်ခဲ့တာဖြစ််ပါတယ်။တခါတလေ မှာ ဂိုးမသွင်းနိုင်တာမျိုး ရှိတတ်ပေမယ့် ဒီနေ့ပွဲမှာတော့ဘာဆိုဘာမှကို မလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ကြည့်ရတာ တကယ်ဆိုး လို့ ကျွန်တော် စိတ်ဆိုး ဒေါသထွက်မိပါတယ်။ဒါပေမယ့် ဒီပွဲ နဲ့့ ပတ်သက်ပြီး ကျွန်တော် အလုံးစုံ တာဝန်ယူသွားမှာဖြစ်ပါတယ် “လို့ပြောသွားခဲ့ပါတယ်။ကစားသမား တွေရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်ဓာတ်ပိုင်းအပေါ် ဇီဒန်းက – – – ” ဒီပွဲအပေါ် စိတ်နေသဘောထားကော ၊ ကစားပုံပါ အားလုံး ဆိုးရွား ခဲ့ပါတယ်။ကစားသမား တွေ ဟာ ဘာတခုမှ ပေးဆပ် သွားတာမရှိခဲ့ပါဘူး။

ဘောလုံး ယှဉ် လုတာတွေ၊ ပြေးလွှား မှုတွေ နဲ့ အခြားအရာအားလုံး မှာ ဘာတခုမှ ပေးဆပ်ကြိုးစားကစားခဲ့တာမရှိပါဘူး။ဗယ်လက်ကာနို အသင်းကတော့ကြိုးစားသွားခဲ့ကြပါတယ် ” လို့ပြောသွားခဲ့ပါတယ်။ပြီးခဲ့တဲ့ ပွဲတွေမှာကစားသမားတွေရဲ့ အမှားတွေကို ကာကွယ်ဖုံးဖိပေးတတ်တဲ့ ဇီဒန်းက ဒီနေ့မှာတော့ လက်ညှိုးထိုး အပြစ်တင်သွားခဲ့ပါတယ်။

ဇီဒန်းကဆက်လက်ပြီး – – – ” ကျွန်တော်ဟာ ကစားသမား တွေ ကို အမြဲတမ်း အကာအကွယ်ပေးလေ့ရှိပါတယ်။ဒါပေမယ့် ဒီနေ့တော့ မရတော့ပါဘူး။ကျွန်တော်တို့ အသင်း ဟာဒီနေ့ ပွဲလို ကစားလို့ မဖြစ်နိင်ပါဘူး။ဒီအတွက် ကျွန်တော်ကိုယ်တိုင်လည်း တာဝန်ယူသွားမှာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

ဂါရတ်ဘေးလ် ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးမေးမြန်းရာမှာတော့ ဇီဒန်းက- – – ” ဒီပွဲကို ဘေးလ် အာရုံစိုက်ကစားသွားလားဆိုတာ ကျွန်တော် မသိပါဘူး။သူ့ကို ပဲ ခင်ဗျားတို့ သွားမေးရပါလိမ့်မယ် ” လို့ပြောခဲ့ပါတယ်။နောက်ဆုံးရရှိထားခဲ့တဲ့၈ ဂိုး လုံးကို သွင်းယူထားနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဘန်ဇီမာ မပါဝင်နိုင်တဲ့ အခုပွဲမှာ ရီးရဲလ် အသင်းတိုက်စစ် ကဂိုးပေါက် ပျောက်ခဲ့ရတာလည်းဖြစ်ပါတယ်။