ယူႏိုက္တက္ အသင္းရဲ႕ျပင္သစ္ ကြင္းလယ္ ျကယ္ပြင့္ ေပါ့ဘာ ဟာ စပိန္ ထိပ္သီး ရီးရဲလ္ အသင္း နဲ႔ ေကာလာဟလ ေတြ ထြက္ေနခဲ႔တာ ျဖစ္ျပီး အဆိုပါသတင္း ေတြကို ေလာင္စာထိုးေပးလိုက္တဲ႔ ေနာက္ထပ္ သတင္းတခု အခုခ်ိန္မွာ ထြက္ေပၚ လာတာျဖစ္ပါတယ္။ရီးရဲလ္ အသင္း ဟာ ဒီရာသီမွာ အေျခအေန ဆိုးေတြျကံုေနခဲ႔ရတာျဖစ္ျပီး နည္းျပ အေျပာင္းအလဲ ၃ျကိမ္ အထိ ျပဳလုပ္ထားခဲ႔ေပမယ့္ ဖလား လက္မဲ႔ ရာသီတခုကိုျကံု ေတြ႔ ရေတာ့မွာလည္းျဖစ္ပါတယ္။

အသင္းကို ေအာင္ျမင္မွဳေတြ ရယူေပးခဲ႔ဖူးတဲ႔ ဇီဒန္းကို တေက်ာ့ျပန္ ေခၚယူထားခဲ႔ေပမယ့္ ေႏြရာသီမွာအလံုးစံု အေျပာင္းအလဲ ျပဳလုပ္သြးဖို႔ လိုအပ္ေနတာျဖစ္ျပီး ေပါ့ဘာကသူတို႔ရဲ႕ အဓိကပစ္မွတ္ေတြထဲ ကတဦး အျဖစ္ ရွိေနတာျဖစ္ပါတယ္။အတိတ္ကာလေတြ အတြင္း မွာ နာမည္ေက်ာ္ ကစားသမားေတြနဲ႔ ေငြနဲ႔ ေပါက္ျပီး ေခၚယူထားခဲ႔ဖူးတဲ႔ ရီးရဲလ္ အသင္းဟာ ေနာက္ပိုင္းမွာ လူငယ္ေတြနဲ႕ တည္ေဆာက္ဖို႔ ျပင္ဆင္လာခဲ႔ေပမယ့္ အလုပ္သိပ္မျဖစ္ခဲ႔ လို႔ သူတို႔ရဲ႕ မူလ ျကယ္စင္စု အသင္း တည္ေဆာက္ေရး ဗ်ဴဟာ ကို ျပန္သံုးရဖြယ္ရွိေနတာ ျဖစ္ပါတယ္။

သူတို႔ဟာ ခ်ဲဆီးလ္ အသင္းရဲ႕ ဘယ္ဂ်ီယံ ကြင္းလယ္လူ အီဒင္ ဟာဇက္ ကို လည္း ကာလရွည္ ခ်ိတ္ဆက္ ေနခဲ႔တာ ျဖစ္ျပီး ေပါ့ဘာ ကို ေခၚယူႏိုင္ဖို႔ကိုေတာ့ ေပါင္ သန္း ၁၂၀ ဝန္းက်င္ ကုန္က်ဖြယ္ရွိေနတာ ျဖစ္ပါတယ္။ဒီျပင္သစ္သား ဟာ နည္းျပေဟာင္းေမာ္ရင္ဟိုလက္ထက္ မွာ ကတည္းက အဆင္မေျပမွဳ အခ်ိဳ႔ေျကာင့္ အိုးထရက္ဖို႕ဒ္ကေန စြန္႔ခြာဖို႔ သတင္း ျကီးေနခဲ႔တာျဖစ္ျပီး အခုခ်ိန္မွာလည္း ရာသီကုန္ မွာ ထြက္ခြာေတာ့မယ္ဆိုတဲ႔ ေကာလာဟလေတြ ထြက္ေပၚေနခဲ႔တာျဖစ္ပါတယ္။

အခုခ်ိန္မွာေတာ့ သူ႔ရဲ႕အသင္းေဖာ္အခ်ိဳ႔ ဟာ သူရီးရဲလ္ အသင္းကို ေရာက္သြားအျပီး မွာ သူတို႔ကို ေမ့မပစ္ လိုက္ဖို႔ ေပါ့ဘာကို အဝတ္လဲခန္း အတြင္း မွာစေနာက္ ခဲ႔တယ္ဆိုျပီး သတင္းေတြ ထြက္ေပၚလာလို႔ အဆိုပါေကာဟလမီး ေတြကို ေလပင့္ေပးလိုက္သလိုျဖစ္သြားခဲ႔ပါတယ္။

စပိန္နာမည္ေက်ာ္AS သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ ယူႏိုက္တက္ အသင္းေဖာ္အခ်ိဳ႔က ေပါ့ဘာကို- – – ” သားျကီး၊တကယ္လို႔မင္းသာ အဲ႔ဒီေနရာ (ရီးရဲလ္) ကိုေရာက္သြားခဲ႔ရင္ ငါတို႔ကို မေမ့သြားနဲ႔ဦးေနာ္၊ ဘာေနဗ်ဴး မွာ ပြဲေတြကစားရင္ ငါတို႔ကို ဖိတ္ျကားဦးေနာ္ ” လို႔ေျပာခဲ႔တာ ျဖစ္တယ္လို႔ သိရပါတယ္။ေပါ့ဘာ ဟာ နည္းျပသစ္ ဆိုးလ္ရွားလက္ထက္ မွာပံုစံေကာင္းျပန္လည္ျပသထားႏိုင္ ခဲ႔လို႔ PFA တႏွစ္တာအေကာင္းဆံုး စာရင္း မွာေတာင္ ဟာဇက္ကို ေက်ာ္ျပီး ပါဝင္ ခြင့္ရရွိထားခဲ႔သးျဖစ္ပါတယ္။

သူ ဟာ တနဂၤေႏြ ေန႔ မွာ ကစားခဲ႔တဲ႔ ခ်ဲဆီးလ္ နဲ႕ ပြဲစဥ္မွာ လည္း ပြဲခ်ိန္ျပည့္ ပါဝင္ ကစားသြားခဲ႔ပါေသးတယ္။ဒီပြဲမွာ ၁ဂိုးစီ သေရက်ခဲ႔တဲ႔ ယူႏိုက္တက္ အသင္းဟာ လက္က်န္ ၂ပြဲအလိုမွာအဆင့္ ၃ေနရာက စပါးနဲ႔ ၅မွတ္၊ အဆင့္ ၄ေနရာက ခ်ဲဆီးလ္နဲ႔ ၃ မွတ္အကြာ အဆင့္ ၆ ေနရာမွာ ဆက္လက္ရပ္တည္သြားခဲ႕ရပါတယ္။ယူႏိုက္တက္ အသင္းဟာ လက္က်န္ ၂ပြဲမွာေတာ့ အမွတ္ေပးဇယားေအာက္ဆံုး နားက အသင္းေတြျဖစ္တဲ႔ ဟက္ဒါဖီးလ္ ၊ ကာဒစ္တို႔နဲ႔ ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။

Unicode

ရီးရဲလ်ကိုရောက်သွားရင်သူတို့ကိုမမေ့ကြဖို့ ပေါ့ဘာကို ယူနိုက်တက် အသင်းဖော်အချို့စနောက်ခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေ
===============================

ယူနိုက်တက် အသင်းရဲ့ပြင်သစ် ကွင်းလယ် ကြယ်ပွင့် ပေါ့ဘာ ဟာ စပိန် ထိပ်သီး ရီးရဲလ် အသင်း နဲ့ ကောလာဟလ တွေ ထွက်နေခဲ့တာ ဖြစ်ပြီး အဆိုပါသတင်း တွေကို လောင်စာထိုးပေးလိုက်တဲ့ နောက်ထပ် သတင်းတခု အခုချိန်မှာ ထွက်ပေါ် လာတာဖြစ်ပါတယ်။ရီးရဲလ် အသင်း ဟာ ဒီရာသီမှာ အခြေအနေ ဆိုးတွေကြုံနေခဲ့ရတာဖြစ်ပြီး နည်းပြ အပြောင်းအလဲ ၃ကြိမ် အထိ ပြုလုပ်ထားခဲ့ပေမယ့် ဖလား လက်မဲ့ ရာသီတခုကိုကြံု တွေ့ ရတော့မှာလည်းဖြစ်ပါတယ်။

အသင်းကို အောင်မြင်မှုတွေ ရယူပေးခဲ့ဖူးတဲ့ ဇီဒန်းကို တကျော့ပြန် ခေါ်ယူထားခဲ့ပေမယ့် နွေရာသီမှာအလုံးစုံ အပြောင်းအလဲ ပြုလုပ်သွးဖို့ လိုအပ်နေတာဖြစ်ပြီး ပေါ့ဘာကသူတို့ရဲ့ အဓိကပစ်မှတ်တွေထဲ ကတဦး အဖြစ် ရှိနေတာဖြစ်ပါတယ်။အတိတ်ကာလတွေ အတွင်း မှာ နာမည်ကျော် ကစားသမားတွေနဲ့ ငွေနဲ့ ပေါက်ပြီး ခေါ်ယူထားခဲ့ဖူးတဲ့ ရီးရဲလ် အသင်းဟာ နောက်ပိုင်းမှာ လူငယ်တွေနဲ့ တည်ဆောက်ဖို့ ပြင်ဆင်လာခဲ့ပေမယ့် အလုပ်သိပ်မဖြစ်ခဲ့ လို့ သူတို့ရဲ့ မူလ ကြယ်စင်စု အသင်း တည်ဆောက်ရေး ဗျူဟာ ကို ပြန်သုံးရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

သူတို့ဟာ ချဲဆီးလ် အသင်းရဲ့ ဘယ်ဂျီယံ ကွင်းလယ်လူ အီဒင် ဟာဇက် ကို လည်း ကာလရှည် ချိတ်ဆက် နေခဲ့တာ ဖြစ်ပြီး ပေါ့ဘာ ကို ခေါ်ယူနိုင်ဖို့ကိုတော့ ပေါင် သန်း ၁၂၀ ဝန်းကျင် ကုန်ကျဖွယ်ရှိနေတာ ဖြစ်ပါတယ်။ဒီပြင်သစ်သား ဟာ နည်းပြဟောင်းမော်ရင်ဟိုလက်ထက် မှာ ကတည်းက အဆင်မပြေမှု အချို့ကြောင့် အိုးထရက်ဖို့ဒ်ကနေ စွန့်ခွာဖို့ သတင်း ကြီးနေခဲ့တာဖြစ်ပြီး အခုချိန်မှာလည်း ရာသီကုန် မှာ ထွက်ခွာတော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာတော့ သူ့ရဲ့အသင်းဖော်အချို့ ဟာ သူရီးရဲလ် အသင်းကို ရောက်သွားအပြီး မှာ သူတို့ကို မေ့မပစ် လိုက်ဖို့ ပေါ့ဘာကို အဝတ်လဲခန်း အတွင်း မှာစနောက် ခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာလို့ အဆိုပါကောဟလမီး တွေကို လေပင့်ပေးလိုက်သလိုဖြစ်သွားခဲ့ပါတယ်။

စပိန်နာမည်ကျော်AS သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက် အသင်းဖော်အချို့က ပေါ့ဘာကို- – – ” သားကြီး၊တကယ်လို့မင်းသာ အဲ့ဒီနေရာ (ရီးရဲလ်) ကိုရောက်သွားခဲ့ရင် ငါတို့ကို မမေ့သွားနဲ့ဦးနော်၊ ဘာနေဗျူး မှာ ပွဲတွေကစားရင် ငါတို့ကို ဖိတ်ကြားဦးနော် ” လို့ပြောခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ပေါ့ဘာ ဟာ နည်းပြသစ် ဆိုးလ်ရှားလက်ထက် မှာပုံစံကောင်းပြန်လည်ပြသထားနိုင် ခဲ့လို့ PFA တနှစ်တာအကောင်းဆုံး စာရင်း မှာတောင် ဟာဇက်ကို ကျော်ပြီး ပါဝင် ခွင့်ရရှိထားခဲ့သးဖြစ်ပါတယ်။

သူ ဟာ တနင်္ဂနွေ နေ့ မှာ ကစားခဲ့တဲ့ ချဲဆီးလ် နဲ့ ပွဲစဉ်မှာ လည်း ပွဲချိန်ပြည့် ပါဝင် ကစားသွားခဲ့ပါသေးတယ်။ဒီပွဲမှာ ၁ဂိုးစီ သရေကျခဲ့တဲ့ ယူနိုက်တက် အသင်းဟာ လက်ကျန် ၂ပွဲအလိုမှာအဆင့် ၃နေရာက စပါးနဲ့ ၅မှတ်၊ အဆင့် ၄နေရာက ချဲဆီးလ်နဲ့ ၃ မှတ်အကွာ အဆင့် ၆ နေရာမှာ ဆက်လက်ရပ်တည်သွားခဲ့ရပါတယ်။ယူနိုက်တက် အသင်းဟာ လက်ကျန် ၂ပွဲမှာတော့ အမှတ်ပေးဇယားအောက်ဆုံး နားက အသင်းတွေဖြစ်တဲ့ ဟက်ဒါဖီးလ် ၊ ကာဒစ်တို့နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။