ဂယ္ရီနဗီး က ယူရီတီလမန္းစ္ ဟာ အာဆင္နယ္ နဲ႕ မန္ခ်က္စတာ ယူႏုိက္တက္ အသင္း တုိ႕ရဲ႕ ေႏြရာသီ ကစားသမား အ၀ယ္ စာရင္းမွာ ထိပ္ဆံုး ကေန ရွိေနသင့္တဲ့ ကစားသမား ျဖစ္တယ္လို႕ ဆုိသြား ပါတယ္။ ဘယ္ဂ်ီယံ လက္ေရြးစင္ ကြင္းလယ္လူ ဟာ ျပီးခဲ့တဲ့ ဇန္န၀ါရီ အေျပာင္းအေရြ႕ ကမွ မိုနာကိုမွ လက္စတာ စီးတီး အသင္းကို အငွား လာေရာက္ ကစား ေနျပီး ပ၇ီးမီးယားလိဂ္ မွာ ေတာက္ပ ေနတာ ျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္ အရြယ္ ကြင္းလယ္လူဟာ မေန႕ညက ဂန္းနား တုိ႕ကို ကင္းပါ၀ါမွာ ၃ – ၀ နဲ႕ အႏုိင္ ရရွိ ခဲ့တဲ့ ပြဲစဥ္မွာလည္း ေနာက္ထပ္ ေျခစြမ္းျပ ကစား ေပးခဲ့ျပီး ျပင္သစ္ ကလပ္ မုိနာကို အသင္း ကေတာ့ ရာသီကုန္ခ်ိန္ ေရာက္တဲ့ အခါ ၎အတြက္ ကမ္းလွမ္း မွဳေတြကို နားစြင့္ သြားဖို႕ အသင့္ ျဖစ္ေန ပါတယ္။ လက္စတာ အသင္း ကေတာ့ တီလမန္းစ္ ကို အျပီးသတ္ ေခၚယူ ႏုိင္ဖို႕ ေမွ်ာ္လင့္ ေနေပမယ့္လည္း ဘယ္ဂ်ီယံ ကြင္းလယ္လူ ရဲ႕ ဒီလို ျမင့္မားတဲ့ စြမ္းေဆာင္ရည္ ေတြေၾကာင့္ ၎ကုိ ေခၚယူဖို႕ စိတ္၀င္စား ေနတဲ့ အသင္းၾကီး ေတြကို ေက်ာ္ဖို႕ မလြယ္ကူ ႏုိင္ပါဘူး။

နဗီး က အာဆင္နယ္ နဲ႕ မန္ခ်က္စတာ ယူႏုိက္တက္ အသင္း တုိ႕အျပင္ ေတာ့တင္ဟမ္ ကလည္း တီလမန္းစ္ကို ေခၚယူဖို႕ ၾကိဳးပမ္း သင့္တယ္လို႕ ယူဆ ေနပါတယ္။

နဗီး က “တီလမန္းစ္ နဲ႕ ပက္သက္ျပီး လက္စတာ အသင္း ၾကံဳေတြ႕ လာရမယ့္ ျပသနာ ကေတာ့ ပရီးမီးယားလိဂ္ Top 6 မွာ ကြင္းလယ္ပုိင္း အင္အား ျဖည့္တင္းဖို႕ လိုအပ္ ေနတဲ့ အသင္းေတြ ရွိေနတယ္လို႕ ကၽြန္ေတာ္ ထင္ပါတယ္။ သူဟာ အသက္ ၂၁ ႏွစ္ပဲ ရွိပါေသးတယ္။ သူ႕ကို ေပါင္ သန္း ၄၀ ပတ္၀န္းက်င္ နဲ႕ ေခၚယူလို႕ ရႏုိင္တယ္လို႕ သိရ ပါတယ္။ သူဟာ ပရီးမီးယားလိဂ္ မွာ သူ႕ကုိယ္သူ သက္ေသ ျပထား ခဲ့ပါတယ္။

လက္စတာ အသင္း အေနနဲ႕ သူ႕ကို အသင္းမွာ ဆက္လက္ ထိန္းထား ႏုိင္ဖို႕ အတြက္ ရုန္းကန္ ရႏုိင္ပါတယ္။ ဘာလို႕လဲ ဆုိေတာ့ အျခား ကလပ္ အသင္းၾကီးေတြ သူ႕ကို လိုအပ္ လာႏုိင္တဲ့ အခ်က္ေၾကာင့္ ပါပဲ။” လို႕ ဆုိလိုက္ ပါတယ္။

လက္စတာ စီးတီး နည္းျပ ဘရန္ဒန္ေရာ္ဂ်ာ အေနနဲ႕ တီလမန္းစ္ကို ကင္းပါ၀ါမွာ ဆက္လက္ ရွိေန ေစဖို႕ အတြက္ ရုန္းကန္ ရႏုိင္ပါတယ္။

တီလမန္းစ္ကို လက္စတာ အသင္း အျပီးသတ္ ေခၚယူ သြားမလား ဆုိတဲ့ ေမးခြန္းကို ၎က “ကၽြန္ေတာ္ ေသခ်ာ မသိေသး ပါဘူး။ ကၽြန္ေတာ္ ကေတာ့ ကလပ္ အသင္း ၂ ခုၾကား ေျပာဆုိ ထားတာေတြေတာ့ ရွိမယ္လို႕ ထင္ပါတယ္။ သူဟာ ကၽြန္ေတာ္တုိ႕ အလုပ္ အတူ တြဲလုပ္ခ်င္တဲ့ ကစားသမား တစ္ဦး ဆုိတာ ရွင္းပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ ဒီထက္ ပိုျပီး မေျပာ ႏုိင္ပါဘူး။

ပရိတ္သတ္ ေတြ အေနနဲ႕ သူ႕လိုမ်ိဳး လူငယ္ ကစားသမား တစ္ဦးကို အသင္းမွာ ရွိေစခ်င္တယ္ ဆုိတာ ကၽြန္ေတ္ာ နားလည္ပါတယ္။ ကလပ္ အသင္း အေနနဲ႕ သူ႕ကို အျပီးသတ္ ေခၚယူဖို႕ အတြက္ ျဖစ္ႏုိင္သမွ် အစြမ္းကုန္ ၾကိဳးစား သြားမွာ ကေတာ့ ေသခ်ာပါတယ္။ သူဟာ ဖန္တီးမွဳ အားေကာင္းတဲ့ အျပင္ ဂုိးေတြလည္း သြင္းႏုိင္ ပါတယ္။ သူဟာ လက္စတာ မွာ အေကာင္းဆံုး လုပ္ေန ပါတယ္။

သူဟာ မက္ဒီဆင္ ရဲ႕ အေကာင္းဆံုး ျဖတ္တင္ေဘာ ကေန ဂိုးသြင္း ခဲ့တာပါ။ ကုိယ့္ရဲ႕ အသင္းမွာ ဂိုးသြင္းယူဖို႕ ဆာေလာင္တဲ့ ကစားသမားေတ ရွိေနတာ အ၇မ္း အေရးပါပါတယ္။ ေျခစြမ္းျခင္း မကြာ ျဖစ္ေနတဲ့ ပြဲစဥ္ တစ္ပြဲမွာ ဒါဟာ အရမ္းကို ေကာင္းတဲ့ ကန္ခ်က္ ပါပဲ။

သူဟာ ဒီကို ေရာက္လာ ကတည္းက အသင္းကုိ မ်ားစြာ ကူညီ ေပးႏုိင္ ခဲ့တယ္ ဆုိတာကို ျပသ ခဲ့ပါတယ္။ သူ႕ရဲ႕ အသက္ အရြယ္ နဲ႕စာရင္ သူဟာ ပြဲတစ္ပြဲမွာ အေတာ္ ရင့္က်က္စြာ ကစား ေနပါတယ္။ ကၽြန္ေတာ္ သူ႕အတြက္ အရမ္း ေက်နပ္မိပါတယ္။” လို႕ ဆုိလိုက္ ပါတယ္။

SM

Unicode

ယူနိုက်တက် နဲ့ အာဆင်နယ်တို့ ခေါ်ယူသင့်တဲ့ ပေါင်သန်း ၄၀တန် ကစားသမား ကို ပြောပြလိုက်တဲ့ ဂယ်ရီနဗီး

ဂယ်ရီနဗီး က ယူရီတီလမန်းစ် ဟာ အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း တို့ရဲ့ နွေရာသီ ကစားသမား အဝယ် စာရင်းမှာ ထိပ်ဆုံး ကနေ ရှိနေသင့်တဲ့ ကစားသမား ဖြစ်တယ်လို့ ဆိုသွား ပါတယ်။ ဘယ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွေ့ ကမှ မိုနာကိုမှ လက်စတာ စီးတီး အသင်းကို အငှား လာရောက် ကစား နေပြီး ပရီးမီးယားလိဂ် မှာ တောက်ပ နေတာ ဖြစ်ပါတယ်။

အသက် ၂၁ နှစ် အရွယ် ကွင်းလယ်လူဟာ မနေ့ညက ဂန်းနား တို့ကို ကင်းပါ၀ါမှာ ၃ – ၀ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ်မှာလည်း နောက်ထပ် ခြေစွမ်းပြ ကစား ပေးခဲ့ပြီး ပြင်သစ် ကလပ် မိုနာကို အသင်း ကတော့ ရာသီကုန်ချိန် ရောက်တဲ့ အခါ ၎င်းအတွက် ကမ်းလှမ်း မှုတွေကို နားစွင့် သွားဖို့ အသင့် ဖြစ်နေ ပါတယ်။ လက်စတာ အသင်း ကတော့ တီလမန်းစ် ကို အပြီးသတ် ခေါ်ယူ နိုင်ဖို့ မျှော်လင့် နေပေမယ့်လည်း ဘယ်ဂျီယံ ကွင်းလယ်လူ ရဲ့ ဒီလို မြင့်မားတဲ့ စွမ်းဆောင်ရည် တွေကြောင့် ၎င်းကို ခေါ်ယူဖို့ စိတ်ဝင်စား နေတဲ့ အသင်းကြီး တွေကို ကျော်ဖို့ မလွယ်ကူ နိုင်ပါဘူး။

နဗီး က အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း တို့အပြင် တော့တင်ဟမ် ကလည်း တီလမန်းစ်ကို ခေါ်ယူဖို့ ကြိုးပမ်း သင့်တယ်လို့ ယူဆ နေပါတယ်။

နဗီး က “တီလမန်းစ် နဲ့ ပက်သက်ပြီး လက်စတာ အသင်း ကြုံတွေ့ လာရမယ့် ပြသနာ ကတော့ ပရီးမီးယားလိဂ် Top 6 မှာ ကွင်းလယ်ပိုင်း အင်အား ဖြည့်တင်းဖို့ လိုအပ် နေတဲ့ အသင်းတွေ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ အသက် ၂၁ နှစ်ပဲ ရှိပါသေးတယ်။ သူ့ကို ပေါင် သန်း ၄၀ ပတ်ဝန်းကျင် နဲ့ ခေါ်ယူလို့ ရနိုင်တယ်လို့ သိရ ပါတယ်။ သူဟာ ပရီးမီးယားလိဂ် မှာ သူ့ကိုယ်သူ သက်သေ ပြထား ခဲ့ပါတယ်။

လက်စတာ အသင်း အနေနဲ့ သူ့ကို အသင်းမှာ ဆက်လက် ထိန်းထား နိုင်ဖို့ အတွက် ရုန်းကန် ရနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အခြား ကလပ် အသင်းကြီးတွေ သူ့ကို လိုအပ် လာနိုင်တဲ့ အချက်ကြောင့် ပါပဲ။” လို့ ဆိုလိုက် ပါတယ်။

လက်စတာ စီးတီး နည်းပြ ဘရန်ဒန်ရော်ဂျာ အနေနဲ့ တီလမန်းစ်ကို ကင်းပါ၀ါမှာ ဆက်လက် ရှိနေ စေဖို့ အတွက် ရုန်းကန် ရနိုင်ပါတယ်။

တီလမန်းစ်ကို လက်စတာ အသင်း အပြီးသတ် ခေါ်ယူ သွားမလား ဆိုတဲ့ မေးခွန်းကို ၎င်းက “ကျွန်တော် သေချာ မသိသေး ပါဘူး။ ကျွန်တော် ကတော့ ကလပ် အသင်း ၂ ခုကြား ပြောဆို ထားတာတွေတော့ ရှိမယ်လို့ ထင်ပါတယ်။ သူဟာ ကျွန်တော်တို့ အလုပ် အတူ တွဲလုပ်ချင်တဲ့ ကစားသမား တစ်ဦး ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီထက် ပိုပြီး မပြော နိုင်ပါဘူး။

ပရိတ်သတ် တွေ အနေနဲ့ သူ့လိုမျိုး လူငယ် ကစားသမား တစ်ဦးကို အသင်းမှာ ရှိစေချင်တယ် ဆိုတာ ကျွန်တေ်ာ နားလည်ပါတယ်။ ကလပ် အသင်း အနေနဲ့ သူ့ကို အပြီးသတ် ခေါ်ယူဖို့ အတွက် ဖြစ်နိုင်သမျှ အစွမ်းကုန် ကြိုးစား သွားမှာ ကတော့ သေချာပါတယ်။ သူဟာ ဖန်တီးမှု အားကောင်းတဲ့ အပြင် ဂိုးတွေလည်း သွင်းနိုင် ပါတယ်။ သူဟာ လက်စတာ မှာ အကောင်းဆုံး လုပ်နေ ပါတယ်။

သူဟာ မက်ဒီဆင် ရဲ့ အကောင်းဆုံး ဖြတ်တင်ဘော ကနေ ဂိုးသွင်း ခဲ့တာပါ။ ကိုယ့်ရဲ့ အသင်းမှာ ဂိုးသွင်းယူဖို့ ဆာလောင်တဲ့ ကစားသမားတေ ရှိနေတာ အရမ်း အရေးပါပါတယ်။ ခြေစွမ်းခြင်း မကွာ ဖြစ်နေတဲ့ ပွဲစဉ် တစ်ပွဲမှာ ဒါဟာ အရမ်းကို ကောင်းတဲ့ ကန်ချက် ပါပဲ။

သူဟာ ဒီကို ရောက်လာ ကတည်းက အသင်းကို များစွာ ကူညီ ပေးနိုင် ခဲ့တယ် ဆိုတာကို ပြသ ခဲ့ပါတယ်။ သူ့ရဲ့ အသက် အရွယ် နဲ့စာရင် သူဟာ ပွဲတစ်ပွဲမှာ အတော် ရင့်ကျက်စွာ ကစား နေပါတယ်။ ကျွန်တော် သူ့အတွက် အရမ်း ကျေနပ်မိပါတယ်။” လို့ ဆိုလိုက် ပါတယ်။

SM